← Chapters

ဘာကြောင့်လဲ

Vol. 5 Ch. 62

ဘာကြောင့်လဲ

Vol. 5 Ch. 62

ကျန်းဟောင် သက်ပြင်းချလိုက်၏။ သူ မဆုံချင်သည့် လူတွေနဲ့မှ တည့်တည့်လာတိုးလေသည်။

လခြမ်းဆေဘာက သူ့လက်ထဲပေါ်လာခဲ့သည်။ ဥပဒေမဲ့မျှော်စင်ကို လှည့်ဖြားနိုင်သူများမှာ သာမန်မဖြစ်နိုင်ချေ။

ရှန့်ကွမ်းဝမ်နှင့် အခြားသူများလည်း ကျန်းဟောင်နှင့် လာဆုံမည်မထင်ထားပါချေ။

လူတိုင်း ကြောင်အပြီး ဘာလုပ်ရမှန်းမသိဖြစ်ကုန်ကြသည်။

ရှန့်ကွမ်းဝမ်နှင့် ပေ့ရွှယ်တို့ လက်နက်ထုတ်လိုက်စဥ် စစ်ထူကျန်းက ပြုံး၍ ရှေ့တက်ပြီး တားဆီးလိုက်သည်။

"ရောင်းရင်းကျန်း တိုက်ဆိုင်လိုက်တာ ငါတို့ ဒီလမ်းကနေ သွားကြမလို့လုပ်နေတာ မင်းသာ ငါတို့ကို တိတ်တိတ်လေး ထွက်သွားခွင့်ပြုမယ်ဆိုရင် မင်း ဘာပဲလုပ်လုပ် ငါတို့ မနှောင့်ယှက်ပါဘူး ဒီတခုတော့ မျက်နှာသာပေးစေချင်တယ်"

စစ်ထူကျန်းက အခြားသူများကို လျှောက်သွားရန် အချက်ပြလိုက်သည်။ သူကတော့ နောက်ဆုံးတွင်ဖြစ်သည်။ အားလုံးထွက်သွားပြီးသည့်အခါ သူက ကျန်းဟောင်ကို လှည့်ကြည့်သည်။

ကျန်းဟောင်ကလည်း သူတို့နဲ့ တိုက်ခိုက်ချင်သည်မဟုတ်ပေ။ ဒီတိုင်း ထွက်သွားမည်ဆိုပါက ပိုတောင်သဘောကျသေး၏။

မည်သည့် စွန့်စားမှုမှ မပြုလုပ်လိုပေ။ ဤနေရာကနေ အမြန်ဆုံးထွက်သွားတာကောင်းသည်။ ထို့အပြင် သူက ရန်ဟွားနှင့် တိုက်ခိုက်ထားသောကြောင့် နောက်ထပ် ထပ်မံတိုက်ခိုက်ရန် မသင့်တော်ပါချေ။

ကျန်းဟောင်က သူတို့ ထွက်သွားသည်ကိုကြည့်နေလိုက်သည်။

"ကျေးဇူးတင်ပါတယ် ရောင်းရင်း" စစ်ထူကျန်းက ပြောသည်။ နောက်ကျရင် ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်ပေးပါ့မယ်"

ထို့နောက် သူက အခြားသူများနဲ့အတူ ထွက်ခွာသွားတော့သည်။

လူတိုင်းထွက်သွားပြီးမှ ကျန်းဟောင်လည်း သက်ပြင်းချနိုင်သည်။ သူတို့တောင် ထွက်ပြေးနေရသည်ဆိုပါက အပြင်တွင် ပြင်းထန်သည့် တိုက်ပွဲဖြစ်နေနိုင်သည်။

ကောင်းကင်ရှင်းလင်းဂိုဏ်းသာ အနိုင်ရလျှင် အားလုံးကို ကိုင်တွယ်နိုင်ပေမည်။ ကောင်းကင်နက်ဂိုဏ်းသာ အသာစီးရနေပါက သူ့အနေနဲ့ အပြင်ထွက်သွားရန်မှာ အန္တရာယ်များပေမည်။ တိုက်ပွဲထဲရောပါသွားနိုင်၏။

စစ်ထူကျန်းတို့ဖက်တွင် ကျင်းရုက ပြောသည်။ "အခြေအနေက ငါတို့အတွက် မလုံခြုံဘူး ကျန်းဟောင်က ငါတို့နောက်ကို လူလွှတ်လိုက်ရင် ဘယ်လိုလုပ်မလဲ"

"စိတ်မပူနဲ့ ငါတို့ ဒီကနေ မြန်မြန်ထွက်သွားဖို့ အချိန်ရှိပါသေးတယ်" စစ်ထူကျန်းပြောသည်။

"ဒါပေမဲ့ မိုင်းတွင်းမှာက ကြီးကြပ်သူတွေအများကြီးရှိတယ် ကျန်းဟောင်သာတွေ့ရင် သတင်းပေးလိုက်မှာပဲ" ကျင်းရုက စိတ်မချနိုင်ပေ။ သူမက အခြားသူများကို ကြည့်သည်။" နင်တို့ရော ဘယ်လိုထင်လဲ"

ရမ်ရှောင်းက ကျန်းဟောင် ပြဿနာမရှာနိုင်ခင် ပြန်သွားပြီး နှုတ်ပိတ်စေချင်၏။ ဒါပေမဲ့ သူမ ဘာမှမပြောခဲ့ပေ။ သူမသာ မနာခံပါက စစ်ထူကျန်းထားခဲ့မည်ဖြစ်ကြောင်း သိလေသည်။

"ငါလည်း အဲ့လိုပဲထင်တယ် သူက အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ပဲရှိတာ ငါသွားသတ်လိုက်မယ်" ရှန့်ကွမ်းဝမ်ပြောသည်။

"ငါလည်း လိုက်ခဲ့မယ် သူ့ကို အရှင်မထားသင့်ဘူးလို့ထင်တယ်" ကျင်းရုပြောသည်။

စစ်ထူကျန်းက သူတို့ကို မတားပေ။ ပေ့ရွှယ်ကတော့ ဘာမှမပြော။

ရှန့်ကွမ်းဝမ်နှင့် ကျင်းရုက နောက်ပြန်လှည့်သွားကြသည်။

စစ်ထူကျန်းမှာ သက်ပြင်းချပြီး "လာကြ ဒီကနေ မြန်မြန်ထွက်သွားရအောင် နှေးနေရင် စောင့်နေမှာမဟုတ်ဘူး"

သူက လျင်မြန်စွာ ဦးဆောင်သွားခဲ့သည်။

"ကျန်းဟောင်က အဲ့လောက်တောင် အန္တရာယ်များလား" ပေ့ရွှယ် မေးသည်။

"မသိဘူး ဒါပေမဲ့ ငါ့မသိစိတ်က သူနဲ့ ရန်သူမဖြစ်ဖို့ သတိပေးနေတယ် သူက အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ဆိုရင်တောင်မှပေါ့ လုံခြုံရေးအတွက် သူတို့ကို စောင့်လို့မဖြစ်ဘူး သူတို့သာ အသက်ရှင်နေမယ်ဆိုရင် တည်နေရာကူးပြောင်းအစီအရင်နဲ့ လိုက်လာနိုင်တယ်"

ပေ့ရွှယ် ဘာမှမပြောပေ။ သူတို့ လျင်မြန်စွာလျှောက်လာ၍ အပေါက်ဝကိုရောက်လာကြသည်။

စစ်ထူကျန်းက ရမ်ရှောင်းတယောက်တည်း ကြားနိုင်မည့်စကားကိုပြောသည်။ "သူတို့ ပြန်မလာခဲ့ရင် ဂိုဏ်းကိုပြောမဲ့စကားကို သတိထားပါ လိုအပ်တာထက် ပျက်စီးမှုတွေ ပိုဖြစ်နိုင်တယ် ဒါ ငါပြောချင်တာအကုန်ပဲ"

...

အတန်ကြာပြီးနောက် ကျန်းဟောင်လည်း ချော်ရည်တွင်းကိုဖြတ်ကျော်၍ ထွက်သွားမည်အပြု တစုံတခုအား အာရုံခံမိလိုက်သည်။

ဓားတချောင်းက သူ့လည်ပင်းကို ဦးတည်လာ၏။ ၎င်းက အတော်မြန်သည်။ လခြမ်းဆေဘာက ခုခံလိုက်၏။

ထန်

ကျန်းဟောင်က တိုက်ခိုက်သူများကို လှည့်ကန်လိုက်သည်။ ရန်သူက နှစ်ဦးဖြစ်၏။

အချိန်မဖြုန်းပဲ ကောင်းကင်ဆေဘာ ပထမအကွက် ငွေလသတ်ဖြတ်ခြင်းအား အသုံးပြုလိုက်သည်။

ဆေဘာက ငွေရောင်လက်သွားခဲ့သည်။ သက်ရောက်မှုကြောင့် ရန်သူများမှာ နောက်ဆုတ်သွားခဲ့သည်။

ကျန်းဟောင် ကြည့်လိုက်ရာ ကောင်းကင်နက်ဂိုဏ်းမှ ရှန့်ကွမ်းဝမ်ဖြစ်နေခဲ့သည်။ သူတို့အကြည့်ချင်း ဆုံသွားကြသည်။

ငွေလဆေဘာက ၎င်း၏ လည်ပင်းကို ဖြတ်တောက်သွားပြီးဖြစ်လေသည်။

ရှန့်ကွမ်းဝမ်မှာ မယုံနိုင်ဖြစ်နေခဲ့သည်။ သူ့ရှေ့မှ လူက အခြေခံတည်ဆောက်ခြင်းအဆင့်တွင်မဟုတ်ပဲ အနည်းဆုံး ရွှေအမြုတေအဆင့်ကို ရောက်ပြီးသူဖြစ်နေလေသည်။

ရှန့်ကွမ်းဝမ်မှာ လည်ပင်းကိုအုပ်ကိုင်၍ မြေပေါ်လဲကျသွားခဲ့သည်။

ထောင့်နားတွင် လှုပ်ရှားရန်ပြင်နေသည့် အမျိုးသမီးကိုလည်း သတိပြုမိသည်။ သူမက လေမိုးကြိုးဂိုဏ်းမှ ကျင်းရုဖြစ်သည်။

ထိုအခိုက် သူမက ရှော့ရ ထိတ်လန့်နေသည်။ ကျန်းဟောင်၏ ဆေဘာက သူမကို ပစ်မှတ်ထားပြီးဖြစ်သည်။ ကျင်းရုလည်း သူမ၏ ကံကြမ္မာအား လက်ခံသွားရလေသည်။

နှစ်ယောက်လုံးက ရွှေအမြုတေအဆင့် အလယ်အလတ်တွင် ဖြစ်သော်လည်း ကျန်းဟောင်က တောင်တန်းဖိနှိပ်ခြင်း၏ အော်ရာဖြင့် သူမကို ဖိနှိပ်ထား၍ ဆေဘာအား ခုတ်ချလိုက်သည်။

ကျင်းရု မယုံနိုင်ဖြစ်နေခဲ့သည်။ သူရော ရှန့်ကွမ်းဝမ်ပါ ခဏလေးနှင့် အဆုံးသတ်ခံလိုက်ရသည်။

ဘုန်း

ဆေဘာက သူမအပေါ်ကျလာပြီး စိတ်က ဗလာဖြစ်သွားခဲ့သည်။

"ဘာကြောင့်လဲ"

ဒါက သူမ နောက်ဆုံးကြားလိုက်ရခြင်းပင်။

All Chapters