အကာအကွယ်မရှိ
Vol. 5 Ch. 64
ကျန်းဟောင်မှာ လုံးဝဝင်ပါချင်သည်မဟုတ်သော်လည်း ရွေးချယ်စရာမရှိသည့်အတွက် အကောင်းဆုံးလုပ်ဆောင်သည့် ပုံစံမျိုးပြသရပေမည်။
ဓားတစ်သောင်းအဆောင်ကို ပစ်လိုက်၏။ ရန်သူက ၎င်းကို ကာကွယ်ပြီး ထွက်သွားနိုင်မည်ဖြစ်သည်။ သူက အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ဖြစ်ကြောင်း ပြသထားသည့်အတွက် ဒီလောက်ထိ စွမ်းဆောင်တာကပင် လုံလောက်နေလေပြီ။
ဓားတစ်သောင်းအဆောင်အား အသက်သွင်းလိုက်၏။ ရန်သူ၏ အစီအရင်က အသက်ဝင်နေသောကြောင့် သူ၏ အဆောင်က အနားကပ်နိုင်မည်မဟုတ်ချေ။
ကျန်းဟောင်က သူ့ကို လူတိုင်းထက်ပို၍ ထွက်သွားစေချင်သူဖြစ်သည်။
အဆောင်က အစီအရင်နားရောက်သည်နှင့် ရန်သူမှာ ပျောက်ကွယ်သွားလောက်ပြီဟု ထင်ထားသည်။ သို့သော် ဓားများက အစီအရင်ကို ထိုးစိုက်ပြီး ရန်သူအား နှောင့်ယှက်သည်။
ဓားတစ်ချောင်းက ရွှမ်ယွမ်ထိုက်၏ ပေါင်ကိုပင် ထိုးစိုက်သွားသေး၏။
ရွှမ်ယွမ်ထိုက်က ကျန်းဟောင်ကို မကျေမချမ်း ကြည့်လိုက်သည်။ သူ ဆွံ့အသွားရ၏။
တကယ်ကြီးလား။ ဒီလောက်အရေးကြီးတဲ့အစီအရင်နဲ့ ထွက်ပြေးဖို့လုပ်နေတာ အကာအကွယ်လေးတောင် မစီရင်ထားဘူးလား။
ကျန်းဟောင်လည်း တိုက်ခိုက်ရန်ပြင်လိုက်သည်။ ရန်သူ၏ ဒေါသက သူ့အပေါ် ပုံကျလာမည်အား မလိုလားပါချေ။
ဘုန်း
မန်လုံက ရုန်းများမှ ရုန်းထွက်လာနိုင်သည်။ သူက ရွှမ်ယွမ်ထိုက်ဆီ ပြေးဝင်သွားပြီး လက်တစ်ဖက်တည်းနှင့် မြေပေါ် ရိုက်ချလိုက်သည်။
"တောက် မင်းလုပ်နိုင်တာ ဒါအကုန်ပဲလားကွ" ရွှမ်ယွမ်ထိုက်က မန်လုံကိုကြည့်ပြီး တောက်ခေါက်သည်။ "ငါ့ကို ဖမ်းနိုင်ပြီလို့ ထင်နေလား"
"ဥပဒေမဲ့မျှော်စင်ထဲ ပစ်ထည့်ခံရပြီးမှ ဒီစကားမျိုး ပြန်ပြောချေ" မန်လုံက ပြောပြီး ကျန်းဟောင်ကို လှည့်ကြည့်သည်။ "အစ်ကိုက ရေစီးတံခွန်ရဲ့ တပည့် မန်လုံပါ ဂျူနီယာညီလေးနာမည်က ဘာလဲ"
"အသည်းကွဲကမ်းပါးက ကျန်းဟောင်ပါ" သူ ယဥ်ကျေးစွာ ဖြေလိုက်သည်။
"ကောင်းပြီ ငါ့ညီရဲ့ အကူအညီအတွက် ကျေးဇူးပဲ မင်းရဲ့ လုပ်ဆောင်မှုကို မမေ့ဘူး မေ့သွားရင်လည်း နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ် ဒီချီးထုပ်ကို ကိုင်တွယ်ဖို့ အလုပ်များရဦးမှာမို့ပဲ" မန်လုံက ရယ်သည်။
"ရပါတယ် စီနီယာအစ်ကို ကျနော်လည်း ဘာမှမလုပ်ရပါဘူး စီနီယာအစ်ကိုကပဲ သူ့ကို ထိန်းသိမ်းလိုက်တဲ့ဟာ"
ကျန်းဟောင်က တကယ်လည်း ဂရုမစိုက်ပါချေ။ ၎င်းတို့နဲ့ မပတ်သတ်ရလျှင် ပြီးရောဖြစ်၏။
မန်လုံက ကျေနပ်စွာရယ်လျက် "ငါ့ညီက ဉာဏ်ကောင်းတာပဲ ဒါပေမဲ့ ငါ ဆုလာဘ်ရရင် မင်းလည်း ဝေစုရမှာပါ မင်းကူညီတာကို မမေ့ဘူး "
"ဒီမှာပဲ မနက်ဖြန်ထိနေလိုက်ဦး မိုင်းတွင်းက ကိစ္စတွေက ချက်ချင်း ဖြေရှင်းလို့ပြီးမှာမဟုတ်ဘူး လျှောက်သွားမနေနဲ့ အန္တရာယ်များတယ်" ထို့နောက် သူက ရွှမ်ယွမ်ထိုက်ကို ဆွဲယူ၍ ထွက်ခွာသွားတော့သည်။
သူတို့ထွက်သွားမှ ကျန်းဟောင်လည်း သက်ပြင်းချနိုင်သည်။ ဆုလာဘ်ကို စိတ်မဝင်စားချေ။ မန်လုံကို ကူညီပြီး ကောင်းကင်နက်ဂိုဏ်းသားကို ဖမ်းပေးခဲ့ကြောင်း လူများသိပါက သူ ပစ်မှတ်ထားခံရပေလိမ့်မည်။
အခုတောင် အတော်လေး ရန်သူများနေပြီဖြစ်၏။ စာရင်းထဲ ကောင်းကင်နက်ဂိုဏ်းပါ ပါမလာစေချင်ပေ။ သူ့ရဲ့ နာမည်ကို မရှင်းလင်းနိုင်ဖြစ်ပေမည်။ တသက်လုံး ထွက်ပြေး၍ မနေချင်ပေ။
တောအုပ်အနက်ပိုင်းထဲထိ သူသွားလိုက်သည်။ မန်လုံက ဤနေရာတွင် လုံခြုံသည်ဟုပြောပေမဲ့လည်း သူ မယုံပေ။
သို့သော် မိုင်းတွင်းက ပြဿနာများဖြေရှင်းပြီးသွားချိန်အထိတော့ စောင့်ရပေမည်။
ကျန်းဟောင် သစ်ပင်အောက်တွင်ထိုင်နေသည်။ ရှီယုကို ပေါင်ပေါ် တင်ထား၏။ ဆေဘာတွင် စွမ်းအင်များစုဆောင်းနေ၏။
တစုံတယောက်သာရောက်လာပါက တိုက်ခိုက်ရနိုင်သည်။ ထိုအခါ အသင့်ဖြစ်ထားရန်လို၏။ သူ တစ်ညလုံး မလှုပ်မယှက်ထိုင်နေခဲ့သည်။
နောက်တစ်ရက် မနက်တွင် မိုင်းတွင်းနားက အသံများ ငြိမ်သက်သွားခဲ့သည်။ သို့သော် ညနေထိတိုင်အောင် စောင့်ပြီးမှ မိုင်းတွင်းဆီ ပြန်လာခဲ့သည်။ အခြေအနေက ထိန်းချုပ်ပြီးသွားပုံပင်။
"အားလုံး အဆင်ပြေသွားပြီထင်တယ် ပေါက်ကွဲသံ မကြားရတော့ဘူး"
မိုင်းတွင်း မြေလှန်မခံရသေးပုံထောက်လျှင် ကောင်းကင်နက်ဂိုဏ်း ရှုံးနိမ့်သွားပုံပင်။
ကျန်းဟောင်က သူ ထွက်လာသည့်လမ်းအတိုင်း ပြန်ဝင်လာခဲ့သည်။ သူ ထားခဲ့သည့်နေရာတွင် ဝူကျင်းနှင့် အခြား အလုပ်သမားများကို တွေ့သည်။
သူတို့က မြေပေါ်ထိုင်လျက် ထိတ်လန့်နေကြပုံပေါ်သည်။ တချို့က ပေါက်ကွဲမှုကြောင့် ဒဏ်ရာရထားကြသည်။ သူတို့ အပြင်ကို မထွက်ရသေးပုံပင်။
အပြင်ကိုထွက်သည်နှင့် သေမည်ဖြစ်မှန်းသိသောကြောင့် အတွင်းတွင် စိတ်ရှည်စွာ စောင့်နေခြင်းဖြစ်လေသည်။
သူတို့အားလုံး ကြောက်ရွံ့နေကြသည်။ ကျန်းဟောင်က သူတို့ကို စောင့်နေရန်မှာပြီး ထွက်သွားရာ ပြန်မလာသဖြင့် စွန့်ပစ်သွားခဲ့ပြီဟု ထင်နေကြသည်။
"စီနီယာအစ်ကိုကျန်း ပြန်လာတယ်နော် "ဝူကျင်းက အားရဝမ်းသာ ပြောသည်။
အခြားသူများ၏ မျက်နှာများလည်း ဝင်းလက်သွားကြသည်။ ယခင် အတွင်းစည်းတပည့်များက သူတို့အပေါ် ဆိုးဝါးစွာ ဆက်ဆံသော်လည်း ကျန်းဟောင်ကို တွေ့ရသည့်အတွက်မူ ဝမ်းသာကြလေသည်။
ကျန်းဟောင်က အများနဲ့မတူ ကြင်နာတတ်သည်။
သူ ခေါင်းညိတ်ပြီး ဒဏ်ရာရထားသူများအား နာကျင်မှုသက်သာစေသည့် အဆောင်များ ဝေငှပေးလိုက်သည်။ ထို့နောက် ဝူကျင်း အဆင်ပြေမပြေမေးသည်။
ဝူကျင်းက သူ့ကို ပြန်တွေ့ရသည့်အတွက် ဝမ်းသာနေပြီး ရန်ဟွား လာရှာကြောင်း ပြောပြသည်။
ကျန်းဟောင် တိတ်နေ၏။
"ငါ ထွက်ပေါက်တွေ့ထားတယ် လိုက်ခဲ့ကြ" သူ ပြောသည်။
ထို့နောက် ချော်ရည်တွင်းကိုဖြတ်လျက် သေးငယ်သည့်လမ်းကလေးအတိုင်း အားလုံးကိုခေါ်သွားခဲ့သည်။
တပည့်များကိုလာကယ်သည့် လျှိုရှင်းချန်နှင့် တပည့်အချို့အား ဆုံတွေ့ခဲ့သည်။
"တွေ့ရတာဝမ်းသာတယ် ဂျူနီယာညီလေး ငါ့မှာလည်း ပြောစရာတွေရှိနေတယ် "