အကျိုးဆောင်မှုကြီး
Vol. 5 Ch. 65
လျှိုရှင်းချန်ကြောင့် အလုပ်သမားများ ကယ်တင်ခံလိုက်ရသည်။
ကျန်းဟောင်က လျှိုရှင်းချန်နဲ့အတူ လိုက်လာခဲ့သည်။ ဥပဒေခန်းမမှ လူများက ကျူးကျော်သူများကို မိုင်းတွင်းထဲ ဝင်ရှာနေကြသည်။
"တခြားဂိုဏ်းကလူတွေ မိုင်းတွင်းထဲ စိမ့်ဝင်လာကြတယ် ဒါပေမဲ့ အကြီးအကဲပိုင်ကျီက သူတို့ကို ဖမ်းဆီးနိုင်ခဲ့တယ် တချို့ကတော့သေပြီး တချို့က လွတ်မြောက်သွားကြတယ် မိုင်းတွင်းအစိတ်အပိုင်းတချို့ကတော့ ပျက်စီးသွားတယ်"
လျှိုရှင်းချန်က ငုံ့ကြည့်ပြီး "အခုတော့ ငါတို့နိုင်ပြီး အခြေအနေကို ထိန်းချုပ်ထားပြီးပြီ ငါသာ ဒါကို ကြိုသိခဲ့မယ်ဆိုရင် မင်းကိုလာပြီး သတိပေးခဲ့မှာပဲ "
ကျန်းဟောင် အနည်းငယ်ခံစားချက်ဖြစ်သွား၏။ ကောင်းကင်ရှင်းလင်းဂိုဏ်းက ပြင်ဆင်မှု ကြိုလုပ်ထားပုံရသည်။ မဟုတ်ပါက ပြင်ဆင်လာသည့် ကျူးကျော်မှုများကြောင့် မိုင်းတွင်းတခုလုံး ပျက်စီးသွားနိုင်သည်။
သူသိချင်သွား၏။ မိုင်းတွင်းထဲမှာ ရတနာရှိနေတာလား။ ကောင်းကင်နက်ဂိုဏ်းရော ရသွားလား။
မိုင်းတွင်းက တကယ်ပဲ ထူးခြားနေနိုင်သည်။ နောက်ပြီး ကောင်းကင်ဘုံရနံ့တာအိုပန်းလည်း ရှိနေသေး၏။
ကျန်းဟောင်လည်း လျှိုရှင်းချန်အား ကျေးဇူးတင်ပြီး မိုင်းတွင်းအောက်တွင် ရတနာ တကယ်ပဲရှိသလားဟု မေးကြည့်သည်။
"ငါလည်း ဒီသတင်းကြားပါတယ် ဒါပေမဲ့ အမှန်ဟုတ်မဟုတ်တော့ မသိဘူး အမှန်ဆိုရင် အကြီးအကဲတွေက လုံခြုံတဲ့နေရာကို ယူသွားလောက်ပြီ အခြားသူတွေ လာလုမှာကို ထိုင်စောင့်နေစရာမှမလိုတာ သစ္စာဖောက်တွေကို မျှားခေါ်ဖို့ သတင်းဖြန့်ထားတယ်ထင်တာပဲ "
ကျန်းဟောင် ခေါင်းညိတ်သည်။ မိစ္ဆာမလည်း ဒါကို သိထားလောက်သည်။ သူမလို အားကောင်းသူပင် ရတနာယူရန် မကြိုးစားခဲ့ပေ။
ထိုရတနာက တကယ်ရှိမရှိ မသိပါချေ။ တကယ်ရှိမှန်း မသေချာသည့် ရတနာကိုယူရန် လူလွှတ်ရလောက်အောင် ကောင်းကင်နက်ဂိုဏ်းက တုံးအသည်လားဟု စဥ်းစားမိသည်။
"မိုင်းတွင်းကို သေချာစစ်ဆေးဖို့လိုတယ် ဂျူနီယာညီလေးကျန်း အရင်ပြန်နှင့်လိုက်ဦး "
အခုလား သူ ကြောင်အသွား၏။ "ဒါပေမဲ့ ကျနော် မိုင်းတူးဖို့လိုသေးတယ်"
ရန်ဟွားသေပြီးနောက် အန္တရာယ်က လျှော့သွားလေပြီ။ မိုင်းကိုသာ သေချာတူးခွင့်ရပါက ရွှေအမြုတေအဆင့် နှောင်းပိုင်းအား အမြန်တက်နိုင်ပေမည်။
"အခု အခြေအနေက အရမ်းရှုပ်နေတယ်ကွ လောလောဆယ် မိုင်းတွင်းကို ပိတ်ထားရလိမ့်မယ် "
လျှိုရှင်းချန်က သူ့ကိုကြည့်သည်။" နောက်ပြီး တခြားကိစ္စရှိသေးတယ် အဲ့တာကြောင့် သီးသန့်ပြောဖို့ ချိန်းလိုက်တာ"
"ဘာများပါလိမ့်"
ကောင်းကင်ဘုံရနံ့တာအိုပန်းကို သူ စစ်ဆေးရပေဦးမည်။ ထို့အပြင် မိစ္ဆာမလာလျှင် ဧည့်ခံရန် အရည်အသွေးကောင်းသည့် လက်ဖက်ခြောက်လည်း ဝယ်ရမည်။
"ဂျူနီယာညီလေး ရန်သူကိုဖမ်းပေးတာမျိုး လုပ်ခဲ့သေးလား"
"မတော်တဆပါ "ကျန်းဟောင်လည်း လျှိုရှင်းချန်အား မန်လုံ၊ ကောင်းကင်နက်ဂိုဏ်းသားတို့နှင့် တွေ့ဆုံခဲ့ပုံအား ပြောပြလိုက်သည်။
"ဂျူနီယာညီလေး ဒါက သာမန်ကိစ္စမဟုတ်ဘူး မန်လုံက တို့ဂိုဏ်းရဲ့ ထိပ်ဆုံးဆယ်ယောက်ဝင် တပည့်ပဲ သူက မင်းကို အတော်ချီးကျူးနေတာ ကျင့်ကြံနည်းစနစ်နဲ့ မှော်ရတနာတခုကို ဆုလာဘ်အဖြစ် သူရခဲ့တယ် ကျန်တဲ့ အရင်းအမြစ်တွေကိုတော့ မင်းအတွက် ချန်ထားပေးခဲ့တယ် အဲ့တာက ဥပဒေခန်းမရဲ့ ဆုံးဖြတ်ချက်တွေကို သက်ရောက်စေတယ်"
"ဘာကြောင့်လဲ " သူ ပဟေဠိဖြစ်သွား၏။
"ဂျူနီယာညီလေး မင်းရဲ့နာမည်က သံသယစာရင်းမှာ ပါနေတာကို မှတ်မိမှာပေါ့ ဆိုလိုတာက ဥပဒေခန်းမရဲ့ စောင့်ကြည့်မှုအောက်မှာ မင်းရောက်နေတယ်လို့ ဆိုလိုတာပဲ မင်းအပေါ်မှာ ကန့်သတ်မှုတွေထားထားတယ် အခု မင်းရဲ့ အကျိုးဆောင်မှုနဲ့ မန်လုံရဲ့ ပြောဆိုမှုကြောင့် မင်းနာမည်က သံသယစာရင်းကနေ ပျောက်သွားပြီ ဒါက ဘာကိုဆိုလိုလဲသိလား"
ကျန်းဟောင် စိတ်လေးသွား၏။ "ဥပဒေခန်းမက ကျနော့်ရဲ့ သွားလာမှုကို မကန့်သတ်တော့ဘူး ဂိုဏ်းအပြင်ကို လွတ်လွတ်လပ်လပ်သွားနိုင်ပြီ ဒါဆို ကောင်းကင်ရွှင်ပျော်စံအိမ်က ကျနော့်နာမည်ကို နောက်တာဝန်မှာထည့်လိုက်ရင် လိုက်နာရတော့မယ် အပြင်ရောက်သွားတဲ့အခါ ဥပဒေခန်းမရဲ့ ကာကွယ်ပေးမှုကလည်း အကျုံးမဝင်တော့ဘူး"
လျှိုရှင်းချန် ခေါင်းညိတ်သည်။ "ဒါပေမဲ့ သံသယစာရင်းထဲ နာမည်ဆက်ထားဖို့ နည်းလမ်းတော့ရှိပါတယ် "
သူက ကျန်းဟောင်ကိုကြည့်ပြီး "ရန်ဟွားကို သိတယ်မဟုတ်လား"
"စီနီယာအစ်မရန်လား" ကျန်းဟောင်က အံ့အားသင့်သွားပြီး "ဒါပေါ့ သူ့လက်အောက်က မိုင်းတွင်းမှာ အလုပ်လုပ်နေတာပဲလေ"
အဆောင်တခုက ပျံသန်းလာရာ လျှိုရှင်းချန်က ဖမ်းယူလိုက်သည်။ "သူမ ပျောက်သွားတာကိုရောသိလား ငါတို့ရဲ့ စုံစမ်းမှုအရ အဖြစ်နိုင်ဆုံးက သေသွားတာပဲ ဒါပေမဲ့ သူမ သေဟန်ဆောင်ပြီး ဂိုဏ်းက ထွက်သွားတာလည်း ဖြစ်နိုင်တယ် သူမကို တခြားဂိုဏ်းက သစ္စာဖောက်အဖြစ် ယူဆထားတယ် အနည်းဆုံး ငါတို့ဖမ်းမိထားတဲ့ သစ္စာဖောက်ဆီက ရတဲ့အချက်အလက်ပဲ ခိုင်မာတဲ့အထောက်အထားတော့ မရှိသေးဘူး"
"ဒါက ကျနော်နဲ့ ဘယ်လိုပတ်သတ်လို့လဲ စီနီယာအစ်ကိုလျှို "
"သူမ ဘယ်သူ့ကိုရှာခဲ့လဲဆိုတာသိလား"
"ကျနော့်ကိုပါ" ကျန်းဟောင် ပြောသည်။ "ဂျူနီယာညီလေးဝူ ပြောပါတယ် "
"ဒါဆို သူမ ပျောက်မသွားခင် မင်းနဲ့တွေ့ခဲ့မှာပေါ့ အဲ့တာကို သံသယအဖြစ် ယူဆနိုင်တယ် "