← Chapters

ဂျူနီယာညီလေး နောက်ထပ်အကျိုးမဆောင်နဲ့တော့

Vol. 5 Ch. 66

ဂျူနီယာညီလေး နောက်ထပ်အကျိုးမဆောင်နဲ့တော့

Vol. 5 Ch. 66

ကျန်းဟောင်လည်း သူ့အခြေအနေနဲ့ပတ်သတ်ပြီး ဘာပြောရမှန်းမသိဖြစ်နေသည်။ အခြားသူများက သံသယမဝင်ခံရစေရန် ကြိုးစားနေစဥ် သူကတော့ သံသယစာရင်းတွင်ရှိရန်လုပ်နေရသည်။ သံသယဝင်ခံရရန် ရန်ဟွားကိုပင် ကျေးဇူးတင်ရမလိုဖြစ်နေ၏။

"စီနီယာအစ်ကိုလျှို" ကျန်းဟောင် ပြောသည်။ "မေးချင်တာရှိလို့ပါ ဥပဒေခန်းမရဲ့ အပြစ်ပေးမှုတွေကို ဘယ်လိုခွဲထားပါသလဲ"

"အပြစ်ပေးတာလား" လျှိုရှင်းချန် စိတ်ရှုပ်ထွေးသွား၏။

"ပုံမှန်အားဖြင့်တော့ ဥပဒေမဲ့မျှော်စင်ကို ပို့တယ် "

"အဲ့တာအပြင်ရော"

"အပြစ်ပေးမှုအများစုကို ဂိုဏ်းရဲ့ အဓိကအခွဲတွေက ကိုင်တွယ်တာဖြစ်တယ် ဂိုဏ်းတခုလုံးနဲ့ ပတ်သတ်တာမျိုး ဒါမှမဟုတ် အဓိကအခွဲတွေက မကိုင်တွယ်နိုင်တာမျိုးကလွဲရင် ဥပဒေခန်းမက ဝင်ရောက်မစွက်ဖက်ဘူး "

"ခွင့်ပြုချက်မရှိပဲ မိုင်းတူးတာမျိုးအတွက် အပြစ်ပေးတာရောရှိလား" ကျန်းဟောင် မေးသည်။

"ဟင့်အင်း အဲ့လိုသေးငယ်တဲ့ကိစ္စလေးတွေမှာ ဥပဒေခန်းမက မပါဝင်ဘူး လူသတ်မှုနဲ့ သစ္စာဖောက်လို ကိစ္စတွေအတွက်ပဲပါတယ် "

ကျန်းဟောင် ခေါင်းညိတ်သည်။ ကမ်းပါးသခင်အား တခါ ထပ်ကူညီပေးရန် တောင်းဆိုရဦးမည်ထင်၏။

"ဂျူနီယာညီလေး မင်းက အခု အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်နော်"

ကျန်းဟောင် ခေါင်းညိတ်သည်။ "တခုခုဖြစ်လို့လား စီနီယာ"

လျှိုရှင်းချန်က ခေါင်းယမ်းသည်။ "နောက်ပြီး အသက် ၂၀ အစောပိုင်းပဲ ရှိသေးတယ်နော်"

"မင်းမှာ အစစ်အမှန်တပည့်ဖြစ်ဖို့ အလားအလာတွေရှိတယ် ဒါပေမဲ့ အရေးကြီးကိစ္စတွေမှာ ခဏခဏပါဝင်ပြီး သစ္စာဖောက်တွေနဲ့လည်း သံသယဝင်ခံရတယ် အသည််းကွဲကမ်းပါးက မင်းကို အစစ်အမှန်တပည့်အဖြစ် လေ့ကျင့်ပေးဖို့ ဆန္ဒရှိမယ်မထင်ဘူး နောက်ပြီး ဥပဒေခန်းမရဲ့ သံသယစာရင်းမှာလည်း ပါနေတော့ ပိုပြီးဂရုစိုက်တာအကောင်းဆုံးပဲ ညီလေး"

ကျန်းဟောင် နားလည်၏။ သစ္စာဖောက်ကိုသတ်ပြီး၍ ကမ်းပါးသခင်ကို အကြောင်းကြားစဥ် သူ အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ရောက်မှန်းသိသည့်တိုင် တိတ်ဆိတ်နေခဲ့၏။ ကမ်းပါးသခင်က သူ့ကို အစစ်အမှန်တပည့်အဖြစ် မခေါ်ယူချင်ပုံရသည်။

လူများစွာက သူ့ကိုသတ်ချင်နေ၍ ဂိုဏ်းပြင်ထွက်ရမည်ကိုတော့ အတော်လန့်သည်။ သံသယစာရင်းက သူ့ကို အနည်းငယ် ကာကွယ်ပေးနိုင်လောက်သည်။

အတွင်းစည်းတပည့်အဖြစ်နေတာ ပိုကောင်းပေမည်။ ဘာပဲဖြစ်ဖြစ် သူ့ဆရာအောက်တွင် လေ့ကျင့်သည်ကလည်း အန္တရာယ်များနိုင်သည်။

"ငါသွားရတော့မယ် ဂရုစိုက်ပါ ညီလေး မင်းက သံသယရှိနေတုန်းပဲ ရန်ဟွားကို မတွေ့ရမခြင်း စာရင်းမှာရှိနေလိမ့်မယ် ဘယ်လောက်ကြာမယ်မှန်းမသိဘူး"

လျှိုရှင်းချန်က ထွက်သွားရန်ပြင်ပြီးမှ ရပ်တန့်သည်။ "နောက်ပြီး အကျိုးဆောင်တာတွေကိုလည်း ထပ်မလုပ်ပါနဲ့တော့"

ကျန်းဟောင် ...

"နားလည်ပါပြီ"

မန်လုံ၏ ချီးကျူးမှုက တကယ် မထင်မှတ်ထားစရာဖြစ်သည်။ သူလုပ်ခဲ့တာ အဆောင်တခုကို ပစ်ခဲ့ရုံသာဖြစ်သည်။ ဒီလောက်ထိအလုပ်ဖြစ်သွားမည် မထင်ထားပေ။

"ဟုတ်သားပဲ ရွှမ်ယွမ်ထိုက် အဖမ်းခံရတော့ ကောင်းကင်နက်ဂိုဏ်းက မင်းကို သတိပြုမိသွားလောက်ပြီ "

ကျန်းဟောင် ချော်လဲချင်သွား၏။ အဆောင်တခုကြောင့် ဂိုဏ်းကြီးတခုနဲ့ ရန်သူဖြစ်ရဦးမှာလား။ လောလောဆယ်တော့ ဤနေရာတွင် မနေနိုင်တော့ပေ။ သူ့ဆရာကိုပြောပြီး မိုင်းတူးဖို့ တာဝန်ချထားပေးရန် မေးရပေမည်။

အခုတော့ ပြန်သွားပြီး ကောင်းကင်ဘုံရနံ့တာအိုပန်းကို စစ်ဆေးရပေမည်။ သူ မိုင်းတွင်းကိုရောက်တာ တစ်လရှိသွားလေပြီ။ အတော်လေးလျစ်လျူရှုထားမိသည်ဟု ဆိုရပေမည်။

ခြံထဲတွင် သားရဲက ပျင်းရိစွာ လဲလျောင်းနေသည်။ ပန်းကိုကြည့်ပြီး ဝမ်းဗိုက်က တကြုပ်ကြုပ်မြည်နေသည်။

ကောင်းကင်ဘုံရနံ့တာအိုပန်းက ထူးခြားသည့်ရနံ့ရှိသောကြောင့် ကိုက်စားချင်မိလေသည်။

ပါးစပ်ဟပြီး ကိုက်ရန်လုပ်ပြီးမှ ဇတ်ပုသွားပြန်သည်။ "ဟင့်အင်း သခင်ပြန်လာရင် ငါ့ကို အပြစ်ပေးလိမ့်မယ် "

"ဒါပေမဲ့" ၎င်းက လျှာထုတ်လိုက်သည်။ "လျက်ကြည့်တာလောက်က ပြဿနာမရှိလောက်ပါဘူး"

သို့သော် သူ ဘာမှမထိနိုင်ခင် ဆေဘာတလက်က လျှာကို မြေပေါ် ဖိထားလိုက်သည်။

သားရဲမှာ ထိတ်လန့်ပြီး ရုန်းကန်လိုက်ပေမဲ့ လျှာက မလွတ်မြောက်နိုင်ပေ။

"ဘာလုပ်နေတာလဲ" ကျန်းဟောင်က တည်ကြည်စွာမေးသည်။

သားရဲက ပြန်မဖြေနိုင်ပဲ လျှာကိုပြန်ယူရန်လုပ်နေသည်။ ကျန်းဟောင်က ဆေဘာကို ဖြည်းညင်းစွာ မပေးလိုက်သည်။

လျှာအဆင်ပြေကြောင်း သားရဲက စစ်ဆေးကြည့်သည်။ "သခင် ကျနော် ဘာမှမလုပ်ပါဘူး အရွက်ပေါ်မှာ ဖုန်တွေရှိနေလို့ သန့်ရှင်းပေးတာပါ"

"မင်းအသက်နဲ့ လောင်းကြေးထပ်ချင်လား" သူ ပြောသည်။

ထိုငတုံးသားရဲသာ ပန်းကိုထိခိုက်စေလျှင် သူ ဒုက္ခရောက်ပေမည်။ ဟိုမိစ္ဆာမက ဘာလုပ်မလဲ မသိနိုင်ပေ။

"နောက်တခါ ပန်းအနားမှာ မင်းလျှာကို တွေ့လို့ကတော့" ကျန်းဟောင်က ထွက်သွားသည်။

လခြမ်းဆေဘာအား မြေကြီးထဲစိုက်လိုက်သည်။ အက်ရာများပြည့်နေပြီဖြစ်၍ အသုံးမပြုနိုင်တော့ပေ။ နောက်ထပ် ဆေဘာတစ်လက်ရှာရပေမည်။

သားရဲက ထိတ်လန့်ပြီး ထောင့်တွင် သွားကပ်နေသည်။

"ငါ အဝေးရောက်နေတုန်း လာသူရှိသေးလား" ကျန်းဟောင်က သစ်သားကုလားထိုင်ထံ လျှောက်သွားသည်။

"ကျနော့်ရဲ့ ဂုဏ်သတင်းက ထင်ရှားကျော်ကြားနေတာ သခင်ရဲ့ နေရာကို ဘယ်သူက ကျူးကျော်ရဲမှာလဲ" သားရဲက ကျန်းဟောင်နှင့် မျက်နှာချင်းဆိုင်က ထိုင်ခုံပေါ် ခုန်တက်လိုက်သည်။

သူက လေကြီးသည့်သားရဲအား ကြည့်သည်။

သားရဲက ခေါင်းပုသွားပြီး "တယောက်တော့လာတယ် မင်ယီတဲ့"

"ဘာကိစ္စတဲ့လဲ့"

"သခင် မရှိလို့ နောက်မှထပ်လာခဲ့မယ်လို့ပြောတယ် "

ကျန်းဟောင် အတွေးနက်သွား၏။ "ကောင်းကင်သူတော်စင်ဂိုဏ်းက မင်ယီ၊ ရန်ဟွားကြောင့် လာရှာခဲ့တာများလား"

မုချီနှင့် ကမ်းပါးသခင်အားရှာရန် ကျန်းဟောင် ထွက်လာခဲ့သည်။ မိုင်းတွင်းကို လတ်တလော မသွားနိုင်သေးသည့်အတွက် ဆေးဥယျာဥ်ကိုသွားရန် အကြောင်းကြားရပေမည်။

...

ပန်းတစ်ရာရေကန်

ပိုင်ကျီက ဒူးထောက်နေသည်။ ဟုန်ယွီယဲ့က ရေကန်နားတွင်ရပ်၍ ငါးစာကျွေးနေ၏။ "အဇူရာတောင်တန်းနဲ့ ပတ်သတ်ပြီး ဘာထူးသေးလဲ"

All Chapters