← Chapters

ထပ်လုပ်နိုင်သေးတယ်လို့ ခံစားရတဲ့ဟန်မင်

Vol. 5 Ch. 67

ထပ်လုပ်နိုင်သေးတယ်လို့ ခံစားရတဲ့ဟန်မင်

Vol. 5 Ch. 67

ပိုင်ကျီက မိုင်းတွင်းတွင်ဖြစ်ခဲ့သည့် မတော်တဆမှုနဲ့ပတ်သတ်ပြီး စိုးရိမ်နေသည်။ အနိုင်ရခဲ့သော်လည်း မလုံလောက်ဟု ခံစားနေရသည်။

ဂိုဏ်းချုပ်သာ နောက်ဆုံးအခိုက်အတန့်တွင် သတိမပေးခဲ့ပါက များပြားလှသည့် သစ္စာဖောက်နှင့် ကျူးကျော်သူများအား ဖမ်းမိမည်မဟုတ်ပေ။ ဂိုဏ်းက အတော်လေး ထိခိုက်ဆုံးရှုံးရမည်ဖြစ်သည်။

မိုင်းတွင်း ပစ်မှတ်ထားခံရမည်ဟု သံသယရှိခဲ့သော်လည်း သိပ်အာရုံမစိုက်မိခဲ့ပေ။ မိုးပြာတောင်တန်းကိုသာ အာရုံထားနေခဲ့သည်။

မိုင်းတွင်းက ဂိုဏ်းပိုင်နက်ထဲတွင်ရှိသောကြောင့် ပြင်ဆင်မှုတချို့ဆို လုံလောက်ပြီဟုထင်ခဲ့သည်။ မိုင်းတွင်းများက ဂိုဏ်းအတွက် အရေးကြီးသည်။ ဝိညာဥ်ကျောက်တုံးများကိုသာ တွေ့ရမည်မဟုတ်ပါချေ။

မိုင်းတွင်းက နက်သထက်နက်လာလျှင် အခြားရတနာများကိုလည်း ရနိုင်သည်။ ထိုအချက်ကို အခြေခံ၍ ဂိုဏ်းချုပ်က အထူးရတနာတခု ပုန်းကွယ်နေသည့်သတင်းကို ဖြန့်ခဲ့သည်။ ထို့ကြောင့် ကျူးကျော်သူများစွာ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

"မိုးပြာတောင်တန်းနဲ့ ရင်ဆိုင်ရာမှာ ကျမဖက်က အသာစီးရခဲ့ပါတယ် မိုးပြာတောင်တန်းက ထင်သလောက် အားမကောင်းခဲ့ပါဘူး နောက်ပြီး အတွင်းပိုင်းမညီညွတ်မှုတွေကြောင့် ပိုအားနည်းနေခဲ့ပါတယ် ရတနာတွေအများအပြားအပြင် မိုးပြာတောင်တန်းရဲ့ ကျင့်ကြံခြင်းနည်းစနစ် မိုးပြာနတ်အသွင်ပြောင်းလဲခြင်း ကိုလည်းရခဲ့ပါတယ်"

ပိုင်ကျီက လက်နက်များ၊ စာအုပ်များ၊ ဆေးလုံးနှင့် အဆင်တန်ဆာများကို ကြမ်းပေါ် ပုံထားလိုက်သည်။

ဟုန်ယွီယဲ့က တချက်သာကြည့်ပြီး ဂရုမစိုက်ဟန်ဖြင့် အကြည့်လွှဲလိုက်သည်။

"နောက်ပြီး မိုးပြာတောင်တန်းရဲ့ နောက်ကွယ်မှာရှိနေသူနဲ့ပတ်သတ်ပြီး သဲလွန်စရလာပါတယ်" ပိုင်ကျီက ကျောက်ပြားတချပ်ကို ထုတ်လိုက်သည်။ ၎င်းက ဟုန်ယွီယဲ့ထံ လွင့်မျောသွားခဲ့သည်။

ကျောက်ပြားတွင် ထူးဆန်းသည့် သင်္ကေတများပြည့်နေသည်။

"ပင်လယ်ရပ်ခြားက လာတယ်ထင်ပါတယ် ကောင်းကင်ဘုံရနံ့တာအိုပန်းကို ပစ်မှတ်ထားနေသူက ပြည်ခြားဖြစ်နိုင်တယ်"

ဟုန်ယွီယဲ့က ကျောက်ပြားကိုကြည့်ပြီး သိမ်းလိုက်သည်။

စာအုပ်တအုပ်က သူမရှေ့လွင့်မျောလာ၏။ ယင်းက မိုးပြာတောင်တန်းရဲ့ ကျင့်ကြံခြင်းနည်းစနစ် မိုးပြာနတ်အသွင်ပြောင်းလဲခြင်းဖြစ်သည်။

သူမက စာအုပ်ကိုလှန်ကြည့်ပြီး ပိတ်လိုက်သည်။

"ဒီတခေါက် အတော်လေးရခဲ့ပုံပဲ တပည့်တွေကို ပြိုင်ပါစေ အခြေခံတည်ဆောက်ခြင်းအဆင့် ၊ ရွှေအမြုတေအဆင့်နဲ့ မူလဝိညာဥ်အဆင့်ကတပည့်တွေ ရတနာတွေအတွက် ပြိုင်ရမယ် အဆင့်တခုစီတိုင်းအတွက် ၅ ယောက် ကျန်တာကို အကျိုးဆောင်မှတ်တွေနဲ့ လဲရမယ်"

"အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် ဆုလာဘ်ကို ဘယ်ရတနာထားရမလဲ" ပိုင်ကျီ မေးသည်။

ဟုန်ယွီယဲ့က ဆေဘာကိုကြည့်ပြီး တခဏမျှတွေးပြီးမှ ခေါင်းယမ်းသည်။ "နင်ပဲ ဆုံးဖြတ်လိုက်"

သူမက စာအုပ်ကိုကောက်ယူလိုက်သည်။ "မိုးပြာတောင်တန်းကိုရော ဖျက်ဆီးနိုင်ပြီလား"

"သူတို့ကို ဖိအားပေးထားပေမဲ့ အပြတ်ရှင်းချင်ရင်တော့ ပိုများပြားတဲ့အင်အားကို လိုပါတယ် တခြားဂိုဏ်းတွေကလည်း သူတို့ကိုကူညီနေတော့ ဒီကိစ္စက အချိန်အကြာကြီးယူရမယ်ထင်ပါတယ်"

"ကောင်းပြီ " ဟုန်ယွီယဲ့က စာအုပ်ကို ပိုင်ကျီထံ ပြန်ပစ်ပေးလိုက်သည်။ "မိုးပြာတောင်တန်း မရှိတော့ရင် ဒီစာအုပ်နဲ့ ဂိုဏ်းထဲမှာ အခွဲတခုတည်ထောင်ပါ သူတို့ရှိနေသေးတယ်ဆိုရင်တော့ အဓိကအခွဲ ၁၂ ခုက ပြိုင်ဆိုင်ပြီး ဒါကို ယူရမယ် ကျင့်ကြံခြင်းနည်းစနစ်တခု ရွေးချယ်စရာတိုးလာတာပေါ့"

ပိုင်ကျီ ခေါင်းညိတ်သည်။ သူမက ဂိုဏ်းချုပ်သဖွယ် ပြုမူနေသောကြောင့် ကျန်သည့် အခွဲ ၁၁ ခုကသာ ယှဥ်ပြိုင်ပြီး ရယူနိုင်ပေမည်။

ကျန်းဟောင်က ကမ်းပါးသခင်နဲ့ သွားတွေ့သည်။ ထို့နောက် မုချီနှင့် တွေ့ပြီး မတော်တဆမှုအကြောင်း ပြောပြသည်။ မုချီက သူ့ကို ကျေးဇူးတင်ပြီး များပြားသည့် အရင်းအမြစ်နှင့် ဆုလာဘ်များပေးမည်ဖြစ်ကြောင်း ကတိပေးလေသည်။

ကျန်းဟောင်လည်း သူ့ကို ကျေးဇူးတင်စကားဆိုလေသည်။

ဆေးဥယျာဥ်ကိုရောက်လာသောအခါ ကျန်းဟောင်က ဟန်မင်နှင့်တွေ့သည်။

လနဲ့ချီပြီး လေ့ကျင့်ခဲ့ပြီးနောက် ဟန်မင်၏ ကျင့်ကြံမှုက ပိုသန်မာလာခဲ့သည်။ သူက အရင်လို ငယ်ရွယ်ပြီး ရင့်ကျက်မှုမရှိသူ မဟုတ်တော့ပါချေ။

"စီနီယာအစ်ကိုကျန်း တွေ့ရတာဝမ်းသာပါတယ် "

"တွေ့ရတာဝမ်းသာပါတယ် ဂျူနီယာညီလေးဟန်" ကျန်းဟောင် ပြောသည်။ "စိန်ခေါ်ဦးမလို့လား"

ဟန်မင်က ရယ်ပြီး "ဟင့်အင်း ကျနော် လုံလောက်အောင် မသန်မာသေးဘူးလို့ ခံစားနေရတယ် ဆေးပင်အချို့လိုချင်လို့လာခဲ့တာ ဒီတခေါက် အကျိုးဆောင်ခဲ့လို့ အရင်းအမြစ်တွေ အတော်လေးရခဲ့တယ် စီနီယာအစ်ကိုကျန်းလည်း စမ်းကြည့်သင့်တယ် ဒါမှ ကျင့်ကြံခြင်းလည်း မြန်ပြီး အတွေ့အကြုံလည်းရမှာ"

"ဂျူနီယာညီလေးသန်မာလာတာတွေ့တော့ ဝမ်းသာမိပါတယ် သာမန်လူတွေက မင်းနဲ့ ယှဥ်နိုင်မှာမဟုတ်ဘူး" ကျန်းဟောင် ပြောသည်။

ဟန်မင် ယုံကြည်မှုရှိစွာပြုံး၍ နှုတ်ဆက်သည်။" စီနီယာအစ်ကိုလည်း အကျိုးဆောင်ပြီး မြန်မြန်အဆင့်တက်သင့်တယ် မဟုတ်ရင် ကျနော်လိုက်မီလာမှာ"

ကျန်းဟောင်လည်း ပြန်ပြုံးပြလိုက်သည်။ သူ အကျိုးမဆောင်မိစေရန် ထိန်းသိမ်းနေရသည်အား မည်သူမှမသိပါချေ။

သူသာ အကျိုးဆောင်မိ၍ သံသယစာရင်းမှ နာမည်ပျောက်သွားပါလျှင် လျှိုရှင်းချန်က ထပ်မံကူညီတော့မည်မဟုတ်ပေ။

All Chapters