← Chapters

အကျိုးဆောင်မှုကြီးနှင့် ကျန်းဟောင်

Vol. 5 Ch. 68

အကျိုးဆောင်မှုကြီးနှင့် ကျန်းဟောင်

Vol. 5 Ch. 68

ဟန်မင်ပြန်သွားပြီးနောက် ကျန်းဟောင်လည်း ဥယျာဥ်ထဲ လျှောက်ပတ်နေလိုက်သည်။ သားရဲက သူနဲ့အတူပါလာ၏။ "အဲ့တာ ဘယ်သူလဲ"

"အစစ်အမှန်တပည့် " ကျန်းဟောင် ပြောသည်။ "သူ့အဆင့်အတန်းက ငါ့ထက်မြင့်တယ် ပြဿနာသွားမရှာနဲ့"

"အစစ်အမှန်တပည့်လား သူ ကျနော့်ကို တချက်တောင်မကြည့်တာ မဆန်းတော့ဘူး သခင် အများကြီးကြိုးစားပြီး အဆင့်အတန်းမြင့်မားအောင် လုပ်သင့်ပြီ"

ကျန်းဟောင်က သားရဲကိုကြည့်ပြီး မည်သို့မှ မတုံ့ပြန်ပေ။ သူ မိုင်းတွင်းထဲရောက်နေစဥ် ဤသားရဲက အတော်လေးပျင်းရိနေဟန်ရလေသည်။ လေကလည်းကြီးလှ၏။ ပြဿနာမရှာစေရန်သာ မျှော်လင့်ရလေသည်။

ပူဖောင်းများကို ကောက်ပြီးနောက် မိုင်းတူးရခြင်းအား လွမ်းမိသည်။ ထိုနေရာက ပူဖောင်းများ လွယ်ကူစွာရနိုင်သည့် နေရာဖြစ်သည်။

ကျန်းဟောင်က ထိုနေရာကို ပြန်သွားရန် စိတ်ကူးရှိထားသည်။ လောလောဆယ် လုံခြုံရေးအတွက် စစ်ဆေးနေတုန်းဖြစ်၍ မည်မျှကြာဦးမည်ကိုတော့ မသိပါချေ။

ညနေတွင် ကျန်းဟောင်က အိမ်ပြန်လာပြီး လုပ်စရာရှိသည်များအား စီစဥ်၏။

ကောင်းကင်ရှင်းလင်းဂိုဏ်းက မိုးပြာတောင်တန်းကို အနိုင်ရပြီး ရတနာများစွာယူဆောင်လာနိုင်ခဲ့ကြောင်း သတင်းရထားပြီးဖြစ်သည်။ တိုက်ပွဲက ပြီးဆုံးသွားလေပြီ။

ကောင်းကင်ရှင်းလင်းဂိုဏ်းက သစ္စာဖောက်နှင့် ကျူးကျော်သူများကို ဖမ်းဆီးရခဲ့သည်။ အကျဥ်းသားများသာ ကံကောင်းပါက အခြားဂိုဏ်းများက လာရွေးနိုင်သည်။ မဟုတ်ပါက မိုင်းတွင်းထဲ တသက်လုံး အလုပ်လုပ်သွားရပေမည်။

အဖမ်းခံရသည့် အမျိုးသမီးများကတော့ ကောင်းကင်ရွှင်ပျော်စံအိမ်ကို ခေါ်ဆောင်ခံရပေမည်။

ကျန်းဟောင် သက်ပြင်းချ၏။ ဤသို့သော အရေးကိစ္စများကား သူနဲ့ မဆိုင်ပေ။ သူ့တွင် အဆင့်အတန်းမရှိ၊ အရင်းအမြစ်မရှိ၊ ဆေဘာဝယ်ရန် ဝိညာဥ်ကျောက်တုံးပင် မရှိချေ။ သူ့ကိုယ်သူပင် မကူညီနိုင်ပဲ အခြားသူများ အရေးကို မည်သို့ဝင်စွက်နိုင်ပါမည်နည်း။

အဆောင်လမ်းညွှန်ကို ထုတ်ဖတ်သည်။ ဝိညာဥ်ကျောက်တုံးများရရန် သူ ပိုပြီးသင်ယူရပေမည်။

သူ့တွင် ဝိညာဥ်ကျောက်တုံး ၃၅၀ သာကျန်သည်။ ဆေဘာနှင့် အရည်အသွေးကောင်းသည့် လက်ဖက်ရွက်ဝယ်ရပေဦးမည်။

အဆောင်လမ်းညွှန်အားဖွင့်ပြီး ပထမဆုံးကြည့်သည်က ကုသရေးအဆောင်ဖြစ်သည်။ နာကျင်မှုသက်သာစေသည့် အဆောင်နှင့်တူပေမဲ့ ပိုပြီး အာနိသင်ရှိသည်။

ကုသရေးအဆောင်က မန္တန်လောက် မထိရောက်သော်လည်း အရေးပေါ်အခြေအနေအတွက် အသုံးဝင်သည်။ ဥပမာ ဒဏ်ရာအပြင်းအထန်ရနေပြီး မန္တန်မသုံးနိုင်သည့် အခြေအနေမျိုးတွင် ကုသရေးအဆောင်က အသုံးဝင်လေသည်။

ထို့ကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ရွှေအမြုတေအဆင့်မှ လူများမှာ အဆောင်များကို လိုရမည်ရ သိမ်းထားတတ်ကြသည်။ အထူးသဖြင့် ဂိုဏ်းအပြင်ကိုထွက်သည့်အခါမျိုးတွင်ဖြစ်သည်။

ကျန်းဟောင်က အဆောင်ပြုလုပ်နည်းအား လေ့လာသည်။ သုံးရသည့်စာရွက်က ဓားတစ်သောင်းအဆောင်ပြုလုပ်ရာတွင် သုံးရသည်နှင့်အတူတူဖြစ်သည်။ ဈေးနှုန်းက ဓားတစ်သောင်းအဆောင်၏ ကုန်ကျစရိတ်ထက် တစ်ဝက်သာရှိပြီး ၃၀ နှင့်ရောင်းနိုင်သည်။

"မိုးပြာတောင်တန်းနဲ့ တိုက်ပွဲမဖြစ်ခင် မလုပ်လိုက်ရတာ နာသကွာ မဟုတ်ရင် ငါ မျိုးမျိုးမြက်မြက်လေးရမှာ" သူ မချိတင်ကဲ ရေရွတ်သည်။

အများစုက ဂိုဏ်းပြင်ထွက်၍ တိုက်ခိုက်ရမည်ဖြစ်၍ ကုသရေးအဆောင်များ လိုအပ်မှာ သေချာသည်။ အခုတော့ ဝယ်ယူသူနည်းသွားလိမ့်မည်ဖြစ်ပြီး ဈေးကလည်း ၃၀ ထက် ပိုရနိုင်တော့မည်မဟုတ်ပေ။

ကျန်းဟောင်လည်း ကြည်လင်သန့်စင်နှလုံးသားကို အသက်သွင်းပြီး အဆောင်လုပ်နည်းအား လေ့လာနေတော့သည်။

...

အသည်းကွဲကမ်းပါးတွင် ဟန်မင်းက ခူဝူကန်း၏ အိမ်ကိုရောက်လာသည်။

သူက စိတ်လှုပ်ရှားနေသည်။ တိုက်ပွဲတွင် ပါဝင်ခဲ့သူများမှာ အကျိုးဆောင်မှုအလိုက် ထိပ်ဆုံးဆယ်နေရာကို သတ်မှတ်မည်ဟု ကြားသိခဲ့ရသည်။ ထိုစာရင်းတွင် ပါသူများမှာ ဆုလာဘ်များစွာရမည်ဖြစ်သည်။

ဟန်မင်က ဂိုဏ်းတခုလုံးအတွက်တော့ ထိပ်ဆုံးဆယ်နေရာတွင် ဝင်ရန် မမျှော်လင့်ထားသော်လည်း အသည်းကွဲကမ်းပါး တပည့်များကြားတွင်တောင် ထိပ်ဆုံးစာရင်းဝင်ရန် မျှော်မှန်းထားလေသည်။

ကမ်းပါးသခင်၏ ခြံဝန်းထဲ ဟန်မင်သာရှိနေသည်မဟုတ်ပေ။ စီနီယာအစ်မနှင့် အစ်ကိုတယောက်လည်း ရှိနေသည်။

ဟန်မင်က ကျစ်ဝူနှင့် ဖေ့ကျူးကို နှုတ်ဆက်၏။ ထို့နောက် တိတ်ဆိတ်စွာ စောင့်နေကြသည်။

ခဏကြာသော် မုချီရောက်လာပြီး ကမ်းပါးသခင်အား ပြောသည်။ "ဆရာ ဥပဒေခန်းမက အကျိုးဆောင်မှုစာရင်းကို ပို့လိုက်ပါပြီ"

သူက စာရင်းကို ခူဝူကန်းဆီအပ်ပြီး အခြားတပည့်များနဲ့အတူ သွားရပ်နေလိုက်သည်။

"စီနီယာအစ်ကိုမု ကျနော် ထိပ်ဆုံးဆယ်ယောက်ထဲပါလား" ဟန်မင်က တိုးတိုးမေးသည်။

မုချီက ပြုံးပြီး" ငါ မကြည့်ရသေးဘူး ဒါပေမဲ့ ဥပဒေခန်းမက အကျိုးဆောင်မှုနဲ့ပတ်သတ်ပြီး အမှားအယွင်းမလုပ်ဘူး ဂျူနီယာညီလေးဟန် ထိပ်ဆုံးဆယ်ယောက်ထဲ ပါမှာပါ"

ဟန်မင်လည်း စိတ်လှုပ်ရှားသွားပေမဲ့ မူမပျက်ပါချေ။ စီနီယာများကြား မည်သို့ထိန်းချုပ်ပြုမူရမည်အား သိလေသည်။ မဟုတ်ပါက သူ့ကို အထင်သေးသွားနိုင်၏။

ဟန်မင်က ကျန်းဟောင်ဆီ သွားကြွားရန်တွေးထားသည်။ ၎င်းက နောက်ဆုံးယှဥ်ပြိုင်မှုတွင် သူရှုံးခဲ့ရခြင်းအတွက် အနည်းငယ် မျက်နှာပြန်ရနိုင်သည်။

"ဟင် " ခူဝူကန်းက စာရင်းကိုကြည့်ပြီး အံ့အားသင့်သွားပုံရသည်။

သူ၏ တုံ့ပြန်မှုကြောင့် တပည့်များလည်း သိချင်သွားလေသည်။

"စိတ်ဝင်စားစရာပဲ အသည်းကွဲကမ်းပါးက တပည့်နှစ်ဦးတောင် ထိပ်ဆုံးစာရင်းထဲ ပါလာခဲ့တယ် ကောင်းတယ် ဒါက ပြိုင်ပွဲတွေမှာ ငါတို့အခွဲက အရင်းအမြစ်တွေ ပိုရနိုင်တယ်လို့ ဆိုလိုတာပဲ"

"ဆရာ သူတို့က ဘယ်သူတွေလဲ" ဟန်မင်က စိတ်အားထက်သန်စွာမေးသည်။

ကျစ်ဝူနှင့် ဖေ့ကျူးလည်း သိချင်သွားကြသည်။

"တယောက်က ပိုင်ရီ အဆင့် ၇" ခူဝူကန်း ပြောသည်။

ပိုင်ရီက အသည်းကွဲကမ်းပါး၏ တပည့်ကြီးဖြစ်ပြီး အလွန်အားကောင်းသည့်အတွက် သိပ်အံ့သြစရာမရှိပါချေ။

"နောက်တယောက်ကရော" ဖေ့ကျူး မေး၏။

"ကျန်းဟောင် သူက အဆင့် ၁၀"

ဟန်မင်မှာ ထိုနာမည်ကိုကြားပြီး မိုးကြိုးပစ်ခံလိုက်ရသလိုဖြစ်သွားလေသည်။

All Chapters