ဝိညာဥ်ကျောက်တုံးပဲလိုချင်တယ်
Vol. 5 Ch. 70
မုချီက လက်ဝေ့ယမ်းလိုက်သည်။ "ဂျူနီယာညီလေးကျန်း အတော်ပဲ မင်း ဘယ်လို ဆုလာဘ်မျိုးလိုချင်လဲဆိုတာ မေးမလို့"
ကျန်းဟောင်က ဝိညာဥ်ကျောက်တုံးများကို အလိုရှိနေပေမဲ့လည်း ထိန်းထားလိုက်သည်။ "စီနီယာအစ်ကိုရဲ့ သဘောပါ"
မုချီ ရယ်လိုက်၏။" အဲ့လောက်ထိ နှိမ့်ချစရာမလိုပါဘူးကွာ တော်ကြာ မင်းနစ်နာနေမှာပေါ့"
ကျန်းဟောင်က ပြုံးသည်။ ဝိညာဥ်ကျောက်တုံးများကလွဲပြီး သူ့တွင် အရင်းအမြစ်များ မချို့တဲ့ပါချေ။ ဆေးဥယျာဥ်မှ ပူဖောင်းများအမြဲရနေသည်မဟုတ်ပါလား။
"ကောင်းပြီလေ ငါ ဆေးလုံးတချို့ရထားတယ် အဲ့ဒီထဲမှာ ရွှေအမြုတေဆေးလုံးပါတယ် ဒါပေမဲ့ မင်းက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲရှိသေးတာဆိုတော့ ဝိညာဥ်ကျောက်တုံးအစားပေးရင်ရော ဘယ်နှယ့်လဲ"
ကျန်းဟောင်အတွက် ထိုဆေးလုံးက မလိုအပ်ပေ။ သို့သော် မဖြစ်မနေယူရပါက လက်ခံရပေမည်။ သူ၏ ကျင့်ကြံခြင်းအစစ်အမှန်ကို မထုတ်ဖော်ချင်သောကြောင့်ဖြစ်၏။
"လုံးဝအဆင်ပြေပါတယ်"
မုချီက ရယ်၍ "ကောင်းပြီ ကြည့်ရတာ ဝိညာဥ်ကျောက်တုံးတွေကို သဘောကျပုံပဲ နောက်ပြီး ငါ့မှာ ရွှေမနက်ခင်းဆေးလုံးရှိသေးတယ် သိပ်ဈေးမကြီးပေမဲ့ မင်းရဲ့ ကျင့်ကြံဆင့်ကြောင့် ပေးမရပြန်ဘူး အဲ့တော့ ရွှေအမြုတေဆေးလုံးအတွက် ဝိညာဥ်ကျောက်တုံး ၆၀၀၊ ရွှေမနက်ခင်းဆေးလုံးအတွက် ၂၅၀ ပေးမယ် "
မုချီက ဝိညာဥ်ကျောက်တုံးများကိုထုတ်၍ ရေတွက်ပြီး မေးသည်။ "ဒီမှာ စုစုပေါင်း ၈၅၀"
သူက ဆေးပုလင်းတခုကိုလည်း ထုတ်သည်။" ဒါက သန့်စင်ဆေးလုံးတွေ မင်းကိုယ်ထဲက အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ရှင်းလင်းပေးနိုင်တယ် ဈေးကြီးတဲ့ဆေးမျိုးမဟုတ်တော့ တိုက်ရိုက်ပဲပေးလိုက်မယ်"
ကျန်းဟောင် ထိုဆေးလုံးများအားသိသည်။ တခုကို ၇၀ ကနေ ၁၀၀ အထိ အရည်အသွေးအလိုက်တန်၏။ အဆိပ်မိမည်ကိုစိုးသောကြောင့် သူ့တွင် ဆေးလုံးအချို့ သိမ်းဆည်းထားသည်။
"ဟောဒီ စိတ်ဝိညာဥ်ဓားကိုလည်း တိုက်ရိုက်ပဲပေးလိုက်မယ်"
ကျန်းဟောင် ပြောလိုက်၏။" စီနီယာအစ်ကို ဓားအစား ဝိညာဥ်ကျောက်တုံး ပေးလို့ရမလား"
"ရတာပေါ့ကွ ဒီဓားက သိပ်မဆိုးဘူး ဝိညာဥ်ကျောက်တုံး ၁၀၀၀ လောက်တန်တယ် အဲ့အတိုင်းယူပေါ့"
မုချီက ထုတ်ပေးလိုက်ပြန်သည်။ အခုကျန်းဟောင်တွင် ဝိညာဥ်ကျောက်တုံး ၁၈၅၀ ဖြစ်သွားလေပြီ။ သူ့တွင် ကျန်တာနဲ့ပေါင်းပါက ၂၂၀၀ ရှိနေလေပြီ။
ဆေဘာနှင့် လက်ဖက်ရွက်ကောင်းကောင်း ဝယ်နိုင်ပြီဖြစ်လေသည်။
ရှီယုက အားကောင်းလွန်းသောကြောင့် ပုံမှန်အသုံးပြုရန် ဆေဘာတချောင်းလိုအပ်သည်။။
မုချီကို သူလေးစားမိသည်။ ငယ်ရွယ်သည့်တိုင် တာဝန်များမှ ကြီးမားသည့် ဆုလာဘ်များရလေသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်တွင်ရှိသူများမှာ တာဝန်တွင် ဤဆုလာဘ်၏ တစ်ဝက်ပင် မရပါချေ။ မြင့်မားသည့် ကျင့်ကြံခြင်းရှိခြင်းက တကယ့်ကို အကျိုးထူးပေသည်။
မုချီသာ အမွေအနှစ်ရထားကြောင်းကိုမသိထားပါက အခုလို ရက်ရောနေသည့်အတွက် သံသယဝင်စရာကောင်းနေပေမည်။
သို့သော် မုချီနှင့် ကောင်းကင်သူတော်စင်ဂိုဏ်း၏ သူတော်စင်မက ပတ်သတ်မှုရှိသည့်အတွက် သူ သတိထားရပေမည်။
"လအနည်းငယ်အတွင်း ပြိုင်ပွဲတွေရှိမယ် ဂျူနီယာညီလေး ပြင်ဆင်ထားပါ "
ကျန်းဟောင် စိတ်ရှုပ်သွား၏။ "ပြိုင်ပွဲ"
"ဟုတ်တယ် မသိဘူးလား မိုးပြာတောင်တန်းနဲ့ ရင်ဆိုင်ပြီး ဂိုဏ်းက ရတနာတွေအများကြီးရလာခဲ့တယ်လေ ဒါကြောင့် ပြိုင်ပွဲပြုလုပ်ပြီး ခွဲဝေပေးမယ်လို့ပြောတယ် အခြေခံတည်ဆောက်ခြင်းအဆင့် ၊ ရွှေအမြုတေအဆင့်၊ မူလဝိညာဥ်အဆင့်က တပည့်တွေဝင်ပြိုင်နိုင်တယ် ထိပ်ဆုံး ၅ ဦးက ဆုလာဘ်အဖြစ် အဖိုးတန်ရတနာတွေကိုရမယ် "
ပြိုင်ပွဲအကြောင်းကြားရပေမဲ့လည်း ကျန်းဟောင်အတွက် ဘာမှမဖြစ်ပါချေ။ သူ ဝင်ပြိုင်ဖို့လည်း အစီအစဥ်မရှိပါချေ။
"ဒီတခေါက် မိုင်းတွင်းမှာ အတော်လေးအကျိုးပြုခဲ့တာကြားတယ် ပြိုင်ပွဲမှာ ဝင်ပါဖို့မျှော်လင့်တယ် ပုံမှန်ဆို ပြိုင်ပွဲတွေက အခွဲဲဲတစ်ခု နှစ်ခုကြားမှာပဲရှိတာ အခုတော့ ၁၂ ခုလုံးပါမှာလေ စိတ်မပူပါနဲ့ ရိုးရှင်းပါတယ် ဘယ်သူကမှ အဆင့်ကျော်တိုက်ဖို့ကို မမျှော်လင့်ပါဘူး "
ထို့နောက် မုချီက သူ့ကို နှုတ်ဆက်ပြီး ထွက်သွားသွားလေသည်။
ကျန်းဟောင် သက်ပြင်းချလိုက်၏။ ပြိုင်ပွဲတွင် မတော်တဆပါလာပါက မည်သို့အရှုံးပေးရမည်အား စဥ်းစားရပေဦးမည်။
သူ့ရဲ့ အကျိုးဆောင်မှုက လွန်နေပြီဖြစ်သည်။ စာရင်းကနေ ပျောက်တော့မလို ကပ်သီးလေးဖြစ်ထားပြီး အခု ပြိုင်ပွဲက ရောက်လာပြန်လေပြီ။
"ဆုတွေက ဘာပါလိမ့်"
သိချင်စိတ်ကြောင့် ချန်ချိုးအား မေးကြည့်သည်။
"အခုတော့ အခြေခံတည်ဆောက်ခြင်းအဆင့်အတွက်ပဲ စီမံရသေးတယ်" သူပြောသည်။ "အခြား ကျင့်ကြံခြင်းအဆင့်တွေအတွက်က မသိသေးဘူး ဟောဒီမှာပါ"
ချန်ချိုးက စာရင်းပေးလာသည်။ ပစ္စည်းက ၅ မျိုးဖြစ်သည်။
ပထမတခုက နေကိုးစင်းမီးကျောက်တုံးကနေ ထုလုပ်ထားသည့် နေကိုးစင်းဆေဘာဖြစ်သည်။ ၎င်းက ကျင်ကြံနည်းစနစ်အားလုံးနှင့် သင့်တော်သည်။ အထူးသဖြင့် မီးဓာတ်သဘာဝဖြစ်၏။ ခြုံပြောရလျှင် အတော်ကောင်းသည့် လက်နက်ဖြစ်သည်။
ဆေဘာက အတော်အဖိုးတန်ကြောင်း ကျန်းဟောင် တွေးမိသည်။ သူလိုချင်ပေမဲ့လည်း ပထမနေရာကိုရနိုင်မှဖြစ်ပေမည်။
ဒုတိယဆုမှာ ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည့် ကောင်းကင်ဘုံအရုဏ်ဦးစိတ်ဝိညာဥ်နည်းစနစ်ဖြစ်သည်။ ၎င်းက စိတ်ဝိညာဥ်ကို အထူးပြုလေ့ကျင့်နိုင်သည့် နည်းစနစ်ဖြစ်သည်။
တတိယက နေကိုးစင်းမီးတောက် ဟုခေါ်သည့် မန္တန်ဖြစ်သည်။ မီးပင်လယ်ကိုဖန်တီးပြီး ရန်သူအများအပြားကို ဒဏ်ရာရစေနိုင်သည်။ နယ်ပယ်ကိုလည်း ဖိနှိပ်နိုင်သည့် အာနိသင်ရှိသည်။
စတုတ္ထမှာ တာအိုဝတ်ရုံဖြစ်၏။ ဝတ်ဆင်သူအား လေတွင် မျောလွင့်စေနိုင်၏။ ရေမီးအပါအဝင် တိုက်ခိုက်မှုအတော်များများကိုလည်း ခံနိုင်ရည်ရှိသည်။
ဆေဘာကလွဲ၍ ကျန်ဆုလာဘ်များကို သိပ်ဂရုမစိုက်ပါချေ။
သူ့တွင် အကာအကွယ်အတွက် ကောင်းကင်ချပ်ဝတ်ရှိပြီး ကျင့်ကြံနည်းစနစ်နှင့် မန္တန်ကလည်း မလိုအပ်ပါသေးချေ။
ငါးခုမြောက် ဆုကတော့ အတော်ထူးခြားသည်။ ထူးခြားသည့် စွမ်းအင်များပါနေသည့် မျိုးစေ့တခုဖြစ်သည်။ ၎င်းကိုဆောင်ထားပါက အာရုံစိုက်နိုင်ပြီး ကျင့်ကြံရာတွင် မြန်ဆန်စေသည်။