← Chapters

ဘာလို့ သွားမကြည့်လဲ

Vol. 5 Ch. 71

ဘာလို့ သွားမကြည့်လဲ

Vol. 5 Ch. 71

"အဲ့တာ ဘာအစေ့လဲ" ကျန်းဟောင် စိတ်ဝင်စားသွား၏။ ကောင်းသည့်အရာဆိုပါက သူလိုချင်မိသည်။ မိုးပြာတောင်တန်းကနေ ရလာခြင်းဖြစ်၍ သာမန်တော့မဟုတ်နိုင်ချေ။

၎င်းက ကောင်းကင်ဘုံရနံ့တာအိုပန်းလောက် ရှားပါးအဖိုးမတန်နိုင်ပေမဲ့ သူ့အတွက် အသုံးဝင်နိုင်သည်။ ရွှေရောင် သို့မဟုတ် ခရမ်းရောင်ပူဖောင်းများပေးလာပါက အတော်ကောင်းပေမည်။ အဲ့လောက်မကောင်းလျှင်လည်း အဆင်ပြေသေးသည်။

အရင်ဆုံးတော့ ၎င်းကို အကဲဖြတ်ရန်လိုသည်။ ထိုက်တန်သည့်အရာဖြစ်ပါက အခြေခံတည်ဆာက်ခြင်းအဆင့်တွင် အနိုင်ရရန် နည်းလမ်းရှာရပေမည်။

"အဆောင်တွေလုပ်ပြီး တိုက်ခိုက်ရင်ရော" ထိုအတွေးက သူ့စိတ်ထဲဝင်လာသည်။

ဓားတစ်သောင်းအဆောင်၏ စွမ်းအားက သာမန်ဖြစ်သည်။ သူသာ ဓားတစ်သိန်းအဆောင်တချို့ကို ဖန်တီးနိုင်ခဲ့ပါက အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိသူတိုင်းကို ဒဏ်ရာရနိုင်စေမည်မှာ သေချာသည်။

ဓားတစ်သိန်းအဆောင်က အားကောင်းသော်လည်း အာရုံစိုက်ခံရအောင် သံသယများမဖြစ်စေနိုင်ပေ။ လိုအပ်သည့် ကုန်ကြမ်းများကလည်း ကုသရေးအဆောင်နှင့်ဆင်တူသည့်အတွက် ကြိုးစားကြည့်ရပေမည်။

ကျန်းဟောင်လည်း ဈေးထဲသွားပြီး ဆိုင်ခင်းလိုက်သည်။ တပည့်အနည်းငယ်မှလွဲ၍ လူသိပ်မရှိပေ။

"ဂျူနီယာမောင်လေးကျန်း မတွေ့တာကြာပြီ" လန်ထျန်က ရောက်လာသည်။

"စီနီယာအစ်မလန် ဒီကြားထဲ အဆင်ပြေပါရဲ့လား" သူ နှုတ်ဆက်လိုက်၏။

လန်ထျန်က အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းတွင်ရှိနေကြောင်း သတိပြုမိသည်။ သူမ၏ အုတ်မြစ်က မခိုင်မာသေးသောကြောင့် မကြာသေးခင်ကမှ အဆင့်တက်ထားဟန်ရသည်။

"ကုသရေးအဆောင် ဒါတွေလည်း လုပ်ထားတာလား" လန်ထျန်က အဆောင်များကိုကြည့်သည်။" တခု ဘယ်လောက်လဲ"

"ဝိညာဥ်ကျောက်တုံး ၃၀ ပါ"

"ငါးခုယူမယ် ဒါနဲ့ မောင်လေးမှာ ဓားတစ်သိန်းအဆောင်ရှိလား"

သူမက ဝိညာဥ်ကျောက်တုံး ၁၅၀ ကိုပေးသည်။ ကုန်ကျစရိတ်က တခုကို ၁၀ သာဖြစ်၍ ကျန်းဟောင်၏ အမြတ်က ၁၀၀ ဖြစ်သည်။

"လောလောဆယ်တော့ မရှိသေးပါဘူး အစ်မ" သူ့တွင်ရှိလျှင်လည်း ရောင်းမည်မဟုတ်ပေ။ ၎င်းတို့ကို ပြိုင်ပွဲအတွက် သိမ်းထားမည်ဖြစ်သည်။

"စီနီယာအစ်မလန် ဒီနေ့ ဘာလို့ လူအရမ်းနည်းနေရတာလဲ" သူ မေးကြည့်သည်။

"မသိဘူးလား ဂိုဏ်းက ယာယီဈေးတခုဖွင့်ထားတယ် တိုက်ပွဲက ရလာတဲ့ရတနာအများစုကို ရောင်းနေတယ် သွားကြည့်ကြည့်ပါလား"

သူ ခေါင်းညိတ်ပြီး သူမကို ကျေးဇူးတင်လိုက်သည်။ တကယ်ပဲ ယာယီဈေးအား စိတ်ဝင်စားမိသည်။

လန်ထျန်က ဘေးဘီကိုကြည့်ပြီး ရှေ့တိုးလိုက်သည်။ "မောင်လေး အကျိုးဆောင်မှုလုပ်ခဲ့တယ်လို့ကြားတယ် ပြိုင်ပွဲမှာသာ ရလဒ်ကောင်းရင် ရတနာတွေထဲက ကြိုက်ရာရွေးချယ်နိုင်တယ် အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်ကနေ ရွှေအမြုတေအဆင့်ကို ချိုးဖြတ်စေနိုင်တဲ့ ကောင်းကင်ကုစားဆေးလုံးလည်းပါတယ်တဲ့"

"ကောင်းကင်ကုစားဆေးလုံး အဲဒါ ဘယ်လောက်တန်လဲ"

လန်ထျန်က စဥ်းစားပြီး" မသေချာဘူး ဒီဆေးလုံးက ရွှေအမြုတေအဆင့်အတွက်တော့ အသုံးမဝင်ပေမဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်တွေအတွက်တော့ အဖိုးထိုက်တန်တဲ့ ရတနာပဲ တခါက ဝိညာဥ်ကျောက်တုံး ၃၀၀၀ နဲ့ရောင်းတာကို မြင်ဖူးတယ် အရေးတကြီးလိုသူနဲ့တွေ့ရင် ၁၀၀၀၀ အထိတောင် ရနိုင်မယ်ထင်တယ်"

လန်ထျန်နှင့် နှုတ်ဆက်ခဲ့ပြီးနောက် ကျန်းဟောင်က လက်ဖက်ရွက်ဝယ်ရန် နှင်းကြာပန်းစံအိမ်ကို ထွက်ခဲ့သည်။

သူ ပထမဆုံးမေးသည့်အရာက ထန်ချင်ဟောက်ဖြစ်သည်။

"၅ ဂရမ်ကို ဝိညာဥ်ကျောက်တုံး ၁၀၀၀၀ ပါ"

"၁၀၀၀၀" သူ ရှော့ရသွား၏။ နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာပဲ။ လက်ဖက်ရွက်က အဲ့လောက်ဈေးကြီးရလား။

အဆုံးတွင် ၅ ဂရမ်ကို ၁၀၀ ပေးရသည့် မိုးနီလက်ဖက်ရွက်ကိုသာ ဝယ်ခဲ့သည်။ စုစုပေါင်း ၅၀၀ လောက်သုံးလိုက်ရသည်။

ထို့နောက် အဆောင်ကုန်ကြမ်းအတွက် ၂၀၀ ဖိုး ဝယ်ခဲ့သည်။

အိမ်ပြန်ရောက်သောအခါ ဓားတစ်သိန်းအဆောင်ကို စတင်ပြုလုပ်သည်။

ခြောက်ရက်က ဖျတ်ခနဲကုန်သွားသည်။ အချိန်အများစုကို ဆေးဥယျာဥ်တွင် ကုန်ဆုံးခဲ့၏။ လက်တဆုပ်စာ အပြာရောင်ပူဖောင်းများကိုသာရခဲ့ပေမဲ့လည်း သေးငယ်သည့်တိုးတက်မှုအတွက် ကျေနပ်နေလေသည်။

ခြောက်ရက်အတွင်း အဆောင် ၃၀ လုပ်ခဲ့သည်။ အခု ၂၀ က ဓားတစ်သိန်းအဆောင်ဖြစ်ပြီး ၁၀ ခုက ကုသရေးအဆောင်များဖြစ်သည်။ ငါးခုကိုရောင်းပြီး ကျန်တာကို သူ့အတွက် သိမ်းထားမည်ဖြစ်သည်။

ကျန်းဟောင်မှာ ဈေးအသစ်ကိုသွားမည်ဖြစ်၍ သူ မရှိတုန်း အိမ်ကိုကြည့်ထားရန် သားရဲအား မှာသည်။

"သခင် လည်ပတ်အသစ်ဝယ်လာပေးလို့ ရမလား နည်းနည်း ပိုအားကောင်းပြီး တင်းတဲ့ဟာလေးပေါ့"

သားရဲက အဆင့်တက်တော့မည်ဖြစ်သောကြောင့် တကယ်လည်း လည်ပတ်အသစ်လိုမည်ဖြစ်သည်။

ကျန်းဟောင်က ဈေးထဲလှည့်ပတ်ပြီး ဆိုင်အချို့၌ ကုသရေးအဆောင် ဈေးကိုမေးကြည့်သည်။ သူတို့က တခုကို ၅၀ နှင့်ရောင်းကြသည်။

All Chapters