ငါ့ဆေဘာရော
Vol. 5 Ch. 73
မမှောင်ခင် ထိုနှစ်ဦးက ကောင်းကင်ရှင်းလင်းဂိုဏ်းမှ ခွာသွားသည်။ လူအတော်များများကို ငွေလိမ်ခဲ့၏။
အခြားဂိုဏ်းများကို မကြောက်ပေမဲ့ ကောင်းကင်ရှင်းလင်းဂိုဏ်းကတော့ ကွာသည်။ သူတို့ ပစ္စည်းများကိုသိမ်းဆည်းပြီး ထွက်သွားရန်လုပ်သည်။
"အားလုံးအဆင်ပြေရဲ့လား" ဆံပင်တိုတိုနှင့် အမျိုးသမီး ဟုန်လိုင်က ပြောသည်။
"အရောင်းအဝယ်ပြီးတာကြာပြီပဲ" လီဖေးက ဆံပင်ရှည်သည့် အမျိုးသမီးဖြစ်နေသည်။ "တခုခုဖြစ်လာရင် အစောကြီးကတည်းက ဖြစ်နေလောက်ပြီပေါ့ သူ လူလွှတ်လိုက်ရင်တောင် ငါတို့ကို မှတ်မိမှာမဟုတ်ဘူး ရွှေအမြုတေအဆင့်တောင် ငါတို့ကိုရှာနိုင်မှာမဟုတ်ဘူး သူ ငြိမ်နေတယ်ဆိုတာ တို့ကို မရင်ဆိုင်နိုင်လို့ဖြစ်မှာပေါ့"
"အမှန်ပဲ သူက တည်ငြိမ်လွန်းတယ်" ဟုန်လိုင်က ရယ်သည်။ "ကြည့်ရတာ ရွေးချယ်စရာမရှိပဲ သည်းခံခဲ့ရတယ်ထင်ပါရဲ့ သူက ဒီနေ့ တို့တွေ့သမျှထဲ အချမ်းသာဆုံးပဲ "
"သူက အဆောင်လုပ်တာမှာ ထူးချွန်ပုံပဲ ဒါကြောင့် ဝိညာဥ်ကျောက်တုံး အများကြီးရှိတာပေါ့ သိပ်တော့စိုးရိမ်စရာမလိုပါဘူးလေ " လီဖေးက ဆိုသည်။" သူက အခြေခံတည်ဆောက်ခြင်းအဆင့်အလယ်အလတ်ပဲ ရှိသေးတာ သူသာ နှောင်းပိုင်းအဆင့်ကိုရောက်ရင် တို့က ရွှေအမြုတေအဆင့်ကို ရောက်နေလောက်ပြီ ခွန်အားချင်း ဒီလောက်ကွာနေတာ သူက ဘာလုပ်နိုင်..."
လီဖေးက ရပ်ပြီး လှည့်ကြည့်လိုက်ရာ ဟုန်လိုင်က သူ့ကို ထိတ်လန့်စွာ ကြည့်နေကြောင်း သတိပြုမိသည်။
ထို့နောက် လီဖေး၏ လက်က အရင်းကနေ ပြတ်ကျသွား၏။
"ဘယ်သူလဲ" ဟုန်လိုင်က ကြောက်ရွံ့စွာ အော်သည်။
ဆေဘာတစ်လက်က ဟုန်လိုင်၏ ရင်ဘတ်ကို ဖောက်ထွက်သွားခဲ့သည်။ သူ သွေးအန်ထွက်သွား၏။။
"ကျေးဇူးပြု၍ ချမ်းသာပေးပါ ဘာလိုချင်လို့လဲ အကုန်ပေးပါ့မယ် "
"ငါ့ဆေဘာ ဘယ်မှာလဲ" အသံတခုက အနောက်မှထွက်လာသည်။
ဟုန်လိုင်လည်း ကျန်းဟောင်မှန်းသိသွားတော့သည်။ သူတို့ အမြဲတမ်းလိုလို သူများကိုလှည့်စားနိုင်ခဲ့ပေမဲ့ ဒီတကြိမ်တော့...
ဓားတလက်က သူ့လည်ပင်းကို ဖြတ်သွားတော့သည်။
"ဒုက္ခရှာမနေနဲ့တော့ ငါပဲလုပ်လိုက်တော့မယ်"
ဟုန်လိုင်၏ အမြင်များဝေဝါးလာ၏။ သူက ရွှေအမြုတေအဆင့်ကိုရောက်ရန် အလွန်နီးကပ်နေသည်။
အခုတော့....
နှစ်ဦးလုံးသေကြောင်း အတည်ပြုပြီးသောအခါ ကျန်းဟောင်က တန်ဖိုးရှိသည့် အရာမှန်သမျှကို ယူသွားခဲ့သည်။
ဥပဒေခန်းမက အခြားဂိုဏ်းမှ တပည့်များ၏ သေဆုံးမှုကို စစ်ဆေးမည်မဟုတ်ပေ။ ထို့ကြောင့် သိပ်ဂရုစိုက်စရာမလိုပေ။
ညတွင် ကျန်းဟောင်က အခန်းထဲတွင်ထိုင်နေသည်။ သူလုလာသည့် ပစ္စည်းများကိုကြည့်နေသည်။
"ဝိညာဥ်ကျောက်တုံး ၃၀၀၊ ကုသရေးအဆောင် ၁၀ ခု၊ ဓားတစ်သိန်းအဆောင်အချို့... ဒီကောင်တွေက အသုံးမကျတဲ့ဆေးလုံးတွေအပေါ်မှာ သုံးလိုက်တာပဲ" သူ သက်ပြင်းချသည်။
သူလည်း ဆေးလုံးအချို့လိုပေမဲ့လည်း ဤဆေးလုံးများကိုတော့ မလိုအပ်ပါချေ။ ၎င်းတို့က အခြေခံတည်ဆောက်ခြင်းအဆင့်အတွက်ဖြစ်သည်။
တန်ဖိုးရှိသည့် တခုတည်းသောအရာက အနက်ရောင်ဆေဘာဖြစ်သည်။ ၎င်းကို လွှဲယမ်းကြည့်ပြီး လခြမ်းဆေဘာ၏ နာမည်အတိုင်း ဆက်သုံးရန် ဆုံးဖြတ်လိုက်သည်။ မည်သည့်နာမည်ပဲသုံးသုံး ကိစ္စမရှိပါချေ။
ဆေဘာကိုသိမ်းပြီးနောက် သေးငယ်သည့် သံအံစာတုံးတခုကိုတွေ့သည်။ မျက်နှာပြင်တခုစီ၌ မျက်နှာတခုစီရှိသည်။
"ဒါနဲ့ သူတို့အသွင်အပြင်ကို ပြောင်းလဲခဲ့တာလား"
၎င်းအား အကဲဖြတ်စွမ်းရည်ကို အသုံးပြုလိုက်သည်။
[မျက်နှာခြောက်ခုအံစာတုံး၊ ကံတရားရတနာ၊ သင်ပစ်လိုက်တိုင်း ရတနာက ကံတရားတစိတ်တပိုင်းကို စုပ်ယူပြီး ထောက်လှမ်းရန်ခက်သည့် မျက်နှာသစ်တခုအား ပေးလိမ့်မည် ]
သူ ရတနာကိုသိမ်းလိုက်သည်။ ၎င်းက အန္တရာယ်များသည့် အရာဖြစ်သည်။ ကံတရားကို တတိတိနှင့် စုပ်ယူပါများပါက ကြာရင် ဒုက္ခရောက်မည်ဖြစ်သည်။
နောက်တစ်ရက် ကျန်းဟောင်က ခြံထဲဆင်းလာပြီး ပူဖောင်းများအား ကောက်ယူသည်။
အသက်သွေး +၁
ကျင့်ကြံရေး +၁
စိတ်ဝိညာဥ် +၁
ကြာပြာနှင့် နှင်းကြာပန်းက ပူဖောင်းအချို့ထုတ်ပေးသည်။ ၎င်းတို့က ရနံ့သင်းသည်။ ကောင်းကင်ဘုံရနံ့တာအိုပန်းနဲ့ ပေါင်းလိုက်သောအခါ ခြံတခုလုံး သင်းကြိုင်နေတော့သည်။
သားရဲက ပန်းကို စူးစိုက်ကြည့်နေသည်။
"အမြဲတမ်း ဒီလိုပဲကြည့်နေတာလား" ကျန်းဟောင် မေး၏။
"ဒါပေါ့ သခင် တန်ဖိုးထားရတဲ့အရာပဲ ကောင်းကောင်း ဂရုစိုက်ပေးရမှာပေါ့"
ထိုသားရဲက အလိမ်အညာများပြည့်နေကြောင်း သူသိလေသည်။
ဆေးဥယျာဥ်ကို သူတို့သွားကြသည်။ "သခင် အရင် အိမ်ကိုလာတဲ့အမျိုးသမီးနဲ့အတူ လူတွေကိုစားလား"
"ဘာ ငါက လူတွေကိုမစားဘူး"
"ဒါပေမဲ့ နောက်ဆုံးတခေါက် သူမ ပြောတာ သူမက လူတွေကိုစားတယ်တဲ့" သားရဲက ပြောသည်။
ကျန်းဟောင် မျက်မှောင်ကုတ်သည်။ သားရဲပြောတာ မှန်လောက်သည်။ မင်ယီက ရန်ဟွားထက် ပိုအန္တရာယ်များသူဖြစ်နိုင်သည်။
"ဂျူနီယာမောင်လေးကျန်း မတွေ့ရတာကြာပြီနော် မိုင်းတွင်းရောက်သွားတယ်ကြားတာ တခုခုဖြစ်သလားလို့ စိုးရိမ်ရပါလေရော" ထိုအခိုက် မင်ယီက အပြုံးဖြင့် ရောက်လာလေသည်။