← Chapters

မိစ္ဆာမကို အကဲဖြတ်ခြင်း

Vol. 5 Ch. 74

မိစ္ဆာမကို အကဲဖြတ်ခြင်း

Vol. 5 Ch. 74

"စိတ်ပူစေမိလို့ တောင်းပန်ပါတယ်" ကျန်းဟောင် ပြောသည်။ "အားလုံးအဆင်ပြေသွားပါပြီ"

ကျန်းဟောင် အတော်လေးစိတ်တိုနေမိသည်။ ရန်ဟွားက သူ့ကို အတော်လေး ပြဿနာဖြစ်စေခဲ့ပြီး အခု မင်ယီက ရောက်လာပြန်သည်။ သူတို့က တဂိုဏ်းတည်းသားချင်းလည်း ဖြစ်နေသည်။

"အခုလို အဆင်ပြေတာမြင်ရလို့ ဝမ်းသာပါတယ် နောက်ပြီး အကျိုးဆောင်တာကိုလည်း ကြားတယ် ကောင်းကောင်း လုပ်ခဲ့တယ်" မင်ယီက ချိုမြစွာပြုံး၍ အိုးစိုက်အပင်တခုကို ပေးသည်။

"ဂျူနီယာမောင်လေး ဒါကို စစ်ဆေးကြည့်ပေးလို့ရမလား တခုခုမှားနေသလို ခံစားရတယ် နောက်ဆုံးတခေါက်တုန်းက မောင်လေးဆီက ဝယ်သွားတာလေ"

ကျန်းဟောင်က အပင်ကိုယူပြီး သေချာကြည့်သည်။ "တကယ်ဆို အသက်စွမ်းအားတွေ ပြည့်နေသင့်တာ တခုခုများလုပ်ထားသေးလား စီနီယာအစ်မမင်ယီ"

ကျန်းဟောင်က ဥယျာဉ်ထဲလျှောက်သွားပြီး ပူဖောင်းများက သူ့ထံ ပျံသန်းလာသည်။

ခွန်အား +၁

ခံနိုင်ရည် +၁

စိတ်ဝိညာဥ်ဓား +၁

ကျန်းဟောင်က အပင်အိုးကိုယူပြီး ဥယျာဥ်ထဲက စင်တခုပေါ် တင်လိုက်သည်။ ခရမ်းရောင်ရှိသည့် ခုနစ်လွှာပန်းက ပွင့်လာသည်။

၎င်းက ကျင့်ကြံရေးအတွက် သိပ်အထောက်အကူမပြုပေ။ ဒါပေမဲ့ အလွန်မွှေးပြီး အာရုံစိုက်ဖို့အတွက် ကူညီပေးသည်။

မင်ယီက ၎င်းကို ကျန်းဟောင်ဆီမှ တိုက်ရိုက်ဝယ်လာသည် မဟုတ်ပေ။ သူမ အော်ဒါမှာသည်ကို ဆေးဥယျာဥ်က ထောက်ပံ့ပေးခြင်းပင်။

"ဘာမှမလုပ်ထားဘူး သူ့ဘာသာသူဖြစ်သွားတာ "

"အဆင်ပြေပါတယ် ကျနော်ကြည့်လိုက်မယ်" ဝိညာဥ်စွမ်းအားဖြင့် ဘာမှားနေလဲဆိုတာကို စစ်ဆေးကြည့်သည်။ မကြာခင် အပင်၏ အမြစ်က ထိခိုက်နေကြောင်း သတိထားမိသည်။ များပြားသည့် စိတ်ဝိညာဥ်စွမ်းအားများကြောင့် ဖြစ်သွားပုံရသည်။

"စီနီယာအစ်မမင်ရဲ့ ခြံထဲမှာ ကြာပြာရှိလား"

"အင်း အဲဒါနဲ့ ပတ်သတ်လို့လား"

"ဟုတ်တယ် သူတို့ကို ခပ်ဝေးဝေးထားပါ နှစ်ခုလုံးက စွမ်းအင်တွေထုတ်တော့ ထိတိုက်ပြီး တခုက ထိခိုက်ရတာပဲ" ကျန်းဟောင်က အဖြေရှာပေးလိုက်သည်။

"ဂျူနီယာမောင်လေးကျန်း အခုတလော လူအတော်များများကို ဆန့်ကျင်မိထားတယ်မလား" မင်ယီက ရုတ်တရက် ပြောသည်။

ကျန်းဟောင်က မော့ကြည့်ပြီး အပင်ဆီ အကြည့်ရွှေ့လိုက်သည်။ "ဘာလို့ အဲ့လိုပြောတာလဲ စီနီယာအစ်မ"

"ငါ တံခါးပိတ်ကျင့်ကြံရာက ထွက်လာတော့ သစ္စာဖောက်ကြောင့် ကောင်းကင်ရွှင်ပျော်စံအိမ်ကို ဆန့်ကျင်မိခဲ့တယ်လို့ကြားတယ် ဒါက ကိစ္စသေးမဟုတ်ဘူး မင်ယီပြောသည်။ နောက်ပြီး ကောင်းကင်သူတော်စင်ဂိုဏ်းနဲ့ပတ်သတ်ပြီးတော့လည်း ကိစ္စလေးတွေရှိထားတယ်ဆို"

ကျန်းဟောင်က သူမကိုကြည့်သည်။

"အာ မသိသေးဘူးလား ရန်ဟွားပျောက်သွားတော့ သူမရဲ့ ရုပ်သေးတွေက မူမမှန်ဖြစ်လာခဲ့တယ် ဥပဒေခန်းမရဲ့ စုံစမ်းမှုအရ သူမက ကောင်းကင်သူတော်စင်ဂိုဏ်းကတဲ့ ကောင်းကင်သူတော်စင်ဂိုဏ်းက လူတွေက မောင်လေးကို ပစ်မှတ်ထားနေတယ်ဆိုတဲ့ သတင်းလည်းရှိတယ် သူမ ပျောက်မသွားခင် နောက်ဆုံးတွေ့ခဲ့တာက မောင်လေးဖြစ်နေတာကိုး တချို့ကလည်း ရန်ဟွားက ဂိုဏ်းကို သစ္စာဖောက်ပြီး အရေးကြီးတဲ့အရာတခုကို မောင်လေးဆီ ပေးခဲ့တယ်တဲ့ ဘယ်ဟာက အမှန်လဲမသိပေမဲ့ သတိထားတာ အကောင်းဆုံးပဲ"

ကျန်းဟောင် အံ့အားသင့်သွား၏။ ဒီတကြိမ်တော့ သူ ဟန်ဆောင်နေခြင်းမဟုတ်ပါချေ။ ရန်ဟွားက သစ္စာဖောက်ပြီး သူ့ဖက်ရောက်သွားတယ်လို့ ကောင်းကင်သူတော်စင်ဂိုဏ်းက တွေးနေတာလား။

"မင်ယီက ငါ့ကို စမ်းသပ်နေတာလား"

"ရွှမ်ယွမ်ထိုက်ကို ဖမ်းပေးပြီး အကျိုးဆောင်ခဲ့တာကိုသိပါတယ် ဒါပေမဲ့ မန်လုံက ဘာကြောင့် ဒီလောက်ထိ အမွှမ်းတင်နေရတာလဲ ကောင်းကင်နက်ဂိုဏ်းက သူတို့လူအဖမ်းခံရတဲ့ကိစ္စမှာ ပါသမျှလူတိုင်းကို လွှတ်ပေးမှာမဟုတ်ဘူး "

ကျန်းဟောင် ခေါင်းခြောက်သွား၏။ ဒါက အဓိပ္ပာယ်ရှိသည်။ ယခု ပျံ့နေသည့် သတင်းများတွင် မန်လုံ၏ အခန်းကဏ္ဍက မှေးမှိန်နေပြီး သူ့သတင်းက မွှေးနေသည်။

မန်လုံက သူ့ကို ဒိုင်းအဖြစ် အသုံးပြုချင်တာလား။ ကြည့်ရတာ တခြားဂိုဏ်းတွေရဲ့ ပစ်မှတ်ထားခံရတာ ထိပ်ဆုံးဆယ်ယောက်ဝင် တပည့်တွေအတွက်တောင် မလွယ်တဲ့ပုံပဲ။

ထို့နောက် မင်ယီက ထွက်သွားတော့သည်။

သူမက သူ့ကို စမ်းသပ်သည်ဆိုလျှင်တောင် သူမ၏ ပြောစကားများအား လုံးဝ လျစ်လျူမရှုနိုင်ပါချေ။

"မနက်ဖြန်ကျရင် အပင်လာယူမှာပဲ အဲဒီအခါကျမှ အကဲဖြတ်ကြည့်ရမယ်"

သူ့တွင် ရန်သူများနေ၏။ ကောင်းကင်ရွှင်ပျော်စံအိမ်၊ နေဝင်ဆည်းဆာဂိုဏ်းနှင့် ကောင်းကင်နက်ဂိုဏ်းတို့ ရှိနေပြီဖြစ်၍ ကျန်ဂိုဏ်းတခုနှင့် ရန်သူဖြစ်မည်အား မဖြစ်မနေ ရှောင်ရပေမည်။

ကျန်းဟောင် သက်ပြင်းချသည်။ သူ့အနေနဲ့ ပြိုင်ပွဲတွင် အရမ်းမထင်ပေါ်ရန် နည်းလမ်းရှာရပေဦးမည်။ သူသာ အနိုင်ရပါက ကြိုက်ရာဆုကို ရွေးချယ်နိုင်မည့် အခွင့်အရေးပေးမည်ဟု ကမ်းပါးသခင်က ပြောသည်။

ကျန်းဟောင်က ထူးဆန်းသည့် အစေ့ကို စိတ်ဝင်စားနေခြင်းဖြစ်သည်။ အခြားအသုံးများရှိမလားဟု အကဲဖြတ်ချင်နေသည်။

ညနေတွင် အိမ်ပြန်လာပြီး ခြံထဲ ထိုင်နေသည်။ ဤကမ္ဘာကြီးတွင် လုံခြုံနိုင်မည့် နည်းလမ်းက ပိုပြီး သန်မာလာစေရန်ဖြစ်သည်။

ကျန်းဟောင်က တူရွင်းကိုကောက်ကိုင်၍ သက်ပြင်းချသည်။ "မိုင်းတူးချင်လိုက်တာ"

ဘန်း

အဖြူရောင်အရာတခုက နံရံနဲ့ ဝင်တိုက်သွားသည်။ သူ ကြည့်လိုက်ရာ သားရဲဖြစ်နေလေသည်။ ၎င်းက သတိလစ်ပြီး မျက်နှာယောင်ကိုင်းနေ၏။

ကောင်းကင်ဘုံရနံ့တာအိုပန်းနားတွင် အနီရောင်ပုံရိပ်တခု ပေါ်လာသည်။

"မိုင်းတူးရတာကို အတော်လေးလွမ်းနေသလား" ဟုန်ယွီယဲ့က သူ့ကိုကြည့်သည်။

"တောင်းပန်ပါတယ်" ကျန်းဟောင် ဦးညွတ်ပြီး တူရွင်းကို ဘေးပစ်လိုက်သည်။ "မိုင်းတွင်းထဲက ခါးသီးတဲ့အခိုက်တန့်တွေကို အမှတ်ရသွားလို့ပါ"

"လိမ်တတ်တဲ့အကျင့်က မပျောက်သေးဘူးပဲ" ဟုန်ယွီယဲ့က သစ်ရွက်များကို ပွတ်သပ်လိုက်သည်။ "အရွယ်ရောက်လာတာ မြန်သားပဲ"

ကျန်းဟောင်လည်း တခဏမျှတုံ့ဆိုင်းနေပြီးမှ အကဲဖြတ်လိုက်သည်။

All Chapters