← Chapters

နတ်စွမ်းရည်သုံးတာပေါ်သွားခြင်း

Vol. 5 Ch. 75

နတ်စွမ်းရည်သုံးတာပေါ်သွားခြင်း

Vol. 5 Ch. 75

ပထမဆုံးအကြိမ်တုန်းက သူ၏ အကဲဖြတ်စွမ်းရည်က ကျရှုံးခဲ့သည်။ ယင်းကလွဲပြီး အခြားဘယ်သူ့ကိုမှ ရှုံးနိမ့်ခဲ့ဖူးခြင်းမရှိပေ။

ယခုတခါ စွန့်စား၍ ထပ်မံအသုံးပြုလိုက်ခြင်းဖြစ်သည်။

[ဟုန်ယွီယဲ့ ???]

အနည်းဆုံးတော့ သူမနာမည်ကိုသိလိုက်ရသည်။ သူ့အနေနဲ့ ပိုမိုမြင့်မားသည့် အဆင့်များသို့ရောက်သွားပါက အချက်အလက်များ ပိုသိလာနိုင်သည်။ ဒါက ဘယ်လောက်ကြာမည်လဲတော့ မသိပါချေ။

သူ့အနေနဲ့ အဆင့်ဆက်တက်နေရန်သာရှိသည်။

"ငါ့အပေါ် နတ်စွမ်းရည်သုံးလိုက်တာလား" ဟုန်ယွီယဲ့၏ အသံက သူ့ကို ခုန်ထမိစေသည်။

"မင်းကြည့်ရတာ လန့်သွားသလိုပဲ" သူမက ထလာပြီး ပြုံးစစဖြင့် လှည့်လာသည်။

"ကျနော် မဟုတ်..."

သူမ ဘယ်လိုသိသွားလဲ သူ နားမလည်နိုင်ချေ။ အရင်က ဒါမျိုးမဖြစ်ဖူးပေ။

"လိမ်တာက မင်းအတွက် သာမန်ဖြစ်နေပုံပဲ ငါ့ကို နတ်စွမ်းရည်သုံးတာ နှစ်ခါရှိပြီ ငါ မသိဘူးထင်နေလား"

ကျန်းဟောင်က ခေါင်းငုံ့ပြီး တိတ်နေသည်။

"ငါပေးတဲ့စာအုပ်ကို ဖတ်ပြီးပြီလား "

"ပထမပိုင်းပဲပြီးပါသေးတယ် ကျန်တာကို ဖြည်းဖြည်းချင်း ဖတ်ရပါဦးမယ်" သူ အမှန်တိုင်းဖြေသည်။

"ဒီလောက်ထိ ဖုံးကွယ်နေလို့ အကုန်ဖတ်ပြီးသွားပြီလို့ ထင်နေတာ" ဟုန်ယွီယဲ့က ခေါင်းယမ်းသည်။ "နင့်ရဲ့စွမ်းရည်ကို အကြမ်းပတမ်းနည်းနဲ့သုံးနေတာ မဆန်းတော့ဘူးပဲ ဦးနှောက်တစ်ဝက်လောက်ပဲရှိတဲ့ ဘယ်သူမဆို ဒါကို သိနိုင်လိမ့်မယ်"

ကျန်းဟောင် ပဟေဠိဖြစ်သွား၏။ ငါက အရမ်းသိသာလွန်းတယ်လို့ပြောနေတာလား။

"မိုင်းတူးချင်သေးလား" သူမက မေးသည်။

ကျန်းဟောင် ခေါင်းယမ်း၍ "ဟင့်အင်း ဒီမှာပဲ စီနီယာရဲ့ပန်းကို စောင့်ရှောက်ပေးပါမယ်"

ဟုန်ယွီယဲ့က ခြံထောင့်ကိုလျှောက်သွားပြီး လခြမ်းဆေဘာကို ဆွဲနုတ်လိုက်သည်။ "အမြဲတမ်း အလိမ်တွေချည်းပဲ"

သူမက ဆေဘာကို ခဏမျှကြည့်ပြီးမှ အိမ်ထဲလျှောက်သွားသည်။ "ဒီတခါတော့ လက်ဖက်ရည်ပြင်ထားတယ်မလား"

ကျန်းဟောင်လည်း မိုးနီလက်ဖက်ရည်ကို ထုတ်ကျိုပြီး သူမခွက်ထဲ လောင်းထည့်ပေးလိုက်သည်။

ဟုန်ယွီယဲ့က ခွက်ကိုမပြီး တစ်ငုံသောက်သည်။ ဒါပေမဲ့ ဘာမှမပြောပေ။

ကျန်းဟောင် သက်ပြင်းချ၏။

"သားရဲကို ဘယ်လိုပျိုးထောင်လဲ "

"ဝိညာဥ်ကျောက်တုံး ကျွေးပါတယ် "

"ဒီတိုင်းပဲလား" သူမက လက်ဖက်ရည်ထပ်သောက်သည်။

ကျန်းဟောင်လည်း တုံ့ဆိုင်းသွားပြီးမှ "ကြိုးတုပ််ပြီးမှ ကျွေးတာပါ"

သူ အမြန်ကိုပြောနေခြင်းဖြစ်သည်။ အပင်ဖြစ်စေ သတ္တဝါဖြစ်စေ အကဲဖြတ်လိုက်ပါက ပျိုးထောင်ရမည့် နည်းလမ်းကိုသိသွားသည်။ သူက ကျွမ်းကျင်နေသောကြောင့် မဟုတ်ပါချေ။

"ခြံထဲမှာစိုက်ဖို့ စိတ်ဝင်စားဖို့ကောင်းတဲ့ဟာ တခုခုရှာချေ"

"ငါ ဘယ်မှာသွားရှာရမှာလဲ" သူ သက်ပြင်းချသည်။

သူ့ခြံထဲတွင် စိတ်ဝင်စားဖို့အကောင်းဆုံးက ကောင်းကင်ဘုံရနံ့တာအိုပန်းသာဖြစ်သည်။

"ကြိုက်ရင် ငါယူသွားမယ် ကန့်ကွက်စရာရှိလား" ဟုန်ယွီယဲ့က ကြည့်သည်။

ကျန်းဟောင် ဆွံ့အသွား၏။

သူမ လက်ဖက်ရည်ခွက်ကိုချလိုက်သောအခါ အော်ရာက ကျယ်ပြန့်စွာ ထွက်ပေါ်လာသည်။

"ကန့်ကွက်စရာမရှိပါဘူး" သူ ပျာပျာသလဲပြောလိုက်ရသည်။

ဟုန်ယွီယဲ့က ထထွက်သွားသည်။ "အလကားမခိုင်းပါဘူး အချိန်ကျလို့ သင်ယူချင်တာရှိရင် ကူညီပေးမယ်"

ဒါကိုတော့ ကျန်းဟောင်ယုံသည်။ အမည်မဲ့ကျင့်စဥ်နှင့် ကောင်းကင်ဆေဘာခုနစ်ကွက်ကို ပေးထားသည်မဟုတ်ပါလား။

"ဟုတ်သားပဲ" သူမက လှည့်ကြည့်ပြီး "နောက်တခါ ပိုကောင်းတဲ့ လက်ဖက်ရည်ကိုပြင်ထားချေ ငါက မကြာခဏလာမှာ ငါ မကျေနပ်ရင် ဘာဖြစ်မလဲသိတယ်နော်"

"နားလည်ပါပြီ"

နောက်ဆုံးတော့ ဟုန်ယွီယဲ့ ထွက်ခွာသွားခဲ့သည်။

"အား နာလိုက်တာ" သားရဲက အော်လိုက်သည်။ "ငါ့မျက်နှာ ဘာဖြစ်သွားတာလဲ"

ကျန်းဟောင် စစ်ဆေးကြည့်ရာ ဒဏ်ရာများက အပေါ်ယံသာဖြစ်ကြောင်း သိရ၍ လွှတ်ထားပေးလိုက်သည်။ ဟုန်ယွီယဲ့က သားရဲကို သတိလစ်အောင်သာ လုပ်ဆောင်ခဲ့ခြင်းပင်။

"ရှားပါးတဲ့အပင်ကို ဘယ်မှာသွားရှာရမှာလဲ"

ပြိုင်ပွဲတွင် ဆုအဖြစ်ပေးမည့် မျိုးစေ့အား တကယ်ပဲ ထိုက်တန်သလား ကြည့်ရန်လိုသည်။

ခရမ်းရောင်ပူဖောင်းက သူ့ဘဝကိုပြောင်းလဲစေနိုင်ကြောင်း ခံစားရသည်။ နောက်ထပ် နတ်စွမ်းရည်တခုရှိခြင်းက သူ့ကို များစွာ ကူညီပေးနိုင်သည်။

သူ အခန်းကိုပြန်ရောက်လာသောအခါ လခြမ်းဆေဘာမရှိတော့ကြောင်း သတိထားမိသည်။

"ဘာလို့ ငါ့ဆေဘာတွေကိုပဲ ယူနေရတာလဲ ဟုန်ယွီယဲ့ရယ်"

မိစ္ဆာမ ပြန်သွားပြီးနောက် ကျန်းဟောင်က အမည်မဲ့ကျင့်စဥ်အား စတင်ဖတ်ရှုသည်။ ဒီတခါ တစ်အုပ်လုံးဖတ်ရှုရန် ဆုံးဖြတ်လိုက်၏။ တစ်ညလုံးဖတ်ရှုခဲ့ပြီး မနက်မှ အဆုံးသတ်သွားသည်။

ကျန်းဟောင်လည်း အတွေးနက်လျက် စာအုပ်ကို ညင်သာစွာပိတ်လိုက်သည်။

"နတ်စွမ်းရည်အကြောင်းမပါဘူး စွမ်းအင်သုံးစွဲမှုနဲ့ မန္တန်တွေအကြောင်းပဲ "

ထူးခြားသည့် စွမ်းရည်များသာပါပါက သူ သတိထားမိပေမည်။

ဟုန်ယွီယဲ့သာ သူ့ကို သတိမပေးခဲ့လျှင် စွမ်းအင်သုံးစွဲမှုအကြောင်း သတိထားမိမည်မဟုတ်ပေ။ နတ်စွမ်းရည်များသည်လည်း စွမ်းအင်သုံးရသည်။ သို့သော် နည်းလမ်းအမျိုးမျိုးရှိသည်။

စိတ်ဝိညာဥ်၊ သက်လုံ၊ ကျင့်ကြံရေးနဲ့ အသက်သွေး

ထိုလေးမျိုးအပေါ် အသုံးချပြီး အမျိုးမျိုးသုံးရသည်။

"ဒီစာအုပ်ကိုရေးခဲ့သူက တကယ့် ပါရမီရှင်ပဲ"

စာအုပ်ထဲတွင် သူ နားမလည်နိုင်သည့် အရာများစွာရှိနေသေးသည်။ သူ့တွင် ဗဟုသုတများလစ်လပ်နေသေး၏။

သူသာ မင်ယီကို အကဲဖြတ်ရန်မရှိပါက ယခုစာအုပ်ကို အကဲဖြတ်ပေမည်။ ဤစာအုပ်ကို ဟုန်ယွီယဲ့ကိုယ်တိုင် ရေးခဲ့သလား သိချင်နေမိသည်။

ထိုသို့ဖြစ်ပါက သူ ပိုပြီးဂရုစိုက်ရပေမည်။

အတန်ကြာသော် ကျန်းဟောင်က သားရဲနဲ့အတူ ဆေးဥယျာဥ်အား သွားသည်။

မင်ယီကို အချိန်ကိုက်တွေ့သောအခါ အကဲဖြတ်စွမ်းရည်ကို အသုံးပြုလိုက်သည်။

All Chapters