သီးနှံ ဝယ်ယူစုဆောင်းခြင်း
Vol. 101 Ch. 1504
ချက်ချင်းဆိုသလို လီကျန်းဖသည် လူတိုင်း၏ ပစ်မှတ်ဖြစ်လာခဲ့တော့၏။ လှံခေါင်းများ အားလုံးက သူ့ထံ ချိန်ရွယ်လာခဲ့ကြသည်။
“ လီကျန်းဖ… ဒါတွေ အားလုံး မင်းကြောင့်ပဲ … မင်း အရင်လို ဖြစ်အောင် ပြန်လုပ်ပေးစမ်း …”
“ မင်းတို့ ဒါတော့ သိပ်များသွားပြီ…” လီကျန်းဖ ပြောလိုက်ပြီး “ ငါမင်းတို့ကို မရောင်းနဲ့လို့ တားမြစ်ခဲ့တာလည်း မရှိဘူး … ငါက ဒီတိုင်း ကိုယ့်အချင်းချင်းမို့ ဈေးကောင်းရအောင် အကြံပြုပေးခဲ့တာပဲ ရှိတာ … ဘာလို့ ငါ့အပြစ်လာတင်နေကြတာလဲ…”
“ မင်းသာ ငါတို့ကို အကြံမပေးခဲ့ဘူးဆို ငါတို့လည်း ဟိုးအစကတည်းကရင် ပစ္စည်းတွေ ရောင်းပြီးရောပေါ့ကွ… ခုလို ဈေးနှိမ်ခံရမှာတောင် မဟုတ်ဘူး …”
လူတိုင်း လီကျန်းဖထံ လက်ညိုးထိုးလာကြပြီး အလျော်ပေးရန် ဖိအားပေးလာကြတော့သည်။
“ မင်းတို့နဲ့ကွာ… ကိုယ့်အချင်းချင်းတွေကို ဒီလို လုပ်စရာလိုလို့လားကွ… မျက်နှာနာစရာကြီးတွေကို…”
“ မျက်ကန်းဝမ်… မင်း တိတ်စမ်း … မင်းအိမ်က ဈေးကောင်းကောင်းရထားတော့ ပြောအား ရှိတာပေါ့ … ငါတို့ကတော့ အဲ့တာတွေ နားမလည်နိုင်ဘူး ဟေ့ကောင်…”
အကြိမ်းမောင်း ခံလိုက်ရသူမှာ ဒေါသ ထွက်သွားခြင်း မရှိဘဲ သီးနှံ မရောင်းချရသေး၍ ဒေါပွနေသူများကို ပြုံးတုံ့တုံ့ ကြည့်နေလိုက်ကြသည်။
မည်သို့ပင်ဆိုစေ သူတို့၏ ဝေစုကို ရောင်းချထားပြီး ဖြစ်သဖြင့် စိတ်အေးလက်အေး ဖြစ်နေကြလေသည်။ ပြပွဲကို ကွာစေ့ကိုက်၍ ခံစားကြည့်ရုံသာ ရှိတော့သည်။
ခရိတ်ခ်….
လီကျန်းဖရှေ့တွင် လင်းရီ ကားထိုးရပ်လိုက်သဖြင့် ဘရိတ်သံသည် ထွက်ပေါ်လာလို့သည်။
“ အဖေ.. ဘာတွေ ဖြစ်နေတာလဲ…”
လင်းရီနှင့် လီစီကျင်းတို့ ကားထဲက ထွက်လာသည်ကို မြင်လိုက်ရ၍ ကျိုးဖုန်း အနည်းငယ် အံ့အားသင့်မိသွားခဲ့သည်။
သူတို့နှစ်ယောက်ကို ဤနေရာတွင် တွေ့ရလိမ့်မည်လို့ မျှော်လင့်မထားမိခဲ့ချေ။
သို့သော် ကျိုးဖုန်း၏ အာရုံကို အဆွဲဆောင်နိုင်ဆုံကတော့ ဒေါင်ကောင်းကောင်းနှင့် ကွဲထွက်နေသည့် မိန်းမလှလေးတစ်ဦးပင်။
သူမ ဘေးနားတွင် အားကောင်းသည့် အရှိန်အဝါတစ်ချို့ ရစ်သီနေသကဲ့သို့ သူမ ကားအပြင်ဘက်သို့ ထွက်သည်နှင့် ပတ်ဝန်းကျင်ရှိ အရာအားလုံးကပင် ဆိတ်သုန်းသွားလို့သယောင်ပင်။
လူတိုင်း သူမကို ငေးမောကြည့်နေကြသည်။
လီစီကျင်း တိတ်တခိုး ကြိတ်ရယ်လိုက်၏။ အစ်ကိုရီရဲ့ ချစ်သူက လုံးဝ အမေးဇင်း။ ဘာမှတောင် မလုပ်ရသေးဘူး။ ကြည့်စမ်း ။ ဒီလူကြီးတွေများ မီဒူဆာ အညို့ခံထားရသလိုပဲ။
“ အဖေ… ဘာတွေဖြစ်နေတာလဲ…”
လီကျန်းဖ သက်ပြင်း အသာချလျက် လင်းရီနှင့် သူ့သမီးကို စောနက ဖြစ်ပျက်ခဲ့သည်များအား ပြန်ပြောင်း ပြောပြလိုက်သည်။
ထိုအချိန်တွင် လူတိုင်းက သီးနှံများကို ဈေးမြင့်မြင့်ပေး၍ ဝယ်လိုနေသူသည် လင်းရီဖြစ်ကြောင်းကို နားလည်သဘောပေါက်ကုန်ကြတော့သည်။
လူအုပ်ကြီးထဲတွင် တစ်ချို့က လင်းရီကို မှတ်မိသွားကြပြီး သူက တုံးစန်းကောင်တီ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဒါရိုက်တာ တစ်ယောက် ဖြစ်ကြောင်းကို သိရှိကြလေသည်။
လင်းရီ မျက်ခုံးပင့်၍ လီကျန်းဖနှင့် အချင်းများချင်နေသူတို့အား ကြည့်လိုက်သည်။
“ သူက ခင်များတို့ကို မရောင်းနဲ့ မရောင်းနဲ့ ဆိုပြီး လည်ပင်း ဓားထောက် ပြောနေလို့လား…”
လင်းရီ၏ ခက်ထန်လှသည့် အကြည့်တို့ကြောင့် လူတိုင်းမှာ စကားမဆိုဝံ့ကြတော့ချေ။ သူတို့အားလုံး မျက်လုံးထောင့်ကပ်၍သာ ကြည့်ဝံ့ကြ၏။
“ မင်းက လေရှိတိုင်း လျှောက်ပြောနေတာ… ငါတို့ အားလုံ အရူးလာလုပ်မနေနဲ့…”
“ ကျုပ် ခင်များတို့ကို ဘာများ လိမ်ပြောခဲ့လို့…”
“ ဟွာရှ သီးနှံသိုလှောင်သိမ်းဆည်းရေး ဌာနက ဘာကိစ္စ ငါတို့ တုံးစန်းကောင်တီလာပြီး သီနှံ လာစုဆောင်းရမှာလဲ… အဲ့တာ မဖြစ်နိုင်တာကြီးပဲလေ…”
“ မဖြစ်နိုင်ဘူးလို့ ဘယ်သူကပြောလဲ…” လင်းရီ ပြောလိုက်၏။
“ အဲ့ကောင်…”
လူတိုင်း ကျိုးဖုန်းအား ဝိုင်းကြည့်လိုက်ကြ၏။
“ လင်းရီ … ငါ ပြောတာမှားလို့လား… မင်း တကယ်ကြီး ကြွားပြောနေတာပဲ…”
ယခင် တစ်ခေါက် အဖြစ်အပျက်ကြောင့် သင်ခန်းစာ အကြီးကြီးရထားကာ ကျိုးဖုန်းသည် လင်းရီအပေါ် မောက်မာရိုင်းပြဝံ့ခြင်း မရှိတော့ချေ။
“ ဘာကိစ္စ အဲ့လူတွေက တုံးစန်းကောင်တီကို လာကြမှာလဲ… “
“ လင်းယွင်အုပ်စုက လူတွေတောင် ဒီလာပြီး စက်ရုံဆောက်သေးတာ အဲ့ဒီ လူတွေကကော ဒီလာပြီး သီးနှံ မစုဆောင်းနိုင်စရာ ဘာအကြောင်းပြချက် ရှိလို့…”
“ ကြည့်ရတာ ခင်များတို့တွေ ကျုပ်ကို မယုံသင်္ကာ ဖြစ်နေကြတဲ့ပုံပဲ…”
“ ငါတို့ ယုံကို မယုံတာ…” ပိန်ပါးပါးနှင့် လူက “ ဒါရိုက်တာကျိုး ပြောသွားတာ မြို့ပေါ်က ဈေးတောင် ၂,၀၁၀ နဲ့ ၅,၀၉၀ ပဲ ရှိတယ်ဆိုနေ မင်းပေးတဲ့ ဈေးက အဲ့လောက်ထိ များနေတာ ယုတ္တိ တန်သလား…”
လင်းရီ သူ့နာရီကို တစ်ချက် ငုံ့ကြည့်လိုက်ပြီး တခြား ဘာမျှ မပြောတော့ချေ။ သီးနှံစုဆောင်းမည့် ကုန်ကားတို့က ရောက်ချိန်တန်တော့မည်။
“ အမှန်ဆို ကျုပ်က ဒီလိုမျိုးတွေတောင် မလုပ်နေသင့်ဘူး … ကျုပ်က ခင်များတို့ကို ဒီတိုင်း ဈေးကောင်းလေး ရပါစေဆိုပြီး ကူညီပေးချင်တာ … မယုံသင်္ကာဖြစ်နေတာတော့ ကျုပ်လည်း မတတ်နိုင်တော့ဘူး ..” လင်းရီ ပြောလိုက်ပြီး “ အခု ခင်များတို့ထဲက သီးနှံ ရောင်းဖို့ ဆန္ဒရှိတဲ့လူတွေ ဒီကိုလာခဲ့ပေးကြပါ… မရောင်းချင်ဘူးဆိုရင် ထွက်သွားလို့ရတယ်… ကျုပ် အတင်းမရောင်းခိုင်းဘူး…”
မကြာမီ ဧရာမ အုပ်စုကြီးက နှစ်အုပ်စု ပြန်ကွဲသွားခဲ့၏။
လင်းရီဘက်ခြမ်းတွင် လူငါးဆယ်ခန့် မတ်တပ်ရပ်နေကြသည်။
တချို့က လီစီကျင်း၏ ဆွေမျိုးမိဘများ ဖြစ်ကြပြီး ကျန်တချို့ကတော့ လင်းရီနှင့်အတူ မြောက်ပိုင်းသို့ ခရီးအတူ ထွက်ခဲ့ကြသူများပင်။
သူတို့အားလုံးက လင်းရီကို နှလုံးသည်းခြေထဲက လေးစား အားကိုးကြပြီး သူတို့အား လိမ်ညာလိမ့်မည် မဟုတ်ကြောင်းလည်း ယုံကြည်သည်။
ကျိုးဖုန်းနှင့် ကောင်းတဲ့ရှီတို့ ရယ်မောလိုက်ကြ၏။ ကျိုးဖုန်းကနေ၍ “ ဒီ အခြေအနေထိတောင် ဒီကောင်က ပြဿနာ ရှာနေတုန်းပဲ … ဒီကောင် ဘာတွေ စဉ်းစားနေလဲ ကျုပ် သိချင်လိုက်တာ…”
“ ကြည့်ရတာ အဲ့လူတွေရဲ့ ဘရိန်းကလည်း တစ်ခုခု မှားနေကြတဲ့ပုံပဲ… ငါတို့ ဒီလောက်ထိ ရှင်းလင်းနေအောင် ပြောထားတာတောင်မှ သူ့ကို ယုံကြည်နေကြတုန်းပဲ … သူတို့ အလိမ်ခံလိုက်ရပြီးလို့ကတော့ ငိုမယ့်နေရာ ရှာကြရတော့မယ်…”
ထေ့ငေါ့နေသည့် အသံများကို ကြားသော်လည်း လင်းရီသည် မသိကျေးကျွန် ပြုထားလိုက်ကာ လီစီကျင်းထံ ကြည့်လိုက်သည်။
“ စီကျင်း … သွားပြီး အိမ်တစ်ခုချင်းစီက သီးနှံပမာဏကို ရေးလာခဲ့… ငါတို့ ခဏကျ ပိုက်ဆံရှင်းတဲ့ချိန် လွယ်သွားတာပေါ့…”
“ ဟုတ် အစ်ကိုရီ…”
လူကလည်း သိပ်မများသည့်အပြင် လူတိုင်းကလည်း ပူးပေါင်းဆောင်ရွက်မှု ရှိကြသဖြင့် ပမာဏ အတိအကျကို ရေတွက်ရန်အလို့ငှာ လီစီကျင်း အချိန် သိပ်မယူလိုက်ရချေ။
“ သူတို့အများစုက သူတို့ မိသားစုဝင်တွေကိုယ်စား ရောက်လာကြတာဆိုတော့ ကျွန်မတို့မှာ ပြောင်းဖူးတန်ချိန် ၂၄,၉၀၀ နဲ့ ပဲပုပ်တန်ချိန် ၇,၈၀၀ ရှိတယ်…”
“ မှတ်ထားလိုက်… ပြီးရင် သူတို့ကို ပိုက်ဆံခွဲပေးလိုက်မယ်…”
ကောင်းတဲ့ရှီနှင့် ယွီ့မင်မင်တို့သည် လင်းရီနှင့် လီစီကျင်းတို့ကို မျောက်ပွဲကြည့်နေသကဲ့သို့ ကြည့်ရှုနေကြသည်။
“ ဒီ လူလိမ်တွေကတော့ တကယ့် ယုံချင်စရာကြီး ဖြစ်အောင်ကို ဇာတ်လမ်းရိုက်နေကြတာပါလား…”
“ အမှန်ပဲ… ငါတောင် နည်းနည်းလေး အထင်ကြီးမိသွားသေးတယ်…” ကောင်းတဲ့ရှီ ပြောလိုက်ပြီး “ တကယ်လို့ ငါသာ ဒီနယ်ပယ်ထဲ ကျင်လည်နေတာ မလည်ဝဲသေးဘူးဆိုလို့ကတော့ ဒီကောင် ငါ့ကိုပါ ဂျင်းထည့်သွားနိုင်လောက်တယ်…”
“ ငါတို့လည်း အလျင်လိုနေတာမှ မဟုတ်တာ… နည်းနည်း စောင့်ကြည့်ပြီး ဒီကောင် အရှုပ်တော်တွေ ဘယ်လိုရှင်းမလဲ ကြည့်ကြတာပေါ့…”
“ ငါလည်း အဲ့လို စဉ်းစားနေတာပဲ… တကယ်လို့ သူလိမ်နေတာ လူတွေသိသွားလို့ကတော့ ငါတို့ သူ့ကို ပိတ်ရပ်ထားကြမယ်… သူ့ဘက်ခြမ်းမှာ လူငါးဆယ်ပဲ ရှိတယ်ဆိုပေမယ့် ဒီကောင့်ကို ကောင်းကောင်းကြီး သမဖို့တော့ ပိုတောင် ပိုနေသေး…”
“ ကျွတ် ကျွတ် ကျွတ် … ခုချက်ချင်းတောင် မြင်ချင်လာပြီ..”
ခရိတ်ခ် ….
ခရိတ်ခ်….
ခရိတ်ခ်….
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပဲ ကြီးမားသည့် ကုန်ကားကြီး တစ်စင်းက ကျီဝင်ပေါက်၌ ထိုးရပ်လာသည်။
ရှေ့တွင် ဦးဆောင်လာသည့်ကားက အော်ဒီ A 6 ဖြစ်ပြီး ယာဉ်တန်းကြီး၏ တာဝန်ရှိသူ ဖြစ်ပုံရ၏။
ထိုမြင်ကွင်းက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ကြည့်ရသည်မှာတော့ ထိုလူတို့က တကယ်ကြီး သီးနှံစုဆောင်းရန် ရောက်လာကြပုံပင်။
ကားရပ်တန့်သွားခဲ့သည်ကို မြင်သော် လင်းရီသည် လီစီကျင်းကို လှမ်းခေါ်၍ သူတို့နှစ်ယောက် အတူ လျှောက်လာခဲ့ကြ၏။
သက်လတ်ပိုင်းအမျိုးသား တစ်ဦးနှင့် အမျိုးသမီးတို့ ကားပေါ်မှ ဆင်းလာခဲ့ကြသည်။ လင်းရီကို မြင်သည်တွင် သက်လတ်ပိုင်း အမျိုးသားက လက်ကို ဦးဆုံး ဆန့်ထုတ်လာခဲ့၏။
“ ဟယ်လို ဒါရိုက်တာလင်း … ကျုပ်က ရန်ချိန်၊ ဗဟို သီးနှံသိုလှောင်ရေး ဌာနက တာဝန်ရှိသူပါ … ကျန်းဘင်လို့ ခေါ်ပါတယ်.. ဒါကတော့ ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက် ၊ ကျောက်နာပါ…”
“ ဟယ်လို … ဒါကတော့ ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်၊ လီစီကျင်း …”
“ ဟယ်လို…”
လေးယောက်သား အပြန်အလှန် လက်ဆွဲ နှုတ်ဆက်လိုက်ကြသည်။
ကျန်းဘင် ရှေ့သို့ လှမ်းမျှော်ကြည့်၍ “ လူတွေလည်း စုံရောပေါ့ …… ခုစလိုက်ကြစို့လား…”
“ ဒီလောက် ခရီးဝေးကြီး မောင်းလာခဲ့ကြတာကို ခဏ တဖြုတ် အရင်နားလိုက်ကြဦးပါလား… နည်းနည်းလေး ကြန့်ကြာသွားတော့ကော ဘာအရေးတုန်း …”
“ ရတယ်… အလုပ်က ပိုအရေးကြီးတာပေါ့…” ကျန်းဘင် ပြောလိုက်ပြီး “ ဒါရိုက်တာလင်းက ငွေကို ဘဏ်ချက်ခ် လက်မှတ်နဲ့ ယူမလား … ဒါမှမဟုတ် ငွေသားနဲ့ ယူမလား မသိဘူး …”
“ ငွေသားပဲ ပေးပါ..” လင်းရီ ပြုံးလိုက်ပြီး “ ဒီလူတွေက ချက်ခ်လက်မှတ်တွေ သိပ်နားလည်တာ မဟုတ်ဘူး … တော်နေကြာ ကျုပ်ကို စက္ကူကြီး ပေးပြီး အရူးလုပ်နေတယ် ဖြစ်နေဦးမယ်…”
“ ဟားဟား .. အဲ့လိုလည်း အဆင်ပြေပါတယ်…” ကျန်းဘင် ပြောလိုက်ပြီး “ ကျုပ် ဒီက ဘဏ်နဲ့ ဆက်သွယ်ထားပြီးပြီ.. ခဏနေကျရင် သံချပ်ကာကား ရောက်လာတော့မှာပါ… မကြာပါဘူး …”
“ ကောင်းပြီလေ… အခု စလိုက်ကြတာပေါ့…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် လမ်းခုလတ်မှာ ပြဿနာလေး နည်းနည်းတက်သွားလို့ သိပ်အများကြီးတော့ ရမှာ မဟုတ်ဘူးနော်…”
ကျန်းဘင်း ဘေးဘီကို တစ်ချက် အကဲခတ်ကြည့်လိုက်တော့ လူတိုင်း၏ မျက်နှာအမူအရာမှာ သိပ်မူမမှန်သည်ကို သတိပြုမိလိုက်သည်။
“ ကိစ္စ မရှိဘူး .. ဒါရိုက်တာလင်း ပေးသလောက်ပဲ ယူတာပေါ့ …”
ပြောပြီးနောက် ကျန်းဘင်သည် ကျောက်နာကို ကြည့်၍ “ ကျောက်လေး … ငါတို့ ဒီနေ့ ဘယ်လောက်ပဲ ရရ … နဂိုဈေးပဲ … ပြောင်းတစ်တန်ကို ၂,၆၀၀ ၊ ပဲပုပ် တစ်တန်ကို ၅,၈၉၀… အဲ့ဒီအတိုင်း ရှင်းမယ်…”
“ ဟုတ် … နားလည်ပြီ..”