တစ်ယောက်ကို ခြေတစ်ချောင်းစီ
Vol. 101 Ch. 1507
လင်းရီ၏ အမူအရာက တစ်စုံတစ်ရာ လွဲချော်နေသည်ကို မြင်တော့ ကျီချင်းရန်သည် သူမ၏ အဝတ်အစားတို့အား အလျင်အမြန် ချ၍ အောက်ထပ်သို့ ဆင်းလာခဲ့၏။
ထိုအချိန်တွင် လင်းရီသည် ဖုန်းချပြီးနေချေပြီ။
“ ရီ… ဘာဖြစ်တာလဲတဲ့…”
“ ဒီနေ့ည ကော့တေးပါတီမှာတုန်းက နိုင်ငံခြားသားနှစ်ယောက် ယွမ်ယွမ်နဲ့ ထျန်းရန်ကို ကာယိန္ဒြေ ပျက်အောင် လုပ်ခဲ့တယ်… အခု သူတို့ကို ရဲစခန်းတော့ ပို့ထားပြီ…. ငါ သွားပြီး ဘာဖြစ်လဲ ကြည့်မလို့…”
“ ငါ့လည်း စောင့်ဦး… ငါလည်း လိုက်မယ်….”
“ ဒါဆို သွားပြီး အဝတ်စားလဲခဲ့….”
“ အွန်း….”
သူတို့နှစ်ဦးသား အဝတ်အစားကို အလျင်အမြန် လဲပြုပြီးနောက် ရဲစခန်းသို့ မောင်းနှင်လာခဲ့ကြသည်။
ရဲစခန်းထဲတွင် ချီရှန်းကျောက်၊ ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့က သုံးယောက်အတူ ရပ်နေပြီး သူတို့နှင့် ဆန့်ကျင်ဘက်တွင် ရှိနေသည့်လူများကို အေးစက်စွာ စိုက်ကြည့်နေခဲ့ကြသည်။
၎င်းတို့ သုံးယောက်၏ ဆန့်ကျင်ဘက်တွင် ဒါဇင်နှင့်ချီသည့် နိုင်ငံခြားသားတို့ မတ်တပ်ရပ်နေသည်။
တစ်ယောက်က ရွှေရောင်ဆံပင်နှင့် အပြာရောင် မျက်ဝန်းကို ပိုင်ဆိုင်ထားသည်။ အရပ်အမောင်း အင်မတန်ကောင်းလှပြီး မထီမဲ့မြင် အမူအရာနှင့် စိုးရိမ် ထိတ်လန့်ခြင်းမျိုးလည်း ဖြစ်ပေါ်မနေချေ။
သူ၏ နာမည်က လဲမွန်တော့ ဖြစ်ပြီး ရုရှား ၊ Segby ကုမ္ပဏီ၏ အထွေထွေ မန်နေဂျာတစ်ဦး ဖြစ်သည်။ ယခင် သုံးဦးဖလှယ် ညှိနှိုင်းဆွေးနွေးပွဲတွင်လည်း ကိုယ်စားလှယ် တစ်ယောက် ဖြစ်ခဲ့လေသည်။
သူ့ဘေးတွင် အသားညိုညိုနှင့် မီးအလင်းကို ရောင်ပြန်ဟပ်နေသည့် ခေါင်းတုံးပိုင်ရှင် တစ်ဦးရှိသည်။
ကိုယ်လုံးကိုယ်ပေါက်နှင့် သွင်ပန်းသဏ္ဌာန် အရဆိုပါက သူနှင့် လဲမွန် ကြားတွင် ဧရာမ ကွာဟမှုကြီး ရှိနေလေသည်။
ထို အမျိုးသား၏ နာမည်က ဒန်ဂါ ဖစ်ပြီး ဘရာဇီး၊ ဘရက်စကို ကုမ္ပဏီ၏ ဒုဥက္ကဌ ဖြစ်သည်။ ညှိနှိုင်းဆွေးနွေးသူများအနက် တစ်ဦးလည်း ဖြစ်၏။
ယခင် သူတို့တွေ ညှိနှိုင်းဆွေးနွေးမှုပြုစဉ်က နှစ်ဦးသားမှာ ဟော်ယွမ်ယွမ်နှင့် ထျန်းရန်အပေါ် စိတ်ဝင်စားမှုတို့ ရှိနေပြီး ၎င်းကလည်း ညှိနှိုင်းဆွေးနွေးမှု ချောမွေ့ခဲ့ရခြင်း၏ အဓိက အကြောင်းအရင်းပင်။
၎င်းကြောင့်ပဲ လင်းယွင် အုပ်စုထံ လာလည်ပါဦးမည်ဟု စကားအဆိုပြုထားပြီး လှုပ်ရှားရန် အခွင့်အရေးကို ချောင်းနေကြခြင်းပင်။
သို့သော် နှစ်ဦးသားလုံးက ယွမ်ယွမ်နှင့် ထျန်းရန်၏ အကျင့်စရိုက်အပေါ် အထင်သေးခဲ့မိပြီး သူတို့ ချွေတိုင်း လွယ်လင့်တကူနှင့် ကြွေကြလာမည့် ပန်းပွင့်လေးများအဖြစ် အမှတ်မှားနေခဲ့ကြ၏။
တစ်ဖက်သူ၏ ခါးကို ထိတွေ့သည်နှင့် ပြန်ရလိုက်သည်က လျှပ်စီးကဲ့သို့ လျှင်မြန်သည့် ပါးရိုက်ချက်ပင်။ ၎င်းက နှစ်ဦးသားလုံးကို နေရာတွင် ကြက်သေသေစေသွားစေသည်။ အဆုံးတွင် ချီရှန်းကျောက်မှာ မည်သို့မျှ သည်းမခံနိုင်ဘဲ ရဲကို အကြောင်းကြားပြီး လင်းရီထံ သတင်းပို့လိုက်တော့သည်။
ထျန်းရန်၏ အကြည့်က ၎င်းတို့နှစ်ဦးအပေါ် ယှက်သန်းသွားခဲ့၏။ သူမစိတ်ထဲ အနှီ နိုင်ငံခြားသားများ၏ ဦးနှောက်က နည်းနည်းလေး မူမမှန်ဟု ခံစားနေရလေသည်။
ဒီလူတွေက သူတို့ကိုယ်သူတို့ ဥက္ကဌလင်းလို တစ်ကမ္ဘာလုံးက မိန်းမလှလေးတွေကို အသင့်စား ခေါက်ဆွဲခြောက်လိုမျိုး စားလို့ရမယ်များ ထင်နေလား မသိဘူး။
အလယ်တွင် ရှိနေသည့် ရဲအရာရှိမှာတော့ လုပ်ရကိုင်ရ ကြပ်နေတော့၏။
လင်းယွင်အုပ်စုသည်ကား ကျိုးဟိုင်တွင် နာမည်ကြီး ကုမ္ပဏီ တစ်ခု ဖြစ်ပြီး တော်ရုံတန်ရုံ လူတို့ အပြစ်မပြုဝံ့ကြချေ။
အခြားတစ်ဖက်ကလည်း နိုင်ငံခြား ကုမ္ပဏီ ဖြစ်နေပြန်သည်။ အဆိုပါ နိုင်ငံခြားသားများကို အရေးယူ ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ တင်းကြပ်သည့် ဥပဒေတို့ ပြဌာန်းထားပြီး ၎င်းတို့စိတ်တိုင်းကျ စီမံ ဆုံးဖြတ်လိုက်၍ မဖြစ်ချေ။ ဌာန အဆင့်ဆင့်ကို တင်ပြရန်လိုအပ်ပြီး တစ်နည်းပြောရလျှင် သောက်လုပ် တော်တော်ရှုပ်သည့် လုပ်ငန်း ဖြစ်၏။
အဲ့တော့ … သူ အခု ဘာလုပ်သင့်လဲ။
“ ဒီပရောဂျက်မှာ တာဝန်ရှိတဲ့ လူတစ်ယောက်အနေနဲ့ မင်းရဲ့ လုပ်ရပ်က မင်း ကုမ္ပဏီရဲ့ ပုံရိပ်ကို တော်တော်လေး ထိခိုက်ပျက်စီးစေတယ်လို့ ငါတော့ထင်တယ်…. မင်း ငါတို့ကို သင့်တော်တဲ့ ဖြေရှင်းချက် တစ်ခုပေးမယ်လို့ မျှော်လင့်တယ်..” ချီရှန်းကျောက် ပြောလိုက်သည်။
“ ငါကတော့ ငါတို့ ပြုခဲ့တဲ့ အပြုအမူနဲ့ ပတ်သက်ပြီး မှားယွင်းတယ်လို့ မယူဆပါဘူး..” လဲမွန်၏ ရှေ့နေ့က ပြောလိုက်ပြီး “ မစ္စတာ လဲမွန်က မစ်ဟော်ကို အတူသောက်ဖို့ ဖိတ်ခေါ်ချင်ခဲ့ရုံပဲ ရှိခဲ့တာ … ဒါပေမယ့် ကြမ်းတမ်းတဲ့ အပြုအမူနဲ့ ပြန်ပြီး တုံ့ပြန်ခြင်း ခံရမယ်လို့တော့ ငါတို့လည်း မျှော်လင့်မထားဘူး … ဒီလို အပြုအမူမျိုးက အင်မတန်မှကို မလျော်ကန်တာ … ဒီတော့ အပြစ်ရှိချင်းရှိ မင်းတို့ကသာ အပြစ်ရှိတာ…”
“ စောက်ရေး မပါတာတွေ…” ဟော်ယွမ်ယွမ် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်ပြီး “ သူ ငါ့ခါးကို ဖက်ပြီး နှုတ်ခမ်းချင်းတောင် ထိလုထိခင်လောက် နီးကပ်ပြီး ပြောတာ အဲ့တာ သာမန်ပဲလား….”
“ ဒါပေါ့…. ငါလာခဲ့တဲ့ နေရာမှာတော့ အဲ့တာ လူကြီးလူကောင်း ကျင့်ဝတ်ပဲ…”
“ ဟီးဟီး … ငါ အခု နားလည်သွားပြီ…”
ဟော်ယွမ်ယွမ် ရှေ့နေ့ကို တစ်ချက်ကြည့်၍ စကားပြောလိုက်ပြီး “ အစတုန်းကတည်းကရင် ကျွန်မ ရှင့်ကို ကြည့်နေတာ သွေးတစ်ဝက်နှောမယ့်ပုံပဲလို့ … လက်စသတ်တော့ ရှင့်အမေက ရှစ်နိုင်ငံ မဟာမိတ်အဖွဲ့ကြီးနဲ့ အတူအိပ်ထားတာကိုး … ဘယ်လောက်တောင် အထင်ကြီးဖို့ ကောင်းထားလဲ…”
ချီရှန်းကျောက် “ ??? “
ထျန်းရန် “ ??? “
ဥက္ကဌလင်းနဲ့ အချီ ၃၀၀ လောက် ဖိုက်နိုင်တဲ့လူကတော့ ထင်ထားတဲ့အတိုင်းပါပဲလား။
ဟော်ယွမ်ယွမ်၏ ထေ့ငေါ့ကျိန်ဆဲသည့် စကားကြောင့် နှစ်ဘက်ခြမ်းလုံး ငြိမ်သက်သွားခဲ့တော့သည်။
သူမက ကုမ္ပဏီကြီးတစ်ခုရဲ့ ဒုဥက္ကဌ မဟုတ်ဘူးလား။ ဘာလို့ အမျိုးသမီး လူမိုက်လို စကားပြောနေတာလဲ။
သူတို့ ညှိနှိုင်းဆွေးနွေးတုန်းက မြင်ခဲ့ရတဲ့ သူမရဲ့ စရိုက်လေးက ဒီလိုပုံစံမျိုး မဟုတ်ပါဘူးကွ။
“ ဒါရိုက်တာဟော်… မင်း စကားကို ကြည့်ကြပ်ပြောဖို့ မျှော်လင့်တယ်….” လဲမွန်၏ ရှေ့နေက ပြောလိုက်ပြီး “ ဟွာရှရဲ့ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ မင်းက ခုလိုမျိုး ပြင်းထန်ကြမ်းကြုတ်တဲ့ အပြုအမူမျိုးကို ငါ့ဖောက်သည်အပေါ် ကျူးလွန်ခဲ့တယ်.. ငါတော့ ဒါက အလွန်အင်မတန်မှ ရိုင်းပြတဲ့ လုပ်ရပ်လို့ မြင်မိတယ်… ငါတို့ မင်းရဲ့ အပြုအမူကို နောက်ပိုင်းကျရင် ကွန်ပလိန်းတက်သွားမယ်… သက်ဆိုင်ရာ စာချုပ်စာတမ်းတွေအရ ငါတို့မှာ အပေးအယူကို ရပ်ဆိုင်းပစ်ဖို့ အခွင့်အာဏာရှိတယ်…. မင်းတို့ အကျိုးဆက်ကို လက်ခံပြီးမှ ငါတို့ကို အထိုက်အလျောက် လျော်ကြေးပေးရမယ်…”
“ နင်တို့မှာ သောက်ရှက်လေး ဘာလေး မရှိကြဘူးလား… နင်ငါတို့ကို တဏှာကျတာတော့ ဟုတ်ပါပြီ.. ဒါပေမယ့် ခုကျတော့ နင်တို့ကပဲ နစ်နာနေသယောင်ယောင် …. သောက်အဓိပ္ပာယ် မရှိတာတွေ…”
“ ငါတို့က တရားဥပဒေအတိုင်းပဲ လုပ်ဆောင်တယ်… ကျိုးကြောင်းမဆီလျော်တာတွေ မလုပ်ဘူး … ငါတို့ အစကတည်းက မှားယွင်းမနေဘူး…”
လဲမွန်၏ ရှေ့နေက ဆက်ပြောသည်။
“ ပြီးတော့ မကြာခင် ငါတို့ သံရုံးကလူတွေ ဒီကိစ္စထဲ ပါဝင်လာလိမ့်မယ်… အကျိုးဆက်တွေအားလုံးကို မင်းဘာမင်းခံ …. ပြီးမှ ဒီအကြောင်း မင်းကို သတိမပေးဘူး မပြောနဲ့….”
“ ငါတို့ လင်းယွင်အုပ်စုကလည်း ဒီကိစ္စကို ဒီတိုင်း အလျော့ပေးလိုက်မယ် ထင်မနေနဲ့.. ငါတို့ ဒီကိစ္စကို ဟိုးအဆုံးထိ လိုက်မယ်…” ချီရှန်းကျောက် ပြောလိုက်သည်။
“ ကောင်းပြီလေ .. တရားခွင်မှာ တွေ့ကြတာပေါ့…”
ထိုအခိုက်အတန့်တွင် စစ်ကြောရေး အခန်းတံခါး တွန်းပွင့်လာခဲ့ပြီး လင်းရီနှင့် ကျီချင်းရန်တို့ ဝင်ရောက်လာခဲ့ကြသည်။
“ ယွမ်ယွမ် …. ဒါရိုက်တာထျန်…”
အခန်းထဲသို့ ဝင်သည်နှင့် ကျီချင်းရန်သည် သူမတို့နှစ်ယောက်ထံ အပြေးလေး သွားသည်။
“ ဘယ်လိုနေသေးလဲ .. ဘာဖြစ်သွားသေးလဲ… ဒဏ်ရာရော ရသွားသေးလား…”
“ မရပါဘူး .. ကျွန်မတို့ သူ့ကို ပါးဖြတ်ရိုက်ပစ်လိုက်တယ်…. အဲ့ဒီနောက် အစ်ကိုချီက ရဲခေါ်လိုက်တာပဲ….”
“ အဲ့တာကောင်းတယ်…”
“ ကျန်တာကို လင်းရီ ကိုင်တွယ်ခိုင်းလိုက်…”
“ ဟယ်လို ဥက္ကဌလင်း … ငါက Segby ကုမ္ပဏီရဲ့ အထွေထွေ မတန်နေဂျာ လဲမွန်တော့ပါ.. တွေ့ရသာ ဝမ်းသာပါတယ်…”
လဲမွန်သည် သူ၏ လက်ကို ဆန့်တန်း၍ လင်းရီနှင့် ရင်းနှီးခွင့်ရရန် ကြိုးစားလိုက်သည်။
“ လက်ဆွဲနှုတ်ဆက်စရာ မလိုဘူး…”
လင်းရီ တစ်ဖက်သို့လှည့်ပြီး ရဲအရာရှိကို ကြည့်လိုက်သည်။ “ ပုံမှန်ဆို မင်း ဒီအမှုကို ဘယ်လို ကိုင်တွယ်မလဲ….”
“ သာမန် တရားဥပဒေတွေအရဆိုရင် သူတို့ကို ၇၂ နာရီထိန်းသိမ်းထားပြီး ဆုံးဖြတ်ချက် မချခင် တခြား သက်သေအချက်အလက်တွေ ရအောင် စုဆောင်းမယ်…”
“ အဲ့လောက်ထိ ဒုက္ခခံနေစရာ မလိုဘူး … သူတို့ကို လွှတ်လိုက်တော့….”
“ လွှတ်ရမယ် ဟုတ်လား…” ရဲအရာရှိမှာ ကြက်သေသေသွားခဲ့သည်။
မည်သို့ပင်ဆိုစေ သူသည်က ကော်ပိုရေးရှင်းတစ်ခု၏ ဥက္ကဌတစ်ဦးဖြစ်ပြီး သူ၏ ဝန်ထမ်း ချောချောလှလှလေးများ ကလည်း အနိုင်ကျင့်ခံထားရသည်။ အကယ်၍ နိုင်ငံခြားသားမို့လို့ စိတ်ကျေနပ်စေရန် ပြုချင်သည် ဆိုဦးတော့ ယခုလို ပြုမူသည်ကတော့ သိပ်မဟုတ်သေးဟု သူထင်မိသည်။
မည်သို့ပင်ဆိုစေ သူတို့က ကြီးမားပြီး ဂုဏ်သိက္ခာနှင့် ရပ်တည်နေသည့် ကုမ္ပဏီကြီး တစ်ခု ဖြစ်၏။ အကယ်၍များ ဤမတော်တဆမှုသာ အပြင်သို့ ပေါက်ကြားသွားခဲ့သည် ရှိသော် အင်မတန် အရှက်ရစရာ ဖြစ်လိမ့်မည်။
ရဲအရာရှိမှာ အနည်းငယ် ပျာယာခတ်သွားခဲ့၏။ သို့သော် လင်းယွင်အုပ်စုရှိ လူတို့ကတော့ အတော်လေး တည်ငြိမ်နေကြသည်။ ယုတ်စွအဆုံး ၊ နစ်နာသူ အမျိုးသမီးလေးနှစ်ယောက်ပင် တည်တည်ငြိမ်ငြိမ် ရှိနေကြ၏။ သူတို့ သူဌေး၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခြင်းလည်း မပြုကြချေ။
အဘယ်ကြောင့်ဆိုသော် သူတို့က လင်းရီနှင့် အနီးကပ်ဆုံး ရှိကြသည့် လူများဖြစ်ပြီး လင်းရီ၏ အကျင့်စရိုက် မည်သို့မည်ပုံရှိသည်ကို မိမိတို့၏ ကိုယ်ပိုင် လက်ဖမိုးကဲ့သို့ ကောင်းစွာ သိထားကြ၏။
ဤ ရွေ့လျားမှုက အနည်းငယ် စိတ်ရှုပ်စေသော်လည်းပဲ သူ့တွင် အခြား အကြံအစည်တစ်ခု ရှိနေမည်မှာတော့ ကျိန်းသေသည်။
“ ဥက္ကဌလင်း… မင်း ဒီလိုလုပ်ချင်တာ သေချာရဲ့လား..”
“ အင်း .. သူတို့ကို လွှတ်လိုက်… ငါတို့ ဒီကိစ္စ သီးသန့် ဖြေရှင်းကြမယ်…”
“ နှစ်ဖက်လုံးက သီးသန့်ဖြေရှင်းချင်နေကြမှတော့ ငါလည်း အပိုပြောမနေတော့ဘူး …ကဲ လက်မှတ်ထိုးပေးကြပါဦး..”
“ အနှောင့်အယှက် ပေးမိတာ စိတ်မကောင်းပါဘူး …”
“ မင်းတို့ သူဌေးက အသိစိတ်ရှိတယ်… ဘယ်လို ပြုမူရမလဲဆိုတာ သူက သိတယ်…” လဲမွန်ပြောလိုက်ပြီး “ ကော်ပိုရေးရှင်း တစ်ခုရဲ့ ဝန်ထမ်းဖြစ်တစ်ယောက်အနေနဲ့ ကုမ္ပဏီရဲ့ အကျိုးစီးပွားဆိုတာ အမြဲတမ်း ဦးစားပေး ဖြစ်နေရမှာ… ငါတော့ မင်းတို့တွေ သည့်ထက်လည်း တိုးတက်နိုင်မယ်လို့ လမ်းမမြင်မိဘူး..” ဒန်ဂါ ပြောလိုက်၏။
“ ငါက မင်းတို့နှစ်ယောက်ကို အခွင့်အရေး ပေးချင်တယ်… ဒါပေမယ့် မင်းတို့ကိုယ်မင်းတို့ စင်ကြယ်ကြောင်းတွေ ကရားရေလွှတ် ပြောလာကြတယ် ဟုတ်လား.. ကိုယ့်တန်ဖိုးကိုယ် တအားကြီးတယ် ထင်နေကြတဲ့လူတွေ…” လဲမွန်က မောက်မာတင်စီးစွာ ပြောဆိုလိုက်လေသည်။
“ ဒီလိုတွေ ဖြစ်ပြီးမှတော့ နောင်ကျ မင်းတို့နှစ်ယောက် တက်တက်ကြွကြွနဲ့ ပူးပေါင်းပေးရင်တောင် ငါတို့ကြား ပြန်လည် သင့်မြတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး .. သုံးဦးဖလှယ် ညှိနှိုင်းဆွေးနွေးချက်ကိုတော့ ….. ငါတို့ သေချာ စဉ်းစားဦးမယ်… ဒါပေါ့.. အဆိုးကနေ အကောင်းဖြစ်စေချင်ရင်တော့ မင်းတို့ ဘယ်လောက်ထိ ရိုးသားသလဲ ဆိုတဲ့အပေါ် မူတည်တယ်… မင်းရော ဘယ်လိုထင်လဲ ဥက္ကဌလင်း …”
လင်းရီသည် လဲမွန်တော့၏ စကားကို မတုံ့ပြန်ဘဲ ထိုအစား ဖုန်းခေါ်ဆိုမှု တစ်ခု ပြုလိုက်၏။
“ အသင့်ပြင်ထားကြ.. လူတွေ ထွက်လာတော့မယ်.. နိုင်ငံခြားသားဆိုတာနဲ့ မဲမဲမြင် အကုန်သာဆော်… ဘာလက်ဆမှ ထိန်းနေစရာမလိုဘူး … အနည်းဆုံး သူတို့ တစ်ယောက်ကို ခြေထောက် တစ်ချောင်း ချိုးပစ်တာ လိုချင်တယ်… “