← Chapters

ငါ သဘောတူပြီလား

Vol. 101 Ch. 1508

ငါ သဘောတူပြီလား

Vol. 101 Ch. 1508

စစ်ကြောရေး အခန်း တစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။ မည်သူကမျှ အသံတစ်သံ မထွက်ဝံ့ကြချေ။

ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်၍ လဲမွန်တော့နှင့် ကျန်သူများကို လင်းရီ ပြုံးပြလိုက်၏။

“ အိုကေ… အားလုံးစီစဉ်ပြီးပြီ… မင်းတို့ အခု ထွက်သွားလို့ ရပြီ… ငါတို့ ဒီကိစ္စ ဆက်မလိုက်တော့ဘူး ….”

“ မင်း … မင်း ဘာပြောလိုက်တယ်…. ငါတို့ရဲ့ ခြေထောက်တွေကို ချိုး… ချိုးမယ် ဟုတ်လား….”

“ ဘယ်နားကသာ…. ငါ နာမည်တပ်ပြောလား… မင်းတို့က ဘာတွေ ကြောက်နေကြတာ…” လင်းရီ ပြောလိုက်၏။ “ ဒါပေမယ့် ငါမင်းတို့ကို တစ်ခုတော့ သတိပေးလိုက်ချင်တယ်… ဟွာရှရဲ့ လုံခြုံရေး အခြေအနေက သိပ်ကောင်းတာ မဟုတ်တော့ လမ်းပဲ ကူးကူး ၊ ပန်းပဲ ခူးခူး ဂရုလေးစိုက်ကြပေါ့ .. စိတ်ရူးပေါက်နေတဲ့ သူစိမ်းတွေက အလကားနေ အလကား လူကို ခြေထောက် လာရိုက်ချိုးတတ်တယ်…”

“ အဲ့လိုဖြစ်အောင် မင်းပဲ စီစဉ်တာလေ…” လဲမွန်တော့ အော်ဟစ်လိုက်၏။

“ ဟမ်… ငါ စီစဉ်တယ်ဆိုရင်တောင် မင်းမှာ သက်သေ ရှိလား … ဘယ်မလဲ သက်သေ .. “

“ ရှိတယ်… ဒီ ရဲ အကုန်ကြားတယ်….”

လင်းရီ ခေါင်းငဲ့၍ ရဲအရာရှိ နှစ်ဦးအား ကြည့်လိုက်၏။

“ မင်းတို့ ဘာကြားခဲ့လဲ…”

“ ဘာမှ မကြားမိဘူး … ကျုပ်နားက ခုတလော နားလေအူနေတာ … ကောင်းကောင်း အလုပ်မလုပ်တော့တာ ကြာပြီ…”

“ ငါလည်း ခုနက အာရုံလွင့်နေတာနဲ့ ဘာမှန်း မသိလိုက်ဘူး ..”

ရဲအရာရှိ နှစ်ဦးလုံး သက်ပြင်းချမိလိုက်သည်။

ဥက္ကဌလင်းက တအား မဆင်မခြင် နိုင်တာပဲ။

သူတို့ကို လွှတ်ပေးဖို့ တောင်းဆိုလာတာ မဆန်းတော့ပါဘူး။ ကြည့်ရတာ တရားဥပဒေ နည်းလမ်းအတိုင်း သွားတာက သောက်ဇယား တော်တော်ရှုပ်လို့ သူ့နည်းသူ့ဟန်နဲ့ ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်မယ်။

အံ့ဩစရာပါပဲ။

“ မင်းတို့ ကြံရာပါတွေ….”

လင်းရီ မျက်ခုံးပင့်လိုက်၏။ သူ လဲမွန်တော့၏ ဆံပင်ကို ဆွဲစု၍ နံရံနှင့် ပစ်တိုက်လိုက်သည်။

“ ငါတို့က ကြံရာပါဆိုတော့ကော ဘာဖြစ်တုန်းကွာ… မင်းတို့ကောင်တွေက ငါ့လူတွေကို ထိဝံ့တဲ့အထိ တော်တော် အတင့်ရဲနေကြတယ် ဟုတ်လား…”

“ မစ္စတာ လဲမွန်ကို လွှတ်လိုက်စမ်း …”

လဲမွန်တော့၏ ဘော်ဒီဂတ် လေးယောက်က ပြေးလာပြီး လင်းရီကို ဝိုင်းရံထားသည်။

“ မစ္စတာလင်း … ဒါက ဟွာရှ ဖြစ်တာနဲ့ပဲ ငါတို့တွေ ကြောက်လိမ့်မယ် မထင်နဲ့….”

“ ငါ့မှာ ရဲရဲတောက် ဘော်ဒီဂတ်တွေ ရှိတယ်… မင်းကို မကြောက်ဘူး…”

“ ဘော်ဒီဂတ်တွေလား …”

“ ဟုတ်တယ်… အကုန်လုံးက အထူးတပ်ဖွဲ့ကနေ အနားယူထားကြတဲ့လူတွေ… မင်း လူတွေ ခေါ်ခဲ့ရင်တောင် အလကားပဲ … ဂရုစိုက် … ငါ့ ဘော်ဒီဂတ်တွေ လက်ချက်နဲ့ သေမှ အမှုလာမပတ်နဲ့..” လဲမွန်တော့ အော်ပြောလိုက်သည်။

“ ပြီးတော့ သံရုံးကလူတွေလည်း ခဏနေဆို ရောက်တော့မှာ … ငါတို့ ဒီကိစ္စ ရေဆုံးမြေဆုံးထိကို လိုက်မယ်…”

လင်းရီ ခေါင်းငဲ့၍ ဘော်ဒီဂတ် လေးယောက်ကို ကြည့်လိုက်သည်။ ထို့နောက် သူတို့ထဲက တစ်ဦးကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်၏။

တစ်ဖက်သူမှာ ဘာဖြစ်လို့ ဖြစ်သွားမှန်းပင် မသိလိုက်ဘဲ နာကျင်သည့် အော်မြည်သံနှင့် အတူ နောက်သို့ လွင့်ထွက်သွားပြီး နံရံနှင့် ပစ်ဆောင့်သွားခဲ့တော့၏။

ဘန်း ဆိုသည့် အသံနှင့် အတူ စစ်ကြောရေး အခန်းကြီးတစ်ခုလုံး လှုပ်ခါသွားခဲ့သည့်နှယ်ပင်။

ထိုစဉ် လင်းရီ၏ အကြွေးခံလိုက်ရသည့် ဘော်ဒီဂတ်မှာ သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး ချက်ချင်း မေ့မြောသွားခဲ့၏။

အံ့အားသင့်ခြင်း ။

ထိတ်လန့်တုန်လှုပ်သွားခြင်း။

လဲမွန်တော့နှင့် ဒန်ဂါတို့နှစ်ဦးလုံး မျက်လုံးပြူး မျက်ဆံပြူးများ ဖြစ်သွားခဲ့ကြသည်။

အထူး တပ်ဖွဲ့က အနားယူထားသည့် ဘော်ဒီဂတ်တစ်ယောက်ကို တစ်ချက်တည်းနှင့် အမှောက်သိပ်လိုက်သည်လော။

မင်းမေ****

ဝှစ် ဝှစ် ဝှစ် …

ဘန်း ဘန်း ဘန်း …

နောက်ထပ် စက္ကန့်အနည်းငယ်ကြာတွင် လင်းရီသည် လဲမွန်တော့၏ ဘော်ဒီဂတ်သုံးယောက်လုံးကို တစ်ယောက် တစ်ချက်စီဖြင့် အမှောက်သိပ်ပေးလိုက်၏။ သူ၏ လှုပ်ရှားမှုတို့က အင်မတန် မြန်ဆန်လှပြီး သွက်လက်ကျွမ်းကျင်မှုလည်း ရှိသည်။ မည်သူတစ်ဦးကမျှ သူ၏ လက်သံကို မခံနိုင်ခဲ့ကြချေ။

ဘေးတွင် ရပ်နေသည့် ရဲအရာရှိ နှစ်ဦးမှာတော့ ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာတို့ဖြင့် ဖြစ်နေကြ၏။

ဥက္ကဌလင်း သုံးသွားခဲ့တဲ့ အကွက်တွေ အကုန်လုံးက သတ်ဖြတ်တဲ့ အကွက်တွေချည်းပဲ။

သူတို့ကို အထူးတပ်ဖွဲ့ကလူတွေပဲ သုံးကြတာ။ သူတို့ လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က ပြိုင်ဘက်ကို အနိုင်ယူဖို့ မဟုတ်ဘူး။ အဲ့တာက သတ်ဖို့။

ဘော်ဒီဂတ်လေးယောက်လုံး အမှောက်သိပ်ခံလိုက်ရသည်ကို မြင်တော့ လဲမွန်တော့၏ မျက်နှာသည် သေမတတ် ဖြူလျော်သွားခဲ့၏။ အရောင်ကာလာ လုံးဝ မရှိတော့ချေ။ ဒူးလည်း တဆတ်ဆတ် တုန်ယင်နေပြီး အနည်းငယ် ခြောက်လှန့်လိုက်လျှင်ပင် ဆီးမထိန်းနိုင် ဖြစ်သွားလောက်သည်။

လင်းရီသည် တဖက်သို့လှည့်၍ ဒန်ဂါကို ကြည့်လိုက်ပြီး သူ၏ ဘော်ဒီဂတ်များကို လက်ညှိုးထိုးလိုက်သည်။

“ ဒါ မင်းရဲ့ ဘော်ဒီဂတ်တွေ မဟုတ်လား…”

ဒန်ဂါ ဘာမျှ မပြောဝံ့ချေ။ သူ၏ ဘော်ဒီဂတ် နှစ်ဦးသည်လည်း ထို့အတူပင်။

သူတို့ အဆင့်ကို သူတို့ ကောင်းကောင်းကြီး သိသည်။ လဲမွန်တော့၏ ဘော်ဒီဂတ်များပင် တစ်ချက် မခံလေရာ သူတို့ ဆိုပါကလည်း ရလဒ်က ခြားနားသွားလိမ့်မည် မဟုတ်ချေ။ အကယ်၍ မဆင်မခြင် လှုပ်ရှားလိုက်မည်ဆိုပါက ကောင်းဖို့ လမ်းမမြင်ချေ။

“ ဥက္ကဌလင်း … ဒါက … ဒါက အထင်လွဲမှားတာလေးပဲလေ… မင်း ဒီလို လုပ်လို့မရဘူး…”

နောက်သို့ ဆုတ်ရင်း ဒန်ဂါ ပြောလိုက်၏။ “ သံရုံးက လူတွေလည်း ခဏဆို ရောက်လာတော့မှာ… မင်း ဒီကိစ္စ ဆက်မလိုက်တော့ဘူးဆို ငါတို့လည်း ဒီမှာတင် ရပ်လိုက်မယ်… မဟုတ်ရင် နိုင်ငံနှစ်ခုကြား အချင်းများစရာတွေ ဖြစ်လာနိုင်တယ်နော်… အဲ့ဒါက လင်းယွင်အုပ်စုအတွက်လည်း ကောင်းမှာမဟုတ်ဘူး …”

ဖြောင်း …

ဒန်ဂါ၏ မျက်နှာကို လင်းရီ ဖြတ်ရိုက်လိုက်သည်။

“ ငါက သောက်ဂရုစိုက်နေလို့လား … မင်းက ငါ လင်းရီကို စောက် အထင် လာသေးနေတယ်ပေါ့…”

“ မင်း … မင်း တကယ်ကြီး ငါ့ကို ရိုက်တယ်…”

လင်းရီသည် ဒန်ဂါကို အထက်စီးက ကြည့်လိုက်၏။ “ မင်း အပေါက် ပိတ်ထားတာ ပိုကောင်းလိမ့်မယ်.. မဟုတ်ရင် ငါမင်းကို သေအောင် ရိုက်မိလိမ့်မယ်….”

ထျန်းရန်၏ နှလုံးသားလေးမှာ ကဆုန်ပေါက်လို့နေသည်။

ဥက္ကဌလင်းက ယောက်ျား သိပ်ပီသတာပဲ။

“ သွားစို့…. ဒီကောင်တွေကို လျစ်လျူရှုထားလိုက်..” ကျီချင်းရန်နှင့် ကျန်သူများကို လင်းရီ ပြောလိုက်၏။

“ ခဏနေကျရင် သူတို့ကို ကိုင်တွယ်မယ့်လူတွေ ရောက်လာလိမ့်မယ်..”

“ အွန်း… “ သူမ ခေါင်းညိမ့်လိုက်သည်။ “ ယွမ်ယွမ် .. မိန်းကလေး ထျန် … သွားကြစို့…”

“ သွားမယ်…”

သို့သော် လူတိုင်းက အပြင်ထွက်တော့မည့် အချိန်မှာပဲ ရုတ်ချည်းဆိုသလို အပြင်ဘက် ကော်ရစ်ဒါမှ ဆူဆူညံညံ အသံများ ထွက်လို့လာသည်။

မကြာမီ နိုင်ငံခြားသား တစ်အုပ်စုက အပြင်ကနေ ဝတ်စုံပြည့်နှင့် အသည်းအသန် ပြေးဝင်လာခဲ့၏။

“ မစ္စတာ ဘေလီ…”

ရောက်လာသည့်လူကို မြင်တော့ ကြမ်းပြင်တွင် ပါးကို ပွတ်သပ်နေသည့် ဒန်ဂါသည် မဲမဲသဲသဲနှင့်လူထံ ကယောင်ချောက်ချား ရောက်လို့လာသည်။

ထိုအမျိုးသား၏ နာမည်က ဘေလီဖြစ်ပြီး ဘရာဇီး သံရုံး၏ စီမံခန့်ခွဲရေး အတွင်းရေးမှူး ဖြစ်သည်။

“ ဒီ ဟွာရှန့်ကောင်တွေက ငါတို့ကို ခြိမ်းခြောက်ရုံတင် မကဘူး … ငါတို့ကို ရိုက်လည်း ရိုက်တယ်… ငါ သူတို့ကို တရားစွဲမယ်…”

“ ခု ဘာမှ မပြောသေးနဲ့ဦး.. အခြေအနေကို အတည်ပြုပြီးတော့မှ ငါ ကိုင်တွယ်မယ်…” ပြောပြီးနောက် ဘေလီသည် လင်းရီထံ လျှောက်လှမ်းသွားပြီး တရိုတသေ လက်ဆန့်တန်းလိုက်သည်။

“ ဥက္ကဌလင်း … ငါ့လူတွေ ပြဿနာ ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်.. ဘာဖြစ်ခဲ့လဲ မင်းငါ့ကို ရှင်းပြပေးနိုင်မလား…”

ဘေလီ၏ လင်းရီထံ ရိုကျိုးလှသည့် အပြုအမူကို မြင်တော့ ဒန်ဂါ၏ နှလုံးသားလေးမှာ လေးလံသွားခဲ့ရသည်။

ဘာတွေတုန်းကွာ။ ဘာလို့ အဲ့ကောင်ကြီးကို ရိုသေနေရတာတုန်း။

“ အသေးစိတ် သိချင်ရင် အဲ့ဒီ ရဲအရာရှိ နှစ်ယောက်ကို မေးလို့ရတယ်.. ငါ့မှာ မင်းကို ရှင်းပြပေးဖို့ အချိန်ရှိမနေဘူး …”

“ ဒါပေါ့ ဒါပေါ့ … ဒါဆိုလည်း ငါ ဥက္ကဌလင်းရဲ့ အချိန်တွေ မဖြုန်းတော့ပါဘူး …”

လင်းရီ ခေါင်းညိမ့်ပြီး လူတိုင်းနှင့်အတူ ထွက်ခွာသွားခဲ့သည်။

ထို့နောက် စစ်ကြောရေးအခန်းသည်ကား ပို၍ပင် တိတ်ဆိတ်လာလေသည်။ ဒန်ဂါသည် ဘေလီအား မကျေမချမ်း ကြည့်လိုက်၏။

“ မစ္စတာဘေလီ…. မင်း ဘာ စောက် အဓိပ္ပာယ်မပါတာတွေ လျှောက်လုပ်နေတာလဲ…. ငါတို့တွေ ဒီလောက်ထိ ရိုက်နှက်ခံထားရတာ မင်းမမြင်ဘူးလား…”

“ ငါမြင်တယ်… ဒါပေမယ့် မင်းတို့ကလည်း ရိုက်ခံရတာတောင် နည်းသေး… ဒီနေရာက ဟွာရှကွ.. မင်းတို့က မပြစ်မှားသင့်တဲ့လူကိုမှ သွားပြီး ရန်စရတယ်လို့ကွာ….” ဘေလီ ပြောလိုက်ပြီး “ သူ မင်းတို့ကို မသတ်ပစ်လိုက်တာပဲ ကျေးဇူးတင် .. ဘာလို့ဆို သူက မင်းထင်ထားတာထက် ဩဇာလွှမ်းမိုးမှု ပိုကြီးတယ်…”

စကားဆုံးအောင် ပြောပြီးနောက် ဘေလီသည် လဲမွန်တော့ကို ကြည့်လိုက်သည်။

“ မင်းလည်း အတူတူပဲ… အိပ်မက်မက်နေတာ တော်လိုက်တော့ … မင်းတို့ သံရုံးကလူ လာရင်တောင် သူ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး .. လက်လျော့လိုက်တော့..”

“ မဖြစ်နိုင်တာ….”

“ ငါတို့က စစ်အင်အားကြီးနိုင်ငံ.. ငါတို့ ဘယ်သူ့ကိုမှ မကြောက်ဘူး … ငါတို့က မင်းတို့နဲ့ မတူဘူး …”

“ ဟက်… အမေရိကန်နဲ့ယှဉ်ရင် ဘယ်လောက်ကြီးနိုင်မှာမို့လို့…” ဘေလီ နှာမှုတ်လိုက်ပြီး “ မင်းကို လေကုန်မခံဖို့ အကြံပေးလိုက်မယ်…”

ရဲစခန်းကနေ ထွက်လာခဲ့ပြီးနောက် ငါးဦးသားလုံး အများအပြား သက်တောင့်သက်သာ ဖြစ်သွားခဲ့ကြသည်။

“ မင်း အဆင်ပြေလား….” လင်းရီ ထျန်းရန်ကို ကြည့်၍ မေးလိုက်သည်။

“ ပြေပါတယ်… ကျွန်မ တုံ့ပြန်တာ မြန်သွားလို့ ရူးရူးမိုက်မိုက် လုပ်ဖို့ အခွင့်အရေး မပေးလိုက်ဘူး…”

“ အဲ့တာကောင်းတယ်…”

“ ဟေ့ ဟေ့ ‌ဟေ့… ရှင်က ဘာသဘောတုန်း… ဘာလို့ ဥက္ကဌထျန်ကိုပဲ ဂရုစိုက်ပြီး ကျွန်မကျတော့ ဘာလို့ ပလစ်(ပစ်)ထားလဲ … “ ဟော်ယွမ်ယွမ် မပျော်မရွှင် ဖြစ်သွားခဲ့သည်။

“ မင်းက နှုတ်ထွက်သွားခဲ့ပြီ မဟုတ်ဘူးလား… မင်းက ငါ ဂရုစိုက်ရတဲ့ ဝန်ထမ်းမဟုတ်မှတော့ ဘာလို့ မင်းကို စိတ်ပူပေးရမှာ…”

“ ချီးပဲ… ငါ မူလရာထူးကို ပြန်ယူပြီးပြီ…”

“ ငါ သဘောတူပြီမို့လား…”

“ သူဌေး သဘောမတူဘူးဆိုရင် လင်းယွင်အုပ်စုကို အခွန်ရှောင်ပါတယ်ဆိုပြီး သက်သေတွေနဲ့ သွားတိုင်ပစ်မယ်.. ဘယ်သူ အရင် အဆုံးသတ်မလဲ စိန်မလား …”

“ မင်း မေ **** “

All Chapters