← Chapters

ကသိကအောက် ဖြစ်နေတဲ့ ကျောက်ချွမ်ဖူ

Vol. 101 Ch. 1509

ကသိကအောက် ဖြစ်နေတဲ့ ကျောက်ချွမ်ဖူ

Vol. 101 Ch. 1509

ကိစ္စရပ်ကို အန္တရာယ်ကင်းကင်းနှင့် ဖြေရှင်းနိုင်ခဲ့ပြီးနောက် မည်သူကမျှ အိမ်ပြန်ရန် အလျင်လိုမနေခဲ့ကြချေ။ ထိုအစား လင်းရီကို ကာရာအိုကေသို့ ခေါ်သွားခိုင်းပြီး သန်းခေါင်ယံအချိန်ထိ ပျော်မြူးနေခဲ့ကြသည်။ ထို့နောက်တွင်မှ ကိုယ်စီ အိမ်သို့ ပြန်လိုက်ကြ၏။

နောက်တစ်နေ့ နံနက်ခင်းတွင် ကျီချင်းရန်သည် စောလျင်စွာ နိုးလာပြီး သူမ၏ ပစ္စည်းပစ္စယတို့ကို ထုပ်ပိုး စစ်ဆေးသည်များ ပြုလုပ်သည်။ အဝတ်စုံရေ အများအပြားကို ထည့်သိမ်းပြီး ဖြစ်လေသည်။

လင်းရီ ကြောင်အမ်းနေမိ၏။ လက်ထပ်မှာက နင်ယွဲ့လား၊ ဒါမှမဟုတ် သူလား။

“ မင်း ဒီလောက် အဝတ်တွေ အများကြီး သယ်သွားပြီး ကိုယ့်ပွဲဖြစ်အောင် လုပ်တော့မလို့လား.. ဟမ်…”

“ ဘယ်လိုလုပ်ဖြစ်မှာလဲ…. ဒီ အဝတ်အစားတွေ ဘယ်လောက်ပဲ လှတယ်ပြောပြော မင်္ဂလာဝတ်စုံလောက်တော့ မလှပါဘူးနော်.. ခိုးယူနိုင်စရာ အကြောင်းမရှိတာ…”

အလုပ်ရှုပ်နေသည့် ကျီချင်းရန်ကို ကြည့်ရင်း လင်းရီ၏ အတွေးရေယာဉ်တို့က ဟိုး အနာဂတ်သို့ တဒင်္ဂမျှ ရောက်ရှိသွားခဲ့သည်။

ထိုနေ့ အချိန်အခါတွင် ကျီချင်းရန်သည် အနီရောင် ဝတ်စုံနှင့် မည်မျှ အင်မတန် လှပနေလိမ့်မည်နည်း။

“ ဟူး…”

နေ့လည်ခင်းအချိန်သို့ ရောက်တော့ ကျီချင်းရန်သည် စိတ်သက်သာ ရစွာဖြင့် သက်ပြင်းမှုတ်ထုတ်လိုက်၏။ “ ငါ နောက်ဆုံးတော့ ပြီးပြီ… ငါတို့ ဘယ်အချိန် ထွက်ကြမလဲ… အရင်ရေချိုးမလို့ … ကြည့်ပါဦး ချွေးတွေကြီးပဲ…”

“ ငါ ထမင်းသွားချက်လိုက်ဦးမယ်… စားပြီး သွားကြတာပေါ့…”

ကျီချင်းရန်သည် ‘အိုကေ’ လက်ဟန်ကို ချစ်စဖွယ် ပြု၍ ရေချိုးခန်းထဲ ဝင်သွားခဲ့၏။

မွန်းလွဲတစ်နာရီ အချိန်ရောက်တော့ နှစ်ယောက်မှာ အားလုံး ပြင်ဆင်ပြီးသွားပြီး လေဆိပ်သို့ မောင်းနှင်လာသည်။

မွန်းလွဲညနေ ငါးနာရီ အချိန်လောက်တွင် သူတို့တွေ လန်ထျန်း မိဘမဲ့ ဂေဟာသို့ ဆိုက်ရောက်လာခဲ့ကြ၏။

ထို့ပြင် လင်းရီသည် ထရပ်ကားနှစ်စင်းနှင့် သူ၏ La voiture Noire ကို သယ်လာခဲ့ခိုင်းပြီး မင်္ဂလာဆောင်သည့် နေ့တွင် အသုံးပြု မောင်းနှင်ရန် စိတ်ကူးထားသည်။

ပြန်လည် နေရာချထားမှုကြောင့် မိဘမဲ့ဂေဟာသည် ရန်ချိန်၏ မြို့လယ်သို့ ပြောင်းရွေ့ထားပြီး ဖြစ်သည်။ တိုက်ခန်းကြီး တစ်ခုလုံးက ဂေဟာ၏ အပိုင်ပင်။

ဧရိယာ တစ်ဝိုက်ကို ထွေးပတ်ထားသည့် နံရံတစ်ခုပင် ရှိလိုက်သေးသည်။ ဧရိယာက ယခင်နေရာလောက် ကျယ်ဝန်းခြင်း မရှိသော်လည်းပဲ ထူးကဲသာလွန်မှုနှင့် အထက်တန်းဆန်မှုတို့ကတော့ နှိုင်းယှဉ်၍ မရနိုင်အောင်ပင်။

ထို့ပြင် အပိုရှိနေသည့် အခန်းတို့ကလည်း ကော်နင်ယွဲ့နှင့် ဝူဖေးယွဲ့တို့အား အသီးသီး လွတ်လပ်စွာ နေရာပေးနိုင်သဖြင့် ယခင်ကကဲ့သို့ အခြားသော တိုက်ခန်းများ ၊ သို့မဟုတ် တည်းခိုခန်းများတွင် တည်းစရာ မလိုတော့ချေ။

အနာဂတ်တွင် ဝူဖေးယွဲ့ အိမ်ထောင်ကျပြီး ဤတိုက်ခန်းတွင် နေချင်သည်ဆိုလျှင်တောင် ပြဿနာ ရှိမည် မဟုတ်ပေ။

“ ယောင်းမ… ကိုကြီး …”

သူတို့နှစ်ယောက် ပြန်လာသည်ကို မြင်တော့ ကော်နင်ယွဲ့သည် အလျင်စလိုနှင့် ပြေးလာပြီး ကျီချင်းရန်ကို ပွေ့ဖက်သည်။ ပါးကို မနမ်းရုံတမယ်ပင်။

“ မင်းအစ်ကိုက ဒီမှာနော်… မင်း မှားများနေသလား… မင်းအစ်ကို,ကို အရင်ဖက်သင့်တာ မဟုတ်လား…. ”

“ ယောင်းမက ငါ့ဖို့ ခန်းဝင်လက်ဆောင် ဝယ်ပေးတယ်လေ… သူကျတော့ ဘာမှလည်း မပေးဘဲနဲ့ ဘာလို့ ဖက်ရမှာ…”

“ မင့်ယောင်းမရဲ့ ပိုက်ဆံက ငါ့ပိုက်ဆံ မဟုတ်လို့လား…”

“ ဟွန့် … ကိုကြီး နင် အစားကို လျှောက်စားလို့ရတယ်… စကားကိုတော့ လျှောက်မပြောရဘူးတဲ့… ငါ့ယောင်းမက ကုမ္ပဏီ တစ်ခုလည်း ရှိတယ်… နင့် ပိုက်ဆံကို သုံးဖို့ လိုနေမယ်ဆိုရင် ဟာသ ဖြစ်မသွားဘူးလား…”

“ ဟိုဘက်လှည့်ထားစမ်း … ငါ ဆောင့်ကန်ချင်လို့…”

“ ကဲ ကဲ တော်ကြတော့… ငါတို့အမေက ချက်လို့ ပြုတ်လို့ ပြီးနေပြီ… အထဲဝင်ကြစို့…” ဝူဖေးယွဲ့ ပြောလိုက်၏။

သူတို့နှစ်ယောက်အပြင် ဝမ်တုံးတုံးလေးလည်း လင်းရီနှင့် ကျီချင်းရန်တို့နောက် လိုက်ပါလာသည်။

“ အင်း … ကျွန်တော်လည်း ဗိုက်ဆာနေပြီ…”

အုပ်စုမှာ အိမ်ထဲ ဝင်လိုက်ကြ၏။ လမ်းတွင် ကျီချင်းရန်က ဝမ်တုံးတုံး ဤနေရာတွင် နေရတာ မည်သို့ ရှိကြောင်းကို မေးသည်။

သူမလည်း လင်းရီနည်းတူ ၊ အဆိုပါ အဖြစ်အပျက်က တစ်နှစ်ကျော် ကြာညောင်းပြီး ဖြစ်သော်လည်း ယခုတိုင် စိတ်ထဲက မထုတ်နိုင် ဖြစ်နေခဲ့၏။

သူမ ဝမ်တုံးတုံးအား မြင်သည့် အခါတိုင်း အနှီ အမယ်အိုကြီး၏ အသံတွေ၊ ကြင်နာလွှမ်းသည့် အပြုံးတို့က သူမစိတ်ထဲ ယောင်ပြန်လာသည်။ အချိန်အတော်ကြာသည်ထိတိုင်အောင် စိတ်ထဲက မထုတ်နိုင်ဘဲ ဖြစ်နေခဲ့၏။ တိုက်ဆိုင်မှုတို့ ရှိတိုင်း ပြန်ပေါ်လာခဲ့သည်က အကြိမ်ပေါင်း မရေနိုင်အောင်ပင်။

“ အမေ… မင်္ဂလာဆောင်အတွက်က အားလုံး ပြင်ပြီး ဆင်ပြီးပြီလား…” လင်းရီ မေးလိုက်၏။

“ အားလုံး အဆင်သင့်ပဲ … သူတို့ မင်္ဂလာဆောင်ဖို့ကိုပဲ စောင့်နေတာ…” ဝမ်ချွေ့ပင်း ပြောလိုက်ပြီး “ ဒါပေမယ့် ယွဲ့လေးပြောတာတော့ ဟို ‘ဟော်’ ဝတ်စုံလား အဲ့တာ မဝယ်ရသေးဘူးတဲ့… အဲ့တာကို နင်နဲ့ အတူ သွားကြည့်ချင်တယ်တဲ့လေ…”

“ ‘ရှိုးဟော်’ ပါ အမေရဲ့…” ကော်နင်ယွဲ့က ကျီချင်းရန်၏ လက်မောင်းကို ဖက်ထားရင်း ပြောလိုက်ပြီး “ ယောင်းမ … ဧည့်ခံပွဲအခမ်းအနားကျရင် ငါ ရှိုးဟော်ဝတ်စုံ ဝတ်ဖို့ စီစဉ်ထားတယ်… နင် ငါ့ကို လိုက်ကြည့်ပေးရမယ်နော်… အမေ့ရဲ့ အမြင်က စိတ်မချရလို့…”

“ ရတယ်လေ… အဆင်ပြေတဲ့ချိန်ပြော… ငါနင်နဲ့ လိုက်ရွေးပေးမယ်…” ကျီချင်းရန်လည်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

မူလကတည်းက ကျီချင်းရန်သည် အနှီအရာများကို ဆန့်ကျင်နိုင်ခြင်း မရှိခဲ့ချေ။

“ ရှိုးဟော်နဲ့ မင်္ဂလာတတ်စုံကလွဲရင် ကျန်တာအားလုံး အဆင်သင့်ပဲလား…”

“ အားလုံးပြီးပြီ… အဲ့နှစ်ခုလေးပဲ လိုနေတာ…” ကော်နင်ယွဲ့ အပြုံးလေးဖြင့် ပြောလိုက်၏။

“ ငါက ဒီတိုင်း ယောင်းမ အတူတူ လိုက်ရွေးပေးမှာကို စောင့်နေတာလေ…”

“ ချွေးမလေး … အန်တီတို့ နင့်ကို ဒုက္ခပေးရဦးမယ်ကွယ်… သူနဲ့ အတူလိုက်ပြီး ရွေးပေးလိုက်ပါဦးနော်…” ဝမ်ချွေ့ပင်း ပျော်ရွှင်စွာ ပြောလိုက်၏။ “ ဒီလောက်နှစ်တွေ အကြာကြီး ပျိုးထောင်လာခဲ့ပေးတာ နောက်ဆုံးတော့ ကောင်မစုတ်လေးတောင် အိမ်ထောင်တောင် ကျတော့မယ်… ငါ စိတ်ပူစရာ တစ်ယောက်လျော့သွားတာပေါ့လေ…”

“ မင်း သူတို့ကို ပျိုးထောင်လာခဲ့တာ ဘယ်နှစ်နှစ် ရှိလို့…” ကျောက်ချွမ်ဖူ သူ၏ တူအစုံကို ဗြုန်းစားကြီး အောက်သို့ ချလိုက်ပြီး “ မင်း နေ့တိုင်းနေ့ သူတို့ကို အဲ့ဒီ အိမ်ထောင်ပြုဖို့ပဲ နားပူနားဆာလုပ်နေတာ မလား …”

ရုတ်ချည်းဆိုသလို ထကျိန်ဆဲပြီးနောက် ကျောက်ချွမ်ဖူသည် ဒေါသတကြီးနှင့် စားပွဲကနေ ထထွက်သွားခဲ့၏။

ကျီချင်းရန်မှာ ကြက်သေသေသွားခဲ့ရသည်။ ထို့နောက် စားပွဲဝိုင်းရှိ လေထုသည်လည်း တိတ်ဆိတ်သွားခဲ့ရ၏။

“ အန်ကယ်ကျောက်က ဘာဖြစ်နေတာလဲတဲ့…”

“ အဲ့လူကို လွှတ်ထားလိုက်… ဒီ ပုစွန်လေးစားနော်… သိပ်အရသာရှိတာ…” ဝမ်ချွေ့ပင်းက အမှုမထားစွာ ပြောလိုက်သည်။

“ အဖေက အဲ့အတိုင်းပဲ… သူဒီလို ဖြစ်နေတာ သုံးလေးရက်လောက် ရှိပြီ… ဂေဟာက လူကို စိတ်မကြည်တာနဲ့ လိုက်မဲနေတာ…” ဝူဖေးယွဲ့ သူ၏ ခွက်ကို မြှောက်၍ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ငါလည်း သူ့ကို ဒီရက်ပိုင်း ရှောင်နေရတာ.. မဟုတ်ရင် ဓားစာခံဖြစ်သွားလိမ့်မယ်…”

ကော်နင်ယွဲ့က တူပန်းကန်လုံး၏ အောက်ခြေကို တူဖြင့်ထိုးစိုက်လိုက်ရင်း ဝမ်းပန်းတနည်း လေသံဖြင့် “ ဒီက ဝေးဝေးလံလံ အိမ်ထောင်ပြုမှာလည်း မဟုတ်… ရန်ချန်မှာ နေမှာကိုပဲ … ပြီးတော့ ဝယ်ထားတဲ့ အိမ်တောင် ဒီနဲ့ အလှမ်းမဝေးတာကို အဖေ့ကိုတော့ နားကို မလည်နိုင်တော့ဘူး …”

“ ဒါကြောင့်မို့ လွှတ်ထားလိုက်ပါဆိုနေ… အဲ့အဘိုးကြီး နောက်ရက်နည်းနည်းနေရင် ပြန်ကောင်းသွားလိမ့်မယ်…”

လင်းရီလည်း သူ၏ ခွက်ကို မြှောက်၍ ဝူဖေးယွဲ့နှင့် ခွက်ချင်း တိုက်လိုက်သည်။ သူ့နှုတ်ခမ်းကို ကိုက်၍ ဘာမျှတော့ မဆိုချေ။

သူ့အဖေ၏ ခံစားချက်များကို သူ နားလည်ပေး၍ ရသည်။

“ စားကြစို့… သူ ခဏဆို ပြန်ကောင်းသွားလိမ့်မယ်…”လင်းရီ ပြောလိုက်၏။

“ ဟုတ်တယ် ဟုတ်တယ်.. အဲ့ဘိုးကြီးကို လွှတ်ထားလိုက်… သူ့ဘာသူ ဘာဖြစ်ဖြစ် …” ဝမ်ချွေ့ပင်း ပြုံးလိုက်ပြီး “ ငါ နောက်တော့မှ သူ့ကို စကားပြောလိုက်မယ်…”

လင်းရီနှင့် ဝူဖေးယွဲ့တို့ တိတ်တဆိတ် ပြုံးလိုက်ကြသည်။

သူတို့ ကျောက်ချွမ်ဖူ၏ ခံစားချက်များကို နားလည်သော်လည်း အပြည့်အဝကြီး ထပ်တူခံစားပေး၍တော့ မဖြစ်နိုင်ချေ။

နင်ယွဲ့က သူ၏ သွေးသားရင်းချာ မဟုတ်စေဦးတော့ ပန်းလေးတစ်ပွင့်ကို နှစ်ပေါင်းများစွာ ဂရုတစိုက်နှင့် ပျိုးထောင်ပေးခဲ့ရသည့် ဥယျာဉ်မှူး တစ်ယောက်ဖြစ်သည်။ ယခု ထိုပန်းကလေးက တစ်ပါးသူ လက်ထဲ ရောက်သွားတော့မည်လေ။ ကိုယ် ဖူးဖူးမှုတ် ပျိုးထောင်ထားရသည့် ပန်းကလေးကို တပါးသူက လာဆွတ်ခူးသည်ကို ကြည်ဖြူသည် ဆိုစေဦးတော့ နှလုံးသားက လက်မခံလိုစိတ် အနည်းအကျဉ်းတော့ ဖြစ်မိဦးမည်။ ဤပန်းလေးကို သူ ယုယုယယနှင့် နှစ်ပေါင်းများစွာ ဂရုတစိုက်နှင့် ပျိုးထောင်လာခဲ့ရသည် မဟုတ်လား။

စားသောက်ပြီးနောက် ကျီချင်းရန်သည် ကော်နင်ယွဲ့၏ အဝေးသို့‌ ခေါ်သွားခြင်းကို ခံလိုက်ရပြီး အမျိုးသမီးချင်း သီးသန့် စကားပြောကြတော့၏။ လင်းရီကတော့ ဝူဖေးယွဲ့ကို အပြင်သို့ ခေါ်ထုတ်လာကာ အနှိပ်ခံသည့်နေရာသွားရန်အတွက် ပြင်ဆင်နေသည်။

“ လင်းရီ… ဒါ မင်းကားလား…”

လင်းရီ၏ La Voiture Noire ကို မြင်တော့ ဝူဖေးယွဲ့ သွားရည်ယိုမတတ်ပင်။

စူပါကားနှင့် အလှလေးတို့က အမျိုးသားတို့အဖို့ ဖီဆန်ရန် ခဲယဉ်းလှသည့် ဆွဲဆောင်မှုများ ဖြစ်သည်။ သို‌သော် ပစ္စည်းပို့ပေးသည့် ထရပ်ကားက လေယာဉ်ကဲ့သို့ မမြန်လှသဖြင့် လင်းရီ ရောက်လာသည့် အချိန်တုန်းက ဝူဖေးယွဲ့ မမြင်ခဲ့ရခြင်း ဖြစ်လေသည်။

“ ဝယ်ထားတာ ကြာပါပြီ… မင်္ဂလာဆောင်တဲ့နေ့ကျ သုံးမလို့လေ…” လင်းရီ ကားသော့ကို လှမ်းပစ်ပေးလိုက်ပြီး “ သုံးလေးပတ်လောက် မောင်းဦးမလား..”

“ ဒီကားက သာမန်ကားတွေနဲ့ မတူဘူးဟ.. ငါ မမောင်းတော့ဘူး … ငါ့သာ လျှောက်ခေါ်သွားပေးစမ်းပါ…”

“ အစ်ကို သဘောကျရင် ကျွန်တော် ဒီကား လက်ဆောင်ပေးမယ်လေ…”

ဝူဖေးယွဲ့နှင့် ပတ်သက်လာလျှင် လင်းရီ တွန့်တိုခြင်း လုံးဝ မရှိပေ။

“ သောက်ရေး မပါတာ… ငါက ဒီတိုင်း ထရပ်ကား ဒရိုင်ဘာ … ဒီကားကြီး မောင်းတော့ရော ဘာလုပ်ရမှာမို့လို့…”

ဝူဖေးယွဲ့ ပြောလိုက်ပြီး “ သွားစို့ … ငါ့ကိုသာ တင်သွားစမ်းကွာ… ငါ တစ်ခါမှ ဒီလိုကားထဲ ဝင်မထိုင်ဖူးဘူး…”

“ အိုကေ … သွားစို့…”

ထို့နောက် လင်းရီသည် ဝူဖေးယွဲ့ကို ကားပတ်စီးရန် ခေါ်လာခဲ့ပြီး သူတို့ အပန်းဖြေနိုင်မည့် ရေချိုးစင်တာ တစ်ခုကို ရှာတွေ့သွားခဲ့သည်။

“ အစ်ကို ခုလက်ရှိ အခြေအနေ ဘယ်လိုလဲ.. အိမ်ထောင်ပြုမယ့် ကိစ္စရော တွေးပြီးပြီလား…” အနှိပ်ခံနေစဉ် လင်းရီ မေးလိုက်၏။

နှစ်ယောက်က အမြဲတမ်း ဆက်သွယ်မပြတ်သော်လည်းပဲ အားလုံးက အလုပ်ကိစ္စချည်းသာ။ ညီကိုချင်း ကိုယ်ရေးကိုယ်တာ ကိစ္စများအား သိပ်မပြောဖြစ်ကြပေ။

“ ငါခုတော့ တစ်ယောက်တွေ့ထားတယ် …” ဝူဖေးယွဲ့ ရှက်ကိုးရှက်ကန်း ပြောလိုက်ပြီး “ ဒါပေမယ့် အသေအချာကြီးတော့ ပြောလို့ မရသေးဘူး… အလျင်လိုစရာမှ မရှိပဲလေ…”

“ ဟင်… အစ်ကိုက တစ်ယောက်ယောက် တွေ့ထားတယ်ပေါ့…”

လင်းရီ၏ စူးစမ်းချင်စိတ်လေး နိုးကြွလာခဲ့ရသည်။ “ ဘယ်ကလဲ … ဟိုက ဘာလုပ်လဲ…”

“ ငါ သစ်ထုတ်တဲ့ စက်ရုံကို လုပ်တဲ့ အချိန်တုန်းက မင်းမှတ်မိလား… သူ့ မိသားစုက အဲ့အနီးနားလေးမှာ ကားရေဆေးဆီလိုက် လုပ်တယ်လေ… သူက ကျောင်းစာတော့ သိပ်မတော်ဘူးကွ… အဲ့တာနဲ့ ဂျူနီယာ အထက်တန်းကျောင်း ရောက်တော့ ကျောင်းထွက်လိုက်တယ်… အဲ့နောက်ပိုင်းကစပြီး အိမ်မှာ သူ့မိသားစုကို ကူလုပ်ပေးနေတာပဲ … ငါလည်း အကြောင်းအမျိုးမျိုးကြောင့်နဲ့ သူနဲ့ ရင်းနှီးသွားတယ် ဆိုပါတော့ကွာ…”

“ အဲ့တာကောင်းတာပေါ့ … မရီးနဲ့ သွားတွေ့ကြစို့…”

“ ချီးကို တွေ့မှာလား… အခု ဘယ်အချိန်ရှိပြီလဲ မင်း မသိဘူးလား..”

“ ညရှစ်နာရီ ရှိသေးတာကို ဘာကြောက်စရာ ရှိတာမှတ်လို့…” လင်းရီ ပြောလိုက်ပြီး “ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်ကားလည်း ရေမဆေးဖြစ်တာ အတော်လေး ကြာပြီ.. တစ်ခါတည်း ရေဆေးရတာပေါ့…”

All Chapters