← Chapters

သူ့ ညီက တော်တော်ချမ်းသာတယ်

Vol. 101 Ch. 1510

သူ့ ညီက တော်တော်ချမ်းသာတယ်

Vol. 101 Ch. 1510

“ ဘာကို ကားရေဆေးမှာ …. အရေးမပါတာတွေ မလုပ်စမ်းနဲ့…”

“ ‌ဟော … ကျွန်တော်က လေးလေးနက်နက် ပြောနေတာကို အစ်ကို ဘာတွေ ရေးကြီးခွင်ကျယ်လုပ်နေတာ…” လင်းရီ ပြောလိုက်ပြီး “ ဒီက ပိုက်ဆံ မပေးမှာလည်း မဟုတ်… ကိုယ့်ပိုက်ဆံနဲ့ ကိုယ်တောင် ကားရေဆေးချင်တိုင်း ဆေးလို့ မရဘူးပေါ့ ဟုတ်လား..”

လင်းရီ ပုံမှန်ဆို ဝူဖေးယွဲ့၏ ကိုယ်ရေးကိုယ်တာ ဘဝအကြောင်း သိပ်မမေးမြန်းချင်ပေ။ မည်သို့ပင်ဆိုစေ သူက သူ၏ အစ်ကိုကြီးဖြစ်ပြီး သူ့တွင် ဝင်စွက်ဖက်ပိုင်ခွင့် မရှိပေ။

သို့သော် သူ၏ ကူကယ်ရာမဲ့နေသည့် မိခင်က နေ့တိုင်းနေ့ ဝီချက်ကနေ သူ့အစ်ကိုအကြောင်း မေးဖို့ ပြောနေလေသည်။

မူလတုန်းက လင်းရီလည်း ဤအလုပ်ကို လက်မခံချင်ခဲ့ပေ။ သို့ပေမယ့် လက်မခံလျှင်ပင် စက်သေနတ်ပစ်ခံရမည်။ သူ့တွင် ရွေးချယ်စရာကား မရှိချေ။

“ မင်း ကားရေဆေးလို့ရတဲ့ နေရာတွေမှ အများကြီး … ဘာလို့ သူ့နေရာမှလဲ…”

“ ကျွန်တော့်ကား ရေဆေးမယ့်နေရာကို ကျွန်တော်ကိုယ်တိုင် ရွေးလို့ မရဘူးလား.. “ လင်းရီ မတ်တပ်ရပ်လိုက်ပြီး “ ကျွန်တော်တော့ သွားပြီး တစ်ချက်ကြည့်ရမှာပဲ… ဒီနေ့ ဘယ်သူမှ လာတားလို့ရမယ် မထင်နဲ့…”

“ သွားလေ... တစ်ယောက်တည်း .. ဘယ်မှာလဲ… မင်း လမ်းသိလို့လား…”

“ ဒါပေမယ့် အစ်ကို ဘယ်မှာ အလုပ်လုပ်လဲတော့ သိတယ်လေ… အနီးနားက ဆိုင်တွေ အကုန်လိုက်ကြည့်ပြီး မတွေ့ဘူးဆိုတာ မယုံဘူး…”

“ ဟေ့ ဟေ့ ဟေ့ … မင်း ဘယ်အချိန်တုန်းကတည်းက ဒီလောက် ချီးထုပ်ဆန်လာရတာလဲ..”

“ ဘာကို ချီးထုပ်ဆန်တာ … ကိုယ့် အနာဂတ် မရီးကို တွေ့လို့ မရဘူးလား…”

လင်းရီ အဝတ်များဝတ်၍ အပြင်သို့ ထွက်သွားခဲ့သည်ကို မြင်တော့ ဝူဖေးယွဲ့လည်း ရွေးချယ်စရာမရှိ။ နောက်က ပြေးလိုက်ရတော့သည်။

ရေချိုးစင်တာကနေ ထွက်လာပြီးနောက် ဝူဖေးယွဲ့က ကားထဲ အရင်ဝင်လိုက်သည်။ လင်းရီသည် အနီးနားရှိ အရက်ရောင်းသည့် ဆိုင်သို့ သွား၍ မောင့်ထိုင် နှစ်ပုလင်းနှင့် ကျုံးဟွာ စီးကရက်များကို နှုတ်ဆက် လက်ဆောင်အဖြစ် ဝယ်လာသည်။

ဝမ်ချွေ့ပင်း ပြောသည့် စကားအရ အိမ်ထောင်ပြုသည်မှာ လူနှစ်ဦးနှင့်သာ သက်ဆိုင်သည့် ကိစ္စတစ်ခု မဟုတ်ချေ။ မိသားစုနှစ်ခုနှင့် သက်ဆိုင်သည့် ကိစ္စ တစ်ခု ဖြစ်၏။ သူတို့၏ အောင်မြင်မှုက တစ်ဖက် မိဘများ၏ နှစ်သက်မှု ရှိခြင်း ၊ မရှိခြင်း အပေါ် မူတည်နေသည်။ အကယ်၍ သူတို့ဘက်ကသာ အပြုအမူကောင်းတို့ မရှိခဲ့ဘူးဆိုပါက တစ်ဖက်လူကရော သူတို့ တန်ဖိုးထားရသည့် သမီးကို ထိုသို့သော အသိုင်းအဝိုင်းထဲ ဝင်စေချင်မည်လော။

ထို့ကြောင့် လင်းရီသည် ယနေ့တွေ့ဆုံမှုကို လေးလေးနက်နက် သဘောထားနေရခြင်းပင်။

“ ဟေ့ကောင် .. ငါအတည်ကြီး ပြောနေတာ … ငါတို့နှစ်ယောက်က ဘာဆိုဘာမှကို မဖြစ်သေးတာ… ငါ့ကိုပြောစမ်း … မင်းဘာတွေ အလျင်လိုနေတာလဲ…” ကားထဲသို့ ဝင်လာပြီးသည့်နောက် ဝူဖေးယွဲ့က ဆီးပြီး ပြောသည်။

“ တကယ်လို့ နင်ယွဲ့ကသာ ဘာမှမဖြစ်သေးဘူး ပြောရင် ကျွန်တော် ယုံပေးလိုက်မယ်… ဒါပေမယ့် အစ်ကိုစကားက ဝိတ်မရှိတော့ ဆောတီးပဲ…” လင်းရီ အပြုံးဖြင့် ပြန်ပြောလိုက်၏။ “ နောက်ပြီးတော့ အစ်ကို သူ့အကြောင်းပြောပြတော့ အစ်ကိုတို့ နှစ်ယောက်က အတော်လေး လိုက်ဖက်ညီတယ်လို့ ခံစားမိလို့…”

ပြောပြီးနောက် လင်းရီသည့် သူ့ဖုန်းပေါ်တွင် တည်နေရာအား ရိုက်ရာ၍ ထိုအတိုင်း မောင်းလာခဲ့လိုက်သည်။

ရှင်းလုံ သစ်စက်ရုံက ရန်ချိန်၏ မြို့အစွန်နားလေးတွင် တည်ရှိသည်။

စက်ရုံတစ်ခုလုံးက စတုရန်း မီတ ၂,၀၀၀ မျှ ကျယ်ဝန်းပြီး ရန်ချိန်တွင် အတော်လေး ကျယ်ဝန်းသည့် ဧရိယာ အကျယ်အဝန်းဟု သတ်မှတ်၍ရသည်။

ညကိုးနာရီကျော်နေပြီး ဖြစ်သော်လည်း စက်ရုံက မီးတို့ ထိန်လင်းနေဆဲဖြစ်ကာ ကုန်ကားကြီးတို့က ဝင်ချည်ထွက်ချည် ပြုနေကြဆဲပင်။ ကုန်တင်ပြီးနောက် နေရာအနှံ့ လိုက်လံ ဖြန့်ဖြူး၏။

ဝူဖေးယွဲ့၏ စီးပွားရေးက ကုန်ပစ္စည်းများ လာယူပြီး ဝယ်သူထံ ပို့ဆောင်ပေးဖို့ပင်။

အထက်လူကြီးများက သူ့ကို အထူးတလှယ် အလုပ်သွင်းပေးထားသဖြင့် စက်ရုံမန်နေဂျာကလည်း သူ့ကိုဆို အထူးအခွင့်အရေးပေးပြီး အလုပ်ကြီး အကိုင်ကြီး တစ်ချို့ပင် ပေးလေ့ရှိသည်။ ဈေးကွက်ပေါက်ဈေးက အခြေအနေ သိပ်မကောင်းလျှင်ပင် သူက တစ်လကို ယွမ် ရှစ်ထောင်ရ၏။ နှစ်ကုန် ဘောနပ်စ် ယွမ် တစ်သိန်းကိုပါ ထည့်တွက်တော့ တော်တော်လေး ကောင်းသည့် အလုပ်ဟု သတ်မှတ်၍ ရသည်။

ကျင်းရှန်း အော်တိုမိုဘိုင်း ကုမ္ပဏီက သစ်စက်ရုံ ဝင်ပေါက်ဝတွင် တည်ရှိပြီး စက်ရုံနှင့် မီတာ ငါးဆယ်မျှ ဝေးကွာသည်။

ကိုးနာရီကျော်ပြီး ဖြစ်သော်လည်း ဆိုင်က ယခုထိ မပိတ်သေးချေ။ သစ်စက် ခြံဝန်းကဲ့သို့ ပုံမှန် နေ့စဉ် ၁၁ နာရီမှ ပိတ်သိမ်းလေ့ ရှိ၏။

ကားရေဆေးသည့် ဆိုင်နှင့် ဘေးချင်းကပ်တွင် စားသောက်ဆိုင်လေး တစ်ဆိုင်ရှိ၏။ ၀င်ပေါက်၀နားရှိ ထမင်းစားပွဲတွင် သားမိသားဖ သုံးယောက် အတူတကွ ထိုင်နေသည်။

ဟင်းပွဲတို့က ပေါ့ပေါ့ပါးပါးပင်။ ဂေါ်ဖီထုပ်ကြော်၊ ငါးဟင်းရည်နှင့် အဓိက ဟင်းလျာကတော့ ဖက်ထုပ်များဖြစ်၏။

သက်လတ်ပိုင်း စုံတွဲ၏ ဘေးတွင် အသက်သုံးဆယ် အရွယ်ဟု ထင်ရသည့် အမျိုးသမီး တစ်ယောက် ထိုင်နေသည်။ သူမက အရပ်မြင့်သည်လည်း မဟုတ်ပဲ ဆံပင်ကလည်း တိုသည်။ သို့သော် အရုပ်ဆိုးခြင်းမျိုး မရှိဘဲ သူမ၏ ပါးက ဖောင်းဖောင်းကစ်ကစ်နှင့် ဖျစ်ညစ်ချင်စရာလေးပင်။ သူမက ပါးစပ်တစ်ခုလုံးအပြည့် အစာသွပ်ပြီး ဖြည်းညင်းစွာ ဝါးနေသည်က ချစ်ခင်သူအဖို့ ချစ်စဖွယ် အချက်လေး တစ်ခုပင်။

ထိုအမျိုးသမီး၏ နာမည်က စွန်းလီလီ ဖြစ်ပြီး ဝူဖေးယွဲ့၏ ချစ်သူ ကောင်မလေးဖြစ်သည်။

“ သမီး … ငါ နင့်ကို အဲ့ဒီ ထရပ်ကားမောင်းတဲ့ ကောင်လေးနဲ့ ခုတလော နီးနီးကပ်ကပ်နေတာ အမေ မြင်နေရတယ်နော်… နင်တို့နှစ်ယောက် ငါ့ကို တစ်ခုခု ဖုံးကွယ်ထားသေးလား…”

ပြောလိုက်သူက စွန်းလီလီ၏ မိခင် ၊ မာရှိုးကျွင်းပင်။ သူမ၏ ဆံပင်တို့က နားထင်နားတွင် ဖွေးနေပြီး အိုမင်းစ ပြုနေပြီ ဖြစ်၏။

ရုတ်တရက်ကြီး မေးမြန်းလာ၍ စွန်းလီလီ ကြက်သေသေသွားခဲ့သည်။

“ သမီးတို့ကြားမှာ ဘာမှ မဖြစ်ထားပါဘူး…”

“ ဟုတ်ရဲ့လား… ငါ မြင်တာတော့ အဲ့ကောင်လေး ခုတလော သူ့ကား ရေ ခဏခဏ လာဆေးနေသလားလို့… အချိန်တိုင်းလည်း နင်တို့နှစ်ယောက်က ရယ်ရယ်မောမောနဲ့ လေပေးတည့်နေကြတော့ တစ်ခါတစ်လေဆို နင်က အိမ်မှာလည်း မရှိဘူးလေ… နင်တို့နှစ်ယောက် တွဲနေကြပြီလားလို့ပါ…”

စွန်းလီလီ မျက်လုံးလှန်ကြည့်မိလိုက်သည်။

“ အမေရော သူ့ကို ဘယ်လိုမြင်လဲ…”

“ မဆိုးပါဘူး… ရိုးစင်းတယ်.. ရိုးသားတယ်… တစ်ချက်ကြည့်လိုက်တာနဲ့ လူရိုးသားလေးဆိုတာ ပြောလို့ရတယ်…”

“ ဒါဆို အမေက မကန့်ကွက်ဘူးပေါ့…”

“ ဘာလို့ ကန့်ကွက်စရာ မရှိရမှာ…” မာရှိုးကျွင်း ပြောလိုက်ပြီး “ နင်က ရှာနေပြီ ဆိုမှတော့ ကိုယ့်ဘာကိုယ် အချိန်ယူပြီး အိမ်ရှိတဲ့ လူတစ်ယောက်လောက်တော့ ရှာပေါ့…”

“ အမေတို့သာ ကိုယ့်ကိုယ်ကို အရင်ကြည့်စမ်းပါ… သမီး အနေအထားကြီးနဲ့ အဲ့လို အိမ်တစ်လုံး ရှိတဲ့လူက သမီးအပေါ် စိတ်ဝင်စားပါ့မလား…” စွန်းလီလီ ပြောလိုက်ပြီး “ ပြီးတော့ သမီးတို့ မိသားစုက ကားရေဆေးတဲ့ လုပ်ငန်းလုပ်တာ… ချမ်းသာတဲ့ မိသားစုက တစ်ယောက်ယောက်နဲ့ လက်ထပ်မယ်ဆိုရင် လိုက်ဖက်ညီမှာ မဟုတ်ဘူး … သမီးပဲ အနှိမ်ခံရမှာပေါ့…”

“ ဒီ အကြောင်းပြချက်ကို အမေလည်း နားလည်တယ်… ဒါပေမယ် နင့်အဖေနဲ့ အမေ့ကိုကြည့်… ငါတို့ဆို ဒီအနေအထားဖြစ်လာအောင် နှစ်ပေါင်းများစွာ ရုန်းကန်လာခဲ့ရတာ… နင်သာ အခြေအနေ ပိုသာတဲ့ တစ်ယောက်ယောက်နဲ့ အတူရှိမယ်ဆို အနာဂတ်မှာ ချွေး မကျရတော့ဘူးပေါ့…” သူမ အမေက ပြန်ပြောသည်။

မာရှိုးကျွင်းက ဥစ္စာမက်သည့် လူတစ်ယောက် မဟုတ်ချေ။ သူမပင် မွဲမွဲတေတေ ရှိလှသည့် သူ့အမျိုးသားနှင့်အတူ ငြိုငြင်ခြင်း မရှိ ၊ အတက်အကျတိုင်းတွင် အတူရုန်းကန်ခဲ့သည်။ သို့ပေမယ့် အချစ်ဆိုသည်က အတ္တဆန်သည့် သဘောပင်။

သူမ သမီး ကောင်းစားရေး၊ အနာဂတ်တွင် ပူပန်ကြောင့်ကြခြင်း မရှိစေရေးတို့အတွက် ကောင်းမွန်သည့် အခြေအနေရှိသည့် လူတစ်ယောက်နှင့် အိမ်ထောင်ကျစေချင်သည်က နားလည်ပေး၍ ရသည်။

“ တကယ်တမ်းကျတော့ သူ့မှာ အရင်က ကြီးပွားချမ်းသာနိုင်မယ့် အခွင့်အရေး ရှိခဲ့ဖူးတယ်.. ဒါပေမယ့် သူက လက်မခံခဲ့တာ… သူ့လက်သူ့ခြေနဲ့သူ ပိုက်ဆံ ရှာချင်တယ်လေ…” စွန်းလီလီ ပြောလိုက်၏။

“ အဲ့တာကိုပဲ သမီးက သဘောကျတာ…”

“ ဟင်.. ဘယ်လို ကြီးပွားနိုင်မယ့် အခွင့်အရေးလဲ…”

“ သူ့မှာ ကျိုးဟိုင်မှာနေတဲ့ ညီလေးတစ်ယောက်ရှိတယ်… သမီး ကြားမိတာတော့ သူက အတော်လေး ချမ်းသာတယ်ဆိုပဲ…”

“ တကယ်လို့ တစ်နေ့ သမီးတို့ အရမ်း အဆင်မပြေ ဖြစ်လာရင် သူ့ညီဆီ သွားပြီး အကူအညီတောင်းလို့ရတယ်…”

“ တကယ်… ဘယ်လောက် ချမ်းသာတာလဲတဲ့…”

“ သူလည်း အသေးစိတ် မပြောတော့ သမီးလည်း အဲ့တာတွေ အာရုံမစိုက်မိလိုက်ဘူး..” စွန်းလီလီ ရေရွတ်ရင်း ပြောဆိုလိုက်ပြီး “ ကြားမိတာတော့ သူက အတော်လေး ချမ်းသာတယ်တဲ့… ကျိုးဟိုင်မှာ ဗီလာနဲ့ နေပြီး စူပါကားတွေ မောင်းတာ … သမီးတို့လို သာမန်လူတွေ သွားယှဉ်နိုင်တဲ့ အရာတွေ မဟုတ်ဘူး…”

“ အောင်မယ်လေး … ဗီလာနဲ့နေတယ်ဆိုကတည်းကရင် အထင်ကြီးဖို့ ကောင်းနေပါပြီဟယ်…”

“ သူ့ညီအကြောင်း ပြောရင် သူ့မှာ အမြဲ ဂုဏ်ယူနေတဲ့ မျက်နှာထားနဲ့ … တော်တော်လေး အခြေအနေကောင်းနေလို့ပဲ ဖြစ်ရမယ်…” စွန်းလီလီ ပြောလိုက်ပြီး “ ဒါပေမယ့် သမီးတို့နှစ်ယောက် အတူတူနေပြီဆိုရင်လည်း ကြိုးစားလို့ ရတာပဲလေ… သမီးတို့ရဲ့ နေ့ရက်တွေကလည်း ခက်ခဲမှာ မဟုတ်ပါဘူး … အမေ စိတ်မပူပါနဲ့…”

မာရှိုးကျွင်း ခေါင်းညိမ့်လိုက်သည်။ ဝူဖေးယွဲ့က အနည်းငယ် မျက်နှာမွဲသော်လည်းပဲ သူက ရိုးသားသည့် လူငယ်တစ်ဦးပင်။ အကယ်၍ သူမ သမီးသာ ထိုကောင်လေးနှင့် အတူ နေမည်ဆိုပါက အိမ်တွင်းအကြမ်းဖက်မှုတို့လည်း မရှိတန်ရာ။

“ အစ်မမာ … အမေတစ်ယောက်ဖြစ်တဲ့ နင်က ပိုသတိထားရမယ်… ကိုယ့်သမီးလေးကို သူများ လှည့်စားသွားတာ မခံရစေနဲ့..”

ပြောလိုက်သူက သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ပင်။ သူမက စားသောက်ဆိုင် အဝင်ဝနှင့် မလှမ်းမကမ်းနားတွင် မတ်တပ်ရပ်နေပြီး ပန်းကန်တို့ ဆေးကြောနေသည်။

“ ကျွန်မက ဘယ်လိုလုပ် အလှည့်စား ခံရမှာလဲ…”

“ တွေးကြည့်လေ… တကယ်လို့ အဲ့ဒီ ဝူဖေးယွဲ့ ဆိုတဲ့ ကလေးရဲ့ ညီကသာ တကယ်ကြီး ချမ်းသာနေတယ်ဆို သူရော အဲ့ သစ်ကားတွေ မောင်းဖို့ လိုဦးမလား…”

ထိုအမျိုးသမီး၏ နာမည်က ကျန်းဟုန်ရှား ဖြစ်သည်။ သူမက စားသောက်ဆိုင် ပိုင်ရှင်ပင်။

သူမတွင် သားလေးတစ်ယောက် ရှိပြီး ထိုသားလေးနှင့် စွန်းလီလီကို အောင်သွယ်ပေးချင်ခဲ့သည်။ သို့သော် ဘယ်‌သောအခါမှ အောင်မြင်ခဲ့ခြင်း မရှိခဲ့ချေ။

ထို့ပြင် ထိုအတောအတွင်း စွန်းလီလီကပါ ဝူဖေးယွဲ့နှင့် အင်မတန် နီးကပ်နေသောကြောင့် သူမ ထိုကိစ္စကို အာရုံစိုက်မိကာ ဝူဖေးယွဲ့ အကြောင်း တစ်ခုစ ၊ နှစ်ခုစမျှ သိရှိသွားခဲ့၏။

“ သူ့မှာ သူ့လက်သူ့ခြေနဲ့ ရှိတာကို ဘာကိစ္စ သူများ အကူအညီ လိုမှာလဲ…” စွန်းလီလီ ပြောလိုက်သည်။

“ အဲ့တာ ကိုယ့်ညီပဲလေ… သူက အပြင်လူလည်း မဟုတ်သလို ဆန်းကြယ်တဲ့ သတ္တဝါလည်း မဟုတ်…” ကျန်းဟုန်ရှား ပြောလိုက်ပြီး “ ငါတော့ သူ နင့်ကို လှည့်စားနေတယ်လို့ပဲ မြင်တယ်… နင် အဲ့နွံမှာ မနစ်သွားရအောင် ဂရုစိုက်လှည့် … အိမ်ထောင်ပြုတယ်ဆိုတာ ကိုယ့် တစ်ဘဝလုံးတင်မကဘူး .. နောင်လာမယ့် ကိုယ့်ကလေး ၊ ကိုယ့်မြေးတွေအတွက်ပါ ထည့်စဉ်းစားရတယ်… ကိုယ့်ကို ကောင်းကောင်း ဂရုစိုက်ပေးနိုင်မယ့်လူကို ရှာ… ငါတော့ အဲ့ကလေးက ဖြစ်နိုင်မယ် မထင်ပါဘူး … ဒီလို ရွှန်းရွှန်းဝေတဲ့ လျှာနဲ့ဆိုရင် သူ နင့်ကို အိမ်တွင်း အကြမ်းဖက်တာတွေပါ လုပ်လာနိုင်တယ်… သတိထားလှည့်…”

All Chapters