← Chapters

သူတို့ကို ဈေးလျှော့ပေးလိုက်

Vol. 101 Ch. 1512

သူတို့ကို ဈေးလျှော့ပေးလိုက်

Vol. 101 Ch. 1512

တစ်စုံတစ်ယောက်က သူ့နာမည် ခေါ်သည့် အသံကြားတော့ လင်းရီသည် အသံလာရာဘက်သို့ လှမ်းကြည့်မိလိုက်ပြီး ယူနီဖောင်းနှင့် မိန်းကလေးတစ်ယောက်ကို သူ မြင်တွေ့လိုက်ရ၏။

အမျိုးသမီးက အသက် နှစ်ဆယ်ကျော်မျှသာ ရှိသေးပြီး သူမ၏ ဆံပင်ကို ထုံးထားသည်။ တင်းကြပ်သည့် အနက်ရောင် ရုံးအမျိုးသမီးဝတ်ကို ဝတ်ဆင်ထားပြီး စမတ်ကျကျနှင့် လုပ်ရည်ကိုင်ရည် ရှိပုံပေါ်သည်။

ထိုအမျိုးသမီးကို မြင်တော့ လင်းရီစိတ်ထဲ အနည်းငယ် ရင်းနှီးနေသယောင် ခံစားလိုက်ရသည်။ သူမကို တစ်နေရာရာတွင် ရင်းရင်းနှီးနှီး မြင်ခဲ့ဖူးသည့်ပုံပင်။

ခေတ္တ ကြာအောင် စဉ်းစားကြည့်ပြီးနောက် လင်းရီ အသံထွက်လာခဲ့၏။

“ ရန်လျိုလား …”

“ နင်တို့နှစ်ယောက်က အချင်းချင်း သိကြတယ်လား…” ကျီချင်းရန် မသိစိတ်အလျောက် နှုတ်က လွှတ်ခနဲ မေးလိုက်မိသည်။

“ ငါ အထက်တန်း တက်တုန်းက ငါ့ရဲ့ အတန်းဖော်လေ… သူလည်း ဒီမှာ အလုပ်ဝင်နေမယ်လို့ ထင်မထားဘူး …”

“ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းပေါ့ …” ကျီချင်းရန်သည် လင်းရီကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီး “ နင့် အချစ်ဦးလို့တော့ မပြောနဲ့နော်…”

“ မစွပ်စွဲနဲ့… ကိုယ် အထက်တန်းကျောင်းတုန်းက လိမ္မာရေးခြား ရှိပြီး ဆရာမတွေကလည်း တအား ချစ်ခင်တာ… စာထဲပဲ အာရုံစိုက်ပြီး တခြား ကိစ္စတွေ ခေါင်းထဲကို မရှိတာ… အဲ့လို ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေ ကိုယ့်မှာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ…”

“ နင့် ဦးနှောက်နဲ့ နင်သာ စာကို သေချာကြိုးစားလို့ကတော့ ငါနဲ့တောင် တက္ကသိုလ် တူခဲ့ဦးမယ်… ဟွန့်…” ကျီချင်းရန် ခပ်သာသာ နှာမှုတ်လိုက်ပြီး “ ငါ မှန်းကြည့်မယ်… နင် ကျောင်းတုန်းက မိန်းကလေးတွေနဲ့ပဲ အချိန်ဖြုန်းနေခဲ့တာ မလား … မဟုတ်ရင် ဒီလောက် နှစ်‌တွေ ကြာပြီးတာတောင် အတန်းဖော် မိန်းကလေးက နင့်ကို မြင်မြင်ချင်း မှတ်မိနေမှာ မဟုတ်ဘူး …”

“ မိန်းကလေးတိုင်း ကြွေဆင်းရတဲ့ ရုပ်ရည်ရှိတာ ကိုယ့်အမှားလား …”

“ ဟုတ်တယ်… အဲ့တာ ရှင်ကြီးရဲ့ မဟာအမှား …”

ထိုအချိန်တွင် ရန်လျိုဟူသည့် မိန်းကလေးက လင်းရီအနားသို့ ရောက်လာပြီး “ နင် ဒီလာခဲ့တာ အိမ်လာကြည့်တာလား လင်းရီ …”

လင်းရီသည် သူမ ရင်ဘက်ရှိ နာမည်ပြားကို တစ်ချက်ကြည့်လိုက်သည်။ သူမက ယွင်ရှန်း နိုင်ငံတကာ တိုက်ခန်း အရောင်းပြခန်း၏ အရောင်း တာဝန်ခံတစ်ဦးပင်။

“ အင်း… ငါတို့ အိမ် တစ်လုံးလောက် လာကြည့်တာ…”

ရန်လျိုသည် လင်းရီနှင့် ကျီချင်းရန်ကို အစုံအဆန် အကဲခတ်ကြည့်လိုက်သည်။

မည်သို့မျှ မတတ်နိုင်ဘဲ သူမ ရင်ထဲ၌ ခံစားချက်တို့ဖြင့် ဖုံးလွှမ်းသွားခဲ့ရ၏။ ငယ်စဉ် ကျောင်းတုန်းက သူမ လင်းရီထံ ရည်းစားစာတို့ အခေါက်ခေါက် အခါခါ ပေးခဲ့ဖူးသော်လည်း တစ်ဖက်သူက လျစ်လျူရှုခဲ့စမြဲပင်။

သူမဘက်က မေ့တေ့တေ့ ဖြစ်နေသော်လည်းပဲ လင်းရီကို မြင်သည့် အချိန်၌ အတိတ်က ဖြစ်ရပ်တို့မှာ ခေါင်းထဲ တန်းစီ ထွက်ပေါ်လာတော့သည်။

“ ငါကြားတာ နင် ဘွဲ့ရပြီးတော့ ကျိုးဟိုင်တက်သွားတယ်ဆို .. ဘာလို့ ရန်ချိန်ကို အိမ်ဝယ်ဖို့ ပြန်လာခဲ့တာ … ကျိုးဟိုင်က ဖိအား အရမ်း များလို့လား…”

“ ဒီတိုင်း အိမ်လေး တစ်လုံး လာဝယ်ရုံပါကွာ… ဖိအားတွေနဲ့ မဆိုင်ပါဘူး …”

“ ခစ်ခစ်ခစ်…” ရန်လျို ရယ်မောလိုက်ပြီး တခြား ဘာမျှ ထပ်မပြောတော့ပေ။

ဤကောင်က ကျိုးဟိုင်တွင် ရပ်တည်ရန် မဖြစ်နိုင်သည်မှာ အသိသာကြီးပင်။ မသက်သာသည့် အဆုံး၌ ရန်ချိန်သို့ ပြန်လာပြီး သူ၏ သတင်းတို့ကို ဖုံးကွယ်နေခြင်း ဖြစ်လိမ့်မည်။

“ နင်တို့ ဧရိယာ နံပါတ် ၃ ကို တစ်ချက်သွားကြည့်လို့ရတယ်.. အဲ့ဒီက အိမ်တွေက ကြိုရောင်း အိမ်ယာတွေဆိုတော့ ဈေးကွက်ထဲက တခြား အိမ်ယာတွေထက် စာရင် ပိုပြီး ဈေးပေါတယ်… ဈေးနှုန်းကလည်း တအား သက်သာတာ…”

ကျီချင်းရန်သည် ရန်လျိုအား မနေနိုင်ဘဲ စူးစမ်းကြည့်မိတော့သည်။ သူမ စစချင်းတုန်းက သူမအပေါ် အာရုံထားခြင်း မရှိပါသော်လည်း သူမ၏ လေယူလေသိမ်းတို့အရ လင်းရီအပေါ် ခံစားချက်တစ်ချို့ ရှိနေဟန်ပင်။

“ ရန်လေး … မင်း ဒီ ဖောက်သည်နှစ်ယောက်ကို သိလို့လား…”

ပြောလိုက်သူက အသက်သုံးဆယ်ဟု ထင်ရသည့် သက်လတ်ပိုင်း အမျိုးသား တစ်ဦးပင်။ သူက ကောင်းမွန်စွာ ဝတ်စားထားပြီး မျက်မှန်တပ်ထားကာ စစတွေ့ချင်း အမြင်သဘောထားကတော့ မဆိုးလှချေ။

သူ့နာမည်က ကျိုးဖျင်ဖြစ်ပြီး အသင်း ၁ ၏ အသင်းခေါင်းဆောင်ဖြစသ်ည။

“ သူက ညီမရဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော်သူငယ်ချင်းလေ…”

“ မင်းတို့ချင်း သိတယ်ဆိုမှတော့ မင်းပဲ သူတို့နှစ်ယောက်ကို အဆင်ပြေအောင် လုပ်ပေးလိုက်ပေါ့…” ကျိုးဖျင် ပြောလိုက်ပြီး “ အဲ့ဒါဆို ပြောရဆိုရတာလည်း ပိုကောင်းတယ်..”

“ ဟင့်အင်း … ညီမတော့ မဖြစ်နိုင်မှာစိုးတယ်… ညီမ ကောင်လေးက ခဏနေဆို ဒီရောက်လာတော့မှာ … ညီမမှ အချိန် မရှိဘူး…”

“ မင်း ပျက်ကွက် ယူမလို့ပေါ့…”

“ မဟုတ်တာ မဟုတ်တာ…” ရန်လျို ပြောလိုက်ပြီး “ ညီမ ချစ်သူနဲ့ ညီမက မကြာခင် လက်ထပ်ကြတော့မှာလေ… ညီမတို့လည်း ဒီမှာ အိမ်ဝယ်ကြမှာ … ဒါကြောင့်မို့‌ သေချာလေး လိုက်ကြည့်ဖို့ လိုတယ်… သူတို့ကို လိုက်ပြဖို့ အချိန်ရှိမှာ မဟုတ်ဘူး ..”

ချလပ်…

ထိုအခိုက်အတန့်တွင် အရောင်းပြခန်း တံခါး ပွင့်ဟလာပြီး လူငယ်တစ်ယောက် အပြင်ကနေ ရောက်လာသည်။ သူ့ကြည့်ရသည်မှာ ၂၉၊ ၃၀ မျှတော့ ရှိဟန်တူသည်။ ရည်ရည်မွန်မွန် ဝတ်စားဆင်ယင်ထားပြီး ဆံပင်ကိုလည်း သေချာ စတိုင်သွင်းထားကာ လက်ထဲတွင် BMW ကားသော့ကို ကိုင်ထား၏။

“ အချစ်ရေ… ကျွန်မ ဒီမှာ…”

ဝင်လာသည့် အမျိုးသားကို မြင်တော့ ရန်လျိုသည် ခြေဖျားထောက်၍ လက်ဝှေ့ယမ်းပြလိုက်သည်။ တစ်ဖက်သူလည်း သူမထံ လျှောက်လှမ်းလို့လာသည်။

သို့သော် သူရောက်လာသည့် အချိန်၌ BMW ကားသော့ကို ကိုင်ထားသည့်လူမှာ မနေနိုင်ဘဲ လင်းရီနှင့် ကျီချင်းရန်တို့ နှစ်ယောက်ကို အကဲခတ်ကြည့်မိလိုက်သည်။

အထူးသဖြင့်တော့ ကျီချင်းရန်ကိုပင်။ သူမ၏ ခြေတံများ ၊ အဆိုပါ သွယ်လျသည့် ခြေတံများကို ထွေးပတ်သည့် အပြာရောင်ဂျင်း ၊ ပုံစံကျနစွာဖြင့် ဆွဲဆောင်မှု ရှိလှသည်။ အနက်ရောင် ဂျက်ကတ်အထူက ကျော့ရှင်းမှုကို ပေးပြီး အပြစ်ပြောရက်စရာမရှိသည့် ကိုယ်လုံးကိုယ်ပေါက် ၊ မျက်နှာလေးနှင့် ပုလဲပနံ သင့်နေသည်။

အမှန်တော့ ဖျော်ဖြေရေး နယ်ပယ်၌ပင် သူမနီးနီး လှပသည့် အမျိုးသမီးကို ရှာတွေ့ရန် အင်မတန် ခဲယဉ်းလောက်၏။

“ လင်းရီ … ငါနင့်ကို မိတ်ဆက်ပေးမယ်… ဒါ ငါ့ ချစ်သူ တုန်… သူက နိုင်ငံခြားကနေ ကားတွေ ပြန်သွင်းတဲ့ လုပ်ငန်း လုပ်တာလေ…”

“ အထင်ကြီးစရာပါပဲ…” လင်းရီ သာမန်လျှံကာ ချီးကျူးလိုက်သည်။

ရန်လျိုထံကနေ ကြွားဝါချင်နေသည့် အငွေ့အသက် ရေးရေးကို သူ အနံ့ရနေသည်။

“ လျိုလျို … ကိုယ့်ကိုလည်း မိတ်ဆက်ပေးဦးလေ…” တုနင်က ပြောလိုက်သည်။

“ သူက ကျွန်မရဲ့ အထက်တန်းတုန်းက အတန်းဖော်သူငယ်ချင်း ၊ လင်းရီ … ၊ သူ့ဘေးက သူ့ချစ်သူ ဖြစ်မယ်ထင်တာပဲ…” ရန်လျို ပြောလိုက်ပြီး “ သူက ကျိုးဟိုင်မှာ အလုပ်လုပ်နေတာ ကြာပြီ… ဒီမှာ ပြန်တွေ့ရမယ်လို့ ထင်မထားဘူး…”

“ ကျိုးဟိုင်မှာ အလုပ်လုပ်တာကို ရန်ချိန်လာပြီး အိမ်ဝယ်နေသေးတုန်းလားတဲ့…”

“ အချစ်ကလည်း ကျိုးဟိုင်မှာ အိမ်တစ်လုံးရဖို့ လွယ်တယ်များ ထင်နေလား …” ရန်လျို ပြောလိုက်ပြီး “ ကျိုးဟိုင်က ဖိအား တအားများသာ … သာမန် တိုက်ခန်းလေး တစ်ခန်းဆိုရင်တောင် ယွမ်က သန်းဂဏန်းရှိတယ်.. သာမန်လူတွေ ရှင်သန်နိုင်တဲ့ နေရာ မဟုတ်ဘူး … အဲ့မှာ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူးဆိုရင် ရန်ချိန်လာပြီး အိမ်ဝယ်တာက သာမန်ပဲ မဟုတ်ဘူးလား…”

“ ချစ်ပြောတာ မှန်တယ်… ရန်ချိန်မှာဆို ယွမ် သုံးလေးသန်းနဲ့တင် အိမ်ကောင်းကောင်း တစ်လုံး ရနေပြီ.. ကျိုးဟိုင်ထက် အများကြီး ဈေးပေါတာ အမှန်ပဲ…”

ရန်လျို၏ လေသံက မသိသာသော်လည်းပဲ လင်းရီသည် ရှင်းရှင်းလင်းလင်း အာရုံခံနိုင်ဆဲပင်။

‘ ဘာလား… ငါ သူ့အပေါ် ဘာမှလည်း မလုပ်ထားမိတာကို ဝင်လာတာနဲ့ ငါ့ကို တန်းအထင်သေးနေတော့တာပဲ… ငါ့လောက် ရုပ်မချောတိုင်း လူကို မနာလို ဖြစ်စရာလားကွ ဟမ်…’

“ ကောင်းပြီ… လင်းရီ … ငါတို့လည်း အိမ်ကြည့်ဦးမလို့ … နင်တို့နဲ့ စကားဆက် မပြောတော့ဘူးနော်…”

ပြောပြီးနောက် ရန်လျိုသည် သူမ၏ အသင်းခေါင်းဆောင် ကျိုးဖျင်ကို ကြည့်လိုက်သည်။

“ ခေါင်းဆောင် .. ညီမ သူတို့နှစ်ယောက်ကို ကိုင်တွယ်ဖို့ အချိန်မရှိလို့ တခြား တစ်ယောက် ရှာလိုက်ပါနော်…”

“ အေး အေး … မင်းလုပ်စရာရှိတာ လုပ်လ… ငါလည်း အားနေတာနဲ့ ဒီ ဧည့်သည်နှစ်ယောက်ကို လိုက်ပြပေးလိုက်မယ်…”

“ သူတို့ကို ဧရိယာ နံပါတ် ၃ ဆီ ခေါ်သွားပေးလိုက်နော်.. အဲ့က အိမ်တွေက ပိုပြီး ဈေးသက်သာတယ်.. ပြီးရင် ဒစ်စကောင့်နဲ့ အရစ်ကျ ငွေချေခွင့်လည်း ပေးလိုက်ဦး … မဟုတ်ရင် ဝန်ထုပ် ဝန်ပိုးက တအား ကြီးသွားလိမ့်ဦးမယ်…”

“ ငါ ဘာလုပ်ရမလဲ သိပါတယ်.. မင်း စိတ်ချစမ်းပါ…” ကျိုးဖျင် ပြောလိုက်ပြီး “ ဒါပေမယ့် မင်းတို့လည်း ဧရိယာ နံပါတ် ၃ ကို ကြည့်ကြမှာပဲ မဟုတ်ဘူးလား … မင်းတို့တာ နောက်လာမည့် အိမ်တွေ ဝယ်ဖို့ စီစဉ်ထားရင် တန်ဖိုးက တက်လာမှာနော်…”

“ ညီမတို့က နောက်နှစ်ဆိုရင် လက်ထပ်ကြတော့မှာ … အဲ့လောက် အချိန်အကြာကြီး မစောင့်နိုင်ဘူး … “ ရန်လျို

အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ပြီးတော့ ညီမ ကောင်လေးရဲ့ မိသားစုက အတော်လေးလည်း ငွေကြေးချမ်းသာတယ်… ၂၀၀ စတုရန်း မီတာ ကျယ်တဲ့ အိမ်ကို ဝယ်ဖို့ ပိုက်ဆံ ချေးနေစရာတောင် မလိုဘူး … ဒီတော့ ညီမတို့ ဧရိယာ နံပါတ် ၃ ကို ကြည့်စရာ မလိုဘူးလေ..”

“ ကောင်းပြီ… မင်းတို့ သွားကြ… ငါ ဧည့်သည် နှစ်ယောက်ကို လိုက်ပြပေးလိုက်ဦးမယ်…”

ကျိုးဖျင် သက်ပြင်းချလိုက်သည်။ ဤ ဆံပင် ရှည်ရှည်နှင့် မိန်းကလေးက ရန်လျိုထက် အဆတစ်ရာမက သာ၍ လှသည်။ သို့သော် သူမ ရှာတွေ့ထားသည့်လူကတော့ ကွဲပြားလို့နေသည်။ သူမ၏ အနာဂတ် ဘဝအခြေအနေကို တွေးရင်း ကျိုးဖျင်မှာ မဆီမဆိုင် ရင်လေးမိသွားခဲ့၏။

ရန်လျို ခေါင်းညိမ့်ပြီး လင်းရီကို ကြည့်လိုက်သည်။ “ ငါတို့ အရင်သွားနှင့်မယ်… မပူနဲ့… နင်တို့ ကျိန်းသေပေါက် အနိမ့်ဆုံး ဈေးနဲ့ ရမှာ…”

ကျီချင်းရန် “ …. “

လင်းရီ “ …..”

ဝါး … ဒီ ကောင်မလေးက တစ်ခုခုတော့ တစ်ခုခုပဲ … လူကို အထင်သေးနေတာလား … စေတနာတွေ ကောင်းနေတာလား မသိတော့ဘူး ။

လင်းရီသည် ရန်လျိုကို လျစ်လျူရှု၍ ကျိုးဖျင်ကို ကြည့်လိုက်သည်။

“ ကျုပ်တို့နှစ်ယောက်ကို ဧရိယာ နံပါတ် ၃ ခေါ်သွားပေးပါဦး …”

“ ဟုတ်ကဲ့ပါ ဆာနဲ့ မဒမ်.. ကျေးဇူးပြုပြီး ဒီဘက် ကြွပါခင်ဗျ…”

ကျိုးဖျင်၏ လမ်းညွှန်မှုနောက် လိုက်ပါရင်း လင်းရီနှင့် ကျီချင်းရန်တို့ နှစ်ယောက် ဧရိယာ နံပါတ် ၃ ထံ ဦးတည်လာခဲ့ကြသည်။

“ နင်က ဗီလာဝယ်မလို့ မဟုတ်ဘူးလား… ဘာလို့ အဲ့ဒီ သာမန်တိုက်ခန်းတွေ အချိန်ကုန်ခံ ကြည့်နေမှာလဲ…”

“ အစ်ကိုကြီးက လတ်တလော ကောင်မလေး အသစ် ရနေတာ .. ငါ့စိတ်ထင် သူမက မဆိုးဘူး … ငယ်လည်း မငယ်ကြတော့ဘူးဆိုတော့ အခြေအနေဟန်ရင် အနည်းဆုံး နောင် ၂ နှစ်အတွင်း လက်ထပ်ဖြစ်ကြလောက်မယ်… ငါ သူတို့ကို တိုက်ခန်းတစ်ခု လက်ဆောင် ပေးချင်လို့ …”

“ ဟင် … ဒါဆို နည်းနည်းလေး မသင့်တော်ဘူးလားလို့…” ကျီချင်းရန် ပြောလိုက်ပြီး “ နင်က နင်ယွဲ့ဖို့ကျ ဗီလာ ဝယ်ပေးပြီး ကိုယ့်အစ်ကိုကြီး အတွက်ကျတော့ သာမန်တိုက်ခန်းလေး တစ်ခုပဲ ဝယ်ပေးမယ်ပေါ့ ..”

“ ဗီလာကို မပြောသေးနဲ့ … သာမန်တိုက်ခန်းဆိုရင်တောင် သူက လက်ခံချင်မှ လက်ခံမှာ…” လင်းရီ ပြောလိုက်ပြီး “ မဟုတ်ရင် ခုချိန် အဲ့ဒီ သစ်ကားမောင်းတဲ့ ထရပ် ဒရိုင်ဘာ လုပ်နေဦးမယ် ထင်လား……”

All Chapters