← Chapters

ငါတို့ ဗီလာတွေ ကြည့်ချင်တယ်

Vol. 101 Ch. 1513

ငါတို့ ဗီလာတွေ ကြည့်ချင်တယ်

Vol. 101 Ch. 1513

“ နင် မှန်တယ်… ပုံမှန်ဆို မိသားစုမှာ အကြီးဆုံးတွေက သူတို့ ဂုဏ်သိက္ခာကို ဂရုစိုက်ကြဆုံးပဲ.. နင့်ရဲ့ အငယ်လေးတွေလိုမျိုး နင်ပေးသမျှ စိတ်သန့်သန့်နဲ့ လက်ခံနိုင်မှာ မဟုတ်လောက်ဘူး..”

“ အမှန်ပဲ…” လင်းရီ ပြောလိုက်ပြီး “ ဒါတောင် မင်းနာမည်က ကျီချင်းရန် ဖြစ်နေလို့ တော်တော့တယ်… တကယ်လို့ အီလွန်မတ်သာဆိုလို့ကတော့ နင်ယွဲ့က သူ့ခန်းဝင်လက်ဖွဲ့ကို ဒုံးပျံတောင်းမလား မသိဘူး …”

ကျီချင်းရန် ကျယ်လောင်စွာ အော်ရယ်မိသွားခဲ့သည်။ လင်းရီသည် ကော်နင်ယွဲ့ကို ကောင်းကောင်းနားလည်လွန်းသည်ဟု သူမ ခံစားလိုက်ရ၏။

သူမ ထိုသို့ မလုပ်ဟု မပြောနိုင်ပေ။

“ ဒါဆိုလည်း နင် ဘယ်လောက်ကြီးတဲ့ တိုက်ခန်းမျိုး ဝယ်ပေးချင်လဲ…”

“ အင်း ………..” လင်းရီ တုံ့ဆိုင်းနေပြီး “ မီတာ ၁၀၀ ပတ်လည် ဆိုရင်ကော … သုံးခန်း နှစ်ခန်း ၊ မဟုတ်ရင် သူတို့ ကလေးရှိလာရင် အဆင်ပြေမှာ မဟုတ်ဘူး ..”

“ ၁၀၀ စတုရန်းမီတာက မကျဉ်းလွန်းဘူးလား .. နည်းနည်း ကြီးတာလေး ရွေးရင်ကော…”

“ ရပြီ… သည့်ထက်ကြီးရင် သူ လက်ခံမှာ မဟုတ်ဘူး…” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ငါတို့က ဒီကို တစ်ချက်လာကြည့်ရုံတင် ကြည့်တာ… ကျိန်းသေပေါက်ကြီး ဝယ်မယ် မပြောဘူး … ငါတို့ရဲ့ အဓိက ရည်ရွယ်ချက်က ခန်းဝင်လက်ဖွဲ့အတွက် ဗီလာဝယ်ဖို့ပဲလေ…”

“ အွန်း …”

သို့နှင့် သုံးယောက်သား ဧရိယာ နံပါတ် ၃ ရှိ အရောင်းမော်ဒယ်များ ထားသည့် နေရာသို့ ရောက်လာခဲ့ကြသည်။ နှစ်ယောက်ကြည့်ရသည်မှာ သိပ်ပြီး အားရကျေနပ်မှု ရှိပုံ မပေါ်ပေ။

ဒီဇိုင်းရော တည်နေရာ အရပါ လိုအပ်ချက်များ ရှိနေခဲ့၏။

နှစ်ဦးသားလုံး ရင်ထဲ အသည်းထဲကနေပါ ငြင်းဆန်လိုက်ကြတော့သည်။

“ ထားလိုက်တော့ … ကျုပ် ဒါတွေ မကြည့်ချင်ဘူး …” လင်းရီ ပြောလိုက်၏။

နောက်၌ ရှိနေသည့် ကျိုးဖျင်မှာ ကြက်သေသေသွားခဲ့လေသည်။ “ လူကြီးမင်းတို့နှစ်ယောက်က မကြည့်ချင်ဘူးလား…”

“ အင်း … ကျုပ် နေရာကို သဘောမကျလို့ … ဒီတော့ ဆက်ကြည့်စရာ မလိုတော့ဘူး …”

“ လူကြီးမင်း … အဲ့တာက ဒီလို ရှိပါတယ်.. ဧရိယာ နံပါတ် ၁ , ၂ ပရောဂျက်တွေနဲ့ ယှဉ်ရင် ၃ က ယှဉ်ကြည့်လိုက်ရင် တည်နေရာ အနေအထားက တကယ်လည်း နည်းနည်းလေး ဝေးကွာနေပါတယ်… ဒါပေမယ့် တခြား အိမ်ယာတွေနဲ့ ယှဉ်မယ်ဆိုရင်တော့ ကောင်းနေဆဲပါပဲ…” ကျိုးဖျင် ရှင်းပြလိုက်သည်။ “ ပြီးတော့ ဆောက်လုပ်နေဆဲ ဆိုတော့ ဈေးကလည်း တော်တော်လေးကို ချိုတာပါ … ကျွန်တော် ခုနက တစ်ချက်ကြည့်လိုက်တာ အိမ်အလုံး ၂၀ ပဲ ကျန်တော့တယ်… တကယ်လို့ ဒီ အခွင့်အရေးကို လွဲချော်သွားခဲ့ရင် နောင်ကျ ဒီလို ဈေးတန်တန်နဲ့ အိမ်တစ်လုံးရဖို့ မဖြစ်နိုင်တော့ဘူးနော်…”

“ အဆင်ပြေတယ်… တခြား ဟာတွေ သွားကြည့်ကြတာပေါ့…”

ပြောပြီးနောက် လင်းရီသည် ကျီချင်းရန်ကို ဦးဆောင်၍ အခြား မော်ဒယ်နှစ်ခုဘက်သို့ လိုက်လံ ကြည့်ရှုသည်။

တစ်ချိန်ညတ်းတွင် ရန်လျိုနှင့် သူ့ချစ်သူ တုနင်လည်း ဧရိယာ နံပါတ် ၁ တွင် မော်ဒယ်များအား ကြည့်ရှုနေသည်။

သူမက အရောင်း ဝန်ထမ်း ဖြစ်သဖြင့် လျင်လျင်မြန်မြန်ပဲ သူမတို့ ဘတ်ဂျက်နှင့်ကိုက်သည့် အိမ်ယာများကို ရွေးထုတ်လိုက်သည်။

သို့သော် တုနင်မှာမူ အိမ်ရွေးသည့် လုပ်ငန်းစဉ်ကို စိတ်ပါဟန်မတူ။ သူ၏ စိတ်တစ်ခုလုံးက ကျီချင်းရန်၏ ကျက်သရေရှိလှသည့် ပုံရိပ်တို့ဖြင့်သာ ပြည့်နှက်နေသည်။

“ လျိုလျို .. မင်းရဲ့ အတန်းဖော် သူငယ်ချင်းက ဘာအလုပ် လုပ်တာ…”

တုနင် အနည်းငယ်တော့ ဇဝေဇဝါ ဖြစ်မိသည်။ လင်းရီက သာမန်ထက် ပိုချောသော်လည်း ထိုမျှ ရက်ရက်စက်စက် လှနိုင်လွန်းသည့် ကောင်မလေး တစ်ယောက်ကို ချစ်သူ တော်နိုင်ခဲ့သည်ကို မယုံကြည်နိုင် ဖြစ်နေသည်။

“ သူက မိဘမဲ့… မိဘမဲ့ ဂေဟာမှာ ကြီးပြင်းလာတာ…” ရန်လျို ပြောလိုက်ပြီး “ သူက ကျိုးဟိုင် သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ်မှာ မားကတ်တင်း မေဂျာနဲ့ ဘွဲ့ရတယ်လေ… ကျောင်းပြီးကတည်းက ကျွန်မတို့တွေ မဆက်သွယ်ဖြစ်တာ ကြာပြီ…”

ရန်လျိုသည် တုနင်၏ ကွယ်လျှိုးထားသည့် အတွေးများကို ရိပ်မိခြင်း မရှိဘဲ ဆက်ပြော၏။

“ သူ့ ပညာရေး အဆင့်အတန်းနဲ့ဆိုရင် ကျိုးဟိုင်လို သူ့ထက်ငါ အပြိုင်အဆိုင် ပေါတဲ့ နေရာမျိုးမှာ တိုးပေါက်လို့ မဝင်နိုင်ဘူး … အဲ့မှာ စားဝတ်နေရေး ပြေလည်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာ သေချာတယ်… ဒါကြောင့်မို့ သူ ရန်ချိန်ကို ပြန်ပြေးလာခဲ့တာ နေမှာ… ဒါပေမယ့် ဒီမှာ အိမ်တစ်လုံး လာဝယ်နိုင်တဲ့ အထိ ရောက်နေတာကိုတော့ ကျွန်မလည်း အံ့အားလို့ မဆုံးဘူး သိလား. .. ဘာပဲဆိုဆို ယွင်ရှန်း နိုင်ငံတကာ အရောင်းပြခန်းက အဆင့်မြင့် လူနေအိမ်ယာတွေ ရောင်းချတဲ့ နေရာတစ်ခုပဲလေ… သာမန်လူတွေဆို ဒီမှာ နေနိုင်မှာ မဟုတ်ဘူး ….”

လင်းရီ အကြောင်းတွေးမိတော့ ရန်လျို သက်ပြင်းမချဘဲ မနေနိုင်ချေ။

ကံကောင်းစွာဖြင့် ထိုစဉ်အချိန်တုန်းက လင်းရီသည် သူမ၏ ရည်းစားစာကို လက်ခံခဲ့၍ပင်။ ဤသည်က သူမကို တစ်နည်းနည်းနှင့် အကျိုးအမြတ် ဖြစ်ထွန်းသွားစေခဲ့၏။

လက်ရှိ လူ့အဖွဲ့အစည်းကြီးက လက်တွေ့ဆန်သည့် လူ့အသိုင်းအဝိုင်း ဖြစ်ပြီး လင်းရီ၏ မိဘများ အကူအညီဖြင့် အိမ်တစ်လုံး ဝယ်ယူရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

ထို့နောက် သူမ ချစ်သူကို တစ်ချက်ကြည့်လိုက်သည်။ တုနင်က လင်းရီကဲ့သို့ ခန့်ညားချောမောခြင်း မရှိသော်လည်းပဲ သူ့မိသားစု နောက်ခံက အတော်လေး ကောင်းသည်။

ယွမ်တစ်သန်းကျော် တန်သည့် ကားကို မောင်းနိုင်ရုံမျှ မက ၂၀၀ စတုရန်းမီတာ ကျယ်ဝန်းသည့် အိမ်ကိုလည်း ကြောင့်ကြမဲ့စွာ ဝယ်ယူနိုင်သည်။ ဤအရည်အချင်းတို့က ရုပ်ရည်လှပမှုထက် ပိုပြီး အရေးပါသည်။

“ မိဘမဲ့လား…” တုနင် ပြောလိုက်ပြီး “ သူ့ မိဘတွေ အကူအညီ မပါဘဲနဲ့ ဒီမှာ အိမ်လာဝယ်ရဲနေတယ်ပေါ့…”

“ သူတို့ ဒီတိုင်း လာကြည့်တာပဲ ဖြစ်မှာပါ … ပြီးရင် စိတ်ကူးလေးနဲ့ တိုက်အိမ်ဆောက် . . . . . . အာ … နင်တို့ ဒီနေရာကို ဘာလာလုပ်တာလဲ…”

သူမ စကားမဆုံးနိုင်ခင် လင်းရီနှင့် ကျီချင်းရန်တို့နှစ်ယောက်သည် သူမတို့ ရှိရာဘက်ခြမ်းသို့ လမ်းလျှောက်လာနေသဖြင့် သူမ အံ့အားသင့်သွားခဲ့၏။

ဧရိယာ နံပါတ်တစ်က အကြီးစား အိမ်ယာများ ဖြစ်ကြပြီး အသေးဆုံး ယူနစ်သည်ပင် ၉၈ စတုရန်း မီတာ ကျယ်သည်။ တစ်စတုရန်းမီတာကို ယွမ် ၄၃,၈၀၀ ဖြင့် ရောင်းချနေခြင်းပင်။ သာမန်လူတို့ တတ်နိုင်သည့် အရာတစ်ခု မဟုတ်ချေ။

“ ငါ ဒီကို လာလို့ မရလို့လား…”

“ ငါပြောချင်တာ အဲ့လို မဟုတ်ဘူး … အဓိကက ဒီနေရာက သူကြွယ်တွေပဲ နေတဲ့ နေရာမို့လို့ … ငွေတန်ဖိုးချင်းယှဉ်ရင် ဒီက ဧရိယာ နံပါတ် ၃ နဲ့ ယှဉ်လို့ကို မရတာ … ဒီကို လာကြည့်ကြတဲ့လူတွေဆိုတာ ငွေရေးကြေးရေး ပူပန်စရာ မရှိတော့တဲ့ လူတွေချည်းပဲ…”

“ ဆိုတော့ မင်းသဘောက ငါ့မှာ ပိုက်ဆံ မရှိဘူးပေါ့…”

ရန်လျို ကြက်သေသေသွားခဲ့ပြီး အလျင်အမြန်ပဲ ပြုံးလိုက်မိ၏။

သူမ၏ စကားလုံးတို့က အနည်းငယ် မှားယွင်းနေကြောင်းကို သတိပြုမိလိုက်သည်။

သူမတို့ကြားရှိ အဆင့်အတန်းက ဖြည်းဖြည်းချင်း ဝေးကွာလာနေသော်လည်းပဲ မည်သို့ပင် ဆိုစေ သူမတို့နှစ်ယောက်သည် အတန်းဖော် ဟောင်းများပင်။ အနည်းဆုံးတော့ တစ်ယောက်ကို တစ်ယောက် လေးစားသမှု ရှိသင့်၏။

“ ငါ ပြောချင်တာ အဲ့လို သဘောမျိုး မဟုတ်ဘူး … ငါက ဒီတိုင်း အဲ့ဒီ နံပါတ် ၃ ကပိုပြီး ဈေးသက်သာတယ်လို့ ပြောချင်တာ… နင်တို့ရဲ့ ဘတ်ဂျက်က အကန့်အသတ်နဲ့ဆိုရင် ဟိုနေရာကို သွားကြည့်တာကပဲ ပိုအဆင်ပြေလိမ့်မယ်…” ရန်လျို ပြောလိုက်ပြီး “ အဲ့လိုဆို နင် အိမ်တစ်လုံးကို ဈေးနည်းနည်းနဲ့ ရနိုင်ရုံတင် မကဘူး … ယွင်ရှန်းရဲ့ အိမ်မြေယာ စီမံခန့်ခွဲမှုကိုလည်း အကျိုးခံစားနိုင်ဦးမယ်.. ဒါက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် သတ်တာပဲလေ…”

“ အင်း … ကျေးဇူး အများကြီးတင်တယ်…” လင်းရီသည် ရန်လျိုကို လျစ်လျူရှုထားလိုက်ပြီး ကျီချင်းရန်ကို လက်တွဲ၍ ဆက်လက် ကြည့်ရှုနေလိုက်၏။

“ လူကြီးမင်း … ဒီ ဧရိယာ နံပါတ် ၁ က အကုန်လုံး အလယ်အလတ် အိမ်ယာတွေချည်းပါပဲ… သူတို့ရဲ့ အကျယ်အဝန်းက ၉၈ ကနေ ၃၂၈ စတုန်ရန်း မီတာ အထိ ရှိပါတယ်… လူကြီးမင်း လိုချင်တဲ့ အိမ်ယာကို ကျွန်တော် ပြပေးလို့ ရတယ်…”

“ ၁၅၀ ကနေ ၁၆၀ ကိုမှ သုံးခန်းနှစ်ခန်း ၊ လေဝင်လေထွက်လည်း ကောင်းရမယ်… အဲ့လို အိမ်မျိုး ခင်များတို့ဆီမှာ ရှိလား…”

“ ဒါပေါ့ ဒါပေါ့.. ရှိတာပေါ့…”

ကျိုးဖျင်သည် လက်ကမ်း စာစောင်တစ်ခု ထုတ်ယူလိုက်ပြီး လင်းရီ ပြောသည့် အိမ်ယာကို ရှာတွေ့သွားခဲ့ကာ “ လူကြီးမင်း လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အိမ်တွေက ဒါတွေ ရှိပါတယ်… “

လင်းရီ လှမ်းယူလိုက်ပြီး ကျီချင်းရန်နှင့်အတူ လေ့လာကြည့်လိုက်၏။

သူတို့၏ လေးနက် တည်ကြည်နေသည့် အမူအရာကို မြင်တော့ ရန်လျိုနှင့် တုနင်တို့မှာ အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။

သူတို့ တကယ်ကြီး ဒီနေရာမှာ အိမ်ဝယ်ချင်နေကြတာလား… ။

တတ်ရော တတ်နိုင်လို့လား။

မဖြစ်နိုင်တာ။

ထိုအချိန်တွင်တော့ နှစ်ယောက်လုံးမှာ အခြား အိမ်များကို ကြည့်ရန် အာရုံရှိမနေတော့ဘဲ လင်းရီတို့ နှစ်ယောက်ထံတွင်သာ အာရုံရောက်နေတော့သည်။

ကျိုးဖျင်အဖို့လည်း ထိုနည်းလည်းကောင်းပင်။ ကြုံရာကျပန်း ဧည့်သည်နှစ်ဦးက တကယ်ကြီး အိမ်ဝယ်ရန် ဆန္ဒရှိနေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

“ ဆာနဲ့ မဒမ်.. ဒီယူနစ်တွေကို ဘယ်လို သဘောရလဲ… တကယ်လို့ ကြိုက်တာ မတွေ့ရင် တခြား ယူနစ်တွေ ပြပေးလို့ ရပါသေးတယ်…”

“ မလိုဘူး … ကျုပ်တို့က ဒီတိုင်း ကြည့်နေတာ…”

“ ဪ … ဟုတ်ကဲ့ခင်ဗျ… နားလည်ပါပြီ…”

“ ဟွန့်…. ငါ့စိတ်ခံစားချက်တွေကို လာပြီး ဖြုန်းတီးနေတယ်…” ရန်လျို ပြောလိုက်ပြီး “ ရုပ်တည်ကြီးတွေနဲ့ဆိုတော့ ငါ့မှာ သူတို့ တကယ်ကြီး ဝယ်တော့မလားပေါ့ … သူတို့ကို လွှတ်ထားလိုက် … ချစ်တို့လည်း ချစ်တို့ရဲ့ အနာဂတ်အိမ်ကလေးကို သေချာ ရွေးကြမယ်…”

“ အင်း …”

“ ခင်များတို့ ဗီလာတွေက ဘယ်မှာ ပြထားတာ… ကျုပ် အဲ့တာတွေ ကြည့်ချင်တယ်…”

“ ခင်ဗျာ.. ဗီလာတွေ ဟုတ်လား..”

ကျိုးဖျင်၊ ရန်လျို နှင့် ကျန်သူများအားလုံး ကြက်သေသေသွားခဲ့ကြသည်။

မင်းက တိုက်ခန်းလေးတောင် မတတ်နိုင်တာ ဗီလာကြည့်ချင်နေတယ် ဟုတ်လား … မင်း လူ ရယ်တာ ခံချင်နေတာလား…။

“ လူကြီးမင်းတို့ နှစ်ယောက်က ဗီလာ ကြည့်ချင်နေတာလား မသိဘူး ..” ကျိုးဖျင် မသိစိတ်အလျောက် မေးကြည့်လိုက်မိသည်။

သူ၏ အတွေးတို့သည်လည်း ရန်လျိုကဲ့သို့ပင်။ ဤနှစ်ယောက်ကို လိုက်ပြပေးနေရသည်က သူ၏ အချိန်ကို ဖြုန်းတီးနေသလို ဖြစ်နေသည်။

“ အင်း … ကျုပ် သွားပြီး တစ်ချက်ကြည့်ချင်လို့…”

“ ဗီလာကိုကျတော့ ဒုတိယထပ်မှာ ခင်ကျင်းထားတာပါ.. တကယ်လို့ လူကြီးမင်းတို့နှစ်ယောက် ကြည့်ချင်တယ်ဆို ခေါ်သွားပေးလို့ရပါတယ်..”

“ ဒါဆိုလည်း တက်ကြည့်ကြတာပေါ့…”

လင်းရီသည် ကျိုးဟိုင်တွင် ဒါရိုက်တာရှန်း နေဖို့အတွက် ဗီလာဝယ်စဉ်က ယခုလို ဒုတိယ၌ ခင်းကျင်းထားသည်ကို အမှတ်ရလိုက်သည်။ ထင်မှတ်မထားစွာဖြင့် ရန်ချိန်တွင်လည်း ထိုကဲ့သို့ ဖြစ်နေသည်။

ကျိုးဖျင် ရွေးချယ်စရာ မရှိတော့ချေ။ ဧည့်သည်က တောင်းဆိုလာသဖြင့် သူ ဆန္ဒမရှိလင့်ကစား ကိုယ့်ဘက်က လိုက်ပြပေးရန် တာဝန်ရှိ၏။

ဟင်း … ကံဆိုးလိုက်တဲ့ ငါပါလားနော်…

“ လင်းရီ … ငါတို့က အတန်းဖော်တွေပဲဟာ… နင့်အခြေအနေကို ငါ မသိရင် ခက်မယ်.. နင် ခေါင်းဆောင်ရဲ့ အချိန်တွေ မဖြုန်းနဲ့စမ်း…”

သူမ၏ ခေါင်းဆောင်သည် လင်းရီတို့ကို ဝန်ဆောင်မှုပေးရန် စိတ်မပါတော့မှန်း ရန်လျို ပြောနိုင်သည်။ သို့သော် သူ့တွင် ရွေးချယ်စရာ မရှိပေ။

ထို့ကြောင့် သူမ ခေါင်းဆောင်ဘက်ကနေ ရပ်တည်ပေးလိုက်ခြင်းပင်။

“ နင့်မှာ အချိန်ရှိတယ်ဆိုရင် နင် တခြား အိမ်လေးတွေပဲ လိုက်ကြည့်နေလိုက် … နင် ငါ့ရှေ့မှာ ချမ်းသာချင်ယောင် ဆောင်စရာ မလိုပါဘူး …. “

All Chapters