← Chapters

သားမက်

Vol. 101 Ch. 1514

သားမက်

Vol. 101 Ch. 1514

“ ငါက ဘာကိစ္စ မင်းရှေ့မှာ ချမ်းသာချင်ယောင် ဆောင်ရမှာ… မင်းက ငါ့ချစ်သူထက် ပိုလှနေလို့လား..”

ကျီချင်းရန်သည် ရည်ရွယ်ချက်ရှိရှိ ခေါင်းမော့ ရင်ကော့လိုက်၏။ သူမ အရှုံးပေးလိုက်၍ မဖြစ်ချေ။

ဖူး …

ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း မနေနိုင်ဘဲ အသံထွက် ရယ်မောမိသွားခဲ့ကြသည်။ ရန်လျို ရှက်ရွံ့သည်ဟု ခံစားလာခဲ့ရ၏။ သူမသည် ကျီချင်းရန်နှင့် မည်သို့မျှ မယှဉ်ပြိုင်နိုင်ချေ။

“ လွှတ်ထားလိုက်စမ်းပါ ချစ်ရယ်… ဒီကောင်က ဒီတိုင်း အရှုံးသမား တစ်ယောက်ကိုများ .. ကိုယ့်ကိုယ်ကို သူတို့ အဆင့်ရောက်အောင် နှိမ့်ချနေစရာ မလိုပါဘူး …” တုနင်သည် သူမကို ဖြောင်းဖြနှစ်သိမ့်ပေးလိုက်၏။

“ ကိုပြောတာ မှန်တယ်… ချစ်တို့ အိမ်ပဲ သွားကြည့်ကြစို့ … သူတို့ကို လျစ်လျူရှုထားလိုက်…”

လင်းရီတို့ သုံးယောက် ဒုတိယထပ်သို့ တက်သွားသည်ကို မြင်တော့ ရန်လျိုသည် ဒေါသ အင်မတန် ထွက်နေပြီး မခံချိ မခံသာ ဖြစ်နေတော့သည်။

သူမ ကျောင်းတုန်းက သတိမထားမိခဲ့ချေ။ သို့သော် အနှီ လင်းရီသည် အင်မတန်မှ ‘ဝ’ မရှိ ‘ဝိ’လုပ်ချင်သည့် လူစားမျိုးမှန်း ယခုတင် သိလိုက်ရ၏။

နင် အဲ့လို ဗီလာတွေ ကြည့်နေတာနဲ့ပဲ တခြားသူတွေက နင့်ကို သူဌေးကြီးပါဆိုပြီး အထင်ကြီးလိမ့်မယ် ထင်နေလား။ ဝေးပေါ။

နှစ်ဖက်ကြားရှိ အထိကရုဏ်း အသေးလေး ဖြစ်ပွားပြီးသည့်နောက် ရန်လျိုနှင့် သူမ၏ ချစ်သူ ကောင်လေးတို့ ပထမထပ်တွင် ယူနစ်များကို ဆက်ကြည့်ကြသည်။

“ ဒီတော့ ဗီလာတွေက ဒုတိယထပ်မှာပေါ့…” တုနင် ရေရွတ်လိုက်သည်။

“ ကျွန်မ အရင်က ကို့ကို တစ်ခါ ပြောခဲ့ဖူးတယ်လေ …” ရန်လျို ပြောလိုက်ပြီး “ ဘာလို့ မေးနေတာလဲ…”

“ ကိုယ် ခုနက ဒီဝင်လာတော့ ပါကင်နေရာမှာ ဘာမြင်ခဲ့လဲ မှန်းကြည့်ကြည့်..” တုနင် ဆန်းကြယ်စွာ ပြောလိုက်သည်။

“ ဒိတ်ဒိတ်ကျဲ တစ်ယောက်ကို မြင်ခဲ့လို့လား…”

“ လူမဟုတ်ဘူး … ကား …”

“ ကားက ဘာတွေများ ထူးခြားသွားလို့လဲ…” ရန်လျိုသည် ထူးမခြားနား အမူအရာ ပြုလုပ်လိုက်ပြီး “ ကို့ရဲ့ BMW 7 စီးရီးကတောင် ယွမ်တစ်သန်းကျော် ပေးရတာကို ဒီမှာ ကို့ကားထက် သာတဲ့လူ ဘယ်လိုလုပ် ရှိနိုင်မှာ…”

“ ဆံပင်အရှည်နဲ့ မိန်းမတွေက အမြင်ကျဉ်းတယ်ဆိုတာ တကယ်ပဲကိုး … “ တုနင် ကြိတ်၍ သက်ပြင်းချလိုက်ပြီး “ တကယ်လို့ သာမန်ကားသာဆိုရင် ကိုယ်က ထွေထူးလုပ်ပြီး ပြောနေပါ့မလားကွ… ကိုယ်တို့ မိသားစုက ကားတွေ သွင်းနေတာကို မမေ့လိုက်နဲ့ဦး….”

“ သိတယ်လေ… ဒါကြောင့်မို့လည်း ထူးဆန်းတယ် ထင်နေတာပေါ့… ကိုက ယွမ်သန်းချီ ပေးရတဲ့ ဇိမ်ခံကားကြီးတွေကို မြင်နေကြပဲ မဟုတ်လား…” ရန်လျို ပြောလိုက်ပြီး “ ပြီးတော့ ကိုက ကားတွေကို အရူးအမူး စွဲလမ်းတဲ့လူလည်း မဟုတ်ဘဲနဲ့… ကားမျိုးစုံ မြင်ဖူးရဲ့သားနဲ့ကို ဘာတွေ အထူးအဆန်းလုပ်ပြီး လာပြောနေတာ…”

“ ချစ် အဲ့တစ်ခုတော့ မှားသွားပြီ… ကိုယ်တစ်ခါမှ အဲ့ဒီကားကို မမြင်ခဲ့ဖူးတာ … ဒါ ကို့ဘဝမှာ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပဲ…” တုနင် ပြောလိုက်ပြီး “ ပြီးတော့ ကိုတို့ ကားရောင်းတဲ့ နေရာက ကားတွေ အကုန် စုဝေးလိုက်ရင်တောင် အဲ့ဒီ ကားတန်ဖိုးကို မှီနိုင်ပါ့မလားပဲ ….”

ရန်လျို အနည်းငယ် ကြက်သေသေသွားခဲ့သည်။ “ ချစ်မှတ်မိသလောက်ဆို ကိုတစ်ခါပြောခဲ့ဖူးတာ ကိုတို့ ကားအရောင်းပြခန်းက စုစုပေါင်း ယွမ် သန်း ၇၀ ကျော် တန်ကြေးရှိတယ်ဆို… ကားတစ်စင်းက အဲ့ဒီထက်ပိုပြီး ဈေးကြီးနိုင်မှာလား…”

“ ဒါပေါ့ … Bugatti ရဲ့ La Voiture Noire က ယွမ် သန်း ၁၂၀ ကျော်တယ်လေ… ပြီးတော့ ကမ္ဘာပေါ်မှာ တစ်စင်းတည်းသောကားပဲ…” တုနင် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ပြောလိုက်ပြီး “ ကိုယ်ကြားမိတာ အဲ့ကားကို စက်ရုံက ထုတ်ထုတ်ပြီးချင်း ဆန်းကြယ်တဲ့ တိုင်ကွန်းကြီး တစ်ဦးက ဝယ်ပစ်လိုက်တယ်ဆိုပဲ… ကိုယ်ထင်တာ နိုင်ငံခြား တိုင်ကွန်းထင်နေတာ ဒါပေမယ့် ဟွာရှက တိုင်ကွန်းတစ်ယောက် ဝယ်သွားတာ ဖြစ်နေလိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး … ကိုယ်တို့ လူမျိုးတွေက ထင်မှတ်မထားလောက်အောင်ကို ချမ်းသာနေကြပါလား….”

“ ယွမ် သန်း ၁၂၀ ကျော်တန်တဲ့ ကားတစ်စင်း ……”

ရန်လျို အနည်းငယ် ရှော့ခ်ရသွားခဲ့သည်။ သူမ ယွမ် သန်း ၁၀၀ ကျော်တန်သည့် အိမ်ကို လူတို့ဝယ်ကြသည်အား မြင်ဖူးသော်လည်းပဲ ကားတစ်စင်းကို ယွမ်သန်း ၁၀၀ ကျော် ပေးစီးသည့်လူအား မမြင်ခဲ့ဖူးသေးချေ။

“ ကြည့်ရတာ တကယ့် ထိပ်တန်း တိုင်ကွန်းကြီး တစ်ဦးပဲ နေမှာ… မဟုတ်ရင် ဘယ်သူက ကားတစ်စင်းကို အဲ့လောက်ထိ ဈေးကြီးပေးပြီး ဝယ်နေမှာလဲ…”

“ ဒါကြောင့်မို့ ကိုယ် ကားရှေ့မှာ ဆယ်လ်ဖီ လေးငါးဆယ်ပုံလောက် ရိုက်ခဲ့တယ်လေ.. “ တုနင် ပြောလိုက်သည်။

“ ကိုယ့်အထင် အဲ့ဒီ ဆန်းကြယ်တဲ့ တိုင်ကွန်းကြီးက ဒီကို အိမ်လာဝယ်တာပဲ ဖြစ်ရမယ်… ဒါပေမယ့် သူ့ကို အောက်ထပ်မှာ မတွေ့ဘူးဆိုတော့ ဒုတိယထပ်မှာ ဗီလာတွေ ကြည့်နေတာပဲ ဖြစ်မယ်…”

“ ကျိန်းသေပေါက်ပဲပေါ့… ကားတောင် ဒီလောက်ပေးပြီး မောင်းနိုင်မှတော့ ဘာကိစ္စ တိုက်ခန်းသေးသေးလေး ဝယ်နေဦးမလဲ…” ရန်လျို ပြောလိုက်သည်။

“ ကဲပါ … သူများအကြောင်းတွေ ပြောနေလို့ အကျိုးမရှိဘူး … ကိုယ်တို့ အိမ်လေးကို သေချာရွေးရအောင်…”

“ အွန်း…”

“ လူကြီးမင်းလင်း … ဖြေးဖြေးခင်ဗျ ဖြေးဖြေး … ချော်လဲဦးမယ်..”

သူတို့နှစ်ဦး အိမ်ရွေးလို့ မပြီးဆုံးခင်မှာပဲ ကျိုးဖျင်သည် လင်းရီတို့ စုံတွဲနှင့်အတူ အောက်ထပ်သို့ ပြန်ဆင်းလာသည်ကို မြင်တွေ့လိုက်ရသည်။

တစ်ချိန်တည်းတွင် ယင်းက ရန်လျိုနှင့် တုနင်တို့၏ အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။

“ သူတို့တွေက ဗီလာသွားကြည့်ကြတာ မဟုတ်ဘူးလား… ဘာလို့ ဒီလောက် မြန်မြန်ကြီး ပြန်ဆင်းလာခဲ့ကြတာလဲ…” တုနင် သူ့ကိုယ်သူ ရေရွတ်သလိုနှင့် တစ်ဖက်သူကြားအောင် မေးမြန်းလိုက်သည်။

“ ကျွန်မတို့ ယွင်ရှန်းရဲ့ ဗီလာတွေက ရန်ချိန်မှာ ဈေးကြီးတယ်ဆိုပြီး နာမည်ကျော်တယ်လေ… ကြိုက်တဲ့တစ်ခု လက်ညိုးထိုးလိုက် ယွမ် သန်း ၂၀၀ ကနေ ၃၀၀ ကြားပဲ … အထူးသဖြင့် လွန်ခဲ့တဲ့ ဒုတိနှစ်ဝက်ကတည်းကရင် ဆောက်ပြီးတဲ့ ဗီလာတွေပေါ့… တစ်ချို့ ကပ်ထားတဲ့ ဈေးနှုန်းတွေကို ယွမ် သန်း ၇၈၀ လောက်ကို ရှိတယ်… အဲ့ဒီ ဈေးတစ်ခုတည်းနဲ့တင် လူကို ခြောက်လှန့်ဖို့ လုံလောက်တယ်… “

“ အမှန်ပဲ…”

ထိုအချိန်တွင် သူတို့ သုံးဦးသားလုံး တံခါးဝထံ လျှောက်လှမ်းလာကြပြီး ကျိုးဖျင်မှာတော့ နားရွက်ချိတ်မတက်ကို ပြုံးဖြီးနေသည်။

“ လူကြီးမင်းလင်း … ဒါကျွန်တော့်ရဲ့ နံပါတ်ပါခင်ဗျ…. လူကြီးမင်း နောင်ကျ အိမ်ဝယ်ဖို့ လိုအပ်လာရင် ကျွန်တော့်ဆီ တိုက်ရိုက်ဆက်သွယ်လိုက်နော်… ကျွန်တော် သေချာပေါက် အကောင်းဆုံးနဲ့ ထားပေးမယ်…”

“ ခေါင်းဆောင် … တော်လောက်ပြီ… ညီမတော့ သူတို့တွေ နောင်ကျ ထပ်လာဦးမယ်လို့ မထင်ပါဘူး…” ရန်လျို ပြောလိုက်ပြီး “ ညီမတို့ ယွင်ရှန်း ဗီလာတွေက ဟင်းရွက်ကန်စွန်းမှ မဟုတ်တာ… တော်တန်ရုံလူတွေ တတ်နိုင်တဲ့ အရာမဟုတ်ဘူး …. သူတို့ဆိုရင်တော့ … ဟမ့်..”

“ မင်း ဘာစကားတွေ ပြောနေတာလဲ…”

ကျိုးဖျင်၏ လေသံက ချက်ချင်း မာကြောသွားခဲ့ပြီး ရန်လျိုကို အမိန့်သံဖြင့် ပြောလိုက်၏။ “ မြန်မြန် လူကြီးမင်းလင်းကို ပြန်တောင်းပန်စမ်း…”

“ ညီမက ဘာလို့ သူ့ကို တောင်းပန်ရမှာ…”

“ လူကြီးမင်းလင်းက ငါတို့ရဲ့ ယွမ် သန်း ၇၈၀ တန်တဲ့ နံပါတ် ၁ ဗီလာကြီးကို ခုလေးတင် ဝယ်သွားခဲ့တာ… မင်း တောင်းပန်သင့်တယ်လို့ မထင်ဘူးလား…”

“ နံပါတ် ၁ ဗီလာကို ဝယ်သွားခဲ့တယ် ……….”

ရန်လျို ကြက်သေသေသွားခဲ့ပြီး ရုတ်တရက် ထအော်တော့သည်။

“ ခေါင်းဆောင် … ရှင် ဘာတွေ လျှောက်ပြောနေတာလဲ… သူက ယွင်ရှန်းရဲ့ ဗီလာကင်းကို ဝယ်သွားခဲ့တယ် ဟုတ်လား…”

“ အမှန်ပဲ… ပိုက်ဆံတောင် ချေပြီးသွားပြီ… မင်းက ငါ့စကားကို မယုံတာလား…”

အံ့အားသင့်သွားခြင်း ။

ကြက်သေသေသွားခြင်း။

ရန်လျိုနှင့် တုနင်တို့ နှစ်ယောက်လုံး နေရာ၌ ကျောက်ရုပ်ကြီးများ ဖြစ်သွားခဲ့ကြပြီး လင်းရီ ဗီလာဝယ်သွားသည်ဟူသော အချက်ကို လက်သင့်မခံနိုင်ဘဲ ဖြစ်နေကြတော့သည်။

“ နင် … နင် ရန်ချိန် အိမ်လာဝယ်တာ ကျိုးဟိုင်မှာ စားဝတ်နေရေး မပြေလည်တော့လို့ မဟုတ်ဘူးလား… ဘာလို့ . . . . . . . . “

“ ငါ ကျိုးဟိုင်မှာ စားဝတ်နေရေး မပြေလည်ဘူးလို့ ဘယ်သူက ပြောတုန်း …” လင်းရီ မေးလိုက်သည်။ “ ငါဒီလာခဲ့တယ်ဆိုတာ ငါ့ညီမ မင်္ဂလာဆောင်တော့မှာမို့လို့ မင်္ဂလာလက်ဖွဲ့ လာဝယ်ပေးတာ … အဲ့တာ ငါ စားဝတ်နေရေး မပြေလည်တာနဲ့ ဘာဆိုင်လို့…”

ထိုစကားလုံးများ ပြောပြောပြီးချင်း လူတိုင်း ရှော့ခ်အကြီးအကျယ် ရကုန်ကြသည်။

သူက ယွမ် သန်း ၇၈၀ တန် ဗီလာကြီးကို သူ့ညီမ မင်္ဂလာ လက်ဖွဲ့အတွက် ဝယ်လိုက်တယ် ဟုတ်လား။

ချမ်းသာတဲ့လူတိုင်း မင်္ဂလာဆောင်ရင် ဒီလိုပဲ ရကြသလား။

သေစမ်း။ ငါ့ရဲ့ လူမသိ သူမသိ ချမ်းသာတဲ့ ကိုကိုကရော ဘယ်စီများလဲ။

“ မင်း ဘာတွေ ငေးကြောင်နေတာလဲ…” ကျိုးဖျင် နှာမှုတ်လိုက်ပြီး “ မြန်မြန် လူကြီးမင်းလင်းကို တောင်းပန်စမ်း…”

“ လင်း … လင်းရီ …. ငါတောင်းပန်ပါတယ်နော်… ငါ မသိခဲ့ . . . . . . . . “

“ ငါ ဘယ်လောက် ချမ်းသာလဲဆိုတာ မင်း မသိခဲ့လို့ ဟုတ်တယ်မလား…”

“ ငါ … ငါတောင်းပန်ပါတယ် လင်းရီရယ်….”

လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်ပြီး ကျီချင်းရန်၏ ခါးကို ဖက်ကာ အရောင်းပြခန်း အပြင်ဘက်သို့ ထွက်ခွာသွားခဲ့တော့သည်။

“ မြန်မြန် လူကြီးမင်းလင်းကို လိုက်ပို့ပေးလိုက်…” ကျိုးဖျင်သည် အဆိပ်ပြင်းပြင်းနှင့် ပြောလိုက်ပြီး “ ဘာပဲပြောပြော မင်းတို့က အတန်းဖော် သူငယ်ချင်းတွေ… မင်း ဒီလောက် ဧရာမ အရင်းအမြစ်ကြီးကို မဆုံးရှုံးချင်ဘူးမလား…”

“ ဟုတ် ဟုတ် ဟုတ်… ညီမ နားလည်ပြီ…”

ကျိုးဖျင်၏ ခြေလှမ်းများနောက် လိုက်ပါလာရင်း ရန်လျိုလည်း လင်းရီနှင့် ကျီချင်းရန်တို့ကို အပြင်ဘက်အထိ လိုက်ပို့ပေးသည်။

သို့သော် နောက်တစ်ခဏ၌ ရန်လျိုရော တုနင်ပါ ထပ်မံ၍ ကြက်သေသေသွားခဲ့ကြပြန်သည်။ အကြောင်းမူကား သူတို့တွေ လင်းရီနှင့် ကျီချင်းရန်တို့က ယွမ် သန်း ၁၂၀ ကျော် ပေးရသည့် ဘူဂတီကားကြီးထဲ ဝင်၍ ထွက်ခွာသွားခဲ့သောကြောင့်ပင်။

ရန်လျိုနှင့် တုနင်တို့ အချင်းချင်း ပြန်ကြည့်လိုက်ကြပြီး နဖူးထက်တွင် ချွေးအေးတို့ စို့နေသည်။

မည်သူကမျှ သူတို့တွေ ဆွေးနွေးနေခဲ့ကြသည့် ဆန်းကြယ်သည့် တိုင်ကွန်းကြီးသည် သူတို့ အထင်တသေး ရှုမြင်ခဲ့ကြသည့် အတန်းဖော် သူငယ်ချင်း ဖြစ်နေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

“ ယွမ် သန်း ၇၈၀ တန် ဗီလာဝယ်ပြီး ယွမ်သန်း ၁၂၀ ကျော် ပေးရတဲ့ စူပါကား မောင်းတယ်… မင်းရဲ့ အတန်းဖော် သူငယ်ချင်းက တကယ်ကြီး ဘာအလုပ်လဲ လုပ်တာ.. သူက သောက်ရမ်း ချမ်းသာလွန်းတယ်…”

တုနင်၏ မေးခွန်းကို ရန်လျို ပြန်မဖြေနိုင်ချေ။ ထိုအစား စိတ်ထဲတွင် ကြိတ်၍ ကျိန်ဆဲနေလျက် ရှိတော့သည်။

‘ ငါသာ သိကြည့်ပါလား… သူ့ကို ဟိုး အစောကြီးကတည်းက မြှူဆွယ်ပြီးရောပဲ… နင်နဲ့ ဘာဒင်းမှတောင် ဖြစ်လာမှာ မဟုတ်ဘူး…’

အခြားသူတို့၏ မနာလို အားကျသည့် အကြည့်များအောက်တွင် လင်းရီနှင့် ကျီချင်းရန်တို့ ထွက်ခွာသွားခဲ့ကြသည်။

“ နေ့လည် ဘယ်သွားချင်လဲ…” လင်းရီ မေးလိုက်သည်။

“ ရှော့ပင်းစင်တာ သွားပြီး မေမေဝမ်နဲ့ အန်ကယ်ကျောက်ဖို့ အဝတ်တွေ ဝယ်ကြရအောင်လား…”

“ မင်း ဝယ်ချင်တယ်ဆို အမေ့ဖို့ပဲ ဝယ်လိုက်… အဖေက မင်္ဂလာဆောင် လာမှာ မဟုတ်ဘူး …”

“ အမ်… အဲ့လိုတော့ ဘယ်ရမှာ… သူ မသွားချင်ဘူးဆိုရင်တောင် သွားကို သွားရမှာပဲ…”

“ အဲ့လိုဆို ကိုယ်မင်းကို တစ်ခုမေးမယ်…” လင်းရီ ပြောလိုက်ပြီး “ ကိုယ်တို့ မင်္ဂလာဆောင်ရင် ကိုယ့် အနာဂတ် ခမည်းခမက်လောင်းကြီးရော မင်္ဂလာ‌ဆောင် တက်မှာလား…”

“ ဒါပေါ့ … သူ တက်မှာပေါ့… သူ တအား တက်ချင်မှာ ကျိန်းသေတယ်…”

“ တကယ်… နည်းနည်းလေးတောင် ကန့်ကွက်လိုစိတ် မရှိဘူးပေါ့…”

“ နည်းနည်းလေးကို မရှိတာ…”

“ နင့်မိသားစုက ရန်ချိန်မှာ … ပြီးတော့ ငါ့မိသားစုက ကျိုးဟိုင်မှာလေ… တကယ်လို့ နင်သာ ငါ့ကို လက်ထပ်မယ်ဆို ငါတို့မိသားစုက သားမက် တစ်ယောက်ရမှာနဲ့ အတူတူပဲလေ… ဒါပေါ့ … ငါ့အဖေ ပျော်မှာ သဘာဝပါပဲ…”

All Chapters