← Chapters

တကယ် ပိုက်ဆံ ရှိတဲ့လူတွေ

Vol. 101 Ch. 1515

တကယ် ပိုက်ဆံ ရှိတဲ့လူတွေ

Vol. 101 Ch. 1515

“ ရုတ်တရက်ကြီး ငါက ဆုံးရှုံးတယ်လို့ ဘာလို့ ခံစားနေရတာပါလိမ့်…”

ကျီချင်းရန်သည် ပြုံး၍ လင်းရီ၏ ပါးကို ပွတ်သပ်ပေးလိုက်ပြီး “ နင်က ရှုံးတယ်ထင်ရင် ငါတို့ မိသားစုက နင့်ကို ခန်းဝင်လက်ဆောင်ပေးလို့ ရတာပဲလေ… နင် ကျိုကျုံးဗီလာမှာ မနေချင်ဘူးဆိုရင် နောက်ထပ် အိမ်တစ်လုံးကို နင့်နာမည်နဲ့ ငါဝယ်လိုက်မယ်….. ဘယ်လို သဘောရလဲ….”

“ ကလေးနာမည်ကိုကော မင်းရဲ့ မျိုးရိုးနာမည် ပေးစေချင်သေးလား…”

“ အဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ ငါ့မှာ ထွေထူး တောင်းဆိုစရာ မရှိပါဘူး…” ကျီချင်းရန် ဘဝင်လေဟပ်စွာ ပြန်ပြောလိုက်ပြီး “ ဒါပေမယ့် ငါ့မျိုးရိုးနာမည် ထားလို့လည်း စိတ်မဆိုးဘူးသိလား…”

“ ပိုပိုပြီး ဆိုးလာနေပြီပဲ.. အနားကို တိုးလာစမ်း …. အပြစ်ပေးရမယ်….”

လင်းရီသည် လက်ဆန့်တန်း၍ ကျီချင်းရန်၏ ပါးဖောင်းဖောင်းလေးအား အားရပါးရ ဖျစ်ညစ်ပစ်လိုက်သည်။ ဆန်ကောက်ညှင်းလုံးနှယ် နူးညံ့လှပြီး ကိုင်ရ အင်မတန် ကောင်းလှသည်။

“ ကောင်းပြီ… နင် လျှောက်လုပ်မနေနဲ့တော့… ဂရုစိုက်ပြီးမောင်း …”

“ ဟုတ် ဆရာမ…”

နာရီဝက်ကြာပြီးနောက် လင်းရီသည် ရှော့ပင်းမောလ်တစ်ခုထံ ရောက်ရှိလာခဲ့သည်။

ရန်ချိန်၏ နာမည် အကျော်ကြားဆုံး နေရာတစ်ခုဖြစ်သည်နှင့် လျော်ညီစွာ လူတို့ အဆက်မပြတ် ဝင်ထွက်သွားလာနေသည်။ အလှလေးတို့ကလည်း မရေမတွက်အောင် မြင်နေရပြီး ဇိမ်ခံကားတို့ကလည်း နေရာအနှံ့ပင်။ မှန်သည်။ တဏှာရူး၊ ကျပ်မပြည့်တို့ကလည်း မပါမဖြစ်ပေ။

ထိုအခိုက်အတန့်တွင် ဖာရာရီ 448 တစ်စင်းသည် ကားပါကင် ဝင်ပေါက်ဝတွင် ထိုးရပ်လိုက်ပြီး မီးခိုးရောင် ဆံပင်နှင့် လူငယ်လေးတစ်ဦးက ခေါင်းပြူပြီး အော်ဟစ်လိုက်၏။

“ ရှေ့က လူတွေ မင်းတို့ လမ်းဖယ်ပေးလို့ မရဘူးလား.. စူပါကား အကောင်းစားကြီးကို မင်းတို့ အရင်က မမြင်ဖူးကြဘူးလားကွ… မင်းတို့ကိုယ်မင်းတို့ စောက်ရမ်း စိတ်ရှုပ်ဖို့ကောင်းတယ်ဆိုတာရော သိကြရဲ့လား…”

ကားပိုင်ရှင်၏ ကြိမ်းမောင်းခြင်းကို ခံရပြီးနောက် ဓာတ်ပုံရိုက်ရန် ဝိုင်းရံနေကြသူများ အားလုံး စိတ်ပျက်အားငယ်စွာဖြင့် နောက်ဆုတ်လိုက်ကြရတော့သည်။

“ ဆင်းရဲတဲ့ ကလေကချေ အရှုံးသမားတစ်သိုက်တွေ… သူတို့ကြည့်ရတာ ဒီလို ကားအကောင်းစားမျိုး မြင်ဖူးတဲ့ ပုံလည်း မပေါ်ဘူး…”

“ အဲ….. ဒါကတော့ နင့်ကားက ယွမ်လေးသန်းကျော်တောင် တန်ကြေးရှိတာလေ… ရန်ချိန်မှာ ဒီလို ကားအကောင်းစားက ခပ်ရှားရှားရယ်… ဒီတော့ လူတွေက မနာလိုဖြစ်ကြတာ မဆန်းပါဘူး…” ခရီးသည် ထိုင်ခုံတွင် ထိုင်နေသည့် ဆံပင်အရှည်နှင့် မိန်းကလေးက ပြောလိုက်သည်။

“ ဒါပေမယ့် အဲ့ကောင်တွေကို မြင်ရင် စိတ်ရှုပ်လွန်းလို့.. ငါသာ ဒီနေ့ ထွက်ပြီး မမောင်းရင် ဒီနေ့ ကားပါကင်ထိုးလို့ရမှာတောင် မဟုတ်လောက်ဘူး …. သူတို့သာ ကားဆေးပွန်းအောင် လုပ်လိုက်ရင် ငါ့နှလုံးသားလေးလည်း ဆစ်ခနဲ နေမှာ…”

“ ခစ်ခစ် … ကျေးဇူးနော် ချစ်ရေ….” ဆံပင်အရှည်နှင့် ကောင်မလေးက လူငယ်လေးကို နမ်းလိုက်ပြီး “ ဒါပေမယ့် ငါတော့ လူတွေ အဝိုင်းခံရတဲ့ ခံစးချက်ကို ကြိုက်တယ်… သူတို့ မနာလိုလည်း မနာလိုကြပါစေပေါ့…”

“ အမှန်ပဲ… ငါ ထုတ်စီးပြလို့သာ ဒီကောင်တွေ ဒီလိုကားမျိုး အပြင်မှာ မြင်ဖူးတာ…. ငါ ဖြည်းဖြည်းလေးပဲ မောင်းမယ်… ဘေးကနေ ဝိုင်းရံခံရတဲ့ ခံစားချက်ကို အေးဆေးလေး ခံစားပေါ့….”

“ အမ်ဟမ့်…. ဒါလင်က ကောင်းဆုံးပဲ…”

တီ တီ တီ …..

နှစ်ယောက်သား အခြားသူများ၏ မနာလို အားကျနေသည့် အကြည့်တို့ကို ကျေကျေနပ်နပ်ကြီး ခံယူရင်း အီစီကလီ လုပ်နေကြစဉ် ရုတ်တရက်ဆိုသလို နောက်ကနေ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကားဟွန်းသံ တစ်သံ ထွက်ပေါ်လာသည်။

“ သေစမ်း … ဘယ်မအေဘေးက နောက်ကနေ ဟွန်းတီးနေတာတုန်းကွ … မင်းအဖေက ဖာရာရီ မောင်းနေတာ မင်းမမြင်ဘူးလား….”

မီးခိုးရောင် ဆံပင်နှင့် ကောင်လေးက ခေါင်းထွက်၍ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ အမူအရာမှာ အေးခဲသွားခဲ့၏။

“ အချစ်… နင် ဘာလုပ်နေတာလဲ…”

မီးခိုးရောင် ဆံပင်နှင့် လူငယ်မှာ ဘာမျှ ပြန်မပြောဘဲ ကားထဲသို့ အလျင်အမြန် ခေါင်းကို ပြန်ရုတ်လိုက်သည်။

“ ဘာဖြစ်တာလဲဟင်….”

“ ငါတို့ အနောက်က ကားက Bugatti La Voiture Noire …. သူ့ဈေးက ယွမ် သန်း ၁၂၀ ကျော်တယ်… ငါတို့ အဲ့လိုလူစားမျိုးကို အပြစ်ပြုမိလို့ မရဘူး… ဒီကနေ မြန်မြန် မောင်းသွားကြစို့…”

“ ယွမ်သန်း ၁၂၀ ကျော်တန်တဲ့ ကား ဟုတ်လား….”

ဆံပင်အရှည်နှင့် ကောင်မလေးမှာ အံ့အားသင့်သွားခဲ့၏။ သူမလေး ခေါင်းကို အလျင်အမြန်ထုတ်၍ နောက်လှည့်ကြည့်လိုက်သော် ညှို့ငင်နိုင်စွမ်း အားပြင်းလှသည့် အနက်ရောင် သားရိုင်းကောင်ကြီးမှာ သူမ ထိုင်နေသည့် ဖာရာရီ 448 ထက် အပြတ်သတ် ကြီးစိုးနိုင်နေပါတော့သည်။

ရှေ့က ဖာရာရီ ထွက်သွားသည်ကို မြင်တော့ လင်းရီလည်း ကားပါကင်ထဲ ဝင်လိုက်သည်။

တစ်ချိန်တည်းတွင် ကြီးမားသည့် လူအုပ်ကြီးက ဝိုင်းရံလာကာ ဓာတ်ပုံရိုက်ရန်အတွက် တိုက်ခိုက်ကြတော့၏။

သို့သော် သူတို့ လင်းရီနှင့် ကျီချင်းရန်ကို မြင်တော့ ကောင်လေး တော်တော်များများမှာ သူတို့၏ ကင်မရာကို ကျီချင်းရန်ထံ လှည့်ကုန်ကြသည်။

ဤအလှလေးက စူပါကားထက်ပင် ဆွဲဆောင်မှု ရှိနေပါသေးသည်။

ကျီချင်းရန်မှာ အခြားသူများ ယခုကဲ့သို့ ဓာတ်ပုံရိုက်သည်ကို အသားမကျသဖြင့် လင်းရီ၏ လက်မောင်းကို တွယ်မှီရင်း တီးတိုးပြောလိုက်၏။

“ ဒီကနေ အမြန် သွားကြစို့…”

ကျီချင်းရန်မှာ ရှက်ရွံ့တတ်ကြောင်းကို လင်းရီသိသဖြင့် သူမကို မောလ်ထဲသို့ ခေါ်ဆောင်လာခဲ့လိုက်သည်။

ထိုအခိုက်အတန့်တွင် ကားပါကင်ရှိ မန်နေဂျာမှာ အပြေးအလွှား ရောက်ရှိလာပြီး “ ဆရာ … ကျုပ် တစ်ခု ပြောချင်တာလေး ရှိလို့ပါ..”

“ ဘာများလဲ…”

“ ဆရာ့ ကားကို ဒီမှာ မရပ်လို့ မရဘူးလား…”

“ ဒါက ကားပါကင်မဟုတ်လား… ဘာလို့ ကျုပ်က ဒီမှာ ကားရပ်လို့ မရမှာ….”

“ ကျုပ် သူများတွေဆီကနေ ပြောသံကြားတာ ဆရာ့ ကားက တော်တော်လေး တန်ဖိုးကြီးမယ့်ပုံပဲ… ယွမ်သန်း ၁၀၀ တောင် ကျော်တယ်.. တကယ်လို့ တစ်ယောက်ယောက်ကများ မတော်လို့ ဝင်တိုက်မိရင် ကျုပ်တို့ တာဝန်မခံနိုင်ဘူးနော်….”

“ အာ …. ကျုပ်တို့ဘေးမှာလည်း ဖာရာရီ တစ်စင်း ရပ်ထားတာပဲကို အဲ့တာလည်း စူပါကား မဟုတ်တော့ ဘာတုန်း … တခြား ကားတွေတောင် ရပ်နိုင်သေးရင် ကျုပ်ကားလည်း ရပ်နိုင်ရမှာပေါ့….”

“ ဖာရာရီ 448 က ယွမ်လေးသန်းလောက်လေးပဲလေ ဆရာရယ်… ဆရာ့ကားရဲ့ မီးလုံးလောက်တောင် တန်ကြေး မရှိဘူး … ဆရာ့ကားအတွက် ပရီမီယမ် အာမခံကြေးကို ကျုပ်တို့ ပေးဖို့ တကယ်ကြီး မတတ်နိုင်လို့ပါဗျာ…”

မန်နေဂျာက ကိုးရို့ကားယား ပြောလိုက်ပြီး “ တစ်ခုခု ဖြစ်ရင်လည်း ကျုပ်တို့ မလျော်နိုင်ဘူး… ကျုပ်ထင်တယ်.. ကားအာမခံ ကုမ္ပဏီကြီးဆိုရင်တောင် တာဝန်ယူနိုင်မယ်လို့ မထင်ဘူး..”

“ အဲ့တာဆို ခင်များ ဒီတိုင်း စောင့်ပဲ ကြည့်ထားပေး … တစ်ခုခု ဖြစ်ခဲ့ရင် ဆုံးရှုံးမှုကို ကျုပ်တာဝန်ယူမယ်….” လင်းရီ ပြေလိုက်ပြီး “ သန်းနည်းနည်းလေးပဲမလား.. အဲ့လောက်လည်း ထိတ်လန့်မနေစမ်းပါနဲ့ဗျာ….”

“ ဒါ.. ဒါပေမယ့် … အဲ့ဒီ သန်းနည်းနည်းလေးက . . . . .“

လင်းရီ မည်မျှ တည်ငြိမ်နေသည်ကို မြင်တော့ ဓာတ်ပုံရိုက်နေကြသည့် လူတိုင်း ရှော့ခ်ရကုန်ကြသည်။

“ တကယ့် ပိုက်ဆံ ရှိတဲ့လူဆိုတာ ဒါမျိုးမှ… သူက ယွမ် သန်းရာချီ ပေးရတဲ့ ကားမောင်းနေတာတောင် ပိုက်ဆံမရှိသလို ဟန်ဆောင်နေတယ်… မသိရင် ငွေက တန်ကြေးမရှိတဲ့ အတိုင်းပဲကွာ….”

“ ပိုက်ဆံရှိတာချင်းတူရင်တောင် လူချင်းက ကွာသေးတယ်… ဟို ဖာရာရီကောင်ဆို ကြည့်စမ်း… ယွမ်လေးသန်းကျော် ကားလေးနဲ့ မြောက်ကားကြီး လုပ်နေတာ… တကယ်တမ်းကျတော့ တကယ့် စူပါကားကြီးရဲ့ မီးလုံးဖိုးတောင် မရှိတဲ့ဟာ….”

“ အလွန်ဆုံး သူဌေးလက်သစ်လေးပါကွာ… ချမ်းသာကာစ ဆိုတော့ သူချမ်းသာမှန်း လူတကာသိအောင် အံကြိတ်ပြီး ဖာရာရီ ဝယ်စီးနေတာ နေမှာ … ဒီစူပါကား ပိုင်ရှင်နဲ့ ယှဉ်ဖို့ဆို ဝေလာဝေး ….”

“ မင်း သောက်ရမ်း မှန်တယ် ကိုယ့်လူ …”

အခြားသူများ၏ ဆွေးနွေး ပြောဆိုနေသည့် အသံကို ကြားတော့ ဖာရာရီ ကားပိုင်ရှင်နှင့် သူ့ကား လိုက်စီးနေသည့် ကောင်မလေးမှာ အလွန်အမင်း အရှက်ရသွားခဲ့တော့သည်။ သူတို့၏ ခေါင်းများကို ငုံ့ထားရင်း မောလ်ထဲသို့ ပြေးဝင်သွားခဲ့တော့၏။

ဝမ်ချွေ့ပင်းနှင့် ကျောက်ချွမ်းဖူတို့အတွက် အဝတ်အစား ဝယ်မည်ဖြစ်သောကြောင့် သူတို့တွေ နိုင်ငံတကာ ဘရန်းများ ရောင်းချသည့် ဘက်ခြမ်းသို့ တမင်တကာ မသွားခဲ့ပေ။ ထိုအစား နောက်ဆုံးပေါ် ဆိုင်သေးသေးလေး တစ်ဆိုင်သို့ ရောက်လာခဲ့ကြသည်။

“ မင်း အမြင်က မဆိုးဘူးပဲ… ငါ့အမေရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ဆိုရင် နိုင်ငံတကာ ဘရန်းတွေ ရောင်းတဲ့ဆိုင်ဘက်မှာ သူနဲ့ ကိုက်ညီမယ့်ဆိုဒ်ကို ရှာနိုင်မှာ မဟုတ်ဘူး…”

ကျီချင်းရန် တခစ်ခစ် ရယ်မောလိုက်၏။

“ ငါလည်း အဲ့လို စဉ်းစားနေတာ…”

“ မင်းလည်း တွေးနေတယ်ပေါ့…” လင်းရီ ရှော့ခ်ရသွားခဲ့ပြီး “ ပြန်ရောက်ရင်တော့ အမေ့ကို ပြောပြီ…. ချင်းရန်က အမေ့ကို ဝတယ်ပြောနေတယ်လို့….”

“ နင်ဘာလို့ အဲ့လောက် အကျင့်ပုတ်ရတာလဲ….” ကျီချင်းရန်သည် လင်းရီကို ဆွဲဆိတ်လိုက်ပြီး “ နင် ပြောရဲပြောကြည့် ငါနင့်ကို ထားပြီး ထွက်သွားလိုက်တော့မှာ….”

“ အေးပါ အေးပါ… မပြောဘူး မပြောဘူး… လွှတ်တော့ နာတယ်ဟ….”

နှစ်ယောက်သား နာရီဝက်ကျော်ကြာအောင် ရှော့ပင်းထွက်လိုက်ပြီး ဝမ်ချွေ့ပင်းတွက် အနီရောင် ဂါဝန်ရှည် တစ်ထည်ကို ရွေးချယ်လိုက်ကြသည်။ ချုံဆန်ဝတ်စုံနှင့် အနည်းငယ် ဆင်တူသည်။ ဒီဇိုင်းက ရိုးစင်း ကျော့ရှင်းပြီး အရေးကြီးဆုံးကတော့ အတော်လေးကို ပွဲတော်ဆန်သည့် အရောင် ဖြစ်နေခြင်းပင်။

ထို့နောက် သူတို့တွေ ကျောက်ချွမ်ဖူ အတွက်ဆိုပြီး အပြာဖျော့ဖျော့ အနောက်တိုင်း ဝတ်စုံတစ်ထည်ကို ရွေးချယ်လိုက်ကြသည်။ သို့နှင့် ယနေ့၏ အဓိက မစ်ရှင်သည် ပြီးမြောက်သွားခဲ့သည်။ သို့သော် ထိုမျှနှင့် မပြီးဆုံးသေး။ မင်္ဂလာပွဲတက်မည့် ဒါဇင်နှင့် ချီသည့် ကလေးတို့အတွက်လည်း အဝတ်များ ဝယ်ပေးရန် ကျန်နေသေးသည်။

သို့သော် ၎င်းတို့အတွက် ဝယ်ပေးသည်က ပို၍ ရိုးရှင်းပါသည်။ လင်းရီ နည်းဗျူဟာ တစ်ခုကို ချမှတ်ထားပြီး ဖြစ်သည်။

အငယ်လေးများကို Nike နှင့် Adidas ဆိုင်သို့ သွား၍ အဝတ်အစားနှင့် ဖိနပ်တစ်ချို့ ဝယ်ပေးလိုက်မည်။ ထိုအခါ သူတို့ ပျော်သွားကြမည် ဖြစ်၏။ ကလေးများအား ပျော်အောင်လုပ်ဖို့က သိပ်လွယ်ကူသည်။

ကလေးကြီးများကိုတော့ ကိုယ်က ပိုပြီး စဉ်းစားတတ်ရ၏။ သို့သော် ကျီချင်းရန် ပါနေမှတော့ ၎င်းသည်လည်း ပြဿနာ ရှိလိမ့်မည်လို့ လင်းရီ မထင်ပေ။ သုံးနာရီအတွင်းမှာပဲ လိုအပ်သည်များအားလုံး ဝယ်ခြမ်းပြီးသွားခဲ့ပြီး ဝယ်ယူထားသည်များအား ဂေဟာထံ ပို့ဆောင်ခိုင်းလိုက်သည်။

သူတို့နှစ်ယောက် မိဘမဲ့ ဂေဟာသို့ ပြန်ရောက်သည့် အချိန်သို့ ရောက်တော့ ကောင်းကင်ပင် မဲမှောင်နေပြီ။ ဝမ်ချွေ့ပင်းက ညစာ အသင့် ပြင်ထားရင်း လင်းရီတို့ ပြန်ရောက်လာမည်ကို စောင့်ကြိုနေသည်။

“ အမေ… ဘာလို့ အသားတွေ အဲ့လောက် အများကြီး ဝယ်ထားတာလဲ….”

ဟင်းတွေ သယ်ကူရင်း မီဖိုချောင်ထဲ သွားတော့ လင်းရီ မေးလိုက်သည်။

“ အဲ့ကလေး နင်ယွဲ့က သူငယ်ချင်း တစ်ချို့ကိုပါ ခေါ်ထားတယ်လေ… သူပြောတာ မင်္ဂလာ အိပ်ခန်းကို အလှဆင်ချင်တယ်တဲ့ … ခု အပေါ်ထပ်မှာ သူတို့နဲ့ အလုပ်ရှုပ်နေလေရဲ့..” ဝမ်ချွေ့ပင်း ပြောလိုက်ပြီး “ ဒါပေမယ့် သူတို့တွေကို အလကား လုပ်ခိုင်းလို့တော့ ဘယ်ဖြစ်မှာလဲ ဟုတ်တယ်မလား … သူတို့ ပြီးသွားရင် အမေတို့ ဟော့ပေါ့နဲ့ အသားကင် လုပ်စားကြမယ်.. ကောင်းကောင်းမွန်မွန် ဧည့်ခံပေးမှ ဖြစ်မှာပေါ့..”

စာစဉ် (၁၀၁) ပြီး၏။

All Chapters