ဒဏ္ဍာရီဆန်သောပုဂ္ဂိုလ်
Vol. 95 Ch. 1333
အခန်း (၁၃၃၃) ဒဏ္ဍာရီဆန်သောပုဂ္ဂိုလ်
“ဆရာဘိုးဘိုးလုန်... ဆရာဘိုးဘိုးနဲ့တွေ့ရဖို့အခွင့်အရေးက အမြဲတမ်း လွဲချော်နေခဲ့တာ ၊ ဒီနေ့မှပဲ တွေ့ရတော့မယ် ၊ ဒါပေမဲ့ ကျွန်တော့်ကိုယ်ပွားကနေတစ်ဆင့် တွေ့ဆုံရတဲ့အတွက် မလေးမခန့်လုပ်မိသလိုဖြစ်ရင် ခွင့်လွှတ်ပေးစေချင်ပါတယ်”
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လုန်ရှင်းချွမ်ကိုကြည့်ရင်း ပြောလိုက်သည်။
ရန်ကျောက်ကဲကိုမြင်တော့ လုန်ရှင်းချွမ်မျက်နှာထက်မှ ပေါ့ပါးသည့်အမူအရာ အနည်းငယ် ပျောက်ဆုံးသွားသည်။
သူက ပြုံးလိုက်ရင်း...
“ကိစ္စမရှိပါဘူး ၊ မင်းတို့သားအဖနဲ့ တကယ်တွေ့ဆုံရတဲ့နေ့ရက်ကို ရောက်လာမှာပါ”
သူက ရန်ကျောက်ကဲကို စိတ်ခံစားမှုအပြည့်ဖြင့် ကြည့်လိုက်ရင်း...
“မင်းတို့သားအဖက တကယ် ထူးချွန်တဲ့သူတွေပဲ ၊ ငါ့ရဲ့ဂိုဏ်းတူအစ်ကိုကြီးနဲ့ ညီမလေး’တိချင်းလျန်’ သာ သိရင် သူတို့ သေချာပေါက် ပျော်ရွှင်ကြမှာပါ”
ပြောရင်း သူက သက်ပြင်းချလိုက်ပြီး သူ၏မျက်ဝန်းများတွင် ဝမ်းနည်းမှုတစ်စွန်းတစ် ထင်ဟပ်လာသည်။
ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးတို့ ညီအစ်ကိုနှစ်ယောက်က ဘေးဘက်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေကြသည်။
တိမ်လွှာခွင်းဧကရာဇ်၏မျက်လုံးထဲတွင်လည်း ရှုပ်ထွေးသည့်အမူအရာများ ထင်ဟပ်လာသည်။
တစ်ချိန်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံးကို စိုးမိုးခဲ့သော ဓားနတ်ဘုရား’ရန်ရှင်းထန်’ အပေါ် သူ၏ခံစားချက်များက သဘာဝအတိုင်း ရှုပ်ထွေးနေဆဲပင်။
ဓားဧကရီ’တိချင်းလျန်’ က သူနှင့် အဆက်အနွယ်မတူသော်လည်း သူမအတွက် နက်ရှိုင်းသည့်နှမျောတသမှုကို ခံစားနေရဆဲ ဖြစ်သည်။
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့အရှေ့မှ လုန်ချွမ်ဧကရာဇ်ကို လှမ်းကြည့်လိုက်သည်။
ဤသည်က ပန်းချီကားတစ်ချပ်မဟုတ်ဘဲ သူ ပထမဆုံး တွေ့ဆုံခွင့်ရသည့် လူသားအစစ်အမှန် ဖြစ်သည်။
တစ်နည်းအားဖြင့် ဤပုဂ္ဂိုလ်က ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်သည်။
အထက်ဘုံကမ္ဘာတွင်ရှိသော လူတချို့၏အမြင်တွင်တော့ လုန်ချန်ဧကရာဇ်အပေါ် ဝေဖန်ပြစ်တင်မှုများရှိခဲ့ပြီး သူ၏ဂုဏ်သတင်းသည်လည်း ကောင်းမွန်ချင်မှ ကောင်းမွန်ပေလိမ့်မည်။
ယွိချင်အဆက်အနွယ်မှ ဆင်းသက်သူဖြစ်ပါလျှက် စန့်ချင်အဆက်အနွယ်နောက်သို့ လိုက်ပါခဲ့ပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် နေထိုင်ခဲ့သဖြင့် “လက်ထပ်ပြီး မိန်းမအိမ်လိုက်နေတဲ့သားယောကျ်ား” ဟု လူတချို့က သူ့ကို တိတ်တဆိတ် လှောင်ပြောင်ခဲ့ကြသည်။
ထို့ပြင် ရွှမ်ဟွမ်ဧကရီနှင့် လုန်ချွမ်ဧကရာဇ်တို့တွင် “ယင်က ယန်ကို လွှမ်းမိုးခြင်း” ဆိုသည့် မိန်းမက ယောကျ်ားထက် ပိုပြီး တန်ခိုးစွမ်းအားမြင့်မားသည်ဆိုသော ကောလဟလများလည်း ပျံ့နှံ့ခဲ့သည်။
သို့သော် ရာဇဝင်ထဲမှအဖြစ်မှန်ကို သိရှိသူများကတော့ အထက်ပါ ဝေဖန်ပြစ်တင်မှုများကို နှာခေါင်းရှုံ့ငြင်းဆန်ကြသည်ပင်။
တစ်ချိန်က လုန်ချွမ်ဧကရာဇ်က ရွှမ်ဟွမ်ဧကရီကို ရှုံးနိမ့်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
သို့သော် မေးခွန်းထုတ်စရာရှိသည်မှာ ရွှမ်ဟွမ်ဧကရီကဲ့သို့ အလွန်တရာ ထူးချွန်ထက်မြက်သူဆို၍ လောကတွင် ဘယ်နှစ်ယောက် ရှိနိုင်ပါသနည်း။
နောက်ပိုင်း မျိုးဆက်သစ်လူငယ်အများစုက လုန်ချွမ်ဧကရာဇ်က ရွှမ်ဟွမ်ဧကရီကို ရှုံးနိမ့်ခဲ့သည်ဟုသာ သိရှိကြပြီး ရွှမ်ဟွမ်ဧကရီနှင့်မတိုက်ခိုက်မီ လုန်ချွမ်ဧကရာဇ်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ အခြားသော ဓားသိုင်းကျင့်ကြံသူများအားလုံးကို အနိုင်ယူခဲ့သည်။
ဓားသိုင်းတစ်မျိုးတည်းအသုံးပြုပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ထိပ်တန်းအဆင့် သိုင်းကျင့်ကြံသူ (၉)ယောက်ကို (၉)ကြိမ်တိတိ အရှုံးမရှိ ဆက်တိုက်အနိုင်ရရှိခဲ့ကြောင်း သိရှိသူနည်းပါးလှသည်။
လုန်ချွမ်ဧကရာဇ်ကို ရှုံးနိမ့်ခဲ့ကြသူများတွင် ယခု အနားတွင်ရှိနေသော တိမ်လွှာခွင်းဧကရာဇ်နှင့် ထိုစဉ်အချိန်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ထွက်ခွာသွားခြင်းမရှိသေးသော စုန်းဟွမ်မြင့်မားဧကရာဇ်’ကျန်းပုရွှီး’ တို့လည်းပါဝင်သည်။
ကျင့်ကြံခြင်းအဆင့်တူညီသူများ၏ တိုက်ပွဲများတွင် ခွန်လွန်အထင်ကရကိုးပါးတွင် ပါဝင်သူများသည်ပင် လုန်ချမ်ဧကရာဇ်ကို အနိုင်ရအောင်တိုက်နိုင်သည်ဟု ဝံ့ဝံ့ကြွားကြွားပြောဆိုနိုင်သူ အနည်းငယ်သာ ရှိသည်။
ရန်ကျောက်ကဲက လုန်ရှင်းချွမ် ၊ တိမ်လွှာခွင်းဧကရာဇ် ၊ လုန်ရွှယ်ကျီးနှင့် ကောင်းရွှယ်ပေါ်တို့ကို ဂါရဝပြုနှုတ်ဆက်လိုက်သည်။
ထို့နောက် သူက မေးမြန်းစကားဆိုလိုက်၏။
“ဆရာဘိုးဘိုးလုန်... အခု ကျွန်တော် ဆရာဘွားဘွား ရွှမ်ဟွမ်ဧကရီနဲ့ တွေ့ဆုံခွင့်ရနိုင်မလား”
လုန်ချွမ်ဧကရာဇ်က...
“ချင်းရွှမ်က အခု နွယ်ပင်ဧကရီဆီမှာ ရောက်နေတယ်”
ထိုစကားကြားတော့ အနားတွင်ရှိနေသည့် တိမ်လွှာခွင်းဧကရာဇ်က တိတ်ဆိတ်စွာပင်ရှိနေခဲ့ပြီး ကောင်းရွှယ်ပေါ်ကတော့ အနည်းငယ် မျက်မှောင်ကျုံ့သွားသည်။
လုန်ရွှယ်ကျီးကတော့ စကားကိုလှည့်ပတ်မပြောဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။
“တည်ထောင်သူဆရာဘွားဘွားဘက်က နည်းနည်းပါးပါး ကန့်ကွက်နေတယ် ၊ အဲဒါကြောင့် အမေက သူ့ကို စည်းရုံးနေတာပါ”
“ကျောက်ကဲနဲ့ တာအိုရောင်းရင်း’ဖု’ ... ကျုပ်နောက်ကို လိုက်ခဲ့ပါ”
လုန်ချွမ်ဧကရာဇ်က ကျောက်ဂူတံခါးဝသို့လျှောက်သွားရင်း သူတို့ကို လိုက်လာရန် အချက်ပြလိုက်သည်။
“ချင်းရွှမ်နဲ့ နွယ်ပင်ဧကရီတို့က မင်းတို့ရောက်လာမှာကို ကြိုပြီးသိထားကြတယ် ၊ ဒါကြောင့် မင်းတို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုရောက်လာရင် သူတို့ဆီလာခဲ့ဖို့ မှာထားတယ်”
ရန်ကျောက်ကဲနှင့် ဖုယွင်ချီတို့ နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြပြီး...
“အိမ်ရှင်စီစဉ်တဲ့အတိုင်း ဧည့်သည်က လိုက်နာပါ့မယ်”
သူတို့အုပ်စု ချင်ဖိန်တောင်တန်းကိုဖြတ်ကျော်ပြီး မကြာမီ ပင်မတောင်ထွတ်ရှိ နွယ်ပင်ဧကရီ ‘လီယင်း’ နေထိုင်ရာ တာအိုကျောင်းဆောင်သို့ ရောက်ရှိခဲ့ကြသည်။
တာအိုကျောင်းဆောင်တံခါးကို စောင့်ကြပ်သော လူငယ်တပည့်က ကြိုတင်ညွှန်ကြားချက်ရရှိထားသည်မှာ ထင်ရှားသည်။
သူက ရန်ကျောက်ကဲ ၊ လုန်ရှင်းချွမ်နှင့် အခြားသူများရောက်ရှိလာသည်ကို တွေ့မြင်သည့်အခါ တံခါးကို ချက်ချင်းဖွင့်လိုက်ပြီး သူတို့အား အတွင်းသို့ ဦးဆောင်ခေါ်ငင်သွားခဲ့သည်။
ချင်းဖိန်တောင်တစ်လွှား ဘာနှင့်မှနှိုင်းယှဉ်မရအောင် ထက်ရှလှသည့် ဝိညာဉ်စွမ်းအားအလှများက လွှမ်းခြုံနေပြီး သဏ္ဌန်မဲ့ ဝိညာဉ်စွမ်းအားက မမြင်ရသည့်ဓားသွားပမာ လေထုထဲမှအရာအားလုံးကို အဆက်မပြတ် ခုတ်ပိုင်းပစ်တော့မည့်အလား ထင်မှတ်ရသည်။
ကျောက်ဂူအိမ်တော်အတွင်း ဝင်ရောက်လိုက်သည်နှင့် အမျိုးသမီးနှစ်ယောက် ခေါင်းလှည့်ပြီး ရန်ကျောက်ကဲတို့အုပ်စိုကို လှမ်းကြည့်လိုက်သည်ကို တွေ့ရသည်။
ပင်မထိုင်ခုံတွင် ထိုင်နေသူက အသက်ကြီးပြီဖြစ်သော အမျိုးသမီးတစ်ယောက် ဖြစ်သည်။
သူမက အသက်အရွယ်ကြီးရင့်ပြီဖြစ်သည့်တိုင် ယခင်က ချောမောလှပခဲ့သော လက္ခဏာများကို ထိန်းသိမ်းထားဆဲ ဖြစ်၏။
သူမ၏ ငွေရောင်ဆံပင်များကို သပ်ရပ်စွာ ဖြီးသင်ထားပြီး ဆံပင်တစ်ချောင်းချင်းစီက ငွေရောင်အလင်း မှိန်ပျပျ တောက်ပနေသည်။
ထို ငွေရောင်ဆံပင်အလင်းရောင်တိုင်းတွင် မိုးကြိုးသွားပမာ သို့မဟုတ် ဓားတစ်လက် ဓားအိမ်အတွင်းမှ ထွက်လာသည့်ပမာ တောက်ပမှုကို ခံစားရစေသည်။
အထူးသဖြင့် သူမ၏မျက်ဝန်းများက ထက်ရှနေပြီး သူမ၏အကြည့်တစ်ချက်တည်းဖြင့် အချိန်နေရာကို ပိုင်းခြားနိုင်သည်မှာ ထင်ရှားသည်။
သူမ၏ ဆံပင်တစ်ခုစီ လင်းလက်တိုင်းတွင်၊ မိုးကြိုးပစ်ချသကဲ့သို့ သို့မဟုတ် ဓားတစ်လက်ကို ထုတ်ယူသကဲ့သို့ ခံစားရသည်။ သူမ၏ မျက်လုံးများသည် အထူးသဖြင့် ထက်မြက်ပြီး၊ သူမ၏ ကြည့်ရှုမှုတစ်ခုတည်းဖြင့် ကာလနှင့် နေရာကို ဖြတ်သန်းနိုင်သည်အထိ ထင်ရှားသည်။
“နွယ်ပင်ဧကရီ’လီယင်း’...”
ရန်ကျောက်ကဲ စိတ်ထဲမှတွေးလိုက်သည်။
လီယင်းဆိုသည်က လီကျိထန်၏ နာမည်ပင် ဖြစ်သည်။
ရန်ကျောက်ကဲဘေးတွင်ရှိနေသော ဖုယွင်ချီသည်လည်း စန့်ချင်အဆက်အနွယ်၏ နာမည်ကျော်ကြားသော ဤဧကရီနှင့် စိမ်းသက်ခြင်း မရှိပေ။
သူမက မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက တည်ရှိမှုတစ်ခုဖြစ်ပြီး စန့်ချင်အဆက်အနွယ်မှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်သည်။
သူမ၏ ဒဏ်ရာကြောင့်သာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတည်ထောင်ရာတွင် ပါဝင်ခဲ့ရခြင်းမရှိသော်လည်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် သူမနှင့် ဂုဏ်သတင်းချင်းယှဉ်နိုင်သူ အနည်းငယ်သာလျှင် ရှိသည်။
ရွှမ်ဟွမ်ဧကရီ ကောင်းချင်းရွှမ်က အချို့သော ရှုထောင့်များတွင် သူမထက် သာလွန်သော်လည်း နွယ်ပင်ဧကရီသည် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ နက်ရှိုင်းနတ်ဘုရား(၂)ပါးအနက် တစ်ပါးဖြစ်လေရာ သူမကို မည်သူမျှ လျစ်လျူရှုရန် မဝံ့ရဲပေ။
ယခင်က ရရှိခဲ့သသော ဒဏ်ရာတစ်ခုကြောင့် သူမသည် နက်ရှိုင်းနတ်ဘုရားအဆင့်တါင် နှစ်ပေါင်းထောင်ချီ ကျင့်ကြံခြင်းတစ်ဆို့နေခဲ့ပြီး မူလသမ္မာတရားကပ်ဘေးကို မကျော်လွှားနိုင်ဘဲ အမတချီစွမ်းအား(၅)ခု ပေါင်းစုံသည့်အဆင့်သို့ ရောက်ရှိနိုင်ခြင်း မရှိခဲ့ပေ။
ထို့ပြင် သူမက နှစ်ပေါင်း(၁၀၀၀)တွင် အနှစ်(၈၀၀)လောက်က တံခါးပိတ်ကျင့်ကြံနေခဲ့ရသည်။
သို့သော် သူမက အမတချီစွမ်းအား(၄)မျိုးကို ပေါင်းစည်းနိုင်ပြီး အမတချီစွမ်းအားကို အမတစွမ်းအားရောင်ဝါအဖြစ်သို့ ပြောင်းလဲနိုင်ပြီ ဖြစ်သည်။
သို့ပေသိ ရန်ကျောက်ကဲအမြင်ဖြင့်ပြောရလျှင် ဤ အမျိုးသမီးကြီး၏ အကြီးမားဆုံးသောကျွမ်းကျင်မှုမှာ တပည့်များအပေါ် သင်ပြပေးနိုင်စွမ်း ကောင်းမွန်ခြင်းဖြစ်သည်ဟု ထင်မြင်မိ၏။
သို့မဟုတ် သူမက တပည့်များလက်ခံရာတွင် ဆုံးဖြတ်ချက် ထူးခြားသူလည်း ဖြစ်နိုင်သည်။
အတိတ်တစ်ချိန်က ခွန်လွန်အထင်ကရကိုးပါးတွင် တစ်ပါးဖြစ်သော မြေကမ္ဘာထက်ယံအရှင်သခင် ၊ နောက်ပိုင်းတွင် တိဟွမ်မြေကမ္ဘာဧကရာဇ်အဖြစ် လူသိများသူသည် ဂိုဏ်းဂဏဘက်လိုက်ခြင်းမရှိဘဲ လူငယ်တို့ကို သင်ကြားပြသရာတွင် ကျွမ်းကျင်မှုကြောင့် ကျော်ကြားခဲ့သည်။
မျှတစွာပြောရလျှင် အထက်ဘုံကမ္ဘာတည်ထောင်ပြီးနောက် ထင်ရှားလာသော ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်အများစုသည် ကျန်းရှန်၏ လမ်းညွှန်သင်ပြမှုကို ရရှိခဲ့ကြသည်ချည်းပင် ဖြစ်၏။
ထိုသူများထဲတွင် စောမင်ကျန့်ကဲ့သို့သော ပုဂ္ဂိုလ်များပင်ပါဝင်သည်။
စောမင်ကျန့်က ခွန်လွန်အထင်ကရကိုးပါးတွင် အသက်အငယ်ဆုံးဖြစ်ပြီး ကျန်းရှန်၏ သင်ပြပေးမှုကြောင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့ဖူးသည်။
သို့သော် ကျန်းရှန်၏ ကံဆိုးမှုကြောင့်လား ၊ သူ၏ကိုယ်ပိုင် ချီလင်ကမ်းပါးထက် အထက်ဘုံကမ္ဘာတစ်ခုလုံးကို အာရုံစိုက်ခဲ့သောကြောင့်လား မပြောတတ်ပေ။
သူ၏တပည့်ရင်းများထဲတွင် ကြီးမြတ်သော အောင်မြင်မှုရရှိသူ အတော်လေး အရေအတွက် နည်းပါးသည်။
သူ၏တပည့်များအနက် မြေကမ္ဘာထိပ်တန်းအရှင်သခင်’ဝမ်ကျန်းချန်’ တစ်ယောက်သာလျှင် ထင်ရှားကျော်ကြားခဲ့သည်။
ဝမ်ကျန်းချန် နတ်ဘုရားတံခါးကို မဖွင့်လှစ်နိုင်ခဲ့သည်မှာ သူ၏ဒဏ်ရာဟောင်းများကြောင့်ဖြစ်သည်။ မဟုတ်ပါက သူ့အနေဖြင့် နတ်ဘုရားအဆင့်သို့ ရောက်နှင့်ပြီး ဖြစ်ပေမည်။
ထို့ပြင် နွယ်ပင်ဧကရီ၏တပည့်များနှင့် နှိုင်းယှဉ်ပါက တိဟွမ်မြေကမ္ဘာဧကရာဇ်၏ မျိုးဆက်များက အတော်လေး နည်းပါးပုံရသည်။
တကယ်တော့ နွယ်ပင်ဧကရီ၏တပည့်များနှင့် နှိုင်းယှဉ်ပါက အခြားသူများ၏ အဆက်အနွယ်များသည်လည်း အတော်လေး နည်းပါးသည်ဟု ဆိုနိုင်သည်။
အထက်ဘုံကမ္ဘာရှိ ထင်ရှားသောအဆက်အနွယ်များကို ကြည့်မည်ဆိုလျှင် ရွှေစင်ထက်ယံအရှင်သခင်’ရန်ရှင်းထန်’ က ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ ကို တပည့်အဖြစ် မွေးထုတ်ပေးခဲ့သည်။
ရေစင်ထက်ယံအရှင်သခင်’ချန်ရွှမ်ကျုန်း’ က အုပ်စိုးရှင်(၂)ပါးဖြစ်သော ကျဲ့မင်ခုန်နှင့် ချူးလီလီကို သင်ပြပေးခဲ့သည်။
မုယောက်ကြယ်စင်ထက်ယံအရှင်သခင်’ရှောက်ကျွင်းဟွမ်’ ကတော့ ထုန်းမင်ဧကရာဇ်’ဟူယွဲ့ရှင်း’ ကို သင်ကြားပေးခဲ့သည်။
သို့ပေသိ ဤမျိုးဆက်အားလုံး ပေါင်းလိုက်လျှင်ပင် နွယ်ပင်ဧကရီ၏တပည့်များနှင့် အဆက်အနွယ်များကို နှိုင်းယှဉ်မရနိုင်ပေ။
ယခင်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ တပည့်(၇)ယောက်ထဲမှ (၄)ယောက်ကို နွယ်ပင်ဧကရီကိုယ်တိုင် သင်ပြလမ်းညွှန်ပေးခဲ့သည်။
ရွှမ်ဟွမ်ဧကရီ’ကောင်းချင်းရွှမ်’ ၊ စုန်းဟွမ်မြင့်မားဧကရာဇ်’ကျန်းပုရွှီး’ အပြင် ထိုက်ဟွမ်ဧကရာဇ်သည်လည်း နွယ်ပင်ဧကရီ၏ တပည့်ပင် ဖြစ်၏။
သူက ရွှမ်ဟွမ်ဧကရီပြီးလျှင် တန်ခိုးစွမ်းအား အမြင့်မားဆုံးသူလည်း ဖြစ်သည်။
ကံဆိုးသည်မှာ ထိုက်ဟွမ်ဧကရာဇ်က ပြင်ပတာအိုကျင့်ကြံသူများနှင့်ရင်ဆိုင်ရသော တိုက်ပွဲများတွင် ပါဝင်ခဲ့ပြီး အသက်ငယ်ငယ်ဖြင့် ကျဆုံးခဲ့ရသည်။
အခြားတပည့်တစ်ယောက်မှာလည်း အစစ်အမှန်နတ်ဘုရားအဆင့်အထိ ရောက်ရှိခဲ့ပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ တည်ထောင်ပြီး မကြာမီအချိန်တွင် ကျဆုံးခဲ့ရသည်။
အပြာရောင်ခရီးရှည် အရှင်သခင်(၇)ပါးအပြင် ဓားဧကရီ’တိချင်းလျန်’ သည်လည်း အလားတူပင် ထင်ရှားကျော်ကြားသူ ဖြစ်သည်။
သူမ၏ဓားသိုင်းက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ တပည့်အားလုံးကို ဖိနှိပ်နိုင်ခဲ့ပြီး မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် မွေးဖွားလာသော တန်ခိုးစွမ်းအားရှင်များအားလုံးထဲတွင် သံသယရှိစရာမလို ပြိုင်ဘက်ကင်း ဖြစ်ခဲ့သည်။
တိချင်းလျန်၏နောက်ပိုင်းတွင် နွယ်ပင်ဧကရီက သူ၏နောက်ဆုံးတပည့်ဖြစ်သူ ဟန်ဧကရာဇ်’ခုန်ချင်းရှီ’ ကို သင်ပြပေးခဲသည်။
ခုန်ချင်းရှီက ယွဲ့ကျန့်ပေလက်ချက်ဖြင့် သေဆုံးခဲ့ရပြီး ထိုစဉ်အချိန်က ယွဲ့ကျန့်ပေက နတ်ဘုရားအဆင့်သို့တက်ရောက်ခါစဖြစ်ပြီး ခုန်ချင်းရှီက အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်သည်။
နွယ်ပင်ဧကရီ’လီယင်း’ က တပည့်များထဲတွင် ဧကရာဇ်(၃)ပါး ၊ အုပ်စိုးရှင်(၃)ပါး မွေးထုတ်ပေးခဲ့သည်ဖြစ်ရာ သူ့အတွက် ဂုဏ်ယူရန်လုံလောက်နေပြီ ဖြစ်သည်။
ဤသည်က ကံကောင်း၍ပဲလား ၊ သူ၏ သင်ပြပေးမှု ကျွမ်းကျင်ပိုင်နိုင်သောကြောင့်လား ၊ မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲကတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ တည်ထောင်သူဆရာဘွားဘွားကို ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ခံစားမိသည်။
ကံမကောင်းသ်ညမှာ ဤ ဒဏ္ဍာရီဆန်သောပုဂ္ဂိုလ်က သူ၏အဆက်အနွယ်နှင့် ဘယ်တုန်းကမှ သင့်မြတ်ခြင် မရှိခဲ့ပေ။
ယခု နွယ်ပင်ဧကရီ၏ မျက်နှာထက်တွင် မည်သည့်ခံစားချက်မှ မပြသော်လည်း သူမ၏ မျက်ဝန်းများကတော့ ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေလေသည်။
“မင်းက ရန်ရှင်းထန်ရဲ့အဆက်အနွယ်လား”