← Chapters

ထိုက်စန့်လောင်ကျွင်း သက်ရှိထင်ရှားရှိနေသေးသည်လား

Vol. 95 Ch. 1335

ထိုက်စန့်လောင်ကျွင်း သက်ရှိထင်ရှားရှိနေသေးသည်လား

Vol. 95 Ch. 1335

အခန်း (၁၃၃၅) ထိုက်စန့်လောင်ကျွင်း သက်ရှိထင်ရှားရှိနေသေးသည်လား

ရန်ကျောက်ကဲက ဖြည်းညင်းစွာဖြင့်...

“စန်းချင်း(၃)ပါးအဆက်အနွယ်ရဲ့ ဘိုးဘေးများကို ရိုင်းပျသလိုဖြစ်သွားရင် ခွင့်လွှတ်စေချင်ပါတယ်”

သူက ဆက်ပြောသည်။

“နွယ်ပင်ဧကရီက မဟာကပ်ဘေးကြီးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ် မဟုတ်လား ၊ ကျွန်တော် ဧကရီဆီမှာ မေးမြန်းချင်တဲ့ကိစ္စတစ်ခု ရှိပါတယ်”

နွယ်ပင်ဧကရီ၏မျက်နှာက အေးဆေးတည်ငြိမ်နေသည်။

စောစောကပြောခဲ့သည့်စကားများအရ ထိုလူငယ်ပြောလိုသည့်စကားများကို သူမ ခန့်မှန်းနိုင်ပြီး ဖြစ်သည်။

ရန်ကျောက်ကဲကလည်း ကွယ်ဝှက်ထားခြင်း မရှိပေ။

သူက မဟာကပ်ဘေးကြီးအတွင်း အသက်ရှင်ကျန်ရစ်ခဲ့သူဖြစ်သော နွယ်ပင်ဧကရီကို လှမ်းကြည့်လိုက်သည်။

“လောင်ကျွင်း အသက်ရှင်လျက် ရှိနေပါသေးလား”

ဤမျှသော မေးခွန်းတိုလေးက ခန်းဆောင်တစ်ခုလုံးအား တိတ်ဆိတ်ငြိမ်သက်သွားစေသည်။ လူတိုင်း၏ အသက်ရှူသံပင် ခဏမျှ ရပ်တန့်သွားသည့်ပမာ ထင်မှတ်ရ၏။

“လောင်ကျွင်း” ဆိုသော စကားလုံးနှစ်လုံးက အစမရှိ အဆုံးမရှိသလို ဖြစ်နေသည်။

သို့သော် ဤနေရာတွင်ရှိနေသေူတိုင်းက စန်းချင်း(၃)ပါးအဆက်အနွယ်များဖြစ်ကြလေရာ ရန်ကျောက်ကဲ မည်သည့်ပုဂ္ဂိုလ်ကို ရည်ညွှန်းကြောင်း သိရှိကြသည်။

“လောင်ကျွင်း” ဆိုသည်မှာ စန်းချင်း(၃)ပါးမှ ထိုက်ချင်အဆက်အနွယ်များ၏ ဘိုးဘေးဖြစ်သော “ထိုက်စန့်လောင်ကျွင်း” ကို ရည်ညွှန်းခြင်း ဖြစ်သည်။

“မင်းဆိုလိုတဲ့အဓိပ္ပါယ်က မဟာကပ်ဘေးကြီးကာလအတွင်းမှာ လောင်ကျွင်းထွက်ပေါ်လာပြီး လှုပ်ရှားမှုပြုခဲ့သလားလို့ မေးချင်တာလား”

နွယ်ပင်ဧကရီက ပြန်လည်မေးခွန်းထုတ်လိုက်သည်။

သူမ၏မျက်နှာက တည်ငြိမ်နေဆဲဖြစ်ပြီး သူမ၏အသံသည်လည်း ထာဝရတည်မြဲသည့်အရပ်မှထွက်ပေါ်လာသည့်ပမာ အိပ်မက်ဆန်လှသည်။

ရန်ကျောက်ကဲက ပွင့်လင်းစွာပင် ပြန်ဖြေလိုက်သည်။

“ဟုတ်ပါတယ်”

မဟာကပ်ဘေးကြီးကျရောက်ချိန်တွင် ကောင်းကင်ဘုံနန်းတော်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ကောင်းကင်ဘုံနန်းတော်စာကြည့်တိုက်နှင့်အတူ သူ၏ သိစိတ်ဝိညာဉ်သည်လည်း ပျောက်ကွယ်သွားခဲ့ရသည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သူ ပြန်လည်နိုးထာလချိန်တွင် နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် မဟာကပ်ဘေးကြီးနှင့်ပတ်သက်သည့် အသေးစိတ်ဖြစ်စဉ်နှင့် အချက်အလက်များမှာ ရန်ကျောက်ကဲတွင် မှတ်ဉာဏ်ကျန်ရစ်ခဲ့ခြင်း သိပ်မရှိတော့ပေ။

ထိုစဉ်အချိန်က နွယ်ပင်ဧကရီ၏ သိစိတ်ဖွံ့ဖြိုးမှုနှင့် ကျင့်ကြံခြင်းအဆင့်သည်လည်း ယခုလောက် မြင့်မားခြင်းမရှိသေးရာ သူမသိရှိထားသော အချက်အလက်များသည်လည်း ကန့်သတ်ချက် ရှိနိုင်သည်။

သို့ပေသိ နွယ်ပင်ဧကရီ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့်အသိညာဏ်က ထူးခြားသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာအတွင်း သူမက ဝူတန့်မယ်တော်နှင့် တစ်ကြိမ်ထက်မက ဆက်သွယ်မှု ရှိခဲ့ပေသည်။

ထို့ကြောင့် သူမက အတိတ်တစ်ချိန်က ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို ပိုပြီး နားလည်သဘောပေါက်နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ သူမက မဟာကပ်ဘေးကြီးနောက်ပိုင်းမှ မွေးဖွားလာသူများဖြစ်သော ကောင်းချင်းရွှမ် ၊ စောမင်ကျန့် ၊ ချန်ရွှမ်ကျုန်းနှင့် အခြားသူများထက်ပိုပြီး နက်ရှိုင်းသော နားလည်မှု ရှိနိုင်၏။

ရန်ကျောက်ကဲက ဘေးတွင်ရှိနေသည့် ပိုးသားဧကရာဇ်’ဖုယွင်ချီ’ ကို လှမ်းကြည့်လိုက်ပြီး...

“ပိုးသားဧကရာဇ်တို့ ထိုက်ချင်အဆက်အနွယ် မူလအစက အတော်လေးရှည်လျားတဲ့သမိုင်းကြောင်း ရှိခဲ့ပါတယ် ၊ ဧကရာဇ်မင်းတို့ အဆက်အနွယ်ကိုတည်ထောင်ခဲ့တဲ့ ဆရာဘိုးဘိုးက သိုးလွိနန်းတော်မှာ လောင်ကျွင်းသင်ပြပေးတဲ့ ပညာရပ်တွေကို နားထောင်ခဲ့ဖူးတယ် ၊ ဒါပေမဲ့ သူက ‌နောက်ပိုင်း သိုးလွိနန်းတော်က အချိန်အကြာကြီးထွက်ခွာသွားခဲ့တဲ့အတွက် အဲဒီနန်းတော်ရဲ့ အခြေအနေမှန်ကို မသိရတော့ဘူး ၊ ဒီတော့ သူက မဟာကပ်ဘေးကြီးကာလအတွင်း လောင်ကျွင်းရဲ့အခြေအနေကိုလည်း မသိနိုင်တော့ဘူးပေါ့”

ဖုယွင်ချီက ခေါင်းခါယမ်းရင်း...

“မဟာကပ်ဘေးကြီးပြီးတဲ့နောက် ဆရာဘိုးဘိုးက သိုးလွိနန်းတော်ကိုသွားတဲ့လမ်းကြောင်းကို ရှာဖွေဖို့ကြိုးစားခဲ့သေးတယ် ၊ ဒါပေမဲ့ သူ့ရဲ့ကြိုးပမ်းမှုက အချည်းနှီးပါပဲ”

နွယ်ပင်ဧကရီက ရန်ကျောက်ကဲနှင့် ဖုယွင်ချီတို့ကို တိတ်ဆိတ်စွာ အကဲခတ်နေသည်။

ခဏကြာပြီးမှ သူမက...

“အဲဒီအချိန်တုန်းက ငါ့ရဲ့ကျင့်ကြံခြင်းစွမ်းအားက အရမ်းအားနည်းသေးတယ် ၊ ဝူတန့်မယ်တော် ကယ်တင်တဲ့အတွက်သာ ဒီမဟာကပ်ဘေးကြီးကို ရှောင်ရှားနိုင်ခဲ့တာ ၊ ဒီတော့ အဲဒီအချိန်က အပြင်လောကမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ငါမသိခဲ့ဘူး”

နွယ်ပင်ဧကရီက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ မဟာကပ်ဘေးကြီးပြီးဆုံးတဲ့နောက် ဝူတန့်မယ်တော် ပြောတာကိုကြားဖူးတယ် ၊ မဟာကပ်ဘေးကြီးအတွင်းမှာ လောင်ကျွင်းက ဘာလှုပ်ရှားမှုမှ မလုပ်ခဲ့ဘူးတဲ့”

ထို့နောက် သူမက တစ်လုံးချင်း စကားဆိုလိုက်သည်။

“ဒါပေမဲ့ ဝူတန့်မယ်တော်ပြောတဲ့စကားအရဆိုရင် လောင်ကျွင်းက အခုချိန်ထိ အသက်ရှင်နေသေးတယ်”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်ပြီး အတွေးထဲနစ်မျောသွားသည်။

နွယ်ပင်ဧကရီက ဖြည်းညင်းသည့်လေသံဖြင့်...

“ဘယ်သူမှ လောင်ကျွင်းရဲ့အတွေးစိတ်ကူးကို မှန်းဆလို့မရပါဘူး ၊ ငါတို့လည်းမတတ်နိုင်သလို ပြင်ပတာအိုကျင့်ကြံသူတွေလည်း မတတ်နိုင်ပါဘူး”

ရန်ကျောက်ကဲက တွေးတွေးဆဆဖြင့်...

“ထိုက်စန့်လောင်ကျွင်း တကယ်ပဲ လောကကိုကျော်လွန်သွားပြီဆိုရင်တော့ အခြေအနေတွေက ရှင်းလင်းပါတယ်”

ထိုက်စန့်လောင်ကျွင်းက သူတော်ကောင်စိတ်ထားပိုင်ဆိုင်ပြီး မဟာတာအို၏ဆန္ဒကိုလိုက်နာကာ လူတိုင်းကို တူညီသောရှုထောင့်မှ ကြည့်ရှုနိုင်သူ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူက သာမန်လူသားတစ်ယောက်ပမာ လောဘ ၊ ဒေါသ စိတ်ခံစားချက်များဖြင့် ပြည့်နက်နေသူတစ်ယောက်ပမာလည်း နေထိုင်နိုင်သည်။

သူ မည်သို့သောလူမျိုးအဖြစ် နေထိုင်ချင်ကြောင့် စိတ်တစ်ချက်စေညွှန်လိုက်ရုံဖြင့် ရွေးချယ်နိုင်စွမ်း ရှိသည်။

သူ ကူညီလိုလျင် လူတိုင်းကိုကူညီနိုင်ပြီး မကူညီလိုလျှင်လည်း လျစ်လျူရှုနိုင်ပေသည်။

အရာရာက သူ၏စိတ်ခံစားချက်အပေါ်တွင်သာ မူတည်၏။

ထိုသို့ပြုလုပ်ရန် အကြောင်းပြချက်မလိုအပ်သလို သူ၏စိတ်ခံစားမှုကိုလည်း ယုတ္တိတန်စွာဖြင့် မှန်းဆမရနိုင်ပေ။  လောင်ကျွင်းအတွက်တော့ ဘာမှမလုပ်ခြင်းနှင့် အရာအားလုံးကိုလုပ်ကိုင်နေခြင်းကြား မည်သည့်ခြားနားချက်မှ မရှိပေ။

သူက မိုးကောင်းကင်တာအိုလမ်းစဉ်ပမာ အကြင်နာတရားကင်းမဲ့ပြီး ဘက်လိုက်မှုမရှိပေ။ သူ၏ရှုထောင့်မှကြည့်မည်ဆိုလျှင် စန်းချင်း(၃)ပါးလမ်းစဉ် ၊ ပြင်ပတာအိုလမ်းစဉ်နှင့် ဗုဒ္ဓဘာသာတို့ကြား မည်သည့်ခြားနားချက်မှ မရှိပေ။

သူ့စိတ်ထဲတွင်တွေးတောနေသည့်အရာကို မည်သူမှ တိကျစွာ ကောက်ချက်ချ၍ မရနိုင်ပေ။ ပိုပြီးခက်ခဲသည်မှာ ရုတ်တရက် သူ၏စိတ်ပြောင်းလဲသွားခြင် ရှိ မရှိ သိရှိနိုင်ရန် ဖြစ်၏။

လောင်ကျွင်းနှင့်နှိုင်းယှဉ်လျှင် ချန်ချန်းဟွာ၏ မှန်းဆက်ရခက်ခြင်းက မပြောပလောက်သည့်ကိစ္စသာ ဖြစ်သည်။

ရန်ကျောက်ကဲက ဆက်ပြောလိုက်သည်။

“သူ တကယ်ပဲ လောကကိုကျော်လွန်သွားတယ်ဆိုရင် ဘာလို့ ဒီလောကမှာ ရှိနေရသေးတာလဲ ၊ ယွမ်စီထျန်းကျွင်းနဲ့ လင်ပေါင်ထျန်းကျွင်းဆိုရင် ဒီလောကမှာ မတွေ့မြင်ရတော့ဘူးလေ”

ရန်ကျောက်ကဲ ဤအကြောင်းကိုစူးစမ်းချင်သည်မှာ အလွန်ပင် အချိန်ကြာခဲ့ပြီ။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် လမ်းမှန်တာအိုဝါဒက ပြန်လည်ထွန်းကားလာရန် အပြင်းအထန် ကြိုးစားနေခဲ့ရသည်။

ထိုအခြေအနေတွင် ပြင်ပတာအိုကျင့်ကြံသူများဖြစ်သည့် ‘အမတခုံရုံး’ နှင့် ‘အဖြူရောင်ကြာပန်းသုခဘုံ’ တို့ကတော့ အထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေခဲ့သည်။

ထိုသို့သောအခြေအနေတွင် အထက်ဘုံကမ္ဘာမှ တိဟွမ်မြေကမ္ဘာဧကရာဇ်က ပြင်ပတာအိုကျင့်ကြံသူများနှင့်ပတ်သက်ပြီး သဘောထားပျော့ပြောင်းစွာထားရှိခြင်းမှာ ခွင့်လွှတ်နိုင်ဖွယ်ရှိသော အချက်တစ်ခုပင်။

သို့သော် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကဲ့သို့ အမတခုံရုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ခိုက်သူများလည်း ရှိကြသည်။

ထိုသူများက အမတခုံရုံးကို အမြဲတမ်း တက်ကြွစွာ ဆန့်ကျင်နေကြသော်လည်း အမတခုံရုံးကတော့ သူတို့ကို အဘယ်ကြောင့် အမြစ်ပြတ်ချေမှုန်းပစ်ခြင်း မရှိခဲ့ပါသနည်း။

မြောက်ပိုင်းကြယ်စင်ဧကရာဇ် ၊ တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ဝူတန့်မယ်တော်တို့ကဲ့သို့ လမ်းမှန်တာအိုဝါဒ၏ ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်များ အသက်ရှင်နေသေးကြောင်း သိရှိပြီးနောက် ရန်ကျောက်ကဲက သူလိုချင်သည့်အဖြေ ရှာတွေ့ပြီဟု ထင်မှတ်ခဲ့သည်။

အကြောင်းမှာ ကောင်းကင်နတ်ဘုရား(၃)ပါးက အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့၏ အခြေခံအုတ်မြစ်ကို ခြိမ်းခြောက်နိုင်မည်ဟု မသေချာသော်လည်း ၊ သူတို့က ဘုရားလောင်းနှင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်တို့၏ ဘက်တော်သား ပြင်ပတာအိုကျင့်ကြံသူများကို ကြီးမားစွာ သေကြေပျက်ဆီးအောင် ပြုလုပ်နိုင်စွမ်း ရှိကြသည်။

ဘုရားလောင်းနှင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်တို့က နောက်ပိုင်းမှ လက်စားပြန်ချေမည်ဆိုလျှင်ပင် သူတို့၏ဆုံးရှုံးမှုများကို ပြန်လည်အားဖြည့်ရန် လက်တွေ့တွင် ဖြစ်နိုင်မည် မဟုတ်ပေ။

သူတို့အတွက် ကြီးမားသေသာ ဆုံးရှုံးမှုရင်ဆိုင်ရပါက ရန်သူအတွက် အခွင့်အရေးရရှိသွားနိုင်သည်။

အမတခုံရုံးနှင့် သုခဘုံတို့ကလည်း နဂိုကပင် သေရာပါ ရန်သူများဖြစ်နေကြသည် မဟုတ်ပါလား။

လွန်ခဲ့သည့်နှစ်ပေါင်း(၂၀) ၊ စောမင်ကျန့် ကောင်းကင်နတ်ဘုရားအဆင့်သို့တက်ရောက်ပြီးကတည်းက သူတို့နှစ်ဦးနှစ်ဖက် ဖြစ်ပွားနေသည့်စစ်ပွဲက ထိုအချက်ကို သက်သေပြနေပေသည်။

သို့ဖြစ်ရာ အခြေအနေတစ်ခုခုက တွန်းအားမပေးဘူးဆိုလျှင် ပြင်ပတာအိုကျင့်ကြံသူများအနေဖြင့် တာအိုစကြာဝဠာမှ လမ်းမှန်တာအိုကျင့်ကြံသူများကို ဘယ်တော့မှ လူမျိုးတုံသတ်ဖြတ်မည် မဟုတ်ပေ။

သူတို့၏ရည်ရွယ်ချက်က လမ်းမှန်တာအိုကျင့်ကြံသူများကို အတိုင်းအတာတစ်ခုအထိ အားနည်းအောင်လုပ်ထားရုံသာဖြစ်ပြီး ဤသည်က သိုးများကိုမွေးပြီး သိုးမွေးရိတ်သည့်ပမာ ဖြစ်သည်။

ဤသည်က လက်ခံနိုင်သည့်ကိစ္စတစ်ခုသာပင်။

သို့သော် နတ်မိစ္ဆာမျိုးနွယ်များက တိတ်တဆိတ်ပုန်းအောင်းနေပြီး အင်အားကြီးမားလာစေရန် ပြင်ဆင်နေကြသလို အနောက်ဘက် သူတော်စင်ဘုံသည်လည်း ဤလောကတွင် တည်ရှိနေဆဲ ဖြစ်သည်။

ထိုအကြောင်းများကို သိရှိပြီးနောက် တစ်ခုခုမှားယွင်းနေကြောင်း ရန်ကျောက်ကဲ ခံစားလာရသည်။

နတ်မိစ္ဆာမျိုးနွယ်များနှင့် လမ်းမှန်ဗုဒ္ဓဘာသာဖြစ်သော ‘သူ‌တော်စင်ဘုံ’ တို့က ဤလောကသို့ ထွက်ပေါ်မလာ‌သေးဘဲ ထွက်ပေါ်လာနိုင်သည့် အချိန်ကောင်းကို ရွေးချယ်စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။

သူတို့၏ တည်ရှိမှုက အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံအပေါ် များစွာခြိမ်းခြောက်မှုကြီးမားလေရာ ၊ ထိုသူများနှင့်ယှဉ်လျှင် ဝူတန့်မယ်တော်နှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့၏ခြိမ်းခြောက်မှုက သူတို့အတွက် များစွာအားနည်းသည်ဟု ဆိုနိုင်၏။

စောမင်ကျန့်က မူလကောင်းကင်ကပ်ဘေးကိုဖြတ်ကျော်ပြီး ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းသွားခြင်းက သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေပြီး ဤသက်ရောက်မှုက ယခုထိတိုင် ရှိနေဆဲပင်။

သို့သော် စောမင်ကျန့် ကောင်းကင်နတ်ဘုရားအဆင့်သို့ မတက်ရောက်ခင်ကရော တာအိုစကြာဝဠာက ဘယ်လောက်များအေးချမ်းသည်ဟု ဆိုနိုင်ပါသနည်း။

ရန်ကျောက်ကဲက ဤအကြောင်းများကို အမြဲတမ်း စဉ်းစားနေခဲ့သည်။

ထို့နောက် သူက မဟာကပ်ဘေးကြီးမတိုင်မီကာလနှင့် ကောင်းကင်ဘုံနန်းတော်အကြား ကောလဟလအကြောင်းအရာများကို ဆက်စပ်စဉ်းစားခဲ့သည်။

မဟာကပ်ဘေးကြီးဖြစ်ပွားခဲ့ခြင်းက သူ၏နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမှတ်ထင်ထင် ဖြစ်နေဆဲပင်။

ထို့ပြင် အခြားအကြောင်းအရာများလည်း ရှိသေးသည်။

ထိုအကြောင်းအရာများက မဟာကပ်ဘေးကြီးမတိုင်ခင်က လျှို့ဝှက်ချက်များမဟုတ်ဘဲ မဖြေရှင်းနိုင်သော ပဟေဠိများသာလျှင် ဖြစ်၏။

လူတိုင်းက စူးစမ်းလိုစိတ်ရှိကြသည့်တိုင် တိကျသောအဖြေကို မည်သူမှ မသိရှိခဲ့ကြပေ။

ဖြစ်နိုင်သည်မှာ စကြာဝဠာအအတွင်းမှ အမြင့်ဆုံးသော တည်ရှိမှုများကသာ ထိုပဟေဠိများ၏အဖြေကို သိရှိနိုင်ကြပေမည်။

အကြောင်းမှာ ထိုပဟေဠိများစွာသည် ထိုသူများကြောင့်ပင် ဖြစ်ပေါ်လာခဲ့ရသည် မဟုတ်ပါလား။

အခြားသောအကြောင်းအရာများက အရေးမပါသော်လည်း ရန်ကျောက်ကဲကတော့ ထိုအကြောင်းအရာကို အထူးဂရုပြုခဲ့မိသည်။

အဘယ်ကြောင့်ဆိုသော် ထိုအကြောင်းအရာက မဟပ်ကပ်ဘေးကြီးကျရောက်ခြင်း ၊ လမ်းမှန်တာအိုဝါဒကျဆင်းသွားမှုတို့နှင့် တိုက်ရိုက်သက်ဆိုင်နေသောကြောင့် ဖြစ်သည်။

‘ထိုက်စန့်လောင်ကျွင်း’ သက်ရှိထင်ရှား ရှိနေပါသေးသလား။

အစပိုင်းတွင် ဤမေးခွန်းက နားမလည်နိုင်စရာမေးခွန်းတစ်ခုဟု ထင်ရပေမည်။

လူတိုင်းသိရှိကြသည်မှာ စန်းချင်း(၃)ပါးက တစ်သားတည်းအဖြစ်ပေါင်းစပ်သွားပြီး အတူတကွ လောကကိုကျော်လွန်သွားပြီဆိုသောအချက် ဖြစ်သည်။

တာအိုဝါဒ၏ စန်းချင်း(၃)ပါးက သင်္ကေတစ်ခုအဖြစ် လောကကိုကျော်လွန်သွားပြီး ရှေးခေတ်နတ်ဘုရားများအုပ်စိုးသည့်ခေတ် ကုန်ဆုံးသွားပြီး အနောက်သို့ခရီးသွားမှတ်တမ်းခေတ်ဆီသို့ ရွေ့လျားပြောင်းလဲသွားခဲ့သည်။

သို့သော် လူတိုင်းကို စိတ်ရှုပ်စေသည့် အရာတစ်ခုရှိခဲ့သည်။

နတ်ဘုရားများအုပ်စိုးသည့်ခေတ်ကာလတွင် စန်းချင်(၃)ပါး ဆရာဘိုးဘိုးများ လောကကိုကျော်လွန်သွားပြီးနောက် ယွိချင်အဆက်အနွယ်မှ ‘ယွမ်စီထျန်းကျွင်း’ နှင့် စန့်ချင်အဆက်အနွယ် ‘လင်ပေါင်ထျန်းကျွင်း’ တို့က ဤလောကတွင် ထပ်မံထွက်ပေါ်လာခြင်း မရှိတော့ပေ။

သို့သော် ထိုက်ချင်အဆက်အနွယ်၏ ဘိုးဘေးဖြစ်သော ‘ထိုက်စန့်လောင်ကျွင်း’ ဟု လူသိများသည့် ‘တောက်တယ်ထျန်းကျွင်း’ ကတော့ အနောက်သို့ခရီးသွားမှတ်တမ်း အလယ်ခေတ်တွင် ထပ်မံထွက်ပေါ်လာခဲ့ဖူးလေသည်။

All Chapters