← Chapters

ဖိတ်ကြားခံရခြင်း ... ။

Vol. 1 Ch. 12

ဖိတ်ကြားခံရခြင်း ... ။

Vol. 1 Ch. 12

အင်မော်တယ် စံအိမ် အပြင်ဘက်တွင် နီထန့်က တခဏမျှ တုံ့ဆိုင်းသွား ပြီးနောက်၊

“ စုရီ၊ ငါ…. ဒီကျေးဇူးကို ပြန်ပေးပါ့မယ်။ ”

-ဟုဆိုကာ လှည့်ထွက်သွားသည်။

သူသည် အမြဲတမ်း ကိုယ်ရည်သွေးတတ် သော်လည်း ယနေ့အဖြစ်အပျက်များ ပြီးချိန်တွင် ပြောင်းလဲပစ်ရန် ဆုံးဖြတ်လိုက်၏။

“ ဒီကောင်လေး မဆိုးဘူး။ ”

စုရီမှ စီနီယာ တစ်ယောက်လို ပြုံးကာ မှတ်ချက်ပေးလိုက်သည်။

“ အစ်ကိုစု ... ။ ”

ဝမ်လင်ရွယ်မှ မေးခွန်းများ ရှိနေသော်လည်း ချီတုံချတုံ ဖြစ်နေ၏။

“ အိမ်အရင် ပြန်ရအောင်။ ”

စုရီက ပြုံးပြီး လှမ်းထွက် လာခဲ့သည်။ ဝမ်မိသားစု ခြံဝင်းပြန်ရောက်ချိန်၌ လင်ရွယ်မှ သည်းမခံနိုင်တော့ချေ။ သူမ စိုးရိမ်မှုကို ထုတ်ပြောလာ၏။

“ အစ်ကိုစု ... သူ ကလဲ့စားချေဖို့ ပြန်လာမှာ သေချာတယ်။ ”

စုရီက ခေါင်းညိတ်လိုက်၏။

“ မင်းပြောတာ မှန်တယ် ... ။ ”

“ လင်ရွယ် တောင်းပန်ပါတယ် အစ်ကိုစု ... ဒါက လင်ရွယ်ကြောင့် ဖြစ်ရတာပါ။ ”

ဝမ်လင်ရွယ်မှ စိတ်မကောင်း ဖြစ်လာခဲ့သည်။ ယနေ့ ပြဿနာသည် သူမနှင့် လုံးလုံးလျားလျား သက်ဆိုင်၏။

“ အနားယူပါ ... ဒီလောက်လည်း မဟုတ်သေးပါဘူး။ ”

“ ကောင်းပြီ ... ငါအရင် အနားယူတော့မယ်။ ”

ဝမ်လင်ရွယ်မှ တစ်စုံတစ်ရာကို သတိရသွားပြီးချက်ချင်း အိမ်ထဲပြေးဝင်သွား လေသည်။ စုရီက ခေါင်းရမ်းလျက်၊

“ ငတုံးမလေး ... မင်းမိဘတွေကို အကူအညီတောင်းရင် ငါ့အတွက် သူတို့ ကူညီ လိမ့်မယ် ထင်နေတာလား။ ”

-ဟု ညည်းတွား လိုက်တော့၏။

ထိုအချိန်တွင် ဝမ်လင်ရွယ်သည် အင်မော်တယ် စံအိမ်၏ အဖြစ်အပျက်များ သူမ အမေထံ ပြန်ပြောင်း ပြောပြနေသည်။

ချင်းချင်းမှာ အံ့ဩတကြီး ထရပ်လိုက်၏။ ကုလားထိုင်ပေါ်ရှိ လင်ရွယ် ဖခင် ဝမ်ချောင်ထုံ သည်လည်း မှင်တတ်နေခဲ့သည်။

“ အစ်ကိုစုသာ မရှိခဲ့ရင် ... အဲဒီလူရမ်းက ဝမ်ရွယ်ကို ဆိုးဆိုးရွားရွား အနိုင်ကျင့်လိမ့်မယ် အမေ ဘာပဲဖြစ်ဖြစ် ... ဝမ်ရွယ်တို့ အစ်ကိုစုကို ကူညီရမယ်။ ”

ဝမ်လင်ရွယ်မှ မျက်ရည်များ စီးကျလျက် ပိုပိုသာသာ တိုင်တမ်းလိုက်တော့၏။ ချင်ချင်းက မျက်ဝန်းများ နီရဲလျက်၊

“ အဲဒီ လူရမ်းကား အကြောင်း ငါကြားနေတာ ကြာပြီ၊ အခုလို ငါ့သမီးဆီ လှည့်လာလိမ့်မယ်လို့ မထင်ထားဘူး။ ”

-ဟု ညည်းတွားလိုက်သည်။

“ ဒါပေမယ့် ... ”

သို့သော် ချင်းချင်းက ခေါင်းရမ်းလျက်၊

“ ဒါကို ငါဖြေရှင်းနိုင်စွမ်း မရှိမှာ ... ကြောက်မိတယ် … မင်းအဖေက အသုံးမဝင်တဲ့ လူပဲ။ ”

-ဟု ဆိုပြီး ဝမ်ချောင်ထုံထံ လှည့်ကြည့် လိုက်သည်။ ဝမ်ချောင်ထုံက ထိုအကြည့်ကြောင့် ရှုံ့မဲ့လာ၏။

“ ဒါက မင်းသမက် ... စုရီယူလာတဲ့ ပြဿနာပဲ မဟုတ်လား ... ငါနဲ့ ဘာဆိုင်လို့လဲ။ ”

“ မေမေ၊ မေမေတို့ မကူညီဝံ့ရင် အစ်မကြီးဆီကို အကူအညီ တောင်းစာ တစ်စောင်ရေးလိုက်ပါလား။ ”

ဝမ်လင်ကျောက်သည် လက်ရှိ အချိန်၌ ကောင်းကင်မူလ အကယ်ဒမီ၏ တပည့်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ ချင်းချင်း မျက်ဝန်းများ တောက်ပလာပြီး၊

“ ကောင်းတယ် ... မင်းအစ်မရဲ့ အနေအထားနဲ့ ရပ်တည်ပေးချင်ရင် ... ဒါက လွယ်ကူမယ်။ ”

-ဟု ထောက်ခံလိုက်၏။

“ ဟုတ်တယ် ... မိသားစု ခေါင်းဆောင်နဲ့ ဒီကိစ္စ စကားသွားပြောမယ် ... လင်‌ကျောက်ရဲ့ အလားအလာကြောင့် သူ ငါတို့ကို လျစ်လျူရှု လိမ့်မယ်လို့ မထင်ဘူး။ ”

“ ဒါဆို မြန်မြန်သွား မေမေ။ ”

ဝမ်လင်ရွယ်က ဝမ်းသာသွားတော့၏။

“ ဟမ့် ... နင်တို့ ညီအစ်မတွေက ငါ့ကိုပဲ အားကိုးနေရအောင် ... ငါက လင်မရှိ မုဆိုးမနဲ့ တူနေလို့လား။ ”

ချင်းချင်းက သူ့ခင်ပွန်းကို စောင်းငဲ့ကြည့်ကာ ထွက်ခွာသွားလေသည်။

***

ဝမ်မိသားစု ခန်းမ။

“ အဲဒီအမှိုက်က ... ဟွမ်ချမ့်ကျွယ်နဲ့ အဖွဲ့ကို တကယ်ပဲ အနိုင်ယူခဲ့တာလား၊ သူမှာ ကျင့်ကြံမှု မရှိ‌ဘူး မဟုတ်လား။ ”

သူ့ခယ်မ စကားကြောင့် ဝမ်ချောင်ကျင်းမှ ယုံရခက်သွား၏။

“ ဘယ်လိုပဲ ဖြစ်ဖြစ် ဟုန်ချမ့်ကျွယ်က ဝမ်လင်ရွယ်ကို အနိုင်ကျင့်ခဲ့တယ် သူကလဲ့စား ချေဖို့ လာခဲ့ရင် ငါတို့ ရပ်တည်ပေးရမယ် မဟုတ်လား ခဲအို ...

... ဝမ်လင်ကျောက်တုန်းက စုရီနဲ့ လက်ထပ်ပေးတဲ့အတွက် သတ်သေဖို့ ကြိုးစား ဖူးသေးတယ် ... လင်ရွယ်လည်း ဒီလိုသာ ဖြစ်သွားရင် ငါ .... ငါ တကယ် အသက် မရှင်ချင်တော့ဘူး။ ”

ချင်းချင်းက မျက်နှာကို ဖုံးအုပ်ကာ ငိုကြွေးပြလိုက်လေသည်။

“ ကောင်းပြီ ... ကောင်းပြီ ငါကူညီမယ် ... နောက်ဆုံးတော့ လင်ရွယ်က ... ဝမ်မိသားစုဝင် တစ်ယောက်ပဲ ... ဟွမ်မိသားစုက သူ့အပေါ် ဘယ်လိုလုပ် အနိုင်ကျင့်ခွင့် ရှိမှာလဲ။ ”

“ ကျေးဇူးတင်ပါတယ် ခဲအို ... ။ ”

“ စိတ်မစောနဲ့ ... ။ ”

ဝမ်ချောင်ကျင်းမှ ခေါင်းယမ်းလိုက်ပြီး၊

“ ငါပြောခဲ့တာက လင်ရွယ်ကို ကာကွယ်ပေးဖို့ပဲ နင့်သမက် စုရီ မပါဘူး၊ ဒါက သူ့ရဲ့ နောက်ဆက်တွဲပဲ ... သူ့ဘာသာသူ ခံယူရမယ်။ ”

-ဟု ဖြည့်စွက် ပြောကြားလေသည်။

ထိုစကားကြောင့် ချင်းချင်းက ထွက်မသွားသေးဘဲ တစ်ခုခု ပြောရန်ပြင်နေရာ ဝမ်ချောင်ကျင်းမှ ပြန်ကြည့်သည်။

“ ခယ်မချင်း ... ဒီကမ္ဘာမှာ စုရီကို အမုန်းဆုံးက မင်းပဲဆိုတာ ... ငါသိထားပါတယ် ဒါဆို မင်းဘာလို့ ရုတ်တရက် စိတ်ပြောင်း သွားရတာလဲ ...

... မမေ့ပါနဲ့ ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က သခင်လေးဝေကျန်းရန်ကို မင်းသမက် စော်ကား ခဲ့တယ် ... အခု ထပ်ပြီး ...

... ဟွမ်သခင်လေးကို ရိုက်နှက်ခဲ့တယ် ... ဒါဆို အကျိုးဆက်အပေါ် တစ်ယောက်ယောက် တာဝန်ယူရမှာ ပုံမှန်ပါပဲ။ ”

ဤစကားကို ပြောကြားချိန်တွင် သူ့လေသံမှာ အေးစက် တင်းမာနေခဲ့သည်။ ထို့နောက် ချင်းချင်းကို လက်ပြပြီး၊

“ သဘက်ခါ ဘိုးဘေးရဲ့ အသက် ရှစ်ဆယ်ပြည့် မွေးနေ့ပွဲပဲ၊ ဒီအတွက် ငါလုပ်စရာ ကိစ္စတွေ အများကြီး ရှိတယ်။ ”

-ဟု အဆုံးသတ် လိုက်တော့၏။

ချင်းချင်းက အလိုက်တသိဖြင့် ပြန်လာခဲ့သည်။ ဝမ်လင်ရွယ်မှ မျှော်လင့်ချက် ကြီးမားသော မျက်ဝန်းများနှင့် သူမကို စီးကြိုမေးမြန်းလိုက်၏။

“ မေမေ၊ ဘယ်လိုလဲ။ ”

“ အဆင်ပြေတယ် သူသဘောတူတယ် လင်ရွယ် မနက်ဖြန် တိမ်ထင်းရှူး ဓားစံအိမ်ကို ပြန်ပါ ... ဟွမ်ချမ့်ကျွယ်က မင်းကို ဒုက္ခပေး ဝံ့မလား ငါကြည့်မယ်။ ”

“ ဝိုး ... ဝမ်းသာစရာပဲ။ ”

ဝမ်လင်ရွယ်မှ ဝမ်းသာအားရ ခေါင်းညိတ်ပြပြီး အခန်းထဲ လှည့်ဝင်သွား တော့သည်။

“ ခဏလေး လင်ရွယ် ... နင့်ခဲအိုမှာ ကျင့်ကြံမှု ပြန်ရနေပြီလား။ ”

ချင်ချင်းက ရုတ်တရက် သတိတရ အော်မေးလိုက်၏။ ဝမ်လင်ရွယ်မှ ပြန်လှည့် ကြည့်ပြီး၊

“ မသိဘူး မေမေ။ ”

-ဟု ဖြေသည်။

“ ဒီကောင်လေး တစ်ခုခုကို ... ဖုံးကွယ်ထားတာ ကြာပြီဆိုတာ ငါ သတိထား မိတယ် ... ပြီးခဲ့တဲ့ နှစ်တွေမှာ သူက အမှိုက် ဆိုပေမယ့် ...

... နင့်အစ်မ ပြန်လာတဲ့ ညမှာ ... ဝေကျန်းရန်ကို ခေါင်းမဖော်နိုင်အောင် တုန့်ပြန် နိုင်ခဲ့တယ် ... ဒါက ပုံမှန်မဟုတ်ဘူး။ ”

“ အမေ ... အစ်ကိုစုကို မေးကြည့်ပါလား။ ”

ဝမ်လင်ရွယ်မှ ကျေနပ်စွာ ပြုံးလျက် နောက်ပြောင်ပြီး အခန်းထဲ လှည့်ဝင်လိုက် တော့သည်။ အစ်ကိုစုသည် အမှန်ပင် ပြောင်းလဲသွားချေပြီ။

***

ကွမ်လင်မြို့၊ ဟွမ်မိသားစု စံအိမ်။

ဟွမ်ချမ့်ကျွယ်သည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ၊

“ ဖေဖေ ... ငါမှားမှန်းသိပါတယ် ... ငါ့အမှားတွေကို ဝန်ခံပြီး ရှေ့ကို ဆက်လျှောက်ဖို့ လုံ့လ စိုက်ထုတ်မှာပါ ... အနှေးနဲ့အမြန် ဒီနေ့ရဲ့ အရှက်တရားတွေကို ပြန်ယူပါ့မယ်။ ”

ဟွမ်ယွင်ချုံးက ကြမ်းပြင်ပေါ်နဖူးဖြင့် ဖိကပ်ထားသော သူ့သားထံ တိတ်ဆိတ်စွာ ကြည့်နေဆဲ ဖြစ်သည်။

အခန်းအတွင်း လေထုသည် တင်းမာ လွန်းသောကြောင့် ဟွမ်ချမ့်ကျွယ် တစ်ယောက် ခေါင်းပြန် မမော့ဝံ့ချေ။

“ လုံလောက်ပြီ။ ”

ဟွမ်ယွင်ချုံးက ထရပ်လိုက်သည်။

“ ဒီလို ရည်မှန်းချက် မျိုးတွေနဲ့ ... တစ်နေ့ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခုကို မင်း ပြီးမြောက်နိုင်မှာ သေချာပါတယ် ... ထ ... မနက်ဖြန် အင်မော်တယ် စံအိမ်မှာ စုရီနဲ့ တွေ့ရအောင်။ ”

“ ဖေဖေ၊ ဘာလို့ ဒီလိုအသေးအဖွဲ ကိစ္စတွေအတွက် ကိုယ်တိုင် သွားရတာလဲ။ ”

ဟွမ်ချမ့်ကျွယ်မှ နားမလည်နိုင် ဖြစ်သွားသည်။ ဟွမ်ယွင်ချုံးက ခေါင်းရမ်းလျက်၊

“ မင်း နားမလည်သေးဘူး ... ခွေးတစ်ကောင်ကို မရိုက်ခင်မှာ ... ပိုင်ရှင် ဘယ်သူလဲ ဆိုတာ ကြည့်ရမယ် ...

... မင်းက ငါသားပဲ၊ မင်းကို ထိချင်ရင် ငါ့ကိုသတိရဖို့ လူတိုင်းသိအောင် ... စုရီနဲ့ ဥပမာ ပြရမယ် ... ။ ”

“ ဖေဖေ သူ့ကို သတ်မှာလား။ ”

“ မေးခွန်းကောင်းတယ် ... ငါသူ့ကို မသတ်ပါဘူး ... သေတာထက်ဆိုးတဲ့ အရှက် တရားမျိုး ပေးရုံပါ။ ”

ထိုအချိန်တွင် စုရီသည် ပြတင်းပေါက် အနားရှိ စားပွဲခုံတွင် ထိုင်လျက် စုတ်တံဖြင့် တစ်စုံတစ်ရာကို ရေးဆွဲနေ၏။

နာရီအနည်းငယ် အကြာတွင် အဆိုပါ စာရွက်များကို စုပေါင်းလိုက်ကာ စာအုပ်အဖြစ် ချုပ်လိုက်တော့သည်။

ဤသည်မှာ ဝမ်လင်ရွယ်အတွက် လက်ဆောင်ဖြစ်၏။ သို့သော် မနက်လင်းချိန်၌ ဝမ်လင်ရွယ်သည် တိမ်ထင်းရှူး ဓားစံအိမ်သို့ ထွက်ခွာသွားပြီ ဖြစ်သည်။

ထို့ကြောင့် ခေါင်းခါလျက် ဝမ်မိသားစု ခြံဝန်းမှ ထွက်ခွာလာသည်။ မနက်​ဖြန်​သည်​ ဝမ်​ဘိုးဘေး၏ မွေးနေ့ဖြစ်၏။

သေချာပေါက် သူမ ပြန်လာရ ပေမည်။ ​အတွေးများစွာဖြင့် ကျင့်ကြံရန် မဟာ အသူရာ မြစ်ထံ ဦးတည်လာခဲ့သည်။

မြို့တံခါးသို့ မရောက်ခင်မှာပင် ရန်လိုသော အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ခေါင်းမော့ ကြည့်မိ၏။

အနက်ရောင် ၀တ်စုံရှည်ကြီးကို ဝတ်ဆင်ထားသော အမျိုးသား တစ်ယောက်က နောက်လိုက် အချို့နှင့်အတူ သူ့ထံ လျှောက်လှမ်းလာချေပြီ။

“ သခင်လေးစု၊ ငါတို့သခင်က မင်းကို အင်မော်တယ် စံအိမ်မှာ တွေ့ဆုံချင်လို့ ဖိတ်ခိုင်း လိုက်ပါတယ်။ ”

***

All Chapters