မနက်ခင်းတာအိုဂိုဏ်း
Vol. 53 Ch. 725
နောက်ဆုံးတွင် ဟူကျီက သားရဲစာလိပ်တွင် ပါဝင်သည့်အကြောင်းအရာများကို စုမင်တို့အား မပြောပြချင်တော့ပေ။ သူဘေးနားတွင် ထုံထိုင်းတွန့်ဆုတ်နေသောလေထုဝန်းရံနေပြီး စုမင်ကို အားကိုးတကြီး ကြည့်နေလေသည်။ ထို့နောက် သူ့နဖူးကို ပုတ်လိုက်ပြီး သူက နဝမမြောက်တောင်ထွဋ်တွင် ဉာဏ်အကောင်းဆုံးလူ သို့မဟုတ် အနည်းဆုံးတော့ စုမင်ထက် ပို၍စမတ်ကျသည်ဟု တွေးနေလေသည်။ သို့မဟုတ်ပါက သူက စာလိပ်ပါအကြောင်းအရာများကို နားလည်ပြီး အိပ်မက်ထဲမှာတောင် အကြိမ်ပေါင်းများစွာ မည်သို့ထည့်မက်နိုင်မည်နည်း။
ထို့ကြောင့် သူဝှက်ထားခဲ့သော စာအုပ်အချို့ကို ဒုတိယအစ်ကိုမသိအောင် စုမင်ဆီကို လှမ်းပေးလိုက်လေသည်။
သူ ထို့သို့ပေးလိုက်သည်နှင့်ကြိုးကြာငှက်က စုမင်အနားကို မြန်မြန်ရောက်သွားသည်။ ယွီရွှမ်လည်း မျက်လုံးပြူးပြီး စာလိပ်ကို အနီးကပ်ကြည့်လိုက်သည်။မည်မျှပင် နက်နဲသိမ်မွေ့သော မြင့်မြတ်သောစွမ်းရည်ဖြစ်ပါစေ၊ ယွီရွှမ်က စာလိပ်နှင့်ပတ်သတ်၍ နည်းနည်းတောင် နားမလည်နိုင်ခဲ့ပေ။
စုမင်ကလည်း စာလိပ်ကို အာရုံစိုက်လိုက်သည်။ သူ စာလိပ်ကို ဖွင့်ကြည့်လိုက်ပြီး ပထမစမြင်ရုံနဲ့တင် အံ့အားသင့်သွားလေသည်။ ခဏအကြာတွင် သူ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ့မျက်နှာပေါ်တွင် ထူးဆန်း သောအကြည့်တစ်ခု ပေါ်လာသည်။
အစပိုင်းတွင် ထိပ်ပြောင်ကြိုးကြာငှက်က အံသြသွားသော်လည်း ၎င်းက သက်ပြင်းရှည်ကြီးချလိုက်သည်။ ထို့နောက်တွင်တော့ ၎င်း၏မျက်လုံးများက စာလိပ်ပေါ်ရှိ ပုံများကို စိုက်ကြည့်ရင်း အသက်ရှုမြန်လာသည်။
ယွီရွှမ်က စာလိပ်ထဲက ရုပ်ပုံများကို ငေးကြည့်ပြီးနောက် မျက်မှောင်ကြုတ်သွားလေသည်။သို့သော် သူမမျက်နှာတွင် စိတ်ရှုပ်ထွေးနေသော အရိပ်အယောင်ရှိလေသည်။ ထို့ကြောင့် သူမက စုမင်လက်ထဲမှ စာလိပ်ကို လုယူကာ ဂရုတစိုက် စတင်စစ်ဆေးကြည့်ခဲ့သည်။
စုမင်က ချောင်းဟန့်သံလုပ်လိုက်ပြီး ဟူကျီကို ညှိုးငယ်သောအမူအရာဖြင့် ကြည့်နေလေသည်။ စုမင်က ဒုတိယအစ်ကိုကို လှမ်းကြည့်သောအခါ ဒုတိယအစ်ကိုက
ဝိုင်အိုးကို အမြန် ကောက်ယူပြီး သောက်ဟန်ဆောင်လိုက်သည်။
“အရူးလေးစု...ဒီနတ်ဘုရားစွမ်းရည်ကတကယ်ကို လွယ်ပါတယ်..နင် ဘာလို့ နားမလည်တာလဲ.. ဒါပေမဲ့ သူတို့ကျင့်ကြံတဲ့အချိန်မှာ ဘာလို့ အဝတ်မဝတ်ကြတာလဲ..”
ယွီရွှမ်က ဘယ်ဘက်လက်နှင့် မေးစေ့ကို ပွတ်သပ်ရင်း စာလိပ်ကို နားမလည်စွာ လှန်ကြည့်လိုက်သည်။
သူမ၏အမူအရာကို ကြည့်လျှင် သူမ နောက်နေတာမဟုတ်ပေ။ ယွီရွှမ်က စာလိပ်ထဲတွင် ရေးဆွဲထားသည့်ပုံများကို အမှန်တကယ် နားမလည်ခဲ့ပေ။
“ဘာလို့လဲ မသိဘူး...”
စုမင်က စကားလမ်းကြောင်းလွှဲလိုသောကြောင့် ဝိုင်ခွက်ကို အလျင်အမြန် ကောက်ယူပြီး သောက်လိုက်သည်။ သူနည်းနည်း နားလည်စပြုလာသည်။ သူ ပိုနားလည်လေလေ ယွီရွှမ် နုံအတာ ပေါ်လာလေလေပင် ဖြစ်သည်။
ထိုအချိန်တွင်စုမင်က ယွီရွှမ်၏ချစ်စဖွယ်အပြုအမူကို ပထမဆုံးအကြိမ် သတိပြုမိခဲ့သည်...
ယွီရွှမ်က စုမင်ကို မကြည့်ခင် နောက်ထပ် စာမျက်နှာ အနည်းငယ်ကို လှန်ကြည့်လိုက်သည်။
“မဟုတ်ဘူး.. နင့်ရဲ့ အမူအရာက မဟုတ်သေးဘူး.. နင် သိကိုသိရမယ်.. ငါတို့ အဲ့လို ကျင့်ကြံကြည့်ရင် ကောင်းမလား..ဒါပေမဲ့ ငါတို့ကျင့်ကြံရင်တော့ အဝတ်စားဝတ်ကြမယ်...”
ထိုစကားကို ကြားလိုက်ရစဥ် စုမင် ဝိုင်ကို ထွေးထုတ်လုနီးပါးဖြစ်သွားပြီး ယွီရွှမ်လက်မှ စာအုပ်ကို ချက်ချင်းဆွဲယူကာ ဒုတိယအစ်ကိုကိုပြန်ပေးလိုက်သည်။ စုမင်က ချောင်းအနည်းငယ်ဟန့်လိုက်ပြီး ထိုသို့ကို့ရို့ကားယားနိုင်သောအခြေအနေတွင် ရှိနေတာကို ပြန်အမှတ်ရသွားလေသည်။ ထို့ကြောင့် သူ ရှက်ကိုးရှက်ကန်းဖြစ်သွားလေသည်။
ဘေးနားရှိပိုင်စု က ပါးစပ်ကို အုပ်ပြီး တခစ်ခစ် ရယ်မောလိုက်သည်။ ယွီရွှမ်က စာလိပ်ရှိ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ကြိုးစားနေသေးသည်ကို တွေ့လိုက်ရသောအခါ သူမခန္ဓာကိုယ် တုန်လှုပ်သွားသည်အထိ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ စုမင်၏မျက်နှာပေါ်ရှိ အနေခက်သောအကြည့်ကို မြင်လိုက်ရသောအခါ သူမ ပို၍ပင် ပျော်ရွှင်လာသည်။
“ကောင်းပြီ..ငါတို့နောက်မှပြောကြတာပေါ့..ကျေးဇူးပြုပြီး ယွီရွှမ် ပိုင်စု အနားယူလိုက်တော့..ငါတို့ ညီအစ်ကိုတွေ အချင်းချင်း ဆွေးနွေးစရာရှိလို့..”
ဒုတိယအစ်ကိုက စာလိပ်ကို သူ့ရင်ခွင်ထဲထည့်ထားပြီး ချောင်းဟန့်လိုက်သည်။ ထို့နောက် အခြားလူများကို လူစုခွဲရန် ပျင်းရိစွာ ပြောလိုက်သည်။
စုမင်က နာခံစွာ ထရပ်လိုက်သည်။ ယွီရွှမ်က စာလိပ်နှင့်ပတ်သတ်၍ ပဟေဠိဖြစ်နေလေသည်။ သို့သော်သူမဧ။်ခွေးကြီး ကျေနပ်စွာပြုံးနေသည်ကို တွေ့လိုက်ရသော် ခွေးကြီး၏အမွေးများကို ဆုပ်ကိုင်ပြီး ပိုင်စုနှင့်အတူ ထွက်သွားခဲ့သည်။
မူလက သူမမှာ စာလိပ်ပါအကြောင်းအရာများက ဤမျှ မလွယ်ကူ
ဟု တွေးမိခဲ့သည်။ ယခုအချိန် ယွီရွှမ်မှာ
အရေးကြီးလုပ်စရာတစ်ခု ရှိခဲ့သည်။ ၎င်းက စာလိပ်ရှိ ပုံများနှင့် ၎င်းတို့အတွင်း၌ လျှို့ဝှက်ချက်များ အတိအကျ တွေးတောရန်ဖြစ်သည်။ ခွေးကြီးမှာ ပျော်ရွှင်မြူတူးနေပြီး ယွီရွှမ်တို့နှင့်အတူ အလင်းတန်းရှည်အဖြစ်ပြောင်းကာ ထွက်ခွာသွားခဲ့သည်။
ကြိုးကြာငှက်၏နှလုံးသားထဲတွင် အမျိုးအမည်မသိသော အတွေးတစ်ခု ပေါ်လာပြီး ချမ့်ချန်ကို လေးလေးနက်နက် ကြည့်လိုက်သည်။ ထို့နောက် ကြိုးကြာငှက်သည် ချမ့်ချန်၏ ခန္ဓာကိုယ်ပေါ်တွင် ခွထိုင်ကာ ဆက်လက်တွေးတောနေခဲ့သည်။
ထိုအချိန်တွင် စုမင် နှင့် သူ၏အစ်ကိုများသာ နဝမမြောက်တောင်ထွဋ်တွင်ကျန်ခဲ့သည်။ စုမင်က ရှစ်ခွက်မြောက်ဝိုင်ခွက်ကို တစ်ကျိုက်တည်းမော့လိုက်လိုက်သည်။ ထို့နောက် သူ့ခေါင်းကို မော့ကာ ဟူကျီနှင့်
ဒုတိယအစ်ကိုကို စိုက်ကြည့်နေသည်။
ဒုတိယအစ်ကိုက အရင်ကလို အေးဆေးတည်ငြိမ်နေပုံရသည်။ သူ ပြုံးလိုက်ရင်း ဝိုင်ခွက်ကို မသောက်မီ စုမင်ကို ခေါင်းညိတ်ပြလိုက်သည်။
သို့သော် ဟူကျီဧ။်မျက်နှာပေါ်တွင် သနားစရာကောင်းသော အကြည့် ရှိနေလေသည်။ စုမင်က ဟိုကြည့်ဒီကြည့်ကြည့်နေတာကိုမြင်သော် ချက်ချင်း ပြောလိုက်သည်။
“အငယ်ဆုံးညီလေး.. ဒီသားရဲစာလိပ်တွေက ဒုတိယအစ်ကိုကြီးရဲ့ဟာလေ...”
“အဓိပ္ပါယ်မရှိဘူး.. ဒါက ဆရာကြီးရဲ့စာလိပ်တွေ..”
“ဒါပေမဲ့ မင်းရဲ့အငွေ့အသက်တွေ ရနေတယ်..”
“မဟုတ်ဘူး..ဒါက ဆရာကြီး ငါ့ရဲ့ဟန်ပန်တွေကို အတုခိုးထားတာ .. ဒါ ဆရာကြီးရဲ့ဟာတွေ...”
ဒုတိယအစ်ကိုက သူ့မျက်နှာပေါ်တွင် တည်ငြိမ်သောအပြုံးကို ထိန်းမထားနိုင်တော့ဘဲ ဟူကျီကို အေးစက်စွာ စိုက်ကြည့်နေသည်။
စုမင်က ဟူကျီနှင့်ဒုတိယအစ်ကို စာလိပ်ပိုင်ရှင်အကြောင်း ငြင်းခုံနေသည်ကို ထိုင် ကြည့်ခဲ့သည်။ သူက ရွံ့ရှာစွာ ပြုံးပြီး ခေါင်းကို ခါလိုက်သည်။ ထို့နောက်သူက ဝိုင်အိုးကို ကောက်ယူကာ တစ်ကျိုက် မော့လိုက်သည်။
“ဒါက ဆရာကြီးရဲ့ဟာ မဟုတ်ဘူးဆိုရင် အစ်ကိုအကြီးဆုံးရဲ့စာလိပ်တွေမလား...”
ဟူကျီက မျက်လုံးပေကလပ် ပေကလပ်လုပ်လိုက်သည်။
“ ဒါလည်း ဖြစ်နိုင်ချေရှိတယ်..အစ်ကိုအကြီးဆုံးဟာ ရှိမှာပေါ့..”
ဒုတိယအစ်ကိုက ချက်ချင်းပြုံးလိုက်သည်။
“ရိုးရိုးသားသားပြောရရင် ဒါက အငယ်ဆုံးညီလေးရဲ့ဟာလည်း ဖြစ်နိုင်တယ်...”
ဟူကျီက စုမင်ကို ဘေးတိုက်တစ်ချက်ကြည့်လိုက်သည်။
ဒုတိယအစ်ကိုဖြစ်သူက ဟူကျီ၏စကားကိုသဘောမတူမီ စုမင်က အလွန်လေးနက်သောအမူအရာဖြင့် ဝိုင်အိုးကို အမြန်ချလိုက်သည်။
“အဲဒီသားရဲစာလိပ်တွေက ဆရာကြီးပိုင်တာ..”
စုမင်က လေးနက်စွာပြောလိုက်သည်။
ဒုတိယအစ်ကို၏မျက်နှာတွင် လေးနက် သောအကြည့် ပေါ်လာပြီး ခေါင်းတညိတ်ညိတ်လုပ်နေလေသည်။ ထို့နောက် သူ ဟူကျီကို ချက်ချင်းကြည့်လိုက်သည်။
“မှန်တယ်.. အငယ်ဆုံးညီလေးတောင်မှ ဆရာကြီးရဲ့စာလိပ်လို့ပြောနေပြီ.. တတကယ် ဖြစ်နိုင်တယ်.. ဒါမှမဟုတ် အစ်ကိုကြီးရဲ့ဟာ ဖြစ်ကောင်းဖြစ်နိုင်တယ်..အစ်ကိုကြီး စကားမပြောနိုင်ရင် လည်း ခေါင်းညိတ်ပြ.. အစ်ကိုကြီး မလိမ်ရင်တော့ ဆရာကြီးဟာပဲ ဖြစ်လိမ့်မယ်...”
ဟူကျီ ပါးစပ် အဟောင်းသားဖြစ်သွားသည်။ အစ်ကိုကြီးက ခေါင်းညိတ်ဖို့ နေနေသာ ခေါင်းတောင်မရှိပေ။
စုမင်နှင့် ဒုတိယအစ်ကိုတို့က ဟူကျီအား အစ်ကိုကြီး၏အဖြစ်အပျက်များပြောထားပြီးသား ဖြစ်သည်။ အစ်ကိုကြီးပျောက်ဆုံးသွားရခြင်းကို သိပြီးကတည်းက ဟူကျီက စာလိပ်ပိုင်ရှင်အကြောင်း ရိပ်မိနေလေသည်။
“ကောင်းပြီ..ဒါတွေက ဆရာကြီးပိုင်တာပဲ ထားလိုက်ပါ.. ဘာပဲဖြစ်ဖြစ် ဆရာကြီးက သူ့အသက်အရွယ်နဲ့ လိုက်လျောညီထွေမနေဘူး.. သူက တခြားသူတွေကို ချောင်းကြည့်ဖို့ ငါ့မှော်အစီအရင်ကို မကြာခဏသုံးတယ်... ဒါ့ကြောင့် သူ ဒီလိုစာလိပ်တွေကို ဝှက်ထားတာကိုး...”
ဟူကျီက ဒုတိယအစ်ကိုနှင့်စုမင်ဘက်ကို ချက်ချင်းရပ်တည်ခဲ့သည်။
သို့သော် သူပြောပြီးနောက် ငြိမ်ကျသွားသည်။ သူတို့ကိုဝန်းရံထားသော ပျော်ရွှင်စရာအငွေ့အသက်များက ပင်လယ်လေညှင်းလို တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
သူတို့အပေါ် လရောင်ဖြာကျလာပြီး ဟူကျီ ငြိမ်ကျသွားဧ။်။ ဒုတိယအစ်ကိုကလည်း စကားမပြောတော့ဘဲ ပင်လယ်နှင့် ကောင်းကင်ကြီးကို ငေးမောကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် လွမ်းဆွတ်နေသည့် အကြည့်များ ရှိနေသည်။
စုမင်က သူ့ဝိုင်ကို ဖြည်းဖြည်းချင်း မျှင်းသောက်နေလေသည်။
“ကျုပ် ဆရာကြီးကိုလွမ်းတယ်…”
ဟူကျီက တိုးတိုးလေးပြောလိုက်သည်။
“ငါ အရှေ့မြေရိုင်းနယ်မြေကိုသွားပြီး
နေရာတိုင်းကို လိုက်ရှာခဲ့ပေမဲ့ သဲလွန်စတွေပဲ ရှာတွေ့ခဲ့တယ်..ဆရာကြီးက မာန်ပြည်ထောင်ကနေထွက်သွားခဲ့တယ်..ပြီးတော့ ယင်မရဏနယ်မြေကပါ ထွက်သွားခဲ့သလိုပဲ...အဲဒီအချိန်မှာ ငါ ခြုံခိုတိုက်ခိုက်ခံရတယ်.. နောက်ဆုံးတော့ တိထျန်းက ငါ့ကို တိုက်ခိုက်ပြီး မဟာမြူရွက်အင်မော်တယ်ဂိုဏ်းအောက်မှာ ဖိနှိပ်ခဲ့တယ်.. “
“နှစ်ပေါင်းများစွာကြာတော့ ငါရှိနေတဲ့နေရာကို အစ်ကိုကြီး ချဉ်းကပ်လာတာကို ခံစားလိုက်ရတယ်...”
ဒုတိယအစ်ကိုက သူ့ဝိုင်အိုးကို ကောက်ကိုင်လိုက်ပြီး တစ်ခါတည်းမေ့လိုက်သည်။ သူ့စကားသံများက ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေခဲ့သည်။
“ကျုပ် တိထျန်းရဲ့ ကိုယ်ပွားတွေအားလုံးကို သတ်ပစ်ခဲ့တယ်.. နောက်ဆုံးမှာ သူ့ရဲ့ မှော်ခန္ဓာကိုယ်ကိုလည်း ရှင်းပစ်လိုက်တယ်.. အချုပ်အခြာအာဏာပိုင်သုံးယောက်နဲ့ ဧကရာဇ်ငါးပါးထဲက တစ်ပါးဖြစ်တဲ့ တိထျန်းက မာန်ပြည်ထောင်ကို ထပ်ဆင်းသက်ဖို့ ခဲယဉ်းလိမ့်မယ်...”
“လွန်ခဲ့တဲ့နှစ်တွေတုန်းက တိထျန်းက အစ်ကိုကြီးကို သူ့ကိုယ်ပွားအဖြစ်ပြောင်းချင်လို့ အရှင်ဖမ်းခဲ့တယ်.. နောက်ဆုံးတော့ အစ်ကိုကြီးက တိထျန်းရဲ့စွမ်းအားတွေကို အသုံးချပြီး သူ့ခေါင်းကို ဖြတ်ခဲ့တယ်.. သူ တိုက်ပွဲဝင်ပုဆိန်ကို ဆင့်ခေါ်ပြီး သူ့ကိုယ်သူ ရှင်းကန်လို့ အမည်ပေးခဲ့တယ်...”
စုမင်က အစ်ကိုကြီး၏ ရုပ်တုကို ကြည့်ရင်း တိုးတိုးတိတ်တိတ် ပြောလိုက်သည်။
“အစ်ကိုကြီးက မဟာမြူရွက်အင်မော်တယ်ဂိုဏ်းမှာ ဒုတိယအစ်ကို ရှိတယ်လို့ပြောဖူးတယ်.. ပြီးတော့ ဆရာကြီးက မာန်ပြည်ထောင်မှာ မရှိတော့ဘူးလို့ ပြောသေးတယ်.. ဒါပေမဲ့ မသေသေးဘူး.. ဒါဆိုရင် အဖြေတစ်ခုပဲရှိတော့တယ်.. ဒုတိယအစ်ကိုပြောသလို ဆရာကြီးက မာန်ပြည်ထောင်ကနေ ထွက်သွားပြီ...”
စုမင်က ခဏမျှ ငြိမ်နေပြီးမှ ဝိုင်ကို သောက်လိုက်သည်။
“ဒါဆို ဆရာကြီးက မာန်ပြည်ထောင်ကနေ ထွက်သွားပြီပေါ့...”
ဒုတိယအစ်ကိုက တီးတိုးပြောနေရင်း သူ့
မျက်လုံးများထဲတွင် အနက်ရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။
“ဆရာကြီးက ငါတို့တောင် ပြောမသွားဘူး.. ဘာလို့ မာန်ပြည်ထောင်ကနေ ရုတ်တရက်ကြီး ထွက်သွားရတာလဲ...”
“ဒါမှမဟုတ်... ဆရာကြီး က သွားချင်လို့သွားတာမဟုတ်ဘဲ.. အင်အားကြီးတဲ့ ရန်သူနဲ့တွေ့လို့ ထွက်ပြေးခဲ့တာလား..”
“မနက်ခင်းတာအိုဂိုဏ်း”
ဟူကျီက ရုတ်တရက် ခေါင်းမော့ကာ ဒုတိယအစ်ကိုကို ကြည့်လိုက်သည်။
ဒုတိယအစ်ကိုက ခဏလောက် ငြိမ်ပြီး ခေါင်းညိတ်ပြလိုက်သည်။
စုမင်က သူတို့ကိုကြည့်လိုက်သည်။ ဟူကျီနှင့် ဒုတိယအစ်ကိုက သူမသိ
သေးသောလျှို့ဝှက်ချက်ကို သိသွားသည်ဟု ခံစားမိသည်။
ဟူကျီ တိတ်ဆိတ်သွားပြန်သည်။ ဒုတိယအစ်ကို၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသော်လည်း ထိုအပြုံးက အေးစက်စက်သတ်ဖြတ်လိုစိတ်ကို ပြသနေသည်။ စုမင်က ငြိမ်သက်နေသော်လည်း ၎င်းတို့ သုံးဦးထဲတွင် သတ်ဖြတ်လိုစိတ်အထူထဲဆုံးဖြစ်သည်။
“ယွီရွှမ်ရဲ့ခွေးကြီးက လောကကူးပြောင်းအသူရာနဂါးကြီးပဲ..ဒါကြောင့် အဲဒီကောင်မလေးက မာန်ပြည်ထောင်ကို ဆင်းသက်လာနိုင်တာ.. အဲဒီနဂါးနဲ့ဆိုရင် ကျုပ်တို့ မာန်ပြည်ထောင်နဲ့ယင်မရဏနယ်မြေကို ထွက်ခွာပြီး အင်မော်တယ်ပြည်ကို သွားလို့ရတယ်...”
“ချမ့်ချန်ကလည်း မာန်ကျင့်ကြံသူမဟုတ်ဘဲ ကျုပ်တို့ပြည်ကို ဆင်းသက်လာသူပဲ.. ဒါပေမဲ့ သူက အင်မော်တယ်လည်းမဟုတ်ပြန်ဘူး...သူဆင်းသက်ပုံက တခြားသူတွေနဲ့ မတူဘူး.. ပြီးတော့ သူဆင်းသက်လာတဲ့နေရာကို ခေါ်သွားဖို့ ကျုပ်တို့ သဘောတူညီမှုရခဲ့တယ်...”
စုမင်က အေးဆေးစွာ ပြောလိုက်သည်။
ထို့နောက်က ဟူကျီက စကားဆက်ပြောလိုက်သည်။
“ အဲဒီ ထိပ်ပြောင်ကြိုးကြာငှက် မှာလည်း လျှို့ဝှက်ချက် တွေရှိတယ်.. အရင်က သူ့အိပ်မက်ထဲ ကျူပ်ကို ခေါ်ခဲ့တယ်.. ပြီးတော့ သူ့ရဲ့မှတ်ဉာဏ်အချို့ကို တွေ့ခဲ့ရတယ်.. သူကတော့ သတိမထားမိလောက်ဘူး..ကြိုးကြာငှက်က မာန်ပြည်ထောင်ကမဟုတ်သလို အင်မော်တယ်ပြည်ကလည်း မဟုတ်ဘူး.. မနက်ခင်းတာအိုလောကက လာခဲ့တာ.. အရင်က ဆရာကြီးပြောဖူးသလို မနက်ခင်းတာအိုဂိုဏ်းနဲ့ပတ်သတ်ပြီး အတော်ရှုပ်ထွေးတဲ့ဆက်နွယ်မှုရှိရမယ်....”
ဟူကျီ၏ မျက်လုံးများတွင် ဖျတ်ခနဲ လင်းလက်လာသည်။ ထိုအချိန် သူ့မျက်နှာပေါ်တွင် ရိုးသားပြီး ကလေးဆန်သော အမူအရာကို မတွေ့နိုင်တော့ပေ။ ယင်းအစား သူ့မျက်နှာမှာ အတော်လေးရက်စက်ကြမ်းကြုတ်သောအသွင်အပြင်တစ်ခုရှိနေလေသည်။
“အငယ်ဆုံးညီလေး... မင်းက ဆရာကြီးရဲ့သင်ပြမှုကို နောက်ကျမှရခဲ့တယ်..သိပ် မကြာလိုက်ဘူး.. မင်း ရှာမန်နဲ့မာန်ကျင့်ကြံသူတွေကြားက တိုက်ပွဲကို ဝင်တိုက်ခဲ့တယ်.. ပြီးတော့ မင်း အပြင်မှာ တစ်ယောက်တည်းနေခဲ့တယ်... မင်းမသိတဲ့အရာတွေ အများကြီးရှိတယ်..ဆရာကြီးက သူပျောက်ကွယ်မသွားခင်.. မင်းကို ပြောပြချိန် တောင်မရှိလိုက်ဘူး”
ဟူကျီ စကားပြောနေစဥ် ဒုတိယအစ်ကိုက စုမင်ကိုကြည့်သည်။ စုမင်၏စိတ်ထဲက မေးခွန်းများကို သူပြောနိုင်နေပြီဖြစ်သည်။
“ဆရာကြီးဟာ မာန်ကျင့်ကြံသူပဲ.. ဒါပေမဲ့ သူဝင်ခဲ့တဲ့ဂိုဏ်းနဲ့ ဆက်ခံခဲ့တဲ့ကျင့်စဉ်တွေက မနက်ခင်းတာအိုလောကမှာရှိတဲ့ ကြယ်စုဝေးဂိုဏ်းကြီးပဲ... အဲဒီဂိုဏ်းမှာ မရေမတွက်နိုင်တဲ့တပည့်တွေအများကြီးရှိပြီး မနက်ခင်းတာအိုလောကမှာ စွမ်းအားအကြီးဆုံးပဲ..”
“ပိုတိတိကျကျပြောရရင် အဲဒီဂိုဏ်းက စစ်မှန်တဲ့မနက်ခင်းတာအိုလောက တည်ရှိရတဲ့ အကြောင်းရင်းပဲ။
“စစ်မှန်တဲ့မနက်ခင်းတာအိုလောကနဲ့ အချုပ်အခြာအာဏာပိုင်သုံးပါး.. ဧကရာဇ်ငါးပါးတို့က ဒီလောကကြီးတစ်ခုလုံးရဲ့ အစိတ်အပိုင်းတစ်ခုသာသာပဲ.. ခုပြောတဲ့ဂိုဏ်းက ကြီးမားလွန်းပြီး မနက်ခင်းတာအိုဂိုဏ်းလို့ အမည်ရတယ်..ပြောရရင် မနက်ခင်းတာအိုလောကဆိုတာလည်း အဲဒီဂိုဏ်းကြောင့်ပေါ်လာတာ....”
စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ အရင်က သူ ထိုဂိုဏ်းကို တစ်ခါမှ မကြားဖူးပေ။
“ဆရာကြီးက အချိန်တန်တော့ ငါတို့ကို အားလုံးကို ပြောပြခဲ့တယ်..ပြီးတော့ ဆရာကြီးက ရှာမန်နဲ့မာန်ပြည်ထောင်ကြား တိုက်ပွဲပြီးတာနဲ့ မင်းကို ပြောပြဖို့လုပ်ထားတာ.. ဒါပေမဲ့ သူ မပြောရသေးခင် ပျောက်ဆုံးသွားခဲ့တယ်...”
ဒုတိယအစ်ကိုကြီးက ပင်လယ်နှင့်ကောင်းကင်ကို ကြည့်လိုက်ရင်း သူ့မျက်နှာမှာ ဆရာကြီးကိုလွမ်းဆွတ်နေသောအမူအရာက ပေါ်လာလေသည်။