← Chapters

နိုင်းလီမျိုးနွယ်စုရဲ့သွေး

Vol. 53 Ch. 726

နိုင်းလီမျိုးနွယ်စုရဲ့သွေး

Vol. 53 Ch. 726

စုမင်က ခဏမျှ တိတ်ဆိတ်သွားပြီး မေးခွန်းစမေးလိုက်သည်။

“ဒါဆို တာအိုချန်က ဘယ်သူလဲ.. သူနဲ့ မနက်ခင်းတာအိုဂိုဏ်းရဲ့ဆက်ဆံရေးက ဘယ်လိုလဲ”

“တာအိုချန်က မနက်ခင်းတာအိုဂိုဏ်းရဲ့ဘိုးဘေးဖြစ်ပြီး စစ်မှန်တဲ့မနက်ခင်းတာအိုလောကရဲ့ အရှင်သခင်လည်းဖြစ်တယ်... သူ့ရဲ့ ဆန္ဒက ထာဝရအသက်ရှည်ပြီး သူ့ရဲ့ကျင့်ကြံဆင့်က တုနိုင်းမဲ့အဆင့်ကို ရောက်တာမျိုးပဲ...”

“အသေးစိတ်တော့ ကျုပ်လည်း မသိဘူး..ဆရာကြီးက မနက်ခင်းတာအိုလောကဂိုဏ်းအကြောင်းပြောတုန်းက

ငါတို့ရဲ့ဆရာဘိုးဘိုးက ဂိုဏ်းအကြီးအကဲ တွေထဲက တစ်ယောက်လို့ ပြောဖူးတယ်..”

“အင်မော်တယ်မျိုးနွယ်ပဲ ဖြစ်ဖြစ် တခြား မျိုးနွယ်စုပဲဖြစ်ဖြစ် သူတို့မှာ အရည်အချင်း တစ်ခုခု ရှိနေသရွေ့.. သူတို့ဆင်းသက်လာတဲ့နေရာကို ခြေရာခံနိုင်လိမ့်မယ်.. ဒါ့အပြင် မျိုးနွယ်စုတစ်ခုစီရဲ့နောက်မှာတာအိုဂိုဏ်းကအကြီးအကဲတစ်ယောက်ရှိတယ်..”

“မနက်ခင်းတာအိုဂိုဏ်းက စစ်မှန်တဲ့မနက်ခင်း‌တာအိုလောကရဲ့ကွက်လပ်တွေတိုင်းကိုဖြည့်ပေးတဲ့ ပင့်ကူအိမ်ကြီးလိုပဲ..ဒါ့ကြောင့် မနက်ခင်းတာအိုဂိုဏ်းက စစ်မှန်တဲ့မနက်ခင်းတာအိုလောကလို့ ပြောရတယ်..”

“ငါတို့ရဲ့ဆရာကြီးက သူ့တစ်သက်မှာ တပည့်ဆယ်ရှစ်ယောက်သာ ခေါ်ခဲ့တယ်..ဆရာကြီးငယ်ငယ်က မာန်ပြည်ထောင်မှာ လှည့်ပတ်သွားလာနေတုန်း တပည့်အဖြစ်ခေါ်ယူခံခဲ့ရတယ်..အဲချိန်မှာ ဆရာကြီးက ငါတို့ဆရာဘိုးဘိုး‌နောက်ကိုလိုက်သွားတယ်.. ပြီးတော့ ဆရာဘိုးဘိုးရဲ့သင်ပြမှုအောက်မှာ တပည့်တွေအများကြီးရှိခဲ့တယ်..သူတို့က ဆရာဘိုးဘိုးနဲ့အတူတူ မာန်ပြည်ထောင်ကနေ အကြိမ်ပေါင်းများစွာ ထွက်သွားခဲ့ကြတယ်..ဒါပေမဲ့ နောက်ဆုံးမှာ မတူညီတဲ့အတွေးအခေါ်တွေ..သူတို့ရဲ့ကျင့်ကြံလမ်းစဉ်ပေါ်မှာ အယူအဆကွဲလွဲတာတွေရှိခဲ့တယ်..ဆရာကြီးက ဖြစ်ရပ်တစ်ခုကြောင့် လူတွေအများကြီးကို ထိခိုက်

ဒါဏ်ရာရစေခဲ့တယ်..ဒါ့ကြောင့် သူက ဆရာဘိုးဘိုးဆီက ထွက်ခွာပြီး မာန်ပြည်‌ထောင်ကို ပြန်လာခဲ့တာပဲ...”

“သူ မာန်ပြည်ထောင်ကိုပြန်ရောက်တဲ့အခါ သူရခဲ့တဲ့ ဒဏ်ရာတွေက မသက်သာဘဲ အချိန်ကြာလာတာနဲ့အမျှ အားနည်းလာတယ်..ဒါပေမဲ့ အတိအကျပြောရရင်တော့ သူ နှလုံးသားပြောင်းလဲခြင်းစွမ်းရည်ကို ဖန်တီးတဲ့အချိန်မှာဖြစ်ပေါ်ခဲ့တဲ့ အားနည်းချက်ကြောင့်ပဲ...”

“တူညီတဲ့နှလုံးသားပြောင်းလဲခြင်းစွမ်းရည်ဆိုတာ ငါတို့ ဘယ်ကျင့်စဉ်ကိုပဲ ကျင့်ကျင့်..ငါတို့ရဲ့အပြင်ပန်းပုံသဏ္ဍန်က ပြောင်းလဲပါစေ ..အဲဒါက ငါတို့ရဲ့မူလဇာတ်မြစ်ကို ဘယ်တော့မှ မပြောင်းလဲစေဘူး.. “

“ငါတို့ရဲ့အကြီးဆုံးအစ်ကိုက နိုင်းလီရဲ့ရှာမန်အရှင်သခင်ကနေ ဆင်းသက်လာတဲ့သူပဲ..သူက ဆရာကြီးနဲ့အချိန်တွေအများကြီး ဖြတ်သန်းခဲ့ဖူးတယ်...မူလက ငါက စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုက စိတ်တစ္ဆေတူညီမျိုးနွယ်ဝင်ရဲ့ဝိညာဉ်အပိုင်းအစလေးတစ်ခုပဲ..နောက်မှ စိတ်‌တစ္ဆေမျိုးနွယ်စုဝင်ဖြစ်လာတာ...”

“အစက ငါ့မှာ ဉာဏ်ရည်မပါဘူး..စိတ်တစ္ဆေတူညီမျိုးနွယ်ဝင် သေဆုံးသွားတဲ့အခါ ရုတ်တရက်ဉာဏ်ရည်ဉာဏ်သွေးကို ရခဲ့တယ်... အဲဒီ့နောက်မှာ ငါ ပျောက်ကွယ်မသွားဘဲ လောကကြီးထဲမှာထွက်ပေါ်လာပြီး ကျင်လည်သွားလာခဲ့တယ်..”

“နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ဆရာကြီးနဲ့တွေ့ခဲ့တယ်..သူက ငါ အသွင်ပြောင်းဖို့ ကူညီပေးပြီး အသူရာနဂါး ကြေးခွံကို ပေးခဲ့တယ်.. အဲဒီ့အချိန်ကစပြီး ငါ ဆရာကြီးနောက်ကို လိုက်ခဲ့ပြီး ဒုတိယတပည့်ဖြစ်လာခဲ့တယ်..”

ဒုတိယအစ်ကိုက တိုးတိုးလေးပြောသော်လည်း သူ့အသံက လေထုထဲမှာ ပဲ့တင်ထပ်နေလေသည်။

“ဟူကျီရဲ့ မူလဇစ်မြစ်က ပိုလို့တောင် ရှုပ်ထွေးတယ်.. သူက ငါတို့ ဆရာကြီးရဲ့ တန်ဖိုးအထားရဆုံးသူပဲ..ဘာလို့လဲဆိုတော့ သူရဲ့အရည်အချင်းက ငါနဲ့အစ်ကိုကြီးထက် သာလွန်တယ်...သူက…”

ဒုတိယအစ်ကိုက ဟူကျီကို တစ်ချက်ကြည့်လိုက်သည်။

ဟူကျီက ဘေးနားတွင် ငြိမ်သက်စွာ သောက်လိုက်သည်။သူ စကားဝင်မပြောဘဲ နားထောင်နေလေ၏။

“ယင်မရဏနယ်မြေက လျှို့ဝှက်ဆန်းကြယ်တဲ့နေရာတစ်ခုပဲ...ဒီလျှို့ဝှက်ဆန်းကြယ်သောတည်ရှိမှုကို မနက်ခင်းတာအိုဂိုဏ်းက လူတွေတောင်သတိထားရတယ်လို့ ဆရာကြီးက ပြောဖူးတယ်..ပြီးတော့ မာန်မျိုးနွယ်စုက သဘာဝအတိုင်းဖြစ်တည်လာတဲ့မျိုးနွယ်စုတစ်ခုမဟုတ်ဘူး..အဲဒါက ယင်မရဏနယ်မြေထဲမှာရှိတဲ့မျိုးနွယ်စုတွေထဲက တစ်ခုပဲ...”

“ဆရာကြီးရဲ့ဗဟုသုတအရဆိုရင် ယင်မရဏ နယ်မြေမှာ မျိုးနွယ်တွေ အများကြီးရှိတယ်..ဒါပေမဲ့ မနက်ခင်းတာအိုဂိုဏ်းရဲ့စကားအရဆိုရင်.. ဒီမျိုးနွယ်တွေဟာ ရာဇ၀တ်ကောင်တွေပဲ”

ဒုတိယအစ်ကိုက ခေါင်းကိုမော့ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

“ ယင်မရဏဝဲဂယက်ရဲ့ နက်နဲတဲ့နေရာမှာ မရေမတွက်နိုင်တဲ့လောကကြီးတွေအများကြီးရှိတယ်..အဲဒီနေရာက စစ်မှန်တဲ့ယင်မရဏနယ်မြေပဲ...တကယ်တော့

ငါတို့မာန်ကျင့်ကြံသူတွေတည်ရှိတဲ့နေရာက ယင်မရဏဝဲဂယက်ထဲမှာရှိတဲ့လောကတွေထဲက တစ်ခုပဲ...”

“အင်မော်တယ်တွေ ငါတို့ လောကထဲကို ဆင်းသက်လာရတဲ့ အကြောင်းရင်းနဲ့ မာနပြည်ထောင်က မနက်ခင်းတာအိုဂိုဏ်းမှာ အရမ်းနာမည်ကြီးရတဲ့အကြောင်းရင်းကတော့ လေ့ရှန်ရှို့ကြောင့်ပဲ.. ငါတို့ရဲ့ ပထမဆုံးမာန်နတ်ဘုရားက ဒီမှာပဲ မွေးဖွားလာလို့...”

“သူက တစ်မူထူးခြားတဲ့လူထူးဆန်းပဲ.. သူက ကျင့်ကြံဆင့်ထိပ်ဆုံးကို ရောက်ခဲ့တဲ့အရူးလိုလူပဲ...သူက မာန်ပြည်ထောင်ထဲက ရုန်းထွက်နိုင်ခဲ့ပြီး ယင်မရဏနယ်မြေ ကိုတောင် ထိတ်လန့်တုန်လှုပ်စေတဲ့အပြင် မနက်ခင်းတာအိုဂိုဏ်းကို အုတ်အော်သောင်းနင်းဖြစ်စေခဲ့တယ်..”

“နောက်ဆုံးမှာ ယင်မရဏနယ်မြေက သူ့ကို အသိအမှတ်ပြုခဲ့ပြီး အစွမ်းကုန်ပံ့ပိုးခံခဲ့ရတဲ့ ယင်မရဏနယ်မြေရဲ့ ပထမဆုံးပါရမီရှင်လည်းဖြစ်တယ်..”

စုမင်က အသက်ရှုမြန်လာသည်။ ထိုအကြောင်းအရာမှာ သူနားလည်သည့်အရာနှင့် အတော်လေးဆင်တူသော်လည်း အများစုမှာ ယခင်က သူမကြားခဲ့ဖူးသော အဖြစ်အပျက်များဖြစ်သည်။

“သူဟာ လောကပေါင်းများစွာကို သိမ်းပိုက်ပြီး တောက်ပတဲ့ယန်နယ်မြေကို

ဦးတည်တဲ့ လမ်းကြောင်းကို ဖွင့်လှစ်ခဲ့တယ်....ဒါက စစ်မှန်တဲ့မနက်ခင်းတာအိုလောကမှာရှိတဲ့ မနက်ခင်းတာအိုဂိုဏ်း

တည်ရှိရာနေရာကို ဦးတည်တဲ့ လမ်းကြောင်းဖြစ်တယ်..ပြီးတော့ မာန်ပြည်‌‌ထောင်ကနေ တောက်ပတဲ့ယန်နယ်မြေထဲကို ဖောက်ထွင်းဝင်ရောက်နိုင်တဲ့ တစ်ခုတည်းသောပြည်‌ထောင်ဖြစ်လာခဲ့တယ်..အဲဒီ့လမ်းကြောင်းက အင်မော်တယ်တွေနဲ့မနက်ခင်းတာအိုဂိုဏ်းကလူတွေ ငါတို့မာန်ပြည်ထောင်ဆီ လာလို့ရတဲ့လမ်းကြောင်းလည်း ဟုတ်တယ်...”

“လေ့ရှန်ရှို့က တာအိုချန်နဲ့တိုက်ခိုက်ခဲ့ပေမဲ့ မသေခဲ့ဘူး..သူက လောကအမျိုးမျိုးက လူတွေကို ကျွန်ပြုခဲ့ပြီး မနက်ခင်း‌တာအိုဂိုဏ်းကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တယ်.. မာန်ပြည်ထောင်က ယင်မရဏနယ်မြေနဲ့တောက်ပတဲ့ယန်နယ်မြေတို့ရဲ့

အကူးအပြောင်းနေရာတစ်ခု ဖြစ်လာခဲ့တယ်..”

“အဲဒါကြောင့် ဆရာဘိုးဘိုးက ဒီကိုလာပြီး ငါတို့ဆရာကို သူ့တပည့်အဖြစ် ခေါ်သွားဖြစ်နိုင်တယ်”

ဒုတိယအစ်ကိုက အေးအေးဆေးဆေး ရှင်းပြသည်။ သူစကားပြောပြီးတိုင်း စုမင် နားလည်မလည်ကို ဆန်းစစ်နေခဲ့သည်။ ထိုမှနေ၍ စုမင်က လောကနှင့်ပတ်သတ်သောလေးနက်သောယူဆချက်တစ်ခုကို ရရှိခဲ့သည်။

“ယင်မရဏနယ်မြေကိုကျော်လွန်သွားရင်

ကျင့်ကြံခြင်းဂြိုလ်ကိုးလုံးရှိတယ်... အင်မော်တယ်တွေက ယင်မရဏနယ်မြေကို ချိပ်ပိတ်ဖို့ ဂြိုလ်ကြီးတွေကို ထားခဲ့တယ်...အမှန်‌တော့ သူတို့ ဘာပဲလုပ်လုပ် ယင်မရဏနယ်မြေကို ချိပ်ပိတ်လို့မရဘူး...”

“ဒါပေမဲ့ ကျင့်ကြံခြင်းဂြိုလ်တွေအပြင်

မနက်ခင်းတာအိုဂိုဏ်းက ဖန်တီးထားတဲ့မှော်အဆောင်တစ်ခုလည်း ရှိသေးတယ်..အင်မော်တယ်တွေက အဲဒီအစီအရင်ကို မထိန်းချုပ်နိုင်ဘူး..ဘာလို့ဆို ကျားကိုးဆယ့်ကိုးကောင်၊ နဂါးလေးဆယ့်ကိုးကောင်နဲ့ ပြုလုပ်ထားလို့ပဲ..

“ဒါက ယင်မရဏနယ်မြေကို ဖိနှိမ်နိုင်တဲ့

ပထမဆုံးမှော်အဆောင်ပဲ..လေ့ရှန်ရှို့ကတောင် ဒီမှော်အ‌ဆောင်ကို ပေါ့ပေါ့ဆဆ မကိုင်တွယ်ရဲဘူး..အဲဒီအစားသူရဲ့ ကြီးမားတဲ့စွမ်းအားနဲ့ ယင်မရဏနယ်မြေရဲ့ပထမဆုံးပါရမီရှင်ဆိုတဲ့ဂုဏ်ပုဒ်ကို အသုံးပြုပြီး မှော်အစီအရင်ကိုရှောင်ဖို့ တစ်ခြားလမ်းဖောက်ခဲ့တယ်... “

“ဆရာကြီးက ကျားကိုးဆယ့်ကိုးကောင်ထဲက တည်ရှိမှုကိုမျှားခေါ်ဖို့ အများကြီးအားထုတ်ခဲ့တယ်..ဒါပေမဲ့ ဘာနည်းလမ်းတွေသုံးခဲ့ဆိုတာ ငါလည်း မသိဘူး..ပြီးတော့ သူက အဲဒီတည်ရှိမှုကို ဝိညာဉ်တစ်ခုအဖြစ်ပြောင်းလဲခဲ့ပြီး မာန်ပြည်ထောင်က အမျိုးသမီးတစ်ယောက်ရဲ့ကိုယ်ထဲကိုထည့်ပေးခဲ့တယ်..ပြီးတော့ သူမက သားလေးတစ်ယောက်မွေးခဲ့တယ်..အဲဒါ ဟူကျီပဲ...”

စုမင်က အသက်ပြင်းပြင်းရှူပြီး တိတ်တိတ်ဆိတ်ဆိတ် ဝိုင်သောက်နေသော ဟူကျီဆီသို့ ကြည့်လိုက်သည်။ ဟိုးအရင်ကတည်းက စုမင် ထိုအကြောင်းကို သိပြီးသားဖြစ်သည်။ထိုအချိန်တွင် သူ့မျက်နှာမှာ ဘာအရိပ်အယောင်မှ မတွေ့ခဲ့ရပေ။

“ဟူကျီရဲ့အိပ်မက်ထဲဝင်ရောက်ခြင်းစွမ်းရည်က သူမွေးဖွားလာကတည်းက ပါတဲ့

စွမ်းအားတစ်ခုပဲ...ဒါ ပထမဆုံးမှော်အစီအရင်ရဲ့အရင်းအမြစ်ကနေ ပေါက်ဖွားလာတဲ့စွမ်းအားတစ်ခုဖြစ်သလို မှော်အစီအရင်ဖန်တီးသူချန်ရစ်ခဲ့တဲ့ စွမ်းရည်တစ်ခုလည်းဖြစ်တယ်...”

“ငါတို့ရဲ့ ဆရာကြီးက ပင်ကိုယ်ပါရမီထူးရှိတဲ့လူပဲ.. ဟူကျီက မှော်အစီအရင်ကိုချိုးဖျက်ဖို့ သော့တစ်ချောင်းဖြစ်တယ်လို့

ပြောခဲ့ဖူးတယ်..ဟူကျီတစ်ယောက်တည်းသာ လုပ်နိုင်တယ်...”

ဒုတိယအစ်ကိုက ခေါင်းကိုမော့ပြီး ဟူကျီ၏ခေါင်းကို ပွတ်သပ်လိုက်သည်။ ဟူကျီက ဤချစ်ခင်ကြင်နာသောအမူအရာကို ရိုးရှင်းစွာ ခွင့်ပြုလိုက်သည်။ သူက သူ့ဝိုင်အိုးကို ချလိုက်ပြီး စုမင်ကို ကြည့်လိုက်သည်။

“အငယ်ဆုံးညီလေး.. ဒီလိုနဲ့ ငါဆိုတာဖြစ်လာတာပဲ.. ဆရာကြီးရဲ့အစီအစဥ်က ဘာလဲဆိုတာတော့ မသိဘူး..ဆရာကြီးက ငါ့အပေါ် သဘောကောင်းတယ်.. အစ်ကိုကြီးက ငါ့ကို ချစ်တယ်.. ဒုတိယအစ်ကိုကတော့ ငါ့ကို အဆက်မပြတ်ရိုက်နေတာ..အငယ်ဆုံးအစ်ကို..မင်းလည်း ငါ့အပေါ် ကောင်းပေးတယ်.. အဲဒါကြောင့် ငါ့ဘဝက မင်းအတွက်ပဲ..”

“မင်း ငါ့ကိုလုပ်စေချင်တာကို ငါလိုက်လုပ်မယ်”

ဟူကျီက လေးနက်စွာပြောသည်။

ဒုတိယအစ်ကိုက စုမင်ကိုကြည့်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။

“အငယ်ဆုံးညီလေး..ဆရာကြီးက မင်းအကြောင်းကိုတစ်ခါပြောဖူးတယ်.. မင်းအကြောင်း ထိုးထွင်းမသိနိုင်ဘူးတဲ့..”

“မင်း ရှာမန်နဲ့မာန်ပြည်ထောင်ကြားကတိုက်ပွဲဝင်တဲ့ချိန်မှာ ဆရာကြီးက မင်း

ထွက်သွားတာကို စောင့်ကြည့်နေခဲ့တယ်.

မင်းဘယ်ကလာတယ်ဆိုတာ မပြောနိုင်ဘူးလို့ ငါနဲ့ဟူကျီကို ပြောခဲ့တယ်..မင်း

ခန္ဓာကိုယ်က မရဏအငွေ့အသက်က စစ်မှန်တဲ့အသူရာလောကမှ အငွေ့အသက်နဲ့ဆင်တူပေမဲ့ ကွဲပြားတယ်...”

“မင်းရဲ့တည်ရှိမှုနဲ့ တခြားအရာအားလုံးက ဆရာကြီးပြောဖူးတဲ့ လျှို့ဝှက်ချက်တစ်ခုကို မှတ်မိစေတယ်..ဟိုးအရင်တုန်းက စစ်မှန်တဲ့မနက်ခင်းတာအိုလောကမှာ ဖြစ်ပျက်ခဲ့တဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ.. လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စစ်မှန်တဲ့မနက်ခင်းတာအိုလောကက စွမ်းအားအကြီးဆုံးဖြစ်နေချိန်မှာ ဇနီးမောင်နှံနှစ် ဖော်က အဲဒီလောကကို ရောက်သွားခဲ့တယ်...”

“သူတို့ အခြားအန္တရာယ်ကနေ ထွက်ပြေးလာခဲ့တာ.. အဲဒီအချိန်မှာ အမျိုးသမီးက ကိုယ်ဝန်ရှိနေပြီး အမျိုးသားက ဒဏ်ရာအပြင်းအထန်ရခဲ့တယ်… ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကနေ ပြန့်ကျဲထွက်လာတဲ့ တည်ရှိမှုက မနက်ခင်းတာအိုလောက တစ်ခုလုံးကို ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်စေခဲ့တယ်..”

“သူတို့က မနက်ခင်းတာအိုလောကမှာ

အကြာကြီးနေဖို့ ရည်ရွယ်ထားပုံမပေါ်ဘူး..မနက်ခင်းတာအိုလောကရဲ့အပြောင်းအလဲက မနက်ခင်းတာအိုဂိုဏ်းရဲ့ အာရုံကို ဖမ်းစားခဲ့တယ်..ဇနီးမောင်နှံဟာ မနက်ခင်းတာအိုလောကရဲ့ဆေးဒယ်အိုးကြီးထက်သာလွန်တဲ့ ရတနာကြီးတစ်ခုပိုင်ဆိုင်တဲ့အကြောင်း သူတို့ရိပ်စားမိခဲ့ကြတယ်...”

“အဲဒီရတနာက… စစ်မှန်တဲ့မဟာလောကကြီးလေးခုထဲက ပစ္စည်းလည်းမဟုတ်ဘူး...”

“အဲဒီ့ရတနာကို လုယူဖို့ တိုက်ပွဲတစ်ခု စတင်ခဲ့တယ်.. ဒါပေမဲ့ အဲဒီအမျိုးသားက စွမ်းအားကြီးလွန်းတယ်.. ပြီးတော့ သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီး သွေးတွေ အများကြီး ထွက်လာခဲ့တယ်.. အထွတ်အထိပ်ရောက်နေတဲ့ တာအိုချန်တောင်..သူနဲ့ တိုက်ခိုက်တုန်းက ရှုံးနိမ့်ခဲ့တယ်....”

“တကယ်လို့ တိုက်ခိုက်နေတုန်းမှာ အမျိုးသမီးက ဗိုက်နာပြီး သွေးမသွန်နေဘူးဆိုရင်..ဘယ်သူကမှ အဲဒီ့အမျိုးသားရဲ့ပြိုင်ဘက်ဖြစ်မှာ မဟုတ်ဘူး… အမျိုးသမီးရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံက မယုံနိုင်လောက်အောင်ကို ထူးခြားတယ်...ဒါပေမဲ့ သွေးသွန်လိုက်တာနဲ့ သူမရဲ့ကျင့်ကြံစွမ်းအားအားလုံး ဆုံးရှုံးသွားတယ်..”

“အဲဒီအချိန်မှာ မနက်ခင်းတာအိုဂိုဏ်းက ရူးသွပ်စေလောက်တဲ့ တန်ပြန်တိုက်ခိုက်မှုကို စတင်လိုက်တယ်.. ဒါဟာ တာအိုဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့သွားစေတဲ့ သွေးထွက်သံယို တိုက်ပွဲတစ်ခုပဲ... နောက်ဆုံးမှာတော့… အဲဒီလူက သူ့ရဲ့ ဒေါသ၊ ဝမ်းနည်းမှု၊ ရူးသွပ်မှုနဲ့ သူ့ရဲ့သေလုနီးပါးဖြစ်နေတဲ့ဇနီးသည်ကိုပွေ့ပြီး တာအိုလောကမှအမြန်ထွက်လာခဲ့တယ်..”

“သူမထွက်သွားခင်မှာ သူ့မျက်လုံးတွေက ကြက်သွေးရောင်ပြောင်းသွားတယ်လို့ပြောကြတယ်..ပြီးတော့ သူ့နောက်ကို လိုက်လာတဲ့သူ‌တွေကိုလှည့်ကြည့်လိုက်ပြီး တစ်ခုခုပြောခဲ့တယ်”

ဒုတိယအစ်ကိုက စုမင်ကို တိုးတိုးလေးပြောပြနေလေသည်။

စုမင်က စကားဝင်မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။

“ဒီလောကကြီးက...အသူရာလောကကြီးဖြစ်လာရမယ်...”

ဒုတိယအစ်ကိုက စကားခဏရပ်လိုက်သည်။

“အဲဒီ့အချိန်ကစပြီး မနက်ခင်းတာအိုလောကတစ်ခုလုံးရဲ့ အဆုံးမဲ့နဂါးငွေ့တန်းက ညိုးနွမ်းစပြုလာတယ်..စိတ်ဝိညာဉ်တွေအားလုံးဟာ လောကကြီးထဲမှာ တဖြည်းဖြည်း ပြန့်ကျဲလာခဲ့တယ်..ပြီးတော့ ဝိညာဥ်စွမ်းအားယိုစိမ့်လာတာကြောင့် ကျင့်ကြံခြင်းဂြိုလ်ကြီးတွေတောင် ပျက်စီးစပြုလာခဲ့တယ်..”

“ဒီထူးဆန်းတဲ့ ဖြစ်စဉ်ကြောင့် အကုန်လုံးကို ထိတ်လန့်တကြား ဖြစ်စေခဲ့တယ်…”

“မနက်ခင်းတာအိုဂိုဏ်းက အရင်ကလို အင်အားမရှိတော့ပေမဲ့လည်း ဒီဂိုဏ်းက မနက်ခင်းတာအိုလောကမှာ အရှင်သခင်ဖြစ်နေတုန်းပဲ..”

“ဆရာကြီးက မင်းကို စုမင်လို့ခေါ်တာပဲ သိတယ်. မင်းဘယ်ကလာတယ်ဆိုတာ မပြောနိုင်လို့ ကောလာဟလတစ်ခုကို တွေးမိခဲ့တယ်..အင်မော်တယ်တွေရဲ့ နဂါးငွေ့တန်းထဲမှာ ချိတ်ပိတ်ထားတဲ့ နေရာတစ်ခုရှိတယ်.. အဲဒီချိပ်တံဆိပ်ထဲမှာ အလောင်းတစ်ခုရှိတယ်..”

ဒုတိယအစ်ကိုကြီး ထိုအကြောင်းပြောပြီးသည်သူ ဘာမှ ဆက်မပြောတော့ပေ။

ဟူကျီက စုမင်အနားတွင် တိတ်ဆိတ်စွာနေနေသည်ကို သူ ကြည့်နေသည်။

ညအချိန်က ပို၍အမှောင်ထုကြီးစိုးလာ လေသည်။ ပင်လယ်လေက စိုစွတ်မှုနှင့် အအေးဓာတ်ကို ဖြတ်သန်းတိုက်ခတ်လာသောကြောင့် အေးမြနေလေသည်။ ထိုလေက စုမင် ၏ဆံပင်ကို တဖျပ်ဖျပ်လွင့်နေစေပြီးစုမင်က ကောင်းကင်ကိုကြည့်ရန် ခေါင်းမော့လိုက်သည်။

အချိန်အတော်ကြာပြီးနောက် စုမင် ၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ သူက မျက်လုံးဖွင့်ပြီး သူ့ဒုတိယအစ်ကိုနှင့် ဟူကျီကို ကြည့်လိုက်သည်။

“ဒုတိယအစ်ကို...ငါက မင်းပြောခဲ့တဲ့လင်မယားနှစ်ယောက်နဲ့ ဆက်စပ်မှု ရှိမရှိ မသိပေမဲ့ ငါက... အင်မော်တယ်ပြည်မှာ ချိတ်ပိတ်ထားတဲ့ အလောင်းရဲ့ဝိညာဉ်ပဲ”

စုမင်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

ဒုတိယအစ်ကိုနှင့် ဟူကျီက စကားတစ်ခွန်းမှ မပြောသော်လည်း ခဏအကြာတွင် ဟူကျီက စုမင်ကိုကြည့်ရန် ခေါင်းမော့လိုက်သည်။ဟူကျီက သူ့ ညာလက်ကို မြှောက်လိုက်ကာ သူ့ရင်ဘတ်ကိုတအုန်း အုန်းရိုက်လိုက်သည်။

“အဲဒီအင်‌မော်တယ်ကောင်တွေကို အသေသတ်ပစ်မယ်..စိတ်မပူနဲ့..ညီလေး..မင်းအစ်ကို ဟူကျီက မင်းရဲ့ခန္ဓာကိုယ်ကိုကို သေချာပေါက်ပြန်ယူ ပေးမယ်...”

ဟူကျီက ကျယ်လောင်စွာပြောလိုက်သည်။ သူ့နှလုံးသားနက်နဲရာမှ ထွက်ပေါ်လာသည့် လေးနက်သောအမူအရာက သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။

“ငါတို့မှာ ဘယ်လိုအဆင့်အတန်းရှိရှိ အရေးမကြီးဘူး.. ငါက မင်းရဲ့ ဒုတိယ အအစ်ကို၊ မင်းက ငါ့တို့ရဲ့ အငယ်ဆုံးညီလေး.. ငါတို့က မိသားစုတွေလေ..”

ဒုတိယအစ်ကိုကြီးက စုမင်ကို ပြုံးပြသည်။ အတိတ်မှာ အမြဲရှိခဲ့သော ဒုတိယအစ်ကို၏အပြုံးသည် နဝမမြောက်တောင်ထွဋ်ရှိ မှောင်မိုက်သောညကို နွေးထွေးမှုပေးစွမ်းလေသည်။

“ငါတို့ဆရာကြီး ပျောက်သွားပြီ.. သူက ကိစ္စတစ်ခုခုနဲ့ကြုံကြိုက်သွားတာ ဒါမှမဟုတ် မာန်ပြည်ထောင်ကနေ အတင်းခေါ်သွားခံရတာ ဖြစ်နိုင်တယ်... ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ရဲ့ ဆရာကြီးရဲ့ ဆန္ဒမဟုတ်ဘူး...ငါတို့ သူ့ကို ရှာရမှာပေါ့...”

ဒုတိယညီဖြစ်သူက ပြောပြီး လက်သီးများကို ကျစ်ကျစ်ပါ အောင်ဆုပ်ထားသည်။

“ဒါပေမဲ့ ငါတို့ သူ့ကို ဘယ်မှာ ရှာရမှာလဲ”

ဟူကျီက ကျယ်လောင်စွာ မေးလိုက်သည်။

“ဟူကျီ..ဆရာကြီးပြောခဲ့တဲ့ ထူးဆန်းတဲ့စကားတွေကို မှတ်မိသေးလား”

ဒုတိယအကိုကြီး၏ မျက်လုံးများတွင် နက်မှောင်တောင် အလင်းတန်းတစ်ခု ပေါ်လာသည်။

All Chapters