နိုင်းလီမျိုးနွယ်စုရဲ့သွေး
Vol. 53 Ch. 727
“ဆရာကြီး မထွက်ခွာခင် ကောင်းကင်ကို မော့ကြည့်ပြီး တစ်ခုခုပြောခဲ့တယ်”
ဒုတိယအစ်ကိုကြီးက တစ်ခုခုကို သတိရသွားသည်။
“ဆရာကြီးက ပြောလိုက်တယ်...အချိန်နီးကပ်လာပြီ..ဒါက အရှေ့မြေရိုင်းနယ်မြေရဲ့ကပ်ဆိုးကြီး ဖြစ်ပေါ် တော့မှာလား..”
ဒုတိယအစ်ကို၏ မျက်လုံးများက စုမင်ကို ကြည့်ရင်း တောက်ပလာသည်။
“ဒါ သူပြောတဲ့စကားတွေ.. အငယ်ဆုံးညီလေး..ဒီစကားတွေကို အခြေခံပြီး သဲလွန်စရှာလို့ရလား”
“အချိန်နီးကပ်လာပြီ..ဟုတ်လား.. ဒါဆို ဆရာကြီးပြောနေတဲ့ “အချိန်”က ဘာကိုပြောတာလဲဆိုတာ အရင်သိရမယ်.. ဒုတိယဝါကျမှာ အရှေ့မြေရိုင်းနယ် မြေရဲ့ကပ်ဘေးကိုပြောလိုက်တယ်..ဆိုလိုတာက ဆရာကြီးက “အချိန်”နဲ့ပတ်သတ်ပြီး မှန်းဆချက်တချို့ ပြောပြခဲ့တာလား.. သူမှန်းဆထားတဲ့အရာက ပြောလို့မပြီးသေးတဲ့စာကြောင်းမှာလည်း ဖြစ်နိုင်တယ်..”
စုမင်က ဖြည်းညှင်းစွာပြောလိုက်သည်။
“ငါ မဟာမြူရွက်အင်မော်တယ်ဂိုဏ်း ရဲ့ တောင်အောက်မှာ ဖိနှိပ်ခံရတုန်းက ဒီစကားလုံးတွေကို အချိန်အတော်ကြာ ဆန်းစစ်ခဲ့တယ်..ငါ ဆရာကြီးနောက်ကိုလိုက်တုန်းက အဲဒီစကားတွေကို ပြန်တွေးကြည့်မိပေမဲ့ ‘အချိန်” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို မသိခဲ့ဘူး.. အငယ်ဆုံးညီလေး.. ဟူကျီ..မင်းတို့ ဆရာကြီးနဲ့ ‘အချိန်’ နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောဖူးလား..”
ဒုတိယအစ်ကိုက စုမင်နှင့်ဟူကျီကို ကြည့်လိုက်သည်။
“မမှတ်မိဘူး.. “
ဟူကျီက ခေါင်းကုတ်ဖင်ကုတ်လိုက် လုပ်နေလေသည်။
စုမင်လည်း ခဏမျှ နှုတ်ဆိတ်နေသွားပြီး ဘာမှ မမှတ်မိတော့ပေ။ မကြာခင်မှာပဲ သူ့မျက်လုံးထဲမှာ စူးရှ သောအကြည့်ပေါ်လာပြီး အစ်ကိုကြီး၏ ရုပ်တုကို စိုက်ကြည့်နေလေသည်။
“အစ်ကိုကြီးက မာန်ပြည်ထောင်မှာ ဆရာကြီးမရှိတော့တာကို ပထမဆုံးပြောခဲ့တဲ့သူပဲ.. ဒါ့အပြင်က သူက ဆရာကြီးနဲ့
အကြာဆုံး အတူနေဖူးသူပဲ..အစ်ကိုကြီးတစ်ခုခုသိနေလောက်တယ်..”
ဒုတိယအစ်ကိုနှင့်ဟူကျီက ရုပ်တုဖြစ်သွားသောအစ်ကိုကြီးဆီကို
လှမ်းကြည့်လိုက်သည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဒုတိယအစ်ကိုက အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။
“အစ်ကိုကြီး နိုးလာတဲ့အခါ ငါတို့ ဒီအကြောင်းပြန်ပြောကြမယ်..ငါတို့အပြန်လမ်းမှာ သူ့ကို နှိုးထစေဖို့ နည်းလမ်းတစ်ခု စဉ်းစားထားတယ်.. ဒီနည်းလမ်းက အစ်ကိုကြီး နိုးလာနိုင်တဲ့ အခွင့်အရေးငါးပုံလေးပုံလောက် ရှိမယ်”
ထို့နောက် ဒုတိယအစ်ကိုဖြစ်သူ ဟူကျီကို ကြည့်လိုက်သည်။
“ဟူကျီ..မင်းရဲ့ကျင့်ကြံဆင့်က အနိမ့်ဆုံးပဲ၊ ဒါပေမဲ့မင်းရဲ့အိပ်မက်ထဲဝင်ရောက်ခြင်းစွမ်းရည်က အရမ်းမိုက်တယ်..အဲ့ဒီစွမ်းရည်ရုပ်တုထဲမှာ အစ်ကိုကြီးရဲ့ အသိဉာဏ်ကို ရှာကြည့်လိုက်... သူ့အသိစိတ်က လွှမ်းမိုးခံနေရတယ်..ဒါပေမဲ့ မင်းက သူ့ညီလေးမို့ နာကျင်အောင်မလုပ်ပါဘူး...မင်းရဲ့စွမ်းရည်နဲ့ အစ်ကိုကြီးရဲ့အသိဉာဏ်ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းပေးစမ်းကွာ...”
ဟူကျီက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ သူ့အတွက် ထိုတာဝန်က ဆရာကြီးကို ကယ်တင်ခြင်းကဲ့သို့ပင် အရေးကြီးသည်။ ၎င်းက သူ့အသက်ထက်ပင် ပိုအရေးကြီးသည့်အဆင့်တွင် ရှိနေသည်။
“အငယ်ဆုံး ညီလေး..ငါ့ရဲ့ကျင့်ကြံလမ်းစဥ်နဲ့ဆို မာန်ကျင့်ကြံဆင့်တွေကို ခွဲခြားဖို့ ခက်ခဲတယ်..ငါ့ရဲ့ယူဆချက်အရ..ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က မာန်စိတ်ဝိညာဉ်နယ်ပယ်မှာ ကြီးမားတဲ့အောင်မြင်မှုရထားတဲ့သူထက် သာလွန်နေပေမဲ့ မင်းထက် နည်းနည်း နိမ့်နေသေးတယ်...”
“ငါတို့သုံးယောက်ထဲမှာ မင်းရဲ့ကျင့်ကြံအဆင့်က အကြီးကျယ်ဆုံးဖြစ်ပြီး မင်းအရေးကြီးဆုံးအလုပ်ကို လုပ်ရမယ်..”
ဒုတိယအစ်ကိုက ထိုစကားများပြောရင်း စုမင်ကို ကြည့်လိုက်သည်။
စုမင်က ဒုတိယအစ်ကိုနှင့်အကြည့်ချင်းဆုံပြီး နောက်ထပ်စကားများကို စောင့်ဆိုင်းနေသကဲ့သို့ သူ့မျက်လုံးက တောက်ပလာသည်။
“ရှာမန်တွေရဲ့အရင်းအမြစ်သွေးတွေကို စုဆောင်းပါ.. များများစုနိုင်လေ..ပိုကောင်းလေ.. အထူးသဖြင့် ရှာမန်ဘိုးဘေးကြီးဆီကဆိုရင် ပိုကောင်းတယ်..အရင်တုန်းက ဒီပုဂ္ဂိုလ်ရဲ့ကျင့်ကြံဆင့်က အံ့မခန်းပဲ.. ရှာမန်နဲ့မာန်ပြည်ထောင်တိုက်ပွဲမှာ သူပြန်နိုးထလာခဲ့တာကို သတိရမိသေးတယ်..သူ့နှလုံးသွေးက အရေးကြီးဆုံးပဲ..”
“ဒါပေမဲ့ မင်း အဲဒီပုဂ္ဂိုလ်ကို သတိထားရမယ်...အရင် ဆရာကြီး အားနည်းတဲ့ အချိန်တုန်းက အဲဒီပုဂ္ဂိုလ်နဲ့ တိုက်ခဲ့ဖူးတယ်.. ဆရာကြီးက သူ့ပြိုင်ဘက်မဖြစ်ခဲ့ဘူး..ဘာလို့ဆို အဲဒီလူမှာ မနက်ခင်းတာအိုလောကရဲ့မှော်အဆောင်တစ်ခုရှိခဲ့တယ်. ဆရာကြီးပြောပုံအရဆိုရင် မနက်ခင်းတာအိုလောကစိတ်ဝိညာဉ်ရဲ့စွမ်းအားနဲ့ လုပ်ထားတာ..ဒါက ရှာမန်ဘိုးဘေးကြီးကို ကိုးကြိမ်သေဆုံးပြီးတဲ့အထိ စွမ်းအားကြီးစေတယ်..”
“ဆရာကြီးရဲ့သုံးသပ်ချက်အရ.. ဒီလူက သူ့လိုပဲ မနက်ခင်းတာအိုလောကကို တပည့်အဖြစ် တိတ်တဆိတ် ခေါ်ဆောင်သွားခံရတာ.. အရေးကြီးတဲ့ရတနာတွေကြောင့် သူ့ကို ဖျက်ဆီးလို့မရတဲ့ အခြေအနေအထိ ရောက်သွားစေတယ်..”
“သူ့မှာ အသက်ကိုးချောင်းရှိတယ်.. သူသေဆုံးသွားတဲ့အချိန်တိုင်း..သူ့စွမ်းအားက အတိုင်းအဆမရှိတိုးပွားလာတယ်..သူ ကိုးကြိမ်မြောက်သေဆုံးတဲ့အခါ သူ့အဆောင်မှာရှိတဲ့စွမ်းအားက ပျံ့နှံ့သွားတယ်... တကယ်တော့ သေသွားသလို ထင်ရပေမဲ့ သူ့ခန္ဓာကိုယ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာ.. အဲဒီ့အချိန်မှာ မှော်အဆောင်က လောကကြီးရဲ့စွမ်းအားတွေကိုစုပ်ယူပြီး ပမာဏတစ်ခုရောက်တဲ့အခါ တစ်ဖန်ပြန်နိုးထလာပါလိမ့်မယ်...”
“ဒါဟာ မယုံနိုင်လောက်အောင် ထူးဆန်းတဲ့ ကျင့်စဉ်တစ်ခုပဲ..ဒါက ရှာမန်တွေရဲ့ မှော်သက်ေတတွေနဲ့ ပေါင်းစပ်ပြီး မဟာဘိုးဘေးကြီးကို မသေနိုင်ပြီး မပျက်စီးလွယ်တဲ့ တည်ရှိမှုဖြစ်စေတယ်... သူ့သွေးကြောထဲမှာ ကိုးလီမျိုးနွယ်စုရဲ့ ရှာမန်သွေးတွေ စီးဆင်းနေပြီး အဲဒီသွေးက သူ့ရင်ထဲမှာ အရမ်းများပြားနေလို့ပဲ.. အကြောင်းကတော့ သူ့ရဲ့ထာဝရတည်ရှိမှု အနေအထားအရ ရှာမန်ပြည်မှာရှိတဲ့ရှာမန်နတ်ဘုရားတွေရဲ့သွေးတွေကိုပါ စုပ်ယူနိုင်လို့ပဲ...
“ဒါပေမဲ့ သူက အားလုံးကို မသတ်ဘူး.. မျိုးဆက်သစ်တွေ မွေးဖို့ တစ်ယောက်တော့ ချန်ထားတယ်.. ဒီနည်းနဲ့ သူက သွေး များများ စုပ်ယူနိုင်တယ်..အကြီးဆုံးအစ်ကိုက ဆရာကြီးမှ မကယ်တင်ရင် ဘိုးဘေးကြီးရဲ့ အသတ်ခံရလိမ့်မယ်..”
“မဟာဘိုးဘေးကြီး နိုးထလာတုန်းက ငါတို့ဆရာကြီး အနောက်ပင်လယ်ကလန်ရဲ့ ဂုရု လီလောင်နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းထက်စစ်သည်တော်တစ်ဦးတို့ အတူတကွ တိုက်ခိုက်ခဲ့ကြတယ်...ပြီးတော့ ဘိုးဘေးကြီး ကိုးကြိမ်မြောက်သေဆုံးသွားခဲ့တယ်..ဒါပေမဲ့ ဆရာကြီးတို့က ဘိုးဘေးကြီးကို ထာဝရပျောက်ကွယ်သွားအောင်ဖျက်စီးဖို့ လုပ်ခဲ့ကြတယ်...”
“အဲဒီနှစ်တွေအတွင်းမှာ ဆရာကြီးရဲ့ဒဏ်ရာတွေက မပျောက်တော့တာ သနားစရာပဲ. ဒါမှမဟုတ်ရင် အဲဒီဘိုးဘေးကို သတ်ဖို့ သိပ်မခက်ပါဘူး..ဘိုးဘေးကြီးကပျောက်ကွယ်သွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့တယ်..ဒါ့ကြောင့် ဘိုးဘေးကြီးရဲ့ ခန္ဓာကိုယ်အစစ်အမှန်ကို ဖုံးကွယ်ထားတဲ့နေရာကို ရှာဖွေဖို့ မဖြစ်နိုင်တော့သလို လုံးလုံးဖျက်ဆီးဖို့ ခက်ခဲစေခဲ့တယ်..”
“အငယ်ဆုံးညီလေး...မင်းရဲ့လက်ရှိကျင့်ကြံအဆင့်က ဒါဏ်ရာရနေတဲ့ ငါတို့ဆရာကြီးထက် သာလွန်သွားပြီ.
မင်းဘိုးဘေးကြီးကို သွားသတ်ပြီး သူ့ခန္ဓာကိုယ်အစစ်အမှန်ကို ဝှက်ထားတဲ့နေရာကိုရှာပြီး နိုင်းလီမျိုးနွယ်စုရဲ့သွေးကိုယူလာခဲ့.. ဒါက ငါတို့ရဲ့အစ်ကိုကြီးကို နိုးထနိုင်စေမဲ့သော့ချက်ပဲ...”
“ငါတို့အစ်ကိုကြီးရဲ့သွေးထက် သန့်စင်တဲ့သွေးကို အသုံးပြုမယ်.. ဟူကျီက အစ်ကိုကြီးရဲ့ အသိစိတ်ကို ကာကွယ်ပေးမယ်.. ငါက မဟာကောင်းကင်စိတ်တစ္ဆေကျင့်စဉ်ကို အသက်သွင်းပြီး မာန်ပြည်ထောင်မှာရှိတဲ့ စိတ်တစ္ဆေတွေကို မျှားခေါ်မယ်...ပြီးတော့ စိတ်တစ္ဆေတွေနဲ့ ငါတို့အစ်ကိုကြီးရဲ့ခန္ဓာကိုယ်ရှိတဲ့ အင်မော်တယ်မှော်စီးယာဉ်ထဲက စွမ်းအားကို တိုက်ခိုက်မယ်..”
“ငါ မင်းနဲ့အတူမဟာဘိုးဘေးကြီးကို တိုက်ဖို့ လိုက်မရဘူး..မာန် ပြည်ထောင်မှာရှိတဲ့စိတ်တစ္ဆေတွေကို မျှားခေါ်ဖို့ ငါ့ခန္ဓာကိုယ်ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင်လုပ်ရမယ်...ပြီးတော့ မဟာကောင်းကင်စိတ်တစ္ဆေကျင့်စဉ်ကို အသက်သွင်းဖို့ ပြင်ဆင်မှုတွေလုပ်ရမယ်...”
ဒုတိယအစ်ကိုက အသံတိုးတိုးနှင့် ပြောလိုက်သည်။
စုမင်က မဆိုင်းမတွ ခေါင်းညိတ်သည်။ သူ့အမှတ်တရများအပေါ်အခြေခံပြီး လွန်ခဲ့တဲ့နှစ်တွေကတည်းက သူက လျှို့ဝှက်ဆန်းကြယ်သူတစ်ယောက်ဖြစ်ခဲ့သည်။ ထို့ကြောင့် မဟာဘိုးဘေးကြီးနှင့်ပတ်သက်သော သူ့နားလည်မှုက တခြားသူများထက် သာလွန်လေသည်။
ဒုတိယအစ်ကိုက ခဏတုံ့ဆိုင်းသွားပြီး နောက်တစ်ကြိမ်ထပ်ပြောလိုက်သည်။
“မဟာဘိုးဘေးကြီးရဲ့ ပုန်းအောင်းတဲ့နေရာကို ရှာမတွေ့ရင် နိုင်းလီမျိုးနွယ်စုရဲ့သွေးတွေ အများကြီးရအောင်ရှာရမယ်..ဒါက ငါတို့ရဲ့ ဒုတိယအကောင်းဆုံးရွေးချယ်မှုပဲ..အနောက်ပင်လယ်ကလန်ရဲ့ ဂုရုလီလုံမှာ ရှာမန်နဂါးကြီးရှိတယ် အဲဒီနဂါးကြီးက တစ်ချိန်က ဘိုးဘေးကြီးရဲ့ သွေးအချို့ကို မြိုချပစ်ခဲ့တယ်...”
“နောက်ပိုင်းမှာ အဲဒီနဂါးကြီးက ဗီဇပြောင်းသွားတယ်လို့ ကြားတယ်..နိုင်းလီမျိုးနွယ်စုရဲ့ ဗီဇပြောင်းထားတဲ့ သွေးကို ထုတ်ယူနိုင်ရင် ငါတို့အတွက်အဆင်ပြေတယ်. အဲဒီသွေးက ငါတို့အစ်ကိုကြီးကို နှိုးဖို့ အခွင့်အရေး ဆယ်ပုံလေးပုံပဲ ရှိတယ်.. မင်းမဟာဘိုးဘေးကြီးရဲ့ ပုန်းအောင်းတဲ့နေရာကို ရှာမတွေ့ရင် ခုနကသွေးကို သုံးကြတာပေါ့...”
စုမင်၏ မျက်လုံးများတွင် ဖျတ်ခနဲလင်းလက်လာပြီး အေးအေးဆေးဆေး မေးလိုက်သည်
“ ကျုပ်သာ ဘိုးဘေးကြီးနဲ့ နိုင်းလီမျိုးနွယ်စုရဲ့ရှာမန်နဂါးရဲ့သွေး .. နှစ်ခုလုံးကို ရခဲ့ပါက ငါတို့အစ်ကိုကြီး နှိုးထဖို့ အခွင့်အရေး ဘယ်လောက်ရှိမလဲ..”
“မင်း နှစ်ခုလုံးကို ရနိုင်ရင် အစ်ကိုကြီး ဆယ်ပုံကိုးပုံလောက် နိုးထနိုင်မဲ့ အခွင့်အရေးရှိတယ်ဆိုတာ သေချာတယ်”
ဒုတိယအစ်ကိုက သူ့မျက်နှာပေါ်တွင် လေးနက်သောအမူအရာဖြင့် လေးနက်စွာပြောသည်။
စုမင်က ခေါင်းတညိတ်ညိတ်လုပ်နေပြီး အစ်ကိုကြီး၏ရုပ်တုကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် သူက ဟူကျီ၊ ဒုတိယအစ်ကိုတို့နှင့် အပြန်အလှန်အကြည့်ချင်းဖလှယ်ကြသည်။ သူတို့၏မျက်လုံးများတွင် ဆုံးဖြတ်ချက်နှင့် ခိုင်မာမှုကို မြင်ရလေသည်။
“ကောင်းပြီ... အငယ်ဆုံးညီလေး..မင်းဟိုခွေးကြီးကို ငှားဖို့ ယွီရွှမ်နဲ့စကားပြောလိုက်အုံး..အဲ့ဒါငှားလို့ရရင် မင်းကို ဘယ်သူမှဒုက္ခမပေးနိုင်ဘူး...”
ဒုတိယအစ်ကိုဖြစ်သူက ရုတ်တရက် မျက်မှိတ်ပြပြီး ပြောလိုက်သည်။
စုမင်က မျက်မှောင်ကြုတ်ကာ သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအကြည့်ဖြင့် ယွီရွှမ်တည်းခိုရာ နေရာဆီသို့ လျှောက်သွားလိုက်သည်။
မနက်မိုးလင်းချိန်မှာတော့ ဟူကျီက အစ်ကိုကြီး၏ရုပ်တုကို ပွေ့ဖက်ရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။ ဒုတိယအစ်ကိုက သူ့ဘေးမှာ တင်ပျဉ်ခွေထိုင်နေပြီး သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းတွန့်လိမ်ပုံပျက်နေလေသည်။ စုမင်က သူနှင့်အတူ ခွေးကြီးနှစ်ကောင်..ရယ်မောနေသောအမျိုးသမီးနှင့်အတူ တောင်ထိပ်မှ ထွက်လာခဲ့သည်။
“ယွီရွှမ်က ဒီလိုကိစ္စမျိုးမှာ ပါဝင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး...”
အခြားခွေးကြီးကတော့ ထိပ်ပြောင်ကြိုးကြာငှက်ပင်ဖြစ်သည်။သူ့ကိုယ်သူ ထိုခွေးပုံစံပြောင်းတာက ပိုကြည့်ကောင်းကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ သူက ပျံသန်းရင်းနဲ့ သူ့ကိုယ်သူ ဂုဏ်ယူသလို အူသံအရှည်ကြီး ဆွဲငင်လိုက်သည်။