ရှာမန်နတ်ဘုရားကျွန်း
Vol. 53 Ch. 728
လူနှစ်ယောက်၊ ခွေးနှစ်ကောင်… သို့မဟုတ် ပိုတိကျစွာပြောရလျှင် ၎င်းက နဂါးတစ်ကောင်နှင့် ထိပ်ပြောင်ကြိုးကြာငှက်တစ်ကောင်ဖြစ်သည်။
၎င်းတို့က ကောင်းကင်တွင် အလင်းတန်းရှည်အဖြစ် ပြောင်းလဲကာ အေးခဲကောင်းကင်ကလန်၏ကျွန်းကိုကျော်လွန်၍ မရဏပင်လယ်ဘက်သို့ ပျံသန်းသွားကြသည်။ စုမင်၏ အမူအရာက လမ်းတစ်လျှောက်လုံး တည်ငြိမ်နေသော်လည်း အဆက်မပြတ် မျက် မှောင်ကြုတ်နေသည်။ ဘေးမှာ သစ်စေ့များကို တကျွတ်ကျွတ်ဝါးစားနေသောယွီရွှမ်၏ပူပန်ကြောင့်ကြမှုမရှိသောအမူအရာကြောင့်ဖြစ်သည်။
ယွီရွှမ်၏ အမူအရာက စုမင် မြင်နေရသည်နှင့် များစွာကွဲပြားသွားသည်။ သူမက ရံဖန်ရံခါ ရိုင်းစိုင်းတတ်သည်၊ ရှက်တတ်ပြီး ရိုးစင်းနုံအသည်၊ တစ်ခါတရံ ပေါ့ပေါ့လေးနေပြီး စိတ်ရှုပ်တတ်သည်၊ တစ်ခါတရံ ဂုဏ်သိက္ခာရှိပြီး ယဉ်ကျေးသိမ့် မွေ့ပြန်သည်။ ထိုအချိန်တွင် ဤသတိကင်းမဲ့သောအမူအရာက သူမ၏ နောက်ထပ် ကိုယ်ရည်ကိုယ်သွေးတစ်ခု ဖြစ်သည်။
စစချင်းတွင် လှပသောယွီရွှမ်၏ပြောဟန်ဆိုဟန်များကြောင်း စုမင်က ပို၍ သတိထားမိလာသည်။ အကယ်၍သာ သူမက ထိုပုံစံအတိုင်း ဆက်မနေပါက စုမင်လည်း မျက်မှောင်ကြုတ်မည်မဟုတ်ပေ။ ခရီးတစ်လျှောက်တွင် ထိုသစ်စေ့များကို ဝါးနေသော အသံများက လေထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေပြီး တဝှီးဝှီးလေတိုက်ခတ်သံများကတောင် ထိုအသံကို မဖုံးလွှမ်းနိုင်ပေ။
“အရူးလေးစု..နင် ခရီးတစ်လျှောက်လုံး မျက်မှောင်ကြုတ်နေတာပဲ.ငါ သစ်စေ့တွေကို စားနေတဲ့ အသံတွေက နင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေလို့လား..”
ယွီရွှမ်က သစ်စေ့ခွံများကို ထွေးထုတ်လိုက်သော် အဝါရောင်ခွေးကြီးက ထိုအခွံများကို စားရန် ရှေ့သို့ လှစ်ခနဲ ပြေးသွားသည်။ ထိပ်ပြောင်ကြိုးကြာငှက်ကလည်း အလုအယက်ပြေးလုခါနီးတွင် ခွေးကြီးက မာန်ဖီပြလိုက်သည်။ ထို့နောက် ငှက်က ခွေးကြီးကို အရင်စားခွင့်ပေးလိုက်ရသည်။
စုမင်က ယွီရွှမ်ကို လျစ်လျူရှုခဲ့သည်။ သူက ထိုမိန်းကလေးအကြောင်း သေချာမသိသေးသောကြောင့် သတိရှိရှိနေခဲ့လေသည်။ ထိုအချိန်တွင် သူက အလင်းတန်းကွေးပုံစံဖြင့် မရဏပင်လယ်ကိုပျံသန်းနေစဉ် ပုံမှန်အတိုင်းပင် ငြိမ်သက်နေ၏။ သူ့မျက်လုံးများက ရှေ့သို့ ဖြန့်ကြည့်လိုက်သည်။ ထိုမြင်ကွင်းတွင် ကြီးမားသော နေရာကို ဝန်းရံနေသော ခရမ်းရောင် မြူခိုးအလွှာတစ်ခု ရှိနေပြီး ထိုနေရာ၏ အစွန်းအဖျားတိုင်းတွင် မြူခိုးများ ထူထဲစွာ နေရာယူထားလေသည်။
ထိုနေရာသည် စုမင် မျှော်မှန်းထားသော နေရာဖြစ်သည်။ ၎င်းက တောင်ပိုင်းအရုဏ်ဦးနယ်မြေရှိ ကျွန်းသုံးကျွန်းအနက်မှတစ်ခုဖြစ်ပြီး ရှာမန်တို့မှသိမ်းပိုက်ခဲ့သည်။
သူတို့အုပ်စုက မြူခိုးများအပြင်ဘက်သို့ ရောက်သောအခါ စုမင်က ရပ်လိုက်ပြီး ထိုနေရာရှိ ထူထပ်သော ခရမ်းရောင် မြူခိုးများကို ကြည့်လိုက်သည်။ စုမင်က လုံးဝ ငြိမ်ကျသွားပြန်သည်။ စုမင်က သူမကို မရှိသလို ဆက်ဆံနေတာကို ယွီရွှမ်သတိပြုမိသွားသည်။ ထို့ကြောင့် သူမက ညင်သာစွာ သက်ပြင်းချလိုက်ပြီး အတွေးတစ်ခုတွေးမိသွားသည်။ သူမ၏ မျက်လုံးများတွင် လိမ္မာပါးနပ်သော အကြည့်တစ်ခု ချက်ချင်းပေါ်လာပြီး ချောင်းဟန့်သံ ထွက်လာသည်။
သစ်စေ့ခွံများကို ဝါးနေသောခွေးကြီးက ချက်ချင်း နားရွက်များထောင်လိုက်ပြီး
မြူခိုးများကို ကြည့်ရန် ခေါင်းကို မော့လိုက်သည်။ ၎င်း၏မျက်နှာပေါ်တွင် အထင်သေးသောအကြည့်တစ်ခု ပေါ်လာပြီး ကျယ်လောင်စွာ ဟောင်လိုက်သည်။
ထိုအသံက ခွေးဟောင်သံကဲ့သို့ဖြစ်သော်လည်း နဂါးဟောက်သံကဲ့သို့ပင် အရှိန်အဝါကြီးမားလေသည်။ ၎င်းက ပုံမှန်အသံဖြင့် ဟောင်ခဲ့သော်လည်း ခဏအကြာတွင် အလွန်ကျယ်လောင်လာကာ ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါသွားစေသည်။ ထို့နောက် နားအူမတတ် ကျယ်လောင်သောဟိန်းဟောက်သံအဖြစ် ပြောင်းလဲသွားသည်။ ထိုအသံက ပင်လယ်ကိုဖြတ်ပြီး မြူခိုးများဆီ တည့်တည့်တိုးဝင်သွားသော လေပြင်းလေပွေဖြစ်သွားသည်။ တခဏချင်းမှာပင် ထို မြူခိုးများ ပျောက်ပျယ်သွားတာကို မမြင်နိုင်သော်လည်း မြူခိုးထုကြီးက ပဲ့တင်ထပ်သံကြီးနှင့်အတူ ငလျင်လှုပ်သကဲ့သို့ တုန်လှုပ်သွားသည်။
အသက်တစ်ရှိုက်စာအတွင်း ထိုဟိန်းဟောက်သံအောက်တွင် ထူထပ်သော မြူခိုးများလျှင်မြန်စွာ ကျဆင်းလာသည်။ လေပြင်းတိုက်၍ သစ်ရွက်ခြောက်များ လွင့်စင်သွားသယောင်ထင်ရသည်။ စုမင်၏မျက်လုံးများရှေ့တွင် မြူခိုးများသည် အစအနမရှိဘဲ ပျောက်ကွယ်သွားသည်။
ယွီရွှမ် လုပ်ခဲ့တာက စုမင်ကို ကူညီပေးသောလုပ်ရပ်တစ်ခုဟု ယူဆနိုင်သည်။ ထိုမြူခိုးများ ပြိုကျသွားစဉ် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ကျွန်းကြီးတစ်ကျွန်း ပေါ်လာသည်။
ထိုကျွန်းက မြေကွက်ငယ်တစ်ခု ဖြစ်ပုံရသည်။ မြေပြင်တစ်ခုလုံး စိမ်းစိုနေပြီး ပြန့်ကျဲနေသော တောင်တန်းအချို့ပင် ရှိသေးသည်။ ရှေးဆန်ပြီး အနည်းငယ် စိုစွတ်သော အငွေ့အသက်များက သူတို့၏ မျက်နှာများပေါ်သို့ တိုးဝင်လာသည်။ ထိုအချိန်တွင် မြူများ နောက်သို့ပြိုကျသွားသည်နှင့်အမျှ မြေပြင်မှာလည်း ထိုအတိုင်း နောက်ပြန်ရွေ့လျားသွားသည်..။ ထို့ပြင် မြေပြင်ပေါ်ရှိအစိမ်းရောင်သစ်ပင်များကလည်း အမြစ်မှဆွဲနှုတ်ခံရပြီး မြူခိုးထုနှင့်အတူ ပါသွားလေသည်။ မည်သူမဆို ကျွန်းပေါ်မှ မော့ကြည့်လျှင် ခရမ်းရောင် မြူခိုးများ လူးလိမ့်နေသော သစ်ပင်များ၊ မရေမတွက်နိုင်သော ငှက်များနှင့် တိရစ္ဆာန်များပင် ၎င်းတို့၏အလိုဆန္ဒနှင့် ဆန့်ကျင်ဘက်ကို လွင့်မျောသွားသည်ကို မြင်တွေ့ရမည်။
မြေပြင် တုန်ခါနေချိန်တွင် တောများနှင့် တောင်များဆီမှ အားကောင်းသောတည်ရှိမှုတို့၏အသံများ ထွက်ပေါ်လာသည်။ ထိုအသံများတွင် ဒေါသနှင့် ပြည့်နှက်နေသော အသံများ ထွက်ပေါ်လာသည်။
“ဘယ်အရူးလိုကောင်က ရှာမန်နတ်ဘုရားကျွန်းကို လာထိပါးရဲလဲ..
“မင်း သေချင်နေတာလား..ရှာမန်နတ်ဘုရားကျွန်းကို ခွင့်မပြုဘဲ ဝင်တဲ့သူတိုင်း သေရမှာ...”
ထိုအော်သံများ ထွက်ပေါ်လာသည်နှင့်အမျှ လူတစ်ရာနီးပါး မြေပြင်သို့ ခုန်ဆင်းသွားကြသည်။ ထိုလူများ အားလုံးက သားရဲဝတ်စုံများ ၀တ်ဆင်ထားကြပြီး ရှေးကျသောအရှိန်အဝါက်ို ပေးစွမ်းနိုင်သည်။သ်ု့သော်လည်း ၎င်းတို့အတွင်းရှိ ရှာမန်အငွေ့အသက်က မယုံနိုင်လောက်အောင် ဖြူစင်သည်။ ၎င်းတို့ထဲတွင် စိတ်ဝိညာဉ်ဖမ်းသူများ၊ တိုက်ပွဲဝင်ရှာမန်နှင့် အလယ်လတ်ရှာမန်များ များဖြစ်ပြီး အများစုမှ စိတ်ဝိညာဉ်ကုစားရှာမန်များဖြစ်သည်။ ၎င်းတို့ထဲမှ အချို့က ကြီးမား
သောကျင့်ကြံအဆင့်များကို ထုတ်ဖော်ခဲ့ပြီး ၎င်းတို့မှာ နှောင်းပိုင်းရှာမန်များဖြစ်သည်။
ယွီရွှမ်က ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်နောက်ပစ်ရင်း လေချွန်လိုက်လေသည်။ သူမနှင့် ဘာမှမဆိုင်သလိုမတ်တပ်ရပ်နေလေသည်။
စုမင်က ဘိုးဘေးကြီးကို လျှို့ဝှက်ရှာဖွေပြီး တစ်ယောက်တည်း တိုက်ရမလားဟု တွေးတောနေခဲ့သော်လည်း ယွီရွှမ်ပါလာသောကြောင့် ခိုးဝင်ရန်မဖြစ်နိုင်တော့ပေ။
ယွီရွှမ်က သူမ၏ ပင်ကိုယ်စရိုက်ကြောင့် ဆူညံစွာသစ်စေ့များ ဝါးနေခဲ့သည်။ သို့သော် စုမင်က သူမကို ဂရုမစိုက်သလိုလုပ်သောကြောင့် ဒေါသထွက်သွားလေသည်။ သူမ သူ့ကို ပြဿနာတစ်ခုခု ဖြစ်စေလျှင် စုမင်က သူမကို ညှာတာပေးမည်မဟုတ်ပေ။ စုမင်က ရှေ့သို့ ဖြည်းညှင်းစွာ ရွေ့သွားသည်။
အဖြူရောင် ၀တ်ဆင်ထားသော စုမင်၏ဆံပင်များက တဖျပ်ဖျပ်လွင့်နေလေသည်။ သူ့အမူအရာက အေးစက်ခက်ထန်နေပြီး သူ ရှေ့တိုးလာတိုင်း ရှာမန်အရှိန်အဝါများက သူ့ကို တင်းကျပ်စွာ ဖိနှိမ်နေလေသည်။ ထိုခဏ၌ အလင်းတန်းရှည်များက သူ့အနီးသို့ ချဉ်းကပ်လာသောအခါ သူ့ခန္ဓာကိုယ်မှ အသက်လမ်းကျင့်စဉ်စွမ်းအားက ပေါက်ကွဲသံနှင့်အတူ လျင်မြန်စွာ ထွက်ပေါ်လာသည်။
သူဧ။်တည်ရှိမှုက ရာသီဥတုကို ချက်ချင်းပြောင်းလဲစေသလို သူ့နောက်ကလေထုကို တွန့်လိမ်ပုံပျက်သွားစေသည်။ အားကောင်းသောအရှိန်အဝါက သူ့ထံမှ ပျံ့လွင့်သွားလေသည်။
“ နောက်ဆုတ်စမ်း”
စုမင် ပြတ်ပြတ်သားသားပြောသည်။ သူ့အသံက အကျယ်ကြီးမဟုတ်ပေ။ သို့ရာတွင် သူ၏ပြင်းထန်သော စွမ်းအားတွေ ပျံ့နှံ့သွားတာကြောင့် အနီးနားရှိရှာမန်များ၏ နှလုံးသားနဲ့ ဝိညာဉ်များမှာ မိုးကြိုးပစ်သကဲ့သို့ တုန်လှုပ်ချောက်ချားသွားသည်။ ရှာမန်တို့၏အမူအရာပြောင်းလဲသွားပြီး သွေးအန်လိုက်ရသည်။
စုမင်၏အသံကြောင့် ရှာမန်အချို့ကလွဲ၍ ကျန်ရှာမန်တို့၏နှလုံးသားတုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ သူတို့၏အသိစိတ်များက ထိတ်လန့်သွားပြီး ပြန့်ကျဲသွားလေသည်။ သူတို့မသေသော်လည်း လေထဲ၌ ကျောက်ရုပ်လို ရပ်တန့်သွားပြီးနောက် လွင့်စင်သွားလေသည်။
ရှာမန်များက အသိစိတ်လွတ်မသွားစေရန် အံကြိတ်ထားသော်လည်း ၎င်းတို့၏ မျက်လုံး၊ နှာခေါင်း၊ နားနှင့် ပါးစပ်တို့မှ သွေးများ စတင်စီးဆင်းလာခဲ့သည်။ ထိတ်လန့်မှုနှင့် မယုံကြည်မှုတို့က သူတို့၏မျက်နှာပေါ်တွင် ပေါ်လာပြီး ထိုခံစားချက်များမှာ ကြောက်လန့်တကြားအော်သံများအဖြစ်သို့ ပြောင်းလဲသွားသည်။
“ဒါက မာန်စိတ်ဝိညာဉ်နယ်ပယ်မှာ ကြီးကျယ်ခမ်းနားတဲ့ ပြီးမြောက်သူမဟုတ်လား... မင်း... မင်း...”
“မင်းဘယ်သူလဲ...”
တစ်ချိန်တည်းမှာပဲ စုမင်၏စွမ်းအားများ
ပျံ့နှံ့သွားပြီး အဆုံးသတ်ရှာမန်များ၏တည်ရှိမှုလေးခု ချက်ချင်းပေါ်လာသည်။ သူတို့က စုမင်ထံ ချီတက်ရင်း လူလေးယောက်အဖြစ် ပြောင်းလဲသွားသည်။
သူတို့က ယောက်ျား သုံးယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ ၎င်းတို့အထဲမှ နှစ်ဦးမှာ လူအိုများဖြစ်ပြီး နောက်ဆုံး အမျိုးသားနှင့် အမျိုးသမီးမှာ လူလတ်ပိုင်းအရွယ်များဖြစ်သည်။ သူတို့ပေါ်လာစဉ်တွင် အင်အားကြီးသောရန်သူကို ရင်ဆိုင်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် စုမင်ကို လေးနက်သောအမူအရာများဖြင့် စိုက်ကြည့်နေကြသည်။
ရှာမန်နတ်ဘုရားကျွန်းတစ်ခုလုံးမှ အလင်းတန်းရှည်များစွာ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ကောင်းကင်တွင် ထောင်ပေါင်းများစွာသောအလင်းတန်းရှည်များ တောက်ပလာပြီး ရှာမန်များအဖြစ်သို့ ပြောင်းလဲသွားသည်။ သူတို့၏မျက်နှာများ ဖြူဖျော့နေသော်လည်း အံ့ကြိတ်ထားလေသည်။
အဝေးရှိစုမင်က အဆုံးသတ်ရှာမန်လေးယောက်ကို ငေးကြည့်ရင်း စကားစပြောလိုက်သည်။
“ဒါကရှာမန်ကျွန်းလေးတစ်ခုပဲကို..အဆုံးသတ်ရှာမန်လေးယောက်တောင်ရှိတယ်..”
“သခင်လေး.. မင်းက ဘယ်သူလဲ..ငါတို့ရှာမန်နတ်ဘုရားကျွန်းကလူတွေက မင်းကို ဘာအပြစ်ပြုမိလဲ ပြောပါ...”
ရှာမန်လေးယောက်ထဲက မျက်နှာမှာ အညိုရောင်အကွက် အများကြီးရှိသော အဘိုးကြီးတစ်ယောက်က အက်ကွဲကွဲအသံဖြင့် ပြောလိုက်သည်။
သူ့နှလုံးသားက အလွန်တုန်လှုပ်သွားခဲ့သည်။ ဤလူက သူ့စွမ်းအားတစ်ခုတည်းဖြင့် ရှာမန်တစ်ရာနီးပါးကို ချေမှုန်းနိုင်ခဲ့ပြီး နှောင်းပိုင်းရှာမန်များပင်လျှင် ၎င်းတို့၏ မျက်လုံး၊ နှာခေါင်း၊ နား၊ ပါးစပ်တို့မှ သွေးများထွက်ကျလာသည်။ ထိုစွမ်းအားမျိုးက သူတို့မယှဉ်နိုင်သည့်အရာပင်ဖြစ်သည်။
စုမင်က စကားတစ်ခွန်းမှ မပြောမီတွင် ယွီရွှမ်၏ အသံက သူ့ဘေးနားမှ ကျယ်လောင်စွာ ပြတ်ပြတ်သားသား ထွက်ပေါ်လာသည်။
“အဘိုးကြီး နားမလည်သေးဘူးလား.. ဒါ ဓားပြတ်ုက်တာပဲ.. ငါတို့က လုယက်ဖို့ ရောက်လာတာ”
ယွီရွှမ်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အကြည့်တစ်ခု ပေါ်လာသည်။ သူမ၏ အသံက လေထဲတွင် တဟုန်ထိုး တုန်ခါသွားကာ အဆုံးသတ်ရှာမန်နှင့် သူ့နောက်ကွယ်ရှိ အခြားရှာမန်မျက်နှာများမှာ တင်းမာပြီး မျက်မှောင်ကြုတ်သွားစေသည်။
“ဓားပြတိုက်တာလား”
အဘိုးအိုဘေးမှ လူလတ်ပိုင်းအရွယ်နှောင်းပိုင်းရှာမန်က အေးစက်စွာ နှာမှုတ်ထုတ်လိုက်ပြီး သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။
စုမင်က ခက်ထန်နေလေသည်။ သူက ထိုရှာမန်များကို မကြည့်ဘဲ အဝေးကို ကျော်ကြည့်လိုက်လေသည်။ ကျွန်း၏ နက်နဲသောနေရာ၌ တောင်တစ်လုံးကို သူမြင်နိုင်သည်။ ထိုတောင်က အလွန်မြင့်မားပြီး ထူးခြားလေသည်။ သို့သော်လည်း သူ အကြာကြီး စိုက်ကြည့်သောအခါ ထိုတောင်က ပျောက်ကွယ်သွားလေသည်။
“ရှာမန်တွေရဲ့ အထွတ်အမြတ်တောင်..”
စုမင်က ဤကျွန်းနှင့်အထွတ်အမြတ်တောင်နှင့် မရင်းနှီးပေ။ သူ အရင်က ထိုနေရာကို ရောက်ဖူးသည်။ထိုအချိန်မှာ အရှေ့မြေရိုင်းနယ်မြေ ကပ်ဆိုးမတိုင်မီက ဖြစ်သည်။ ထိုအချိန်တွင် သူ့ကိုယ်ထဲရှိဟုန်လော့ နိုးထလာပြီး အထွတ်အမြတ်တောင်ကိုကျော်လွန်၍ တိထျန်း၏ကိုယ်ပွားကို ပထမဆုံးတိုက်ပွဲဝင်ခဲ့သည်။
ရှာမန်တို့၏အထွတ်အမြတ်တောင်ပေါ်တွင် ခေါင်းတလားတစ်ခုရှိသည်ကို သူမှတ်မိနေသေးသည်။
ထိုအချိန်မှစ၍ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ယခု စုမင်က ဤနေရာကို တစ်ကြိမ်ထပ်ရောက်ပြီးသောအခါ သူမှတ်မိသော ကြီးမားသောနယ်မြေက ကျွန်းတစ်ကျွန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူက ရှာမန်တို့၏အထွတ်အမြတ်တောင်ကိုအဝေးမှကြည့်၍ လောကကြီးထဲရှိအရာများစွာပြောင်းလဲသွားသည်ဟုခံစားခဲ့ရသည်။
သူ တိတ်ဆိတ်စွာဖြင့် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်စဉ်တွင် ပြင်းထန်သော ဖိအားကြီးတစ်ခု ပေါက်ကွဲထွက်လာသည်။ စုမင်ပတ်ဝန်းကျင်ရှိ လေထုက ချက်ချင်း တွန့်လိမ်ပုံပျက်သွားလေသည်။
သူ့ဧ။်အစွမ်းများ ဖြန့်ကျက်ပြီးသည်နှင့် ကျွန်းပေါ်ရှိအဆုံးသတ်ရှာမန်လေးယောက်၏ အမူအရာများက တစ်ပြိုင်နက်တည်း ပြောင်းလဲသွားသည်။ စုမင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ဖိအားကို သူတို့ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သူတို့က စုမင်ဦးတည်ရာအတိုင်း ဆက်ရပ်နေပါက ကြေမွပျက်စီးသွားမည်ဖြစ်သည်။
သူတို့၏မျက်လုံး၊ နှာခေါင်း၊ နား၊ ပါးစပ်တို့မှ သွေးထွက်ပြီး စုမင်နှင့် အနီးဆုံးရှိ
အဆုံးသတ်ရှာမန်များသည် ဖိအားကို ခံနိုင်ရည်မရှိတော့ကြောင်း တွေ့ရှိခဲ့သည်။ ထို့နောက် သူတို့ သွေးတစ်လုတ်ကြီး အန်လိုက်ရပြီး ချက်ချင်းပင် မေ့လဲသွားကြသည်။သူတို့၏ခန္ဓာကိုယ်များသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။
ထိုခဏတွင် စုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အဆုံးသတ်ရှာမန်လေးယောက်က ခပ်အုပ်အုပ်အော်ဟစ်သံများကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့၏ စွမ်းအားများကို ဖြန့်ကျက်လိုက်ကြသည်။ ထိုစွမ်းအားလှိုင်းလုံးများက အဆုံးသတ်ရှာမန်နှင့်သက်ဆိုင်သည့် နတ်ဘုရားအာရုံလေးခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် စုမင်ထံမှလာသော အသက်ရှူကျပ်ဖွယ်ဖိအားကို ပြန်လည်ဖိနှိမ်လိုက်သည်။
စုမင်က ယခင်အတိုင်း တည်ငြိမ်နေခဲ့သည်။ သူက ရှေ့သို့ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။ ၎င်းက သူလှမ်းခဲ့သောဒုတိယခြေလှမ်းပင်ဖြစ်သည်။ သူ့ခြေထောက် ဆင်းသက်လိုက်ချိန်တွင် သူ့တည်ရှိမှုက အဆုံးသတ်ရှာမန်တို့၏နတ်ဘုရားအာရုံလေးခုကို ဖိချေပစ်လိုက်သည်။
အသံတိတ် အော်ဟစ်သံသည် လှိုင်းလုံးကြီးများအဖြစ်သို့ ပျံ့နှံ့သွားသည်။တစ်ချိန်တည်းမှာ အဆုံးသတ်ရှာမန်လေးယောက်က သွေးချောင်းဆိုးပြီး နောက်ကို ခြေလှမ်းသုံးလှမ်း ဆုတ်သွားကြသည်။
သူတို့၏ တုန်လှုပ်ချောက်ချားနေသော မျက်နှာများပေါ်တွင် မယုံကြည်နိုင်သော အကြည့်များ ရှိနေသည်။
စုမင်၏တတိယခြေလှမ်းကိုလှမ်းလိုက်သောအခါ အသက်လမ်းကျင့်စဉ်အရှိန်အဝါများက ပင်လယ်နှင့်တောင်များကို ဖျက်စီးပစ်နိုင်သည့်အရှိန်အဟုန်ဖြင့် ဖြာထွက်လာသည်။ ထိုအငွေ့အသက်များက အဆုံးသတ်ရှာမန်လေးယောက်နှင့်၎င်းတို့၏နောက်ကွယ်ရှိ ရှာမန်ထောင်ပေါင်းများစွာကိုဖိနှိပ်ခဲ့သည်။
ရှာမန်လေးယောက်က ချက်ချင်း သွေးချောင်းဆိုးပြီး နောက်တစ်ကြိမ် ပြန်ဆုတ်သွားကြသည်။ ယခုတစ်ကြိမ်တွင် သူတို့တင်မကဘဲ သူတို့နောက်ရှိ ရှာမန်ထောင်ပေါင်းများစွာသည်လည်း တစ်ချိန်တည်း နောက်ပြန်ဆုတ်သွားခဲ့သည်။
စုမင်၏ခြေလှမ်းတိုင်းက သူတို့ကို နောက်သို့ ခြေတစ်လှမ်းဆုတ်ဆုတ်သွားစေသည်။ ထို့နောက် သူတို့၏မျက်နှာများ ဖြူဖျော့လာပြီး သွေးအန်လိုက်ရကာ နောက်သို့ထပ်မံပြန်ဆုတ်ခဲ့ရသည်။
စုမင်က သူတို့ကို တိုက်ခိုက်ရန် မလိုအပ်ပေ။ သူက အသက်လမ်းကျင့်စဉ်တည်ရှိမှုများကို ဖြန့်ကျက်ရန်သာ လိုအပ်သည်။ ထိုသို့လုပ်ရုံဖြင့် အရာအားလုံးကို ဖိနှိပ်ရန် လုံလောက်နေပြီဖြစ်သည်။