မရဏအသက်ကိုးချောင်းကျင့်စဉ်
Vol. 53 Ch. 730
စုမင်၏ အသံက လေထဲမှာ တဝဲလည်လည်နှင့်ပျောက်ကွယ်မသွားခင် မဟာဘိုးဘေးကြီး၏ ခန္ဓာကိုယ် လဲကျသွားလေသည်။ဘိုးဘေးကြီး၏လက်ရှိအခြေအနေနှင့်ဆိုလျှင် သူနှင့် စုမင်ကြား တန်ခိုးကွာခြားမှုက ကွာခြားလွန်းလှသည်။ မျက်စိတစ်မှိတ်အတွင်း စုမင်က သူ့ကို သတ်ပစ်နိုင်သည်။
လူသတ်ဓားပေါ်တွင် သွေးတစ်စက်မျှ မစွန်းထင်ဘဲ နှစ်ကြိမ်တိုင်တိုင် သေဆုံးခဲ့သည့်ဘိုးဘေးကြီးက အသွေးအသားဖြင့်ဖွဲ့စည်းထားသည့်တည်ရှိမှုမဟုတ်ကြောင်း သိနိုင်သည်။ ပုံရိပ်ယောင်နှင့် ရုပ်ခန္ဓာကြားကျနေသော ထူးဆန်းသောတည်ရှိမှုပင်ဖြစ်သည်။
‘ မရဏအသက်ကိုးချောင်းကျင့်စဉ်.. တစ်ချိန်တုန်းက ငါ့ဆရာ၊ ဂုရုကြီးလီလုံတို့နဲ့အတူ ဘိုးဘေးကြီးကို တစ်ခါသတ်ပစ်ခဲ့ဖူးတယ်..အကြာကြီး အိပ်စက်သွားအောင်လည်း လုပ်ခဲ့တယ်..”.
ဤသည်မှာ စုမင်၏ လက်ရှိလူဝင်စားခြင်း အမှတ်တရများ မဟုတ်ပေ။ ၎င်းက သူဖြတ်သန်းခဲ့ဖူးသော လူဝင်စားဘဝများထဲမှ တစ်ခုဖြစ်ပြီး သူ၏အရင်ဘဝလည်းဖြစ်သည်။
ထိုဘဝ၏အမှတ်တရများ သူ့ခေါင်းထဲတွင် ပေါ်လာသောအခါ ယခင်ထက် ပိုမိုအားကောင်းလာသော ရှာမန်တည်ရှိမှုတစ်ခုက စုမင်ရှေ့မှာ ပေါက်ကွဲသံတစ်ခုနှင့်အတူ ထွက်ပေါ်လာသည်။ ထိုတည်ရှိမှု… မာန်စိတ်ဝိညာဥ်နယ်ပယ်တွင် ကြီးကျယ်သော ပြီးမြောက်အောင်မြင်သူများကို သာလွန်သွားခဲ့သည်။
ထိုစဉ် အားကောင်းသောလက်သီးက လေထုထဲမှာ ထွက်ပေါ်လာပြီး စုမင်၏ရင်ဘတ်ဆီ လျှပ်စီးကဲ့သို့ လျင်မြန်စွာတိုးဝင်သွားလေသည်။
ကျယ်လောင်သော အသံများ လေထုထဲတွင် တဟုန်ထိုး တုန်ခါလာကာ လက်သီးက စုမင်၏ ခန္ဓာကိုယ်မှ ခုနစ်လက်မအကွာတွင် ဝေးတော့သည်။ ထို့နောက် ကွဲအက်နေသော အသံများ လေထဲသို့ ပျံ့လွင့်သွားပြီး ရေခဲများ ချက်ချင်း လက်သီးကို ချက်ချင်း ဖုံးအုပ်လိုက်ရာ ရေခဲလက်သီးဖြစ်သွားသည်။
ထိုအချိန်တွင် အသက်ငါးဆယ်နီးပါးထင်ရသော ဘိုးဘေးကြီးက လက်သီးနောက်ရှိလေထုထဲမှ ထွက်ပေါ်လာလေသည်။သူ့ဆံပင်က လုံးဝအဖြူမဟုတ်သော်လည်း အနက်ရောင်ဆံပင်အချို့နှင့် ရောစပ်နေလေသည်။ သူ့ခန္ဓာကိုယ်က အရိုးပေါ်အရေတင်မဟုတ်ဘဲ အနည်းငယ် သန်မာပုံပေါ်သည်။ ထိုသူက ရှာမန်ဘိုးဘေးကြီးဖြစ်ပြီး တတိယအကြိမ် ရှင်ပြန်ထမြောက်ခဲ့သည်။
သူ၏ခန္ဓာကိုယ်၊ သူ၏တည်ရှိမှုနှင့် သူ၏အသက်စွမ်းအားတို့က သူ့အသက်အရွယ်အတိုင်း ပြန်လည်ရရှိလာသည်။ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်မှ လှိုင်းဂယက်မှာ ပတ်ဝန်းကျင်လေထုထဲတွင် ချက်ချင်းထွက်ပေါ်လာသည်။
“သခင်လေး မင်းက ငါ့ရဲ့မိတ်ဆွေဟောင်းတစ်ယောက်လို့ ပြောတဲ့အတွက်.. မင်းဘယ်သူလဲဆိုတာ ငါ့ကိုပြောပါ”
ဘိုးဘေးကြီးကအေးခဲနေသော ညာလက်ကို ပြန်ဆွဲထုတ်လိုက်ပြီး သူ့လက်မောင်းပေါ်ရှိ ရေခဲများကို ကြည့်ရန်ပင် စိတ်မ၀င်စားဘဲ လက်ကို ခါယမ်းပစ်လိုက်သည်။ ပေါက်ကွဲသံများ ချက်ချင်း ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်မှ အနက်ရောင်အလင်းတန်းများက ရေခဲစွမ်းအားကို ဖျက်ဆီးပစ်ရန် ပျံ့လွင့်လာသည်။
အနက်ရောင်အလင်းတန်းက ရေခဲကို မည်မျှပင် ဖုံးအုပ်ထားပါစေ၊ ရေခဲများက အရည်ပျော်မည့် လက္ခဏာ မပြပေ။ ယင်းအစား ရေခဲစွမ်းအားက ပိုပိုပျံ့နှံ့လာသည်။
ထိုမှသာလျှင် ဘိုးဘေးကြီး၏အမူအရာက ပြောင်းလဲသွားလေသည်။
သူ့နှလုံးသားက မြင်းတစ်ကောင်ကဲ့သို့ ဒုန်းစိုင်းလာပြီး စုမင်ကို ပို၍သတိထားမိလာခဲ့သည်။ သူက အားနည်းသောကြောင့် ပထမနှင့်ဒုတိယအကြိမ်သေဆုံးမှုကို လုံးဝမျှော်လင့်ထားသည်။ သူသေဆုံးပြီးတိုင်း သူ့ကျင့်ကြံဆင့်က ပို၍အင်အားကြီးလာမည်ဖြစ်သည်။
သူ၏တတိယမြောက်ရှင်ပြန်ထမြောက်ခြင်းသည် သူ၏စစ်မှန်သောခွန်အားကိုပြသခဲ့လျှင်ပင်၊ သူ၏လက်မောင်းပေါ်ရှိ ရေခဲများကို မပျော်နိုင်ပေ။ ထိုအရာက သူ့နှလုံးသားကို တုန်လှုပ်သွားစေပြီး တစ်ချိန်တည်းမှာပဲ သူ့မျက်နှာမှာ သတိရှင်ရှင်ထားသည့် အမူအရာတစ်ခု ပေါ်လာသည်။
သူက နှစ်အတော်ကြာအောင် ရှင်သန်နေထိုင်လာသည်။ သူ မည်မျှပင် ကြိုးစားတွေးတောနေပါစေ၊ စုမင်၏ ပုံသဏ္ဍာန်နှင့် ထပ်တူကျမည့် လူတစ်ဦးကို သူပုံမဖော်နိုင်ပေ။ စုမင်၏စကားများကြောင့် သူ့စိတ်ထဲတွင် မရေမရာဖြစ်နေလေသည်။
“ခင်ဗျား မှတ်မိလာလိမ့်မယ်”
စုမင်က ပြတ်ပြတ်သားသားပြောပြီး အဖိုးအိုဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ဘိုးဘေးကြီး ဆင်းသက်လာစဉ် သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းတောက်နေလေသည်။ သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်အမျိုးမျိုးကို လျင်မြန်စွာ ပြုလုပ်ခဲ့သည်။ ထို့နောက် သူ့ပါးစပ်မှ နားလည်ရခက်ပြီးရှုပ်ထွေးသော ရွတ်ဆိုသံများ ထွက်လာသည်။
စုမင်က လူသတ်ဓားကို သူ့ခန္ဓာကိုယ်ရှေ့တွင် အလျားလိုက်ချထားပြီး လက်နှစ်ချောင်းဖြင့် ဓါးရင်းမှထိပ်ဖျား ပွတ်ဆွဲလိုက်သည်။
ကြည်လင်သော ဓားဝီစီသံတစ်ခုက လေထုထဲတွင် ပဲ့တင်ထပ်လာပြီး အတွင်းတွင် သွေးဆာနေသော ဟိန်းဟောက်သံတစ်ခုပါဝင်သည်။ ဓားဝိညာဉ်၏
ဟိန်းဟောက်သံ ပျံ့နှံ့သွားသည်နှင့်အမျှ ဓားဝီစီသံက ဘိုးဘေးကြီး၏ ရွတ်ဆိုသံများကို ချက်ချင်းဖြတ်တောက်ပစ်လိုက်သည်။
ထို့နောက် စုမင် သူ၏လူသတ်ဓါးကို ရုတ်သိမ်းလိုက်ပြီး ဘိုးဘေးကြီး၏ ဦးတည်ရာသို့ဓါးလွယ်ခုတ်လိုက်သည်။ ဓားအလင်းတန်းတစ်ခုက ကောင်းကင်ကို ဖြတ်တောက်လိုက်သည်။ ထို့နောက် စုမင်က ဓါးကို စက်ဝိုင်းပုံစံဖြင့် လေထုကို ခုတ်လိုက်ပြီး ဓားထိပ်ကို ဘယ်ဘက်အောက်သို့ပြန်ချထားသည်။
စုမင်နှင့် ပေထောင်ပေါင်းများစွာအကွာတွင် ရပ်နေသော ဘိုးဘေးကြီး၏ခန္ဓာကိုယ်ကို တုန်လှုပ် ချောက်ချားစွာဖြင့် ပျက်စီးသွားသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် နှစ်ခြမ်းကွဲသွားပြီး ဖုန်မှုန့်အတိ ဖြစ် သွားလေသည်။
စုမင်၏လူသတ်ဓါးအတွင်းမှ စွမ်းအားကို သူ မခုခံနိုင်ပေ။ တကယ်တော့ သူ့အတွက် ခက်ခက်ခဲခဲ ခုခံရန် ကြိုးစားနေရလေသည်။
ဘိုးဘေးကြီးက ပြိုင်ဘက်ကင်းသောစုမင်နှင့်တိုက်ခိုက်ရသောအခါ သူတို့၏ကျင့်ကြံဆင့်ကွာခြားချက်က ရှင်သန်ခြင်းနှင့် သေခြင်းကြား ကွာခြားချက် ဖြစ်လာခဲ့သည်။
“ဒါက တတိယသေခြင်းပဲ..”
စုမင်က သူ့ရှေ့ရှိဘိုးဘေးကြီး သေသွားသောနေရာကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ လူသတ်ဓါးက သူ့လက်မှ ပျောက်ကွယ်သွားပြီး ခရမ်းရောင် မြူခိုးများ သူ့ခန္ဓာကိုယ် အပြင်ဘက်သို့ ထွက်လာသည်။ ထိုခရမ်းရောင်အခိုးအငွေ့များသည် စုမင်၏ခန္ဓာကိုယ်ပေါ်တွင် စုရုံးလာပြီး ခရမ်းရောင်ဝတ်စုံကို ဖန်ဆင်းလိုက်သည်။၎င်းက စုမင်၏မျက်နှာကို ဖုံးအုပ်ထားပြီး မျက်နှာဖုံးတပ်ထားသယောင်ထင်ရလေသည်။
စုမင်က ညာလက်ကို မြှောက်ကာ လေထုကို ဆုပ်ကိုင်လိုက်သည်။ ခရမ်းရောင် မြူခိုးများက ထိုနေရာတွင် ချက်ချင်း စုရုံးလာပြီး ကြီးမားသော လှံရှည်ကြီး ဖြစ်သွားသည်။ ထိုလှံတစ်ချောင်းလုံးက ခရမ်းရောင်ဖြစ်ပြီး ၎င်းမှ သွေးဆာပြီး သတ်ဖြတ်လိုစိတ်များ ပျံ့နှံ့သွားခဲ့သည်။
မကောင်းဆိုးဝါးလှံပေါ်လာပြီးသည်နှင့် အရင်ကထက်အားပိုကောင်းသော ဘိုးဘေးကြီး၏တည်ရှိမှုက ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားသည်။ သို့သော်သူ့ စွမ်းအားက အသက်လမ်းစဉ်ကျင့်ကြံစွမ်းအားနှင့် နီးစပ်မှုသာရှိခဲ့သည်။ ထိုအဆင့်ထိ မရောက်ခဲ့ပေ။ စုမင်၏လက်ရှိအနေအထားဆိုလျှင် သူက စုမင်နှင့် အလှမ်းဝေးနေဆဲဖြစ်သည်။
“ခင်ဗျား အရင်တုန်းကထက် နည်းနည်းပိုသန်မာလာတယ်.. ဒါပေမဲ့ ခင်ဗျား ခြောက်ကြိမ်မြောက်သေပြီးမှ ဒီလိုစွမ်းအားမျိုးကို ထုတ်နိုင်ခဲ့တာ ကျုပ်မှတ်မိတယ်”
စုမင်က အေးဆေးတည်ငြိမ်စွာပြောခဲ့သည်။
အကယ်၍ ထိုနှစ်ကတိုက်ပွဲတွင် သူ့ဆရာထျန်းရှဲ့ကျီက သူတိုစွမ်းအားများကို စုစည်း၍ အဆောင်တစ်ခုမဖန်တီးခဲ့လျှင် ဘိုးဘေးကြီးကို အိပ်စက်သွားအောင် လုပ်နိုင်မည်မဟုတ်ပေ။
ဘိုးဘေးကြီးထံမှ မယုံနိုင်လောက်အောင် အစွမ်းထက်သော တည်ရှိမှု ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အဝေးမှ ပုံရိပ်ယောင်များ ပေါ်လာပြီး စုမင်ထံ တိုးဝင်သွားကြသည်။ သူက အလွန်လျင်မြန်သောပုံရိပ်ယောင်များ ချန်ရစ်ခဲ့ပြီး သူနှင့်စုမင်ကြား ပေသုံးဆယ်အောက်သာ ကွာဝေးတော့သည်။
ထိုပုံရိပ်က လျင်မြန်သော်လည်း အသက်လေးဆယ်ကျော် အမျိုးသားဖြစ်ကြောင်း စုမင် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ထိုလူ၏ခန္ဓာကိုယ်က သန်မာပြီး စွမ်းအားများပြည့်လျှံနေပုံပေါ်သည်။ ထို့ပြင် လခြမ်း၏အရိပ်က သူ့မျက်လုံးထဲတွင် တောက်ပနေသည်။
စုမင်က တည်ငြိမ်နေလေသည်။ မဟာဘိုးဘေးကြီးက သူထံ ချဉ်းကပ်လာသောအခါ မကောင်းဆိုးဝါးလှံကို ကိုင်မြှောက်ပြီး ရှေ့သို့ ထိုးနှက်ပစ်လိုက်သည်။ လေထု ဆုတ်ဖြဲခံလိုက်ရပြီး စုမင်၏အသက်လမ်းစဉ်တည်ရှိမှုများမှ ဟစ်ကြွေးသံကြီး ထွက်ပေါ်လာသည်။ လှံက လေထုကို ထိုးခွင်းသွားသည်သာမက အေးစက်သောလေများ ပြန့်ကျဲ့လာပြီး ဆီးနှင်းများ တဖွဲဖွဲကျလာသည်။
ဤသည်မှာ စုမင်၏အခြေတည်ဝိညာဉ်နှင့် အသက်ကံကြမ္မာကျင့်စဉ်ပေါင်းစပ်ထားသော ဆောင်းလယ်ရာသီစွမ်းအားဖြစ်သည်။ ရေခဲပမာအေးစက် သောလေနှင့် ဆီးနှင်းများသည် လှံမှ ထွက်ပေါ်လာကာ ဘိုးဘေးကြီးဆီသို့ ဦးတည်သွားသည်။
သို့သော်လည်း အေးစက်သောလေ၊ နှင်းများနှင့်လှံက ဘ်ိုးဘေးကြီးအား ထိလုဆဲဆဲတွင်ပင် ဘိုးဘေးကြီးတွင် ဆိုးယုတ်သောသတ်ဖြတ်လိုစိတ် ရုတ်တရက် ပေါ်လာသည်။ လှံထိပ်ဖျားက သူ့ကို မထိခင်မှာ သူ့မျက်လုံးထဲတွင် အေးစက်သောအလင်းတန်းတစ်ခု လင်းလက်လာပြီး အဖျက်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ ဘိုးဘေးကြီးက မိမိကိုယ်မိမိ ဖျက်ဆီးရန် ရွေးချယ်ခဲ့သည်။ပို၍ကြီးမားသောစွမ်းအားနှင့် လဲလှယ်ရန်အတွက် သူ၏ခန္ဓာကိုယ်ကို ပေါက်ကွဲစေခဲ့သည်။ ထိုကိုယ်တိုင်းဖျက်စီးမှုစွမ်းအားက သူ့လက်ရှိစွမ်းအားထက် သာလွန်ပြီး သတ်ဖြတ်လိုသောလှုပ်ရှားမှုတစ်ခုကို အသက်သွင်းနိုင်လေသည်။
ထိုဖျက်စီးမှုက ဘိုးဘေးကြီး၏ စတုတ္ထမြောက်သေဆုံးမှုဖြစ်သည်။ သူ၏ အသိစိတ်က ပဉ္စမမြောက် ရှင်ပြန်ထမြောက်ခြင်းအတွက် အခြားတစ်နေရာသို့ စုဝေးရန် သူ၏ပေါက်ကွဲနေသော ခန္ဓာကိုယ်ကို အမြန်စွန့်ခွာခဲ့လေသည်။
စုမင်က အေးစက်စွာ နှာမှုတ်ထုတ်လိုက်သည်။ သူ့လှံရှည်က ဦးတည်ချက်မပြောင်းဘဲ ရှေ့သို့ ဆက်လက်အရှိန်တင်နေသော်လည်း သူ့ဘယ်လက်ဖမိုးကို မြှောက်ကာ ညာလက်ဖဝါးကို ကောင်းကင်ယံသို့ မျက်နှာမူထားလိုက်သည်။
“အတိတ်နဲ့ အနာဂတ်ကြားမှာ တည်ရှိတဲ့အရာက ကံကြမ္မာပဲ”
စုမင်က ပြတ်ပြတ်သားသား ပြောခဲ့သည်။ စုမင် စကားပြောပြီးနောက် လှံရှည်က ဘိုးဘေးကြီး၏အဖျက်စွမ်းအားလှိုင်းများနှင့် ထိတွေ့လာသည်။ ထိုအချိန်တွင် စုမင်က သူ့ဘယ်လက်ကို ပေါက်ကွဲနေသောဘိုးဘေးကြီးထံ လွှဲယမ်းလိုက်သည်။
ပေါက်ကွဲနေသောဘိုးဘေးကြီး၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိလောကနိယာမများက လျင်မြန်စွာ ပြောင်းလဲသွားသည်။
“ခင်ဗျား ကိုယ့်ကိုယ်ကိုဖျက်ဆီးပြီး သေလမ်းရှာနေတာဆိုတော့.. ထပ်ပြီး ပေါက်ကွဲတာခံလိုက်အုံး..”
ထိုစဉ် ဘိုးဘေးကြီးဧ။်ပေါက်ကွဲနေသော ခန္ဓာကိုယ်က ရုတ်တရတ် ရပ်တန့်သွားသည်။ အချိန်က နောက်ပြန်ဆုတ်သွားသကဲ့သို့ ဘိုးဘေးကြီး၏ခန္ဓာကိုယ်က ပြိုပျက်နေသော အနေအထားမှ လျင်မြန်စွာ စုရုံးလာသည်။
စုတ်ပြဲနေသောအပိုင်းအစများက စုစည်းလာပြီး ဘိုးဘေးကြီး၏ခန္ဓာကိုယ် ပြန်ပေါ်လာသည်။ သူ့မျက်နှာပေါ်တွင်လည်း တုန်လှုပ်ပြီး စိတ်ရှုပ်ထွေးနေသောအကြည့်တစ်ခုရှိနေလေသည်။
သူ့အသိစိတ်က အချိန်နောက်ပြန်လှည့်သည့်စွမ်းအားကြောင့် တုန်လှုပ်သွားသည်ကို သိလိုက်ရသည်။ သူ လွယ်လွယ်နှင့် မလွတ်မြောက်နိုင်ခဲ့ပေ။
ထို့အတွက်ကြောင့် ပြန်စုစည်းလာသောခန္ဓာကိုယ်က သူ၏ပဉ္စမမြောက်ရှင်သန်ထမြောက်ခြင်း ဖြစ်လာခဲ့သည်။ ဤသည်မှာ သူ့ဘဝတစ်သက်တာတွင် တုန်လှုပ်ချောက်ချားစရာအဖြစ်နှင့် ပထမဆုံးအကြိမ် တွေ့ကြုံရခြင်းဖြစ်သည်။ ယခင်က ထိုကဲ့သို့ အဖြစ်မျိုး တစ်ခါမှ မကြုံဖူးပေ။
သူ ထိတ်လန့်နေချိန်မှာ သူ့ခန္ဓာကိုယ်က သူ့အလိုဆန္ဒကို ဆန့်ကျင်ပြီး နောက်တစ်ကြိမ် ပေါက်ကွဲသွားသည်။ ထို ပေါက်ကွဲမှုက သူလိုချင်သောပုံစံမဟုတ်သော်လည်း စုမင်က အတိတ်နှင့် အနာဂတ်ကို ထိန်းချုပ်လိုက်သောကြောင့် ဖြစ်ပေါ်လာသောအကျိုးဆက်ဖြစ်သည်။
ဘိုးဘေးကြီး၏ နှလုံးသားထဲတွင် ကြောက်လန့်စိတ်များ တရိပ်ရိပ်တက်လာသည်။ သူ့ခန္ဓာကိုယ်က ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားပြီး အသိစိတ်များ ပြန့်ကျဲသွားသည်။ ထိုအရာက သူ့၏ ပဉ္စမမြောက် သေဆုံးမှုပင်ဖြစ်သည်။
သို့သော် မကြာမီ သူနိုးလာသောအခါ စုမင်ရှေ့မှာ ရပ်နေဆဲဖြစ်ပြီး နောက်ပြန်စီးဆင်းနေသော ကြောက်မက်ဖွယ် အချိန်၏နိယာမထဲတွင် ပိတ်မိနေသေးသည်ကို အားငယ်စွာ သိလိုက်ရသည်။ သူ...ကိုယ်တိုင် ဖျက်စီးခြင်းကိုစတင်တော့မည်။
“ဆဋ္ဌမသေဆုံးခြင်း..”
“ သတ္တမသေခြင်း...”
ဘိုးဘေးကြီးကအဋ္ဌမအကြိမ်ကိုယ်တိုင်ဖျက်စီးပြီးသောအခါ သူ့အသိစိတ်များ ပြန့်ကျဲသွားလေသည်။ သူ့အသိစိတ်များ ပျောက်ကွယ်လုနီးနီးမှာပင် မှော်အဆောင်တစ်ခု ရုတ်တရက်ပေါ်လာသည်။ ထိုအဆောင်က ပြန့်ကျဲနေသောအသိစိတ်များက စုစည်းပြီး ပေါင်းစပ်ခဲ့သည်။ ထို့ပြင် စုမင်၏ကံကြမ္မာထပ်ခါတလဲလဲ သံသရာမှ ထွက်လာနိုင်ခဲ့ပြီး လေထုထဲသို့ ပျောက်ကွယ်သွားသည်။
“နောက်ဆုံးတော့ ခင်ဗျား ဒီအဆောင်ကို ထုတ်သုံးလာပြီပေါ့...”
စုမင်၏မျက်လုံးများတွင် တောက်ပသော အလင်းရောင်တစ်ခု လင်းလက်လာသည်။ မှော်အဆောင် ပျောက်ကွယ်သွားခါနီးတွင် သူ့ဘယ်လက်ကိုလျင်မြန်စွာ ထုတ်လိုက်သည်။ သို့သော် သူက ထိုအဆောင်ကို ထိတော့မည့်ဆဲဆဲတွင် လွဲချော်သွားခဲ့သည်။
“လူတော်တော်များများက အဖိုးတန်တဲ့ ဒီရတနာကို နှစ်ပေါင်းများစွာ လုယူဖို့ ကြိုးစားခဲ့ကြပေမဲ့ ဘယ်သူမှ မထိနိုင်ခဲ့ပါဘူး.. မင်းကတော့ ခြွင်းချက်ပေါ့...”
ပျောက်ကွယ်လုနီးပါးဖြစ်သောမှော်အဆောင်မှ ဘိုးဘေးကြီး၏အသံက ဟိန်းခနဲထွက်ပေါ်လာသည်။
မှော်အဆောင်အများစု ပျောက်ကွယ်သွားသည်ကိုမြင်သောအခါ စုမင်၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ပေါ်လာသည်။ ဘိုးဘေးကြီး၏အသံကိုလည်း အာရုံမထားတော့ပေ။ သူ့ဘယ်လက်အထက်ရှိ ဧရိယာကို အေးခဲနေသောလေများဖြင့် ချက်ချင်းပြည့်စေပြီး ရေခဲပြင်အဖြစ်ပြောင်းလဲပစ်လိုက်သည်။ သူ၏အခြေတည်ဝိညာဉ်နှင့်အသက်ကံကြမ္မာစွမ်းအားကို သူ၏ ဘယ်ဘက်လက်တွင် စုဆောင်းခဲ့သည်။ ထိုသို့လုပ်လိုက်သည်နှင့် သူ့ဘယ်လက်က
ဘိုးဘေးကြီး၏မှော်အဆောင်ကို ဖမ်းမိလျက်သားဖြစ်သွားသည်။ ထိုစဉ် စုမင်၏ခေါင်းထဲတွင် ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။
ထိုကျယ်လောင်သံက ကောင်းကင်ကို ပျံ့လွင့်သွားသောစကားလုံးများအဖြစ် ပြောင်းသွားသည်။
“မရဏအသက်ကိုးချောင်းကျင့်စဉ်...”
စုမင်၏ မျက်လုံးများတွင် အရိပ်တစ်ခု ပေါ်လာသည်။ ထိုအသံက သာမန်နားဖြင့်မကြားနိုင်ပေ။ ဘိုးဘေးကြီးတွင် အသက်လမ်းကံကြမ္မာစွမ်းအားအငွေ့အသက်ရှိသောကြောင့်သာ ကြားရသည်။
“မင်း…မင်း…” ဟူသော မယုံကြည်နိုင်သော အော်ဟစ်သံတစ်ခု ထွက်လာသည်။ တုန်လှုပ်ချောက်ချားမှုကို ဖော်ညွှန်းသည့် ညည်းတွားသံတစ်ခုလည်း ထွက်ပေါ်လာသည်။