အသက်လမ်းကျင့်စဉ်နဲ့ပတ်သတ်ပြီး ဉာဏ်အလင်းရအောင် ကူညီခြင်း...
Vol. 53 Ch. 731
‘ငါ သိပြီ..အသက်လမ်းကျင့်စဉ်စွမ်းအားတွေကို ဒီလိုနည်းနဲ့ သုံးလို့ရတယ်...”
စုမင်၏မျက်လုံးများတွင် နားလည်မှု ပေါ်လာသည်။ ထိုမှော်အဆောင်က ရတနာဖြစ်ခဲ့သည်။ ၎င်းက အသက်လမ်းကျင့်စဉ်စွမ်းအား ပါ၀င်ပြီး အခြားသူများထံမှ စွမ်းအားလည်းပါသည်။ ဘိုးဘေးကြီးက ထိုအဆောင်ကို ရရှိပြီးနောက် ၎င်း၏ကိုယ်ခန္ဓာနှင့် ပေါင်းစပ်လိုက်သည်။ သူ၏ကိုယ်ပိုင်ဘဝကို မရဏအသက်ကိုးချောင်းထဲမှ တစ်ဘဝအဖြစ်သို့ ပြောင်းလဲနိုင်စေခဲ့သည်။
စုမင်က လေထဲပျံတက်နေသည့်မှော်အဆောင်ကို ဆွဲယူလိုက်စဉ် လေထဲထုတွင် တစ်စုံတစ်ခု ဆုတ်ပြဲသွားသောအသံထွက်ပေါ်လာသည်။ စုမင်ဧ။်လက်ထဲတွင် အဆောင်တစ်ဝက်ပါလာပြီး
ကျန်တစ်ဝက်လောက်ကတော့ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။
“အခြားသူတွေက ငါတို့ကိုပေးတဲ့ အသက်လမ်းကျင့်စဉ်စွမ်းအားတွေက ငါတို့ရဲ့ကျင့်ကြံဆင့်ကို တိုးမြှင့်စေတယ်..ဒါပေမဲ့ ဒီနည်းလမ်းက ဖြတ်လမ်းနဲ့တိုးတာမျိုး ဖြစ်လို့ မကောင်းဘူး..စစ်မာရှင်းရဲ့လမ်းစဉ်နဲ့အတူတူပဲ...”
စုမင်က အသက်လမ်းကံကြမ္မာကျင့်စဉ်အပေါ် ပိုမိုလေးနက်သော နားလည်မှုအဆင့်ကို ရရှိခဲ့သည်။
လက်ကျန်အဆောင်တစ်ဝက်က လေထဲ၌ ပျောက်ကွယ်သွားသည်နှင့်အမျှ ဘိုးဘေးကြီး၏အဖျက်စွမ်းအားလှိုင်းများက စုမင်၏လှံရှည်နှင့် ထိပ်တိုက်တွေ့လေသည်။ ထိုသက်ရောက်မှုက ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည့် ကျယ်လောင်သော အသံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
ထိုပေါက်ကွဲမှုကြောင့် မြေပြင်တစ်ခုလုံး တုန်ခါသွားလေသည်။မြေပြင်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီး ပင်လယ်ရေများက ကုန်းမြေကို နစ်မြုပ်သွားစေသည်။ ရှာမန်နတ်ဘုရားကျွန်း၏ လေးပုံတစ်ပုံနီးပါးသည် ချက်ချင်း ရေနစ်မြုပ်သွားခဲ့သည်။
စက်ဝိုင်းပုံစံအရိပ်များက လေထဲ၌ မရပ်မနား ပျံ့နှံ့သွားခဲ့သည်။ အချို့သော ရှာမန်များသည် အချိန်မီ မရှောင်နိုင်သောကြောင့် ပြာအတိဖြစ်သွားသည်။
စက်ဝိုင်းများပျောက်ကွယ်သွားသည့်အခါ စုမင်က ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ့မှာ နည်းနည်းတောင် ဒါဏ်ရာ မရခဲ့ပေ။ လူလတ်ပိုင်းအရွယ် ဘိုး ဘေးကြီး ပေါက်ကွဲသွားချိန်တွင် အသားအပိုင်းအစများ လွင့်စင်လာခဲ့သည်။ ထိုစဉ် စုမင်က သူ ကြာမြင့်စွာက ပြင်ဆင်ထားသည့် အတိုင်းအတာနယ်ပယ်ထဲသို့ ဝင်ပုန်းခဲ့သည်။
ထို့နောက် အရာအာလုံးရှင်းလင်းသွားသောအခါ စုမင်က ပြန်ထွက်လာပြီး ရှာမန်တို့၏အထွတ်အမြတ်တောင်ထွဋ်ကိုကြည့်လိုက်သည်။ အကြောင်းမှာ ထိုအချိန်တွင် သူ့ထက်ပင်သာလွန်သော စွမ်းအားလှိုင်းတစ်ခု ပေါက်ကွဲသွားသောကြောင့်ဖြစ်သည်။
လှိုင်းလုံးများ ပြန့်ကျဲနေချိန် အထွတ်အမြတ်တောင်ထိပ်တွင် ထိုင်နေသည့် လူတစ်ယောက် ပေါ်လာသည်။ ထိုသူက အသက်ဆယ့်ရှစ်နှစ်မှ ဆယ့်ကိုးနှစ်သာရှိသေးသည့်ပုံပေါက်သည့် ကောင်လေးတစ်ယောက်ဖြစ်သော်လည်း သူ့နားတွင် ရှေးခေတ်လေထုတစ်ခုရှိလေသည်။ ထိုနေရာ၌ ထိုင်နေစဉ် သူ့မျက်လုံးများက လခြမ်း၏အလင်းရောင်ဖြင့် အစားထိုးလာသည်။ထိုမျက်လုံးများကို ကြည့်မိသူတိုင်းက ၎င်းတို့၏ဝိညာဉ်များကို ဖမ်းဆုပ်ထားသကဲ့သို့ ခံစားရမည်ဖြစ်သည်။
ကောင်လေး၏နဖူးတွင် အဝါရောင်စာရွက်တစ်ဝက်ကပ်ထားပြီး ၎င်းပေါ်တွင် တောက်ပသောမှော်သင်္ကေတများ ရှိနေသည်။ ထိုမှော်သင်္ကေတများကြားတွင် ပျောက်ဆုံးသောအစိတ်အပိုင်းများ ရှိနေသော်လည်း ၎င်းတို့က လခြမ်းသဏ္ဍာန်ဖြစ်လာသည်ကို တွေ့မြင်နိုင်သည်။
ကောင်လေးက စုမင်ကိုကြည့်ကာ ဖြည်းညှင်းစွာပြောသည်။
“မင်းဘယ်သူလဲဆိုတာ အခုမှ မှတ်မိတယ် သခင်လေး..လွန်ခဲ့တဲ့နှစ်တွေတုန်းက မင်းက ထျန်းရှဲကျီ၊ ဂုရုကြီးလီလုံနဲ့ အတူ ငါ့ကို တိုက်ခိုက်ခဲ့ဖူးတယ်...”
“တစ်ခါတလေ လဟာ ကွယ်နေပြီး တခါတရံမှာ တောက်ပတယ်..တခါတရံ လက ဝိုင်းစက်နေတယ်.... လူက ကိုးကြိမ်သေပြီး ကိုးကြိမ်အသက်ရှင်ရင်... ပြီးပြည့်စုံမှုကို ရှာဖွေကြတယ်..ဒါက ...ငါ့ဆရာပေးခဲ့တဲ့ မရဏအသက်ကိုးချောင်းစွမ်းရည်ပဲ..”
ကောင်လေးက ပေထောင်ချီအကွာမှာ ရပ်နေသောစုမင်ကိုကြည့်ပြီး ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ ထို့နောက် သူက လက်သီးကို လက်ဖဝါးဖြင့် ပတ်ကာ စုမင် ဆီသို့ ဦးညွှတ်လိုက်သည်။
“ဒါပေမဲ့ သူက ငါ့ကို မသင်ပေးခဲ့တာရှိတယ်...”
ထိုကောင်လေးက စုမင်ကို မော့ ကြည့်လိုက်တယ်။ ထိုအချိန်တွင်ဘိုးဘေးကြီး၏ တည်ရှိမှုမှာ များစွာပြောင်းလဲသွားပြီး သူက လုံးဝခြားနားသောပုဂ္ဂိုလ်တစ်ဦးနှင့် တူနေပါသည်။
“ဆောင်းလယ်ရဲ့ အအေးဓာတ်က ဘဝရဲ့အဆုံးသတ်နဲ့တူတယ်..ဆောင်း.. ဆောင်းဦး နွေ နွေဦး.. ဒါက... ငါ့ဘာသာငါနားလည်လာခဲ့တဲ့ဘဝ....”
စုမင်က စကားပြောရင်း ဘိုးဘေးဖြစ်ခဲ့သည့်ကောင်လေးကို ကြည့်လိုက်သည်။
ဘိုးဘေးကြီး ယခုအသွင်ယူခဲ့သော ကောင်လေး၏ပုံစံက စုမင်၏ အမှတ်တရများတွင် တစ်ခါမှမပေါ်ခဲ့ဖူးသောပုံစံဖြစ်သည်။ ဘိုးဘေးကြီးက ကိုးကြိမ်တိုင်တိုင် ပြန်လည်ရှင်သန်လာချိန်တွင် အသက်သုံးဆယ်ကျော်လူတစ်ဦး၏ အသွင်အပြင်ယူခဲ့ကြောင်း သတိရမိသည်။
ယခုဆိုလျှင် သူ(ဘိုးဘေးကြီးက) ငယ်ရွယ်နုပျိုသော ဆယ်ကျော်သက်တစ်ဦး ဖြစ်နေပြီဖြစ်သည်။
မရဏအသက်ကိုးချောင်းစွမ်းရည်ကြောင့် ဘိုးဘေးကြီးမှာ ငယ်ရွယ်နုပျိုပြီး ခွန်အားရှိလာသည်မှာ ထင်ရှား၏။ သူ၏ လက်ရှိပုံသဏ္ဍာန်က ယခင်ဘိုးဘေးကြီးနှင့်ယှဉ်လျှင် များစွာတိုးတက်ကြောင်း ညွှန်ပြနေသည့် လက္ခဏာဖြစ်သည်။ သူ့ရရှိခဲ့သည် မရဏအသက်ကိုးချောင်စွမ်းရည်နှင့်ပတ်သတ်၍ ပိုမိုလေးနက်သော နားလည်မှုအဆင့်ကိုလည်း ရရှိခဲ့သည်။
“ဆရာကြီးက တစ်ခါပြောဖူးတယ်
..မင်းရခဲ့တဲ့ဘဝပုံစံတွေက ထိန်းချုပ်ရခက်တယ်.. ပြီးပြည့်စုံအောင် လိုက်လျောညီထွေဖြစ်ဖို့လည်း ခက်တယ်... ကိုးကြိမ်မြောက်သေဆုံးချိန်မှာ မွေးကင်းစကလေးအဖြစ်ကို ပြောင်းလဲနိုင်တဲ့အထိ ကျင့်ကြံပေးမှသာ ဒီအသက်လမ်းစဥ်အကြောင်းကို ပြည့်စုံနားလည်နိုင်မှာ...”
“ဒီနေ့ မင်းနဲ့ငါ တိုက်ပွဲမှာ နားလည်မှုအများကြီးရခဲ့ပြီး ချိုးဖြတ်နိုင်တဲ့လက္ခဏာတွေ ခံစားရတယ်... ကျေးဇူးပြုပြီး ငါ့ကို ဉာဏ်အလင်းရအောင် ကူညီပေးပါ.. မင်းရဲ့ ကျေးဇူးကြီးမားမှုကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး...”
စုမင်က သူနားလည်ထားသော ဘဝအကြောင်းပြောနေတာကို
ထိုကောင်လေး ကြားခဲ့ရသည်။ ထိုအခါ ကောင်လေး၏မျက်နှာတွင် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စုမင်ကိုနောက်တစ်ကြိမ် ဦးညွှတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က လေထဲသို့ ဖြည်းညှင်းစွာ မြင့်တက်လာပြီး မြေပြင်ထက် ပေတစ်ထောင်ကျော်တွင် သူ့ညာလက်ကို မြှောက်လိုက်သည်။ ထို့နောက် သူ၏နောက်ကွယ်ရှိ အထွတ်အမြတ်တောင်ကို ရိုက်ချလိုက်သည်။
တောင်ကြီးမှ ချက်ချင်းပင်အော်ဟစ်မြည်ဟည်းသံများ ထွက်လာပြီး ရုပ်ခန္ဓာအသွင်သဏ္ဌာန်ကို ဖြည်းဖြည်းချင်း ရရှိလာသည်။ ဧရာမအက်ကွဲကြောင်းကြီးတစ်ခုက တောင်ကြီးကို ဖြတ်ပိုင်းလိုက်ရာ နှစ်ခြမ်း ကွဲထွက်သွားလေသည်။ အတွင်းမှ အနက်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး စုမင်ရှေ့သို့ ဆင်းသက်လာသည်။
ခေါင်းတလားတစ်ခု…ယခင်က စုမင် မြင်ခဲ့ဖူးသော ခေါင်းတလားပင်...
“ငါမင်းကို ဒုတိယအကြိမ်တွေ့တဲ့အခါ မင်းရဲ့စွမ်းအားက အံ့မခန်းပဲ..ငါ ဒီခေါင်းတလားကို အင်မော််တယ်တွေဆီကရလာတာ..ဒါကို ယင်မရဏအရှိန်အဝါနဲ့ ဖောက်မှရမယ်.. မင်း ဒီကိုလာခဲ့သင့်တာကြာပြီ.. မင်းက ငါ့ကို ဉာဏ်အလင်းရအောင်သင်ကြားပေးလို့ ဒီခေါင်းတလားကို လက်ဆောင်အဖြစ် ပေးလိုက်မယ်...”
ဆုံးဖြတ်ချက်နှင့် ဇွဲလုံ့လရှိမှုက ကောင်လေး၏မျက်လုံးထဲတွင် ရှိနေသည်။ ထိုအချိန်တွင် သူက စုမင်မြင်ခဲ့သောဘိုးဘေးကြီးနှင့် ယှဉ်လျှင် လုံးဝခြားနားသော လူတစ်ယောက်ပင်ဖြစ်သည်။
သူက အသက်လမ်းကျင့်စဥ်ကို ရှာဖွေသူ၊ ထိုကျင့်စဉ်ကို ရှာဖွေရန် အရာခပ်သိမ်းကို စွန့်လွှတ်နိုင်သူ၊ သူ့ကျင့်ကြံဆင့်ကို တိုးမြှင့်ပြီး မရဏအသက်ကိုးချောင်းစွမ်းရည်ကိုပေါင်းစည်းလိုသူဖြစ်သည်။
လူတစ်ဦး၏ကိုယ်ပိုင်အသက်လမ်းကျင့်
စဥ်ကိုရှာဖွေခြင်းသည် မိမိဘဝ၏ ပြီးပြည့်စုံမှုကိုရှာဖွေခြင်းဖြစ်သည်။ ထိုအရာက အသက်လမ်းစဉ်၏ဆိုလိုရင်းအဓိပ္ပါယ်ဖြစ်သည်။
စုမင် ကောင်လေး၏မျက်လုံးများကို ဂရုတစိုက်ကြည့်သော်လည်း ၎င်းတို့ထဲတွင် လှည့်စားမှု သို့မဟုတ် ယုတ်မာသောအကြံအစည်များကို အရိပ်အမြွက်မျှ မတွေ့နိုင်ပေ။မရဏအသက်ကိုးချောင်းနနှင့်ပေါင်းစည်းပြီး အောင်မြင်မှုတစ်ခုကို ရှာဖွေလိုသည့်စိတ်ပိုင်းဖြတ်မှုကိုသာ စုမင် မြင်ခဲ့သည်။
ထိုစိတ်ပိုင်းဖြတ်မှုမျိုးက စုမင်၏ခံယူချက်နှင့်တူလေသည်။
စုမင်က သူ့ရှေ့ရှိ ခေါင်းတလားကို ကြည့်လိုက်သည်။ ထို့နောက် သူ့အမူအရာက တဖြည်းဖြည်း ပျော့ပျောင်းလာပြီး လွမ်းဆွေးမှု အငွေ့အသက်များ ပေါ်လာသည်။ထို့နောက် သူ ခေါင်းတလားကို ဖယ်ပြီး စကားပြောလိုက်သည်။
“ငါ ဒီကို ခေါင်းတလားအတွက် လာခဲ့တာမဟုတ်ဘူး.. မင်းကိုယ်ခန္ဓာထဲက နိုင်းလီမျိုးနွယ်စုရဲ့သွေးကြောင့်လာခဲ့တာ...”
ကောင်လေးက တိတ်ဆိတ်သွားသော်လည်း ခဏအကြာတွင်တော့ ပူပင်ကြောင့်ကြမဲ့စွာ ပြုံးလိုက်သည်။ ထို့နောက် သူ့ လက်ကို မြှောက်ကာ လက်ခုပ်တီးလိုက်သည်။ သူ၏လက်ဖဝါးအရေးကြောင်းများတွင် ချက်ချင်းလင်းလက်လာပြီး သူ့ရှေ့တွင် ဖောက်ထွင်းမြင်ရသော ခေါင်းတလားတစ်ခု ပေါ်လာသည်။
ထိုအခေါင်းက လွန်စွာကြီးမားသည်မဟုတ်ပေ။ ၎င်း၏ ပွင့်လင်းမြင်သာသော အခြေအနေကြောင့် စုမင်က အတွင်းပိုင်းတွင် ခြောက်ကပ်နေသော အလောင်းတစ်လောင်းကို တွေ့နိုင်သည်။
စုမင် အလောင်းကို ကြည့်လိုက်သော် ကောင်လေးက ညာလက်ကို မြှောက်ကာ အလောင်း၏မျက်ခုံးအလယ်ကို ပုတ်လိုက်သည်။ထူထဲသော ရှာမန်တည်ရှိမှုပါသော ခရမ်းရောင်သွေးများက ပျံ့လွင့်လာပြီး ကောင်လေးက လက်တစ်ချက်လှုပ်ရုံဖြင့် စုမင်ထံဦးတည်သွားလေသည်။
စုမင်က သူ့ဘယ်လက်ဖြင့် လေထုကို ဆုပ်ကိုင်လိုက်ပြီးနောက် သူ့လက်ဖဝါးပေါ်တွင် ကျောက်စိမ်းပုလင်း ချက်ချင်းပေါ်လာသည်။ ပုလင်းထဲကို သွေးထည့်လိုက်သည်နှင့် ပုလင်းက ချက်ချင်း ခရမ်းရောင် ဖြစ်သွားလေသည်။
“အရင်က ငါ နိုင်းလီမျိုးနွယ်စုရဲ့ ရှာမန်နတ်ဘုရားသွေးအားလုံးကို ဝါးမြိုခဲ့တယ်.. ငါ့ခန္ဓာကိုယ်ထဲက ရှာမန်အရင်းအမြစ်သွေး ကိုးစက်ဖြစ်အောင် သန့်စင်ပြီးပြီ..အစက ဒီသွေးတွေက ငါ့ကို အောင်မြင်မှုတစ်ခုရအောင် ကူညီပေးနိုင်တယ်လို့ ထင်ထားခဲ့တယ် ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ငါ့အတွက် ဘာမှထူးထူးခြားခြားအကျိုးသက်ရောက်မှုမှ မရှိဘူး.. ဒါ့ကြောင့် မင်းကိုလက်ဆောင်အနေနဲ့ သွေးလေးစက်ပေးလိုက်မယ်..မင်းရဲ့သင်ပြမှုတွေနဲ့ ငါ့ကို ဉာဏ်အလင်းဖွင့်ပေးပါ..”
ကောင်လေးက ခေါင်းတလားကို ရိုက်လိုက်သည်နှင့် ၎င်းက ချက်ချင်း မြေပြင်ပေါ် ကျလာသည်။
ထိုသို့ပြုလုပ်လိုက်သောအခါ ပြင်းထန်စူးရှသောအလင်းတန်းတစ်ခုက ကောင်လေး၏မျက်လုံးထဲတွင် ပေါ်လာသည်။ သူ့ညာလက်ကို မြှောက်ထားပြီး မျက်ခုံးအလယ်ဗဟိုရှိ တစ်ဝက်သာကျန်ရှိသော မှော်အဆောင်ကို ချိန်ရွယ်လိုက်သည်။
သူ့နဖူးမှာ နူးညံ့သောအလင်းတန်းတစ်ခု ချက်ချင်းပင် လင်းလက်လာသည်။ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး သူ့ခန္ဓာကိုယ်က လျင်မြန်စွာ အိုမင်းလာသည်။ သူ့ဆံပင်များ တဖြည်းဖြည်း ပိုရှည်လာသည်။ သူ့အသားအရေက အချိန်တိုက်စားမှုနှင့်အသက်ရွယ်ကြီးရင့်မှုကို ပေးစွမ်းသည်။ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပိုကြီးလာပြီး ဆယ်ကျော်သက်အရွယ်ကနေ နှစ်ဆယ့်ငါးနှစ် သို့မဟုတ် နှစ်ဆယ့်ခြောက်နှစ်လောက်ရှိတဲ့ လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
ထိုလူငယ်လေးအဖြစ်သို့ ပြောင်းလဲသွားသောအခါ သူ့ခန္ဓာကိုယ်ပေါ်တွင် ထပ်နေသော ပုံရိပ်များ ရုတ်တရက် ပေါ်လာသည်။ ထိုအရိပ်များမှ လူတစ်ဦး ထွက်လာခဲ့သည်။ ကောင်လေးက စုမင်ကိုကြည့်ရင်း အသက် နှစ်ဆယ့်ခြောက်နှစ်အရွယ်ရှိ သူ့ကိုယ်သူ ညွှန်ပြနေသည်။
“ဒါ ငါ့ရဲ့ အဋ္ဌမမြောက်ဘဝ..ဒါ လူငယ်တစ်ယောက်ရဲ့ ဘဝပုံစံပဲ”
ထိုစကားများကို ပြောပြီးနောက် လူငယ်လေး၏မျက်လုံးထဲတွင် အလင်းတန်းတစ်ခုပေါ်လာပြီး အချိန်များတစ်ဖန် ရွေ့လျားလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုထပ်နေသောပုံရိပ်များထဲမှ ထပ်မံထွက်လာသည်။ သူက ဆယ်ကျော်သက်လူငယ်လေး၏ ဘေးတွင်ရပ်ကာ စုမင်ကိုကြည့်ရင်း အသက်သုံးဆယ်အရွယ် သူ့ကိုယ်သူ လက်ညှိုးထိုးပြသည်။
“ဒါက ငါ့ရဲ့ သတ္တမမြောက်ဘဝ၊ ငါက ငါ့ဘ၀ရဲ့ အထွတ်အထိပ်ဖြစ်ခဲ့တာပဲ”
ဤထူးဆန်းသော မြင်ကွင်းသည် စုမင်၏ မျက်လုံးများကို တောက်ပစေခဲ့သည်။
သူက အသက်သုံးဆယ်ကျော်အရွယ်ဖြစ်နေသောသူ့ကိုယ်သူ နောက်တစ်ကြိမ်
တွေ့ပြီး အသက်လေးဆယ်ဝန်းကျင်တွင် ရပ်တန့်သွားခဲ့သည်။
“ဒါက ငါ့ရဲ့ ဆဋ္ဌမမြောက်ဘဝ.. လူလတ်ပိုင်းတစ်ယောက်လို ငါ့ဘဝပဲ”
“ဒါက ငါ့ရဲ့ ပဉ္စမဘဝပဲ၊ ငါ အသက်ငါးဆယ်လောက်ကပဲ...”
“ဒါဟာ ငါ့ရဲ့ စတုတ္ထမြောက် ဘဝပဲ.. စတင် ဆုတ်ယုတ်လာတဲ့ ငါ့ဘဝပဲ”
ထိုအချိန်တွင် ဆယ်ကျော်သက်အရွယ် လူငယ်လေးမှ ပါးရေနားရေတွန့်နေသောအရွယ်အထိ ဘိုးဘေးကြီးပုံစံ ငါးမျိုး ရှိခဲ့သည်။
“ဒါက ငါ့တတိယဘဝပဲ..အသက်ကြီးလာတဲ့ ငါ့ဘဝပဲ”
“ဒါက ငါ့ရဲ့ ဒုတိယဘဝပဲ.. ငါ့ဘဝရဲ့
နောက်ဆုံးနှစ်တွေပဲ...”
“ဒါက ငါ့ရဲ့ ပထမဆုံးဘဝပဲ..နောက်ဆုံးနေ့ရက်တွေ နီးလာပြီမို့ ငါ့ဘဝပဲ”
ဆယ်ကျော်သက် လူငယ်လေးအနားမှာ နောက်ဆုံးပေါ်လာသောလူကတော့ စုမင်ရှေ့မှာ ပထမဆုံးပေါ်လာသည့် ဘိုးဘေးကြီးပင်ဖြစ်သည်။ သူ့မျက်နှာမှာ အရေအကြောင်းများ ရှိနေပြီး သူ့ခန္ဓာကိုယ်မှ မရဏအငွေ့အသက်များ ပျံ့လွင့်နေသည်။အဝါရောင်ဖြစ်နေသော သွားအားလုံးနီးပါး ကျိုးသွားပြီး သူ့မျက်လုံးများထဲမှာ လခြမ်းပုံရိပ် ရှိနေဆဲပင်ဖြစ်သည်။
“ပြီးတော့ ဒါက ငါရဲ့ နဝမမြောက်ဘဝပဲ”
ကောင်လေးက မတူကွဲပြားသောဘဝပုံစံရှစ်ခုကို ကြည့်လိုက်သည်။ သူ စုမင်ကိုကြည့်လိုက်ရင်း သူ့မျက်လုံးထဲမှာ ဆုံးဖြတ်ချက်များ ပေါ်လာသည်။
“ဒါ မရဏအသက်ကိုးချောင်းစွမ်းရည်ပဲ..တာအိုမိတ်ဆွေစု.. ငါ့ကို ဉာဏ်အလင်းပွင့်အောင် သွန်သင်ပြသပေးပါ”
စုမင်က တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ ကောင်လေးနှင့် မတူသော ဘိုးဘေးကြီးရှစ်ယောက်ကို ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက မြေပြင်ပေါ်ရှိ ခေါင်းတလားကို ညွှန်ပြသည်။
“သူက ဘယ်နံပါတ်လဲ”
ကောင်လေးက ခဏတာ အံ့သြသွားသည်။ သူက မြေပြင်ပေါ်ရှိ ခေါင်းတလားကို ကြည့်ရန် ခေါင်းငုံ့လိုက်သောအခါ ရုတ်တရက် တုန်လှုပ်လာသည်။ သူ့မျက်လုံးများတွင် နားလည်မှုမီးတောက်များ တဖြည်းဖြည်း ပေါ်လာသော်လည်း တိမ်မြုပ်နေဆဲဖြစ်သည်။
“ဘဝရဲ့နောက်ဆုံးနေ့ရက်ရောက်နေတဲ့ လူတစ်ယောက်ကနေ ငိုနေတဲ့ မွေးကင်းစကလေးဘ၀ကို ပြောင်းရွှေ့တယ်ဆိုတာ သေခြင်းတရားကနေ ပြန်လည်မွေးဖွားခြင်းကို ဦးတည်သွားတာပဲ..ဒီအသက်လမ်းစဉ်မျိုးက ငါနားလည်လာတဲ့အရာနဲ့ အတော်လေး ဆင်တူတယ်..ဒါပေမဲ့လည်း မတူဘူး...”
စုမင် ခဏတာတိတ်ဆိတ်သွားပြီးနောက် သူ့ဘယ်ဘက်လက်ကို မြှောက်လိုက်သည် ။ သူ့လက်ဖဝါးပေါ်မှာ နှင်းမှုန်များ ချက်ချင်းပေါ်လာပြီး နှင်းများဆီကနေ ပြန့်ကျဲလာသည့် အေးစက်သောလေထုက နေရာတစ်ခုလုံးကို ပြည့်နှက်သွားသည်။
“ဒါ ငါ့ရဲ့ဘဝပဲ…”
စုမင်က သူ့လက်ဖဝါးပေါ်တွင် လွင့် မျောနေသော နှင်းများကို ကြည့်လိုက်သည်။ သူစကားပြောရင်း နှင်းများက တဖြည်းဖြည်း အရောင်ပြောင်းသွားသည်။ အဖြူမဟုတ်တော့ဘဲ အနီရောင်ပြောင်းသွားသည်။ သို့ပေမဲ့ အရောင်က ခရမ်းရောင်မဟုတ်ဘဲ. ဆောင်းဦးဧ။်အရောင်ဖြစ်သည်။
ချိနဲ့သောအသက်စွမ်းအားက ဆောင်းလယ်၏အအေးဓာတ်နှင့် ရောနှောကာ ဆောင်းဦး၏အလိုဆန္ဒအဖြစ်သို့ ပြောင်းလဲသွားသည်။
“အခုနားလည်သွားပြီလား”
စုမင်က သူ့ဘယ်လက်ကို လှုပ်ယမ်းလိုက်သော် ဆောင်းဦး၏အလိုဆန္ဒပါသော နှင်းများက သူ့လက်ကနေ မှေးမှိန် ပျောက်ကွယ်သွားလေသည်။
ကောင်လေးက တုန်ယင်နေလေသည်။ သူက ဉာဏ်အလင်းကင်းမဲ့မှုဖြင့် စိတ်ရှုပ်ထွေးနေသော်လည်း တစ်စုံတစ်ခုကို နားလည်တော့မည့်အခြေအနေတွင် ရှိနေလေသည်။ သူက တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားကြောင်း အားနည်းသော ခံစားမှုတစ်ခုရှိသော်လည်း လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးပေ။
“သေခြင်းတရားမှ ပြန်လည်ရှင်သန်ဖို့ အမှန်တကယ်သေဖို့လိုတယ်..ပြီးတော့ မရဏအသက်ကိုးချောင်းစွမ်းရည်က မင်း တကယ်သေသွားတယ်လို့ မခံစားရစေဘူးလေ..အဲဒီ့မသေဘူးဆိုတဲ့အသိက အသက်လမ်းစဉ်ကိုဦးတည်တဲ့မင်းစိတ်ဆန္ဒကို ပျောက်ဆုံးစေတာပဲ...”
ထိတ်လန့်မှုတစ်ခုက ကောင်လေး၏ ခန္ဓာကိုယ်ကို တုန်လှုပ်စေခဲ့သည်။ သူခေါင်းမော့လိုက်ပြီး စုမင်ကို မင်သေသေနှင့် စိုက်ကြည့်နေလေသည်။ အချိန်အတော်ကြာပြီးနောက် သူ့မျက်နှာပေါ်မှာ ဆုံးဖြတ်ချက်တစ်ခုပေါ်လာပြီး သူ့ညာလက်ကိုမြှောက်ကာ ခေါင်းတလားထဲရှိ ရုပ်အလောင်းကို ထုရိုက်လိုက်သည်။
ခေါင်းတလားက ပေါက်ကွဲသံနှင့်အတူ ကွဲအက်သွားသည်။ အတွင်းရှိ ရုပ်အလောင်းက အက်ကွဲ ပျက်စီးသွားလေသည်။ ကျန်ရှိသော ရှာမန်အရင်းအမြစ် သွေးငါးစက်က လွင့်ထွက်လာပြီး ကောင်လေးတစ်ချက်လက်လှုပ်ဖြင့် စုမင်ဆီသို့ ဦးတည်သွားလေသည်။
“ငါ မင်းရဲ့ကြင်နာမှုကိုသတိရနေမှာပါ”
ကောင်လေးက လက်သီးကို လက်ဖဝါးနှင့် ပတ်ပြီး စုမင်ကို လေးနက်စွာ ဦးညွှတ်လိုက်သည်။