အနောက်ပင်လယ်ကလန်
Vol. 53 Ch. 732
စုမင်က ဘိုးဘေးကြီးအပေါ်အာဃာတကြီးကြီးမားမား မထားခဲ့ပေ။
သူ့အရင်ဘဝပဲဖြစ်ဖြစ် လက်ရှိဘဝပဲဖြစ်ဖြစ် အရေးမကြီးပေ။ သူတို့ကြားထဲမှာ အမုန်းပွားစရာအကြောင်းမရှိပေ။ သူတို့ကြားက ထင်ရှားသောအရာမှာ ရှာမန်ပြည်နှင့်မာန်ပြည်ထောင်တိုက်ပွဲအတွင်းရှိ သူတို့၏ တွေ့ဆုံမှုပင်ဖြစ်သည်။
ယခုတိုက်ပွဲမှာ မမျှော်လင့်ထားသောနည်းလမ်းဖြင့် အဆုံးသတ်သွားမည်ဟု စုမင် မထင်ထားခဲ့ပေ။ ထိုကဲ့သို့ အဆုံးသတ်သွားသည်ကို လက်မခံနိုင်စရာအကြောင်းမရှိပေ။
ဘိုးဘေးကြီးကိုယ်ထဲ၌ သူနှင့်ဆင်တူသောတည်ရှိမှုကို မြင်ခဲ့ရသည်။ ထိုအရာက သေခြင်းတရားမှ ရှင်သန်ခြင်းကို ကြိုးစားရုန်းကန်းပြီး ရွေ့လျားခြင်းဖြစ်သည်။ ဘိုးဘေးကြီးက သူ၏မရဏအသက်ကိုးချောင်းစွမ်းရည်က အောင်မြင်မှုအထွတ်အထိပ်ရောက်ရန် ကြိုးစားနေလေသည်။ထို့ပြင် ထိုစွမ်းရည်ကို အခြားသူတစ်ဦးမှပေးအပ်ထားသည့်ဘဝနှင့် ပေါင်းစည်းရန်ကြိုးစားခြင်းမှာ အလွန်ခဲရာခဲဆစ်ဖြစ်သည်။
စုမင်က ရှာမန်အရင်းအမြစ်သွေးများနှင့်အတူ ရှာမန်နတ်ဘုရားကျွန်းမှထွက်ခွာသွားသည်။ သူထွက်ခွာသွားသောအခါတွင် ဘိုးဘေးကြီးက သူ့ကို လီတစ်ထောင်အကွာအဝေးထိ လိုက်ပို့ခဲ့သည်။ ထို့နောက် အချင်းချင်း နှုတ်ဆက်ကြသည်။ ထိုအချိန်မှစ၍ ကောင်လေးက မရဏအသက်ကိုးချောင်းစွမ်းရည်ကို ကျင့်ကြံနေလေသည်။ သို့သော် သူ့မှာ အသက်ကိုး ချောင်းသာ ရှိတော့သည်။ ကိုးကြိမ်မြောက်ရှင်ပြန်ထမြောက်စဉ်တွင် သူသေဆုံးသွားခဲ့ပါက ပြန်နိုးထလာရန် ဖြစ်နိုင်ခြေမရှိတော့ပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ ရုပ်ခန္ဓာကို ဖျက်ဆီးခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုလုပ်ရပ်က မိုက်မဲသည်ဟု ထင်ရသော်လည်း ထိုသို့မလုပ်လျှင် အောင်မြင်မှုပန်းတိုင်ကိုရောက်ပြီး လမ်းကြောင်းသစ်တစ်ခုဆီ တက်လှမ်းရန်မဖြစ်နိုင်ပေ။
သူ့မှာ အသက်ရှင်လိုစိတ်မရှိရင် အသက်လမ်းစဉ်ကို အဘယ်ကြောင့် တက်လှမ်းနိုင်မည်နည်း။ ထို့သို့ မတက်လှမ်းနိုင်ရင်
ကောင်းကင်ဘုံကို မည်သို့ ရောက်နိုင်မည်နည်း။
“မင်းရဲ့ကြင်နာမှုကို ငါ့နှလုံးသားထဲမှာ သတိရနေမယ်.. မင်းငါ့ကိုလိုအပ်ရင် ငါသေချာပေါက်ပြန်ဆပ်မှာပါ”
ကောင်လေးက စုမင်ကိုကြည့်ရင်း လေးလေးနက်နက်ပြောလိုက်သည်။
ဤဉာဏ်အလင်းပွင်းခြင်းက ကံထူးသော ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း သူသိသည်။ ထို့ကြောင့် ယခင်က သူလျှောက်ခဲ့သောလမ်းက မှားကြောင်းကိုလည်း နားလည်စေခဲ့ပြီး ပြောင်းလဲရန် လုပ်နိုင်ခဲ့သည်။
စုမင်က ရှာမန်ဘိုးဘေးကြီးအား ကြည့်လိုက်သည်။သူ တစ်ခဏမျှတိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သူက ဖြည်းညှင်းစွာပြောလိုက်သည် ။
“ငါတို့ရဲ့အသက်လမ်းကျင့်စဉ်ကို သွားနေတဲ့လမ်းက ဆင်တူနေလို့ မင်းကို မသတ်တာ..မင်း သေခြင်းတရားကနေ ရှင်သန်ခြင်းကို လျှောက်တဲ့ဖြစ်ရပ်ကို အကောင်အထည်ဖော်နိုင်မလားဆိုတာကို သိချင်မိတယ်..ဒါပေမဲ့ ငါ့ရဲ့အစ်ကိုကြီးက မင်းကိုသတ်ချင်တယ်ဆိုရင် မင်းတို့နှစ်ယောက်ကြားက အဖြစ်အပျက်တွေကြောင့် ငါ မင်းကိုတိုက်ခိုက်မယ်...”
ကောင်လေးက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“နိုင်းလီမျိုးနွယ်စုရဲ့သားစဉ်မြေးဆက်တွေက သူတို့ရဲ့အမွေအနှစ်ကို မျိုးနွယ်စုဝင်ဆီ တိုက်ရိုက် မလွှဲအပ်ဘူး..ဒါပေမဲ့ နိုင်းလီမျိုးနွယ်စုရဲ့အသွေးအသားကို ပိုင်ဆိုင်ထားသူတွေအားလုံး နိုးထလာနိုင်ခြေရှိတယ်..ငါက အရွယ်ရောက်ပြီးတဲ့ နိုင်းလီမျိုးနွယ်စုအရှင်သခင်တွေကို သတ်ခဲ့တယ်.. ဒါပေမဲ့ မင်းအကြီးဆုံးအစ်ကိုရဲ့ မိသားစုဝင်တစ်ဦးကိုတောင်မှ မထိခိုက်စေခဲ့ဘူး..”
“ဒါပေမဲ့ ငါ့ရုပ်ခန္ဓာက ပြိုကွဲသွားပြီမလို့ အနာဂတ်မှာ ရှာမန်ဘိုးဘေးကြီးဆိုတာမရှိတော့ဘူး.. အသက်လမ်းစဉ်ကို ရှာဖွေနေတဲ့ ငါ ဆိုတဲ့ဖြစ်တည်မှုပဲရှိတော့မယ်..ငါ့ရဲ့ အငြိုးအာဃာတအားလုံးက
ငါ့ခန္ဓာနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီ..”
“တကယ်လို့ သူ ငါ့အသက်ကို လိုချင်ရင် ငါပေးလိုက်မယ်..”
ကောင်လေးက ပြုံးပြီး ခေါင်းကို မော့ကာ ကောင်းကင်ကို ကြည့်သည်။ သူ့မျက်နှာမှာ သေခြင်းတရားနှင့်ပတ်သက်သော နားလည်မှုတစ်ခုရှိနေလေသည်။
“ငါ မကြာခင်မှာ အနောက်ဘက်နဲ့မြောက်ပိုင်း မဟာမိတ်ပြည်နယ်တွေကို သွားပြီး
အဲဒီမှာရှိတဲ့ အင်မော်တယ်တွေကို သတ်ပစ်မှာ..အဲဒီတိုက်ကြီးနှစ်ခုမှာ ရှာမန်တွေလည်းရှိလောက်တယ်..”
စုမင်က ကောင်လေးကို ကြည့်လိုက်သည်။
“အဲဒီအချိန်ကျ ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်”
ခဏကြာပြီးနောက် ကောင်လေးက တိတ်ဆိတ်သွားပြီး သူ့လက်ဖဝါးကို လက်သီးနှင့် ပတ်ကာ စုမင်ဆီ တစ်ဖန် ဦးညွှတ်လိုက်သည်။
စုမင်က ဘာမှ ထပ်မပြောတော့ဘဲ သူအဝေးကို ဦးတည်သွားလေသည်။ ခွေးနက်ဟန်ဆောင်ထားသောကြိုးကြာငှက်သည် သူ့နောက်သို့ လိုက်သွားခဲ့သည်။ သူ့ဘေးမှာ အဝါရောင်ခွေးကြီးလည်းသည်။ ယွီရွှမ်ကတော့ ပြုံးရင်း ခွေးကြီးပေါ်မှာ ထိုင်နေလေသည်။ သူမက ရှာမန်နတ်ဘုရားကျွန်းသို့ ခရီးထွက်ခြင်းမှ အရာများစွာကို ရရှိခဲ့သည်။
သူမ၏ စိတ်ဓာတ်များ တက်ကြွလာပြီး
ခွေးကြီး၏သားမွေးများကို ဆုပ်ကိုင်ကာ ရှေ့သို့ ခပ်မြန်မြန် အရှိန်တင်လိုက်သည်။
သူမက စုမင်ကို မီလာသောအခါ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။
“စုမင်လေး..အခု ငါတို့ဘယ်သွားနေတာလဲ...”
စုမင်က သူ့မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာဖြင့် လေထဲသို့ လျှောက်သွားသည်။ သူ့အကြည့်များက အဝေးကိုရောက်သွားလေသည်။ နဝမမြောက်တောင်ထွဋ်သို့ ချက်ချင်းပြန်သွားရန် ရည်ရွယ်ချက်မရှိပေ။ အမှန်တော့ သူ့တွင် ဤရှာမန်အရင်းအမြစ်သွေး ရှိလျှင်ပင် အစ်ကိုကြီး ပြန်လည်ကောင်းမွန်လာစေရန် ယုံကြည်မှုအပြည့်မရှိပေ။
“ရှာမန်နဂါး...”
စုမင်၏ခြေလှမ်းများ ရပ်တန့်သွားသည်။ သူသည် အခြားဘက်သို့ လှည့်ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။ ထိုနေရာသည် အနောက်ပင်လယ်ကလန်၏ကျွန်းတည်ရှိရာနေရာဖြစ်သည်။ စုမင်ကအနောက်ပင်လယ်ကျွန်းမှလွဲ၍ တောင်ပိုင်းအရုဏ်ဦးနယ်မြေရှိကျန်ကျွန်းသုံးကျွန်းလုံးသို့ သွားခဲ့ဖူးသည်။
စုမင်က အနောက်ပင်လယ်ကျွန်းကို ငေးကြည့်မိသောအခါ ယွီရွှမ်၏ အပြုံးက ချက်ချင်းပင် တောက်ပလာသည်။ အနောက်ပင်လယ်ကျွန်းမှ အကျိုးအမြတ်ရနိုင်သည့်အရာများကို တွေးတောရင်း သူမ မျက်လုံးပေကလတ်ပေကလတ် လုပ်နေသည်။ ထို့နောက် သူမ၏ စိတ်အားထက်သန်မှုများ ပို၍ ကြီးထွားလာသည်။
စုမင်နှင့်အတူရှိခြင်းက သူမ လုပ်ချင်သောအရာများကို စိတ်ကြိုက်ခြယ်လှယ်နိုင်လေသည်။ ထိုဘဝမျိုးက ကောင်းသည်ဟု သူမ တွေးမိသည်။ စုမင်က ထိုလူများကို ရှေ့တိုးပြီး ခြိမ်းခြောက်မည်။ သူမက စုမင်နောက်မှာနေပြီး အရာအာလုံးကို လုယက်နိုင်လေသည်။
“စုမင်..နင် တခြားတိုက်ကြီးမှာရှိတဲ့အင်မော်တယ်ဂိုဏ်းတွေကို ငါနဲ့အတူ သွားလို့ရတယ်..ငါပါတော့ နင့်ရဲ့စိတ်လည်း ပိုအားတက်တာပေါ့..”
ယွီရွှမ်က ပြုံးပြလိုက်သည်။ သူမ၏ သေးငယ်လှသော မျက်နှာလေးမှာ စိတ်လှုပ်ရှားမှု အပြည့်ရှိသည်။
“မင်း ရှာမန်နတ်ဘုရားကျွန်းကရှာမန်တွေဆီက ခိုးယူခဲ့တာ အများကြီးပဲမလား”
စုမင်က ချက်ချင်း ပြောဆိုပစ်လိုက်သည်။
ယွီရွှမ်က ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားပြီး အတွင်းမှ စိတ်လှုပ်ရှားနေသော အကြည့်များက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။ယင်းအစား သတိကြီးကြီးထားသောအကြည့်ဖြင့် အစားထိုးခဲ့သည်။
“နင်.ဘာလိုချင်တာလဲ..ငါ အများကြီးမယူခဲ့ပါဘူး.. ရော့ နင် နည်းနည်းယူလိုက်.. နင်မယုံရင် ဒီပြောင်ပြောင်လေးကို သွားမေးကြည့်လိုက်”
ယွီရွှမ်က ကြိုးကြာငှက်ကို မေးငေါ့ရင်း ချက်ချင်းပြောလိုက်သည်။
“အခြားအင်မော်တယ်ဂိုဏ်းတွေ ရှိတယ်. မင်းဘာသာရှေ့ဆက်ပြီး ကိုယ်တိုင် လုယူလို့ရတယ်...မင်းရဲ့ကျင့်ကြံအဆင့်နဲ့ဆို မခက်ပါဘူး...”
စုမင်က ယွီရွှမ်ကို ကြည့်ရင်း ပြောလိုက်သည်။
“ငါက ကြင်နာတတ်တယ်..တခြားသူတွေရဲ့ ဥစ္စာကို ဘယ်လိုလုပ်လုယူရက်မှာလဲ..အဲဒီမှာ ပြသနာအရမ်းများလွန်းတယ်.. ခြေတစ်လှမ်းမှားတာနဲ့ အကုန်သိသွားမှာပဲ..ငါ့မှာ ဘာအငြိုးအာဃာတမှမရှိဘူး..သူတို့ရဲ့ပစ္စည်းတွေကို လုယူစရာအကြောင်းလည်း မရှိဘူး.. ဒါပေမဲ့ နင့်နောက်ကိုလိုက်ရတဲ့အခါကျ မတူဘူးလေ..”
“မင်း ခိုးယူခဲ့တဲ့အရာအားလုံးရဲ့ ကိုးပုံတစ်ပုံကို ငါလိုချင်တယ်”
စုမင်က အေးဆေးတည်ငြိမ်စွာပြောသည်။
“အာ...ဒါဆို နင်ဘာလို့ ဒီပစ္စည်းတွေကို ကိုယ်တိုင် မလုယူတာလဲ”
ယွီရွှမ် ချက်ချင်းပင် လှုပ်လှုပ်ရွရွဖြစ်လာပြီး ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘဲ မတ်တပ်ထရပ်လိုက်သည်။ သူမ၏အမူအရာပြောင်းလဲသွားသည်။
“အစကတည်းက ငါက သူတို့ဆီက လုယူဖို့လုပ်ထားတာ...”
စုမင်က ယွီရွှမ်က နည်းနည်းလောက်တိုးပေးရန်ပြောဆိုနေလေသည်။
“ဆယ်ပုံတစ်ပုံ..အများဆုံးတစ်ပုံလောက်ပဲပေးမယ်.. ဒီအရာတွေက ငါ့ရဲ့သွေး၊ ချွေးနဲ့မျက်ရည်တွေ.. ငါ့အရင်းအနှီးတွေပဲဆိုတာ မင်းသိထားရမယ်..ဘာပဲဖြစ်ဖြစ် ငါနင့်ကို ဆယ်ပုံတစ်ပုံပဲပေးနိုင်မယ်”
ယွီရွှမ်က ရှိုက်ကြီးတငင်နဲ့ မျက်လုံးပြူးရင်း ပြောလိုက်သည်။
“နင်သာ အနားမှာမရှိရင် ငါပဲအကုန်ရမှာ”
“ပြီးတော့ စိတ်ဝိညာဉ်မျိုးစေ့တွေကို ဘယ်လိုသုံးရမလဲဆိုတာ သိတယ်. သူတို့ရဲ့ ရတနာတွေ ဝှက်ထားတဲ့ နေရာတွေကို ငါရှာနိုင်တယ်.. ဒါဆို နင်လည်း ဒုက္ခအများကြီးမတွေ့တော့ဘူးလေ...”
“အဲဒီမျိုးစေ့တွေ မလိုအပ်ဘူး..ငါ သူတို့ရဲ့ဂိုဏ်းတွေကို ဖျက်ဆီးပစ်မယ်...”
“ငါ သူတို့တောင်တံခါးတွေရဲ့မှော်အစီအရင်တွေကိုဖွင့်နိုင်အောင် ငါကူညီပေးနိုင်တယ်..ဒါဆိုရင် မာန်ကျင့်ကြံသူတွေ ဒီလောက်အများကြီးသေစရာမလိုဘူး”
ယွီရွှမ်က ချက်ချင်းပြောခဲ့သည်။
စုမင်က တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ သူတွေးနေတုန်းမှာ ယွီရွှမ်ဧ။်ခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာသည်။ သူမအောက်ရှိခွေးကြီးက အလင်းတန်းရှည်အဖြစ် ပြောင်းလဲသွားပြီးသူမနဲ့ ခပ်ဝေးဝေးကို ပျံသန်းသွားခဲ့သည်။
“စုမင် နင်ပင်ပန်းနေပြီ..နင် ငါ့ကို ဘာလို့အနောက်ပင်လယ်ကျွန်းကို မသွားခိုင်းတာလဲ..ဒါက ရှာမန်နဂါးတစ်ကောင်ပါပဲ.. ငါ နင့်အတွက် ယူပေးမယ်..”
ယွီရွှမ် အဝေးသို့ ထွက်ခွာသွားစဉ် သူမ၏ အသံက လေထုထဲတွင် ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာခဲ့သည်။ သူမကိုယ်တိုင် အနောက်ပင်လယ်ကလန်ကျွန်းသို့ သွားနေလေသည်။
စုမင်က တစ်မိနစ်ခန့် မျက်မှောင်ကြုတ်ပြီးနောက် သူ့နှုတ်ခမ်းပေါ်တွင် အပြုံးရိပ်တစ်ခု တိုးလာသည်။သူက အနောက်ပင်လယ်ကျွန်းဆီသို့ အလယ်အလတ် အရှိန်အဟုန်ဖြင့် စတင်လျှောက်လှမ်းခဲ့သည်။
ထိပ်ပြောင်ကြိုးကြာငှက်၏မျက်နှာတွင် ကောင်းချီးတစ်ခုရနေသည့်အမူအရာမျိုးရှိနေလေသည်။ စုမင်က အဝေးကယွီရွှမ်ကိုကြည့်ကာ မချိပြုံးပြုံးလိုက်သည်။
‘ကြည့်ရတာ ဒီစုမင်က လိမ္မာပါးနပ်တဲ့လူတစ်ယောက်ပဲ.. နောက်တစ်ခါ သတိထားရမယ်..”
ထိပ်ပြောင်ကြိုးကြာငှက်က ချမ့်ချန်ပျောက်ဆုံးသွားသည်ကို ရုတ်တရက်တွေ့လိုက်ရသည်။ ချမ့်ချန်က တုံးအသောကြောင့် သူ အနိုင်ကျင့်ခဲ့သည်။ထိုလုပ်ရပ် ကြီးမြတ်သည်ဟု သူ့ကိုယ်သူ ထင်မှတ်ခဲ့သည်။
ယွီရွှမ်က မယုံနိုင်လောက်အောင် လျင်မြန်စွာ ခရီးထွက်ခဲ့သည်။စုမင် အနောက်ပင်လယ်ကျွန်းသို့ ရောက်သောအခါတွင် ကျယ်လောင်သော အသံများ သူ့နားထဲသို့ ရောက်ရှိလာပြီး နဂါးဟောက်သံများက လေထဲတွင် တဟုန်ထိုး မြည်ဟည်းသွားခဲ့သည်။
အနောက်ပင်လယ်ကျွန်း၏မှော်အစီအရင်က တုန်ခါပြီး တွန့်လိမ်ပုံပျက်နေတော့သည်။ စုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မှော်အစီအရင်ကိုဖြတ်သန်းရင်း အနောက်ပင်လယ်ကျွန်းကို ဖြတ်ကျော်သွားခဲ့သည်။
သူ ကျွန်းကို ဖြန့်ကျက်ကြည့်လိုက်သည်။ အေးခဲကောင်းကင်ကလန်၏ကျွန်းနှင့် ယှဉ်လျှင် ဤနေရာက သိပ်မထူးခြားကြောင်း တွေ့လိုက်ရသည်။ မြေပြင်က တောတောင်များနှင့် ပြည့်နှက်နေပြီးအဝေးတွင်… … ပေပေါင်းသောင်းချီသောအဝါရောင် ခွေးကြီးတစ်ကောင်က လေထဲ၌ ဟိန်းဟောက်နေ၏။ ထိုဟိန်းဟောက်သံကြောင့် လေပြင်းများကို နှိုးဆော်ပြီး မြေပြင်ကို ငလျင်လှုပ်သကဲ့သို့ တုန်လှုပ်စေသည်။ ထို့အပြင် တောင်များအားလုံး ပြိုပျက်သွားပြီး နေရာတိုင်းတွင် မြေကြီးကွဲအက်သွားလေတော့သည်။
ယွီရွှမ်က အဝါရောင်ခွေးကြီး၏ ဦးခေါင်းထိပ်တွင် ရပ်နေသည်။ သူမက သိုလှောင်အိတ်များ၊ ဝိညာဉ်ကျောက်တုံးများနှင့် ထူးဆန်းသော ရတနာများအားလုံး စုပ်ယူခံရသကဲ့သို့ သူမဆီသို့ ရောက်လာရန် အမည်မသိနတ်ဘုရားစွမ်းရည်အချို့ကို အသုံးပြုခဲ့သည်။ ယွီရွှမ်က စုမင် သူမထံ ရောက်လာပြီး သူမ၏ပစ္စည်းများ လုယူသွားမည်ကို စိုးရွံ့နေလေသည်။ ထို့ကြောင့် သူမထံ တိုးဝင်လာသောပစ္စည်းများကို လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။
အဝါရောင်ခွေးကြီးရှေ့တွင် အနောက်ပင်လယ်မှ မျိုးနွယ်စုအကြီးအကဲ ဒါဇင်များစွာရှိသော်လည်း ၎င်းတို့အားလုံး နောက်သို့ တွန်းလှန်ခြင်းခံရသည်။
စုမင်က တောင်တန်းတစ်ခုတွင် ရပ်လိုက်သည်။ သူထိုင်ပြီး သူ့မျက်စိရှေ့မှာ ဖြစ်ပျက်နေတာကို ကြည့်လိုက်သည်။ သူဘာမှ မလုပ်ဘဲ သူ့အခြေတည်ဝိညာဉ်ကို
အနောက်ပင်လယ် ကျွန်းတစ်ခုလုံးတွင် ဖြန့်ကျက်လိုက်သည်။ ခဏအကြာတွင် သူက မြောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာက တောအုပ်ဖြစ်သော်လည်း နက်နဲရာတွင် စိမ့်မြေတစ်ခု ရှိသည်။ ထိုနေရာရှိ ရေက ကြည်လင်နေပြီး အနီးတွင် သစ်သားအိမ်တစ်လုံးရှိသည်။
စုမင်က မတ်တပ်ရပ်လိုက်သည်။ ယွီရွှမ်က ဤလူများကို ငွေညှစ်ခြင်း သို့မဟုတ် ခွေးကြီးဖြင့် နှောင့်ယှက်ခြင်း မပြုခဲ့ပေ။ သူမ တစ်ချက်လှုပ်ရုံဖြင့် မြောက်ဘက်တွင်ရှိသော တောအုပ်ဆီသို့ ဦးတည်လိုက်သည်။ ထိပ်ပြောင်ကြိုးကြာငှက်သည် တခဏမျှ တုံ့ဆိုင်းသွားပြီး အနည်းငယ် အရှိန်လျှော့လိုက်သည်။ ထို့နောက်၎င်းက နောက်သို့ လှည့်ကာ မြေပြင်ဆီသို့ အရှိန်တင်လိုက်သည်။ အရာအားလုံး ပရမ်းပတာဖြစ်နေချိန်မှာ ၎င်းအတွက် အကျိုးအမြတ်များ ရရှိနိုင်မလားဆိုတာ သိချင်နေခဲ့သည်။
စုမင်က မြောက်ဘက် တောအုပ်ထဲကို လျှောက်သွားလေသည်။ခွေးကြီး၏ဟိန်း ဟောက်သံကို နားထောင်ရင်း တောနက်ကြီးအတွင်းရှိ သစ်သားအိမ်ကြီးနှင့် စိမ့် မြေအပြင်ဘက်သို့ ရောက်ရှိလာသည်။
သူ နီးကပ်လာသောအခါ အပြင်ဘက်မှ ဆူညံသံများက ငြိမ်ကျသွားပုံရသည်။ လေထုထဲတွင် ငြိမ်သက်အေးချမ်းမှုကို ခံစားရသည်။
“မိတ်ဆွေဟောင်းတစ်ယောက်ရောက်လာပေမဲ့ ငါကောင်းကောင်းဧည့်မခံနိုင်ဘူး”
စုမင်က ဤနေရာသို့ ဝင်ရောက်လာသောအခါ သစ်သားအိမ်အတွင်းမှ ခပ်အက်အက်အသံကြီးနှင့် ဆံဖြူအဖိုးအိုတစ်ဦး ထွက်ပေါ်လာသည်။
သူက သစ်သားအိမ်မှ ဖြည်းညှင်းစွာ ထွက်လာပြီး စုမင်ဆီသို့ လှမ်းကြည့်လိုက်သည်။
သူ့မျက်လုံးများက စိမ့်ရေတွင်းရှိ ရေကဲ့သို့ ကြည်လင်နေပြီး သူ့မျက်လုံးများအတွင်း၌ ဝိညာဉ်များကို စွဲဆောင်နိုင်သည့်အကြည့်များ ရှိနေသည်။ သူ စုမင် ဘက်ကို လှမ်းကြည့်လိုက်ရင်း သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။
“ကျုပ်..လီလုံ.. မာန်နတ်ဘုရားသခင်ကို နှုတ်ဆက်ပါတယ်...”
အဘိုးအိုသည် ခေတ္တတိတ်ဆိတ်နေပြီးမှ လက်သီးကို လက်ဖဝါးဖြင့် ပတ်ကာ ဦးညွှတ်လိုက်သည်။
စုမင်က အဖိုးအိုကို ကြည့်လိုက်သည်။ အဘိုးအိုတွင် မာန်စိတ်ဝိညာဉ်နယ်ပယ် ၏ ကြီးမားသော အောင်မြင်မှုထက် ကျော်လွန်သွားသည့် စွမ်းအားကို သူခံစားနိုင်သည် ။ ၎င်းက အသက်လမ်းကျင့်စဉ်နယ်ပယ်သို့ ခြေလှမ်းတစ်ဝက်လှမ်းသည်နိမိတ်လက္ခဏာ ပြသော်လည်း အလွန်မှိန်ဖျော့နေပြီး မတည်ငြိမ်ပေ။
အဘိုးအိုက စုမင်ကို ကြည့်ရင်း မေးလိုက်သည်။
“ဘာလို့ ဒီကို လာတာလဲ မာန်နတ်ဘုရားသခင်...”
စုမင်က စိမ့်မြေများကို ကြည့်ရင်း မေးလိုက်သည်။
“အနောက်ပင်လယ်ကလန်ရဲ့ ကျွန်းတွေက သေးလွန်းတယ်.. တောင်ပိုင်းအရုဏ်ဦးနယ်မြေကလည်း ကွဲအက်သွားတယ်..ခင်ဗျား အနောက်ပင်လယ်မျိုးနွယ်စု ကြီးပွားအောင် လုပ်ဖို့ ဆန္ဒရှိလား”
“အိုးးး”
လီလုံ၏ မျက်လုံးများတွင် သိသာထင်ရှားသော အလင်းတန်းတစ်ခု ပေါ်လာသည်။
“ခင်ဗျားက အသက်လမ်းကျင့်စဉ်နယ်ပယ်ထဲကို ခြေတစ်လှမ်းရောက်နေပြီ.. အနောက်ပင်လယ်ကလန်ကို ကျူးကျော်ဝင်ရောက်တဲ့သူကို စိတ်ထဲမထားဘဲ တိတ်တိတ်ဆိတ်ဆိတ်ကျင့်ကြံနေတာပဲ..ခင်ဗျားက ကောင်းချီးတစ်ခုရထားပြီး အသက်လမ်းကျင့်စဉ်နယ်ပယ်ထဲကို ဝင်ဖို့ နည်းလမ်းရှာနေတာမလား...”
“အသက်လမ်းကျင့်စဉ်နယ်ပယ်ထဲကို ဝင်ချင်ရင် ဘဝအကြောင်း သိထားရမယ်.. ဘဝဆိုတာ ဘာလဲ..”
စုမင်က အဖိုးအိုကို တောက်ပသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။
လီလုံက တိတ်ဆိတ်နေခဲ့သည်။
စုမင်က ဆက်ပြောမနေတော့ပေ။ ယင်းအစား သူက စိမ့်မြေထဲသွားပြီး စကားတစ်ခွန်းမှ မပြောဘဲ ပန်ကြည့်နေလိုက်တယ်။ စိမ့်မြေ၏နက်နဲသောနေရာမှ သူ့ကိုကြည့်နေသော မျက်လုံးတစ်စုံကို သူမြင်လိုက်ရသည်။ ထိုအကြည့်များထဲမှာ သတိထားမှု၊ကြောက်ရွံ့မှုနှင့် လေးစားမှုများ ပါဝင်နေလေသည်။
“ကျုပ်က သေခါနီးနေပြီ.. အသက်လမ်းကျင့်စဉ်အကြောင်း ဘယ်လိုလုပ်သိမှာလဲ”
နောက်ဆုံးတွင် လီလုံက ခွန်းတုံ့ပြန်လိုက်သည်။
စုမင်က ပြန်မဖြေဘဲ ဆောင့်ကြောင့်ထိုင်ကာ သူ့ညာလက်ကို ရေပြင်ပေါ်တင်လိုက်သည်။ ရေမျက်နှာပြင်ပေါ်တွင် လှိုင်းများ ချက်ချင်းပေါ်လာပြီး ကြီးမားသောဦးခေါင်းက နက်နဲရာမှ တဖြည်းဖြည်း တက်လာသည်။
၎င်းက ပေပေါင်းများစွာ ကြီးမားသော နဂါးခေါင်းဖြစ်ပြီး အကြေးခွံများ ဖုံးအုပ်ထားသည့်ရှာမန်နဂါးကြီးပင်ဖြစ်သည်။