← Chapters

ပျော်ရွှင်သောအပြုံး

Vol. 53 Ch. 734

ပျော်ရွှင်သောအပြုံး

Vol. 53 Ch. 734

ယခု စုမင်ကာကွယ်ပေးရမည့်အချိန်က သူ့အသက်နှင့်အမျှ အရေးကြီးလေသည်။

ဒုတိယအစ်ကိုပဲဖြစ်ဖြစ် ဟူကျီပဲဖြစ်ဖြစ် သူတို့၏စွမ်းရည်များကို အသက်သွင်းနေစဉ် မည်သူမျှ နှောင့်ယှက်နိုင်မည်မဟုတ်ပေ။ မဟုတ်လျှင် အစ်ကိုကြီးက မနိူးထလာနိုင်တော့ဘဲ ဒုတိယအစ်ကိုနှင့်ဟူကျီ၏အသက်များလည်း အန္တရာယ်ကျရောက်နိုင်သည်။ အစ်ကိုကြီး၏အသိစိတ်များက ပြန့်ကျဲသွားပြီး ခေါင်းမပါသောကျောက်ရုပ်အဖြစ်ပြောင်းသွားလေသည်။

တစ်ချိန်တည်းမှာပင် အစ်ကိုကြီး၏ အသိဉာဏ်ကို အကာအကွယ်ပေးနေသော ဟူကျီလည်း နိုးထလို့မရတော့ဘဲ လုံးဝ အိပ်ပျော်သွားမည်ဖြစ်သည်။ သူက ဝိညာဉ်မရှိသောလူကဲ့သို့ဖြစ်လိမ့်မည်၊ သူ၏ရုပ်ခန္ဓာသည် ကောင်းမွန်နေလျှင်ပင် အတွင်း၌ မည်သည့်အရာမျှ ရှိမည်မဟုတ်ပေ။

စုမင်၏ဒုတိယအစ်ကိုက စွမ်းရည်များကို ဦးဆောင်အသက်သွင်းနေသူဖြစ်သည်။သူက သူ့ခန္ဓာကိုယ်ကိုသုံးကာ ကောင်းကင်ဘုံစိတ်တစ္ဆေကျင့်စဉ်ကိုအသက်သွင်းပြီး သူ့အစ်ကိုကြီးနိုးထလာစေရန် စွမ်းစွမ်းတမံလုပ်ဆောင်နေလေသည်။ အကယ်၍ တစ်ယောက်‌ယောက်ကနှောင့်ယှက်ခဲ့လျှင် ကောင်းကင်ဘုံစိတ်တစ္ဆေကျင့်စဉ်၏ဆိုးကျိူးများကို ခံစားရပြီး ကောင်းကင်ဘုံစိတ်တစ္ဆေတစ်ကောင်ဖြစ်လာမည်။ သူ့မှာ အသိစိတ်နှင့်အလိုဆန္ဒမပါသော လွင့်မျောစိတ်တစ္ဆေတစ်ကောင်အဖြစ် ထာဝရတည်ရှိနေမည်ဖြစ်သည်။

ဟူကျီက အကျိုးဆက်ကိုသိသော်လည်း အကြီးဆုံးအစ်ကိုအတွက်ဖြစ်သောကြောင့် ဘာကိုမှဂရုမစိုက်ပေ။ ထို့အပြင် အငယ်ဆုံးညီကိုလည်း ယုံကြည်ခဲ့သည်။ စုမင် မသေဆုံးပါက မည်သူမှ သူတို့ကို လာနှောက်ယှက်ခြင်း မပြုနိုင်ပေ။

သို့သော် အငယ်ဆုံးညီ၏အသက်ကို ခြိမ်းခြောက်နိုင်သည့်အရာများ အမှန်တကယ်ရှိခဲ့ပါက သူတို့ရှင်သန်ရန် အခွင့်အလမ်းအနည်းငယ်သာ ရှိသေးသည်။

ဒုတိယအစ်ကိုကလည်း အကျိုးဆက်များကို သိထားသည်။ အစ်ကိုကြီးသာ နဝမမြောက်တောင်ထွဋ်၏တပည့်မဟုတ်လျှင် သူက ထိုသို့စွန့်စွန့်စားစား ကြိုးပမ်းမည်မဟုတ်ပေ။ သို့သော် သူ့အတွက် ပိုကြီးသောအဖိုးအခပေးရလျှင်တောင် သူ့အစ်ကိုကြီးဖြစ်တာကြောင့် ထိုရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။

သူတို့၏အသက်ကို စုမင်ထံပုံအပ်ထားပြီး သူတို့က စုမင်အတွက် အဖိုးတန်သောဖြစ်တည်မှုများဖြစ်သည်။ စုမင် မည်သူကိုမှ နှောင့်ယှက်ခွင့်မပေးနိုင်ပေ။

လရောင်က မြေပြင်ပေါ်တွင် ဖြာကျထွန်းလင်းနေလေသည်။ စုမင်ကတောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။သူက စိတ်ဝိညာဉ်ဖြန့်ကျက်နေသောဒုတိယအစ်ကိုကို လှမ်းကြည့်လိုက်လေသည်။ ထို့နောက် နှစ်ခြိုက်စွာအိပ်ပျော်နေသောဟူကျီကို ကြည့်ပြီးနောက် ခေါင်းမပါသောအကြီးဆုံးအစ်ကိုကို ကြည့်လိုက်သည်။ အရာအားလုံး မစတင်ခင်မှာ သူ့ဒုတိယအစ်ကိုကြီး ပြောခဲ့တာကို မှတ်မိနေသေးသည်။

“ဒီစွမ်းရည်ကို အသက်သွင်းတာက သုံးလကနေ တစ်နှစ်ခွဲလောက်အထိ ကြာနိုင်ပါတယ်... ဒါပေမဲ့.. လုပ်ငန်းစဉ်က ချောမွေ့နေသရွေ့တော့ မင်းယူလာတဲ့ရှာမန်အရင်းအမြစ်သွေးတွေက သေချာပေါက် အစ်ကိုကြီးကို နိုးထစေနိုင်လိမ့်မယ်...”

စုမင်က သူ့အခြေတည်ဝိညာဉ်ကို ဖြန့်ကျက်လိုက်ပြီး လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တောင်ပတ်လည်တွင် သူချထားခဲ့သောမှော်အစီအရင်နှင့်ချိပ်တံဆိပ်များကို အာရုံခံလိုက်သည်။ ထို့ပြင် ဟူကျီ ချထားသောမှော်အစီအရင်အချို့ပင်ရှိနေသေးသည်။

နဝမအကြိမ်မြောက်တောင်ထွဋ်တစ်ဝိုက်

လီတစ်သောင်းဧရိယာမှာ မှော်အစီအရင်၊ ချိပ်တံဆိပ်များဖြင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်သည်။ ထိုအရာအားလုံးက ကျွန်း၏အစွန်အဖျားရှိ ပထမဆုံးကာကွယ်ရေးအလွှာဖြစ်သည်။

စုမင်က တောင်ထိပ်နံရံများမှာလည်း ချိပ်တံဆိပ်များ ချထားလေသည်။

သူက တောင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ အသက်ပြင်းပြင်းရှုရှိုက်လိုက်သည်။ ထို့နောက် သူ့ပုံစံအတိုင်းနေကာ အစ်ကိုကြီးနိုးလာမည့်အချိန်ကိုစောင့်ရင်း လူတိုင်းကို တိတ်တဆိတ်ကာကွယ်ရန် ပြင်ဆင်လေသည်။

အစ်ကိုကြီး နိုးထလာသည့်အခါ သူတို့ခံစားရမည့်ပျော်ရွှင်မှုကို မျှော်လင့်မိသည်။သူတို့ အားလုံးစုစည်းပြီး အနောက်နှင့်မြောက်ဘက်မဟာမိတ်ပြည်နယ်များဆီသို့ ဦးတည်သွားကြမည်။ အနောက်ဘက်မဟာမိတ်နယ်မြေတွင် နက်မှောင်တောင်အမှန်တကယ်တည်ရှိခြင်းရှိမရှိ နှင့်လေ့ချန်က လူစစ်စစ်ဖြစ်ကြောင်းကို သေချာစစ်ဆေးကြည့်ချင်သည်။

ထို့နောက် သူတို့က အင်မော်တယ်ပြည်သို့အတူတကွသွားပြီး ဆရာကြီးကို ရှာဖွေကာ အင်မော်တယ်နဂါးငွေ့တန်းကို သုတ်သင်ရှင်းလင်းပစ်ကြမည်။

စုမင်က အရာအားလုံးကို တွေးတောရင်း ကလေးတစ်ယောက်လို ပျော်ရွှင်စွာ ပြုံလိုက်သည်။ ထိုအပြုံးက သူ့တွင် ရှားရှားပါးပါး မတွေ့ရတော့သည့်အရာဖြစ်ပြီး သူ နဝမမြောက်တောင်ထွဋ်ကို ရောက်လာမှ ပြုံးနိုင်လာသည်။ ဤနေရာမှာ မိသားစုနှင့်တူပြီး နွေးထွေးမှုရသောနေရာဖြစ်သည်။

စုမင်က အစ်ကိုကြီး၊ ဒုတိယအစ်ကိုနှင့် ဟူကျီတို့ကို ကြည့်လိုက်သည်။ ပျော်ရွှင်နေသောသူ့မျက်နှာတွင် ဆုံးဖြတ်ချက်တစ်ခု ပေါ်လာသည်။

မည်သူပဲဖြစ်ဖြစ်၊ မည်သို့သောစွမ်းအားပဲဖြစ်ဖြစ် သူ့အလောင်းကိုချမနှင်းပါက သူ့အစ်ကိုများကို အနှောင့်ယှက်ပေးခွင့် လုံးဝမပြုနိုင်ပေ။

ရက်များစွာ ကုန်လွန်သွားလေသည်။ နဝမမြောက်တောင်ထွဋ်တွင် မှော်အစီအရင်များနှင့် ပြည့်နှက်နေပြီး ယွီရွှမ်နှင့်ကျန်လူများတောင် အပြင်ဘက်မှာ နေရလေသည်။ တစ်စုံတစ်ယောက်က ထိုနေရာကို ကျူးကျော်ဝင်ရောက်သည့် အရိပ်အယောင်များပြပါက စုမင်၏ပြင်းထန်သော တိုက်ခိုက်မှုကို ခံရမည်ဖြစ်သည်။

မည်သူမှ တောင်ထိပ်သို့ ခြေတစ်လှမ်း တစ်ဝက်တောင် ရွေ့လျားခွင့် မပြုခဲ့ပေ။

ဖိနှိပ်သောလေထုသော နဝမမြောက်တောင်ထွဋ်ကို ဝန်းရံနေလေသည်။ သို့သော် ထိုအထဲတွင် လူများ၏နားလည်မှုများစွာ ပါဝင်နေလေသည်။ နဝမမြောက်တောင်ထွဋ်ရှိလူတိုင်းက စုမင်၏စကားကို နားထောင်ပြီး တောင်ထိပ်သို့ မတက်ကြပေ။

ထို့နောက် ရက်များစွာ ကုန်လွန်သွားပြန်သည်။

အရှေ့မြေရိုင်းနယ်မြေတွင် သေးငယ်သော မျိုးနွယ်စုတစ်ခု ရှိခဲ့သည်။ ထိုမျိုးနွယ်စု ကြီးကြီးမားမားမဟုတ်ဘဲ

လူနှစ်ရာခန့်သာရှိသည်။

မျိုးနွယ်စု၏ နံနက်ခင်းက များသောအားဖြင့် မီးခိုးများနှင့် ပြည့်နှက်နေပေလိမ့်မည်။ သူငယ်ချင်းများနှင့် ဆော့ကစားကြသောကလေးများ၏ အသံက ရွှင်မြူးမှုများဖြင့် ပြည့်နှက်နေလေသည်။ မနက်အစောကြီး နိုးလာသောမာန်ကျင့်ကြံသူများက လုပ်ငန်းခွင်ဝင်ရန်ပြင်ဆင်ကြသည်။အမျိုးသားများက အမဲလိုက်ကြပြီး အမျိုးသမီးများက သက်ကြီးရွယ်အိုများကို စောင့်ရှောက်ပေးကြသည်။ အင်မော်တယ်တို့၏ ခြိမ်းခြောက်မှု မရှိသောကြောင့် သူတို့အားလုံးမှာ စိတ်အေးချမ်းသာစွာ နေထိုင်ခဲ့ရသည်။

ရှစ်ရက်မြောက်သောနေ့နံနက်ရောက်သောအခါ၌ ထိုမျိုးနွယ်စုမှ မီးခိုး တလူလူမထွက်တော့ပေ။ ယင်းအစား နာကျင်စွာအော်သံများသာ ရှိတော့သည်။ အော်ဟစ်သံများက ထိုမျိုးနွယ်စုဝင်များမှာ လွန်စွာ အားနည်းသွားပြီဖြစ်ကြောင်း ပြသနေသည်။

ထိုစူးစူးဝါးဝါးအော်ဟစ်သံများက ကြားသူတိုင်း၏နှလုံးသားများ တုန်လှုပ်သွားစေရန် လုံလောက်သည်။ ၎င်းတို့က အမျိုးသမီးများ၏ ကြောက်လန့်တကြား အော်သံများဖြစ်ပြီး စိတ်ပျက်အားငယ်စွာ အော်ဟစ်ခဲ့ကြသည်။

မျိုးနွယ်စုအတွင်းရှိ နေရာတိုင်းတွင် သွေးများတောင် ခမ်းခြောက်နေပြီဖြစ်သည်။ သက်ကြီးရွယ်အိုများ၊ အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများ၏ အလောင်းများ မြေပြင်အနှံ့ ပြန့်ကျဲနေပါသည်။

ခြောက်သွေ့နေသော သွေးများကို ကြည့်လျှင် ထိုလူများက လွန်ခဲ့တဲ့နာရီအတော်ကြာကတည်းက သေဆုံးသွားခဲ့ကြောင်း သိနိုင်သည်။သူတို့က မယုံနိုင်လောက်အောင် ဆိုးရွားလှသော သေခြင်းတရားဖြင့် ကြုံတွေ့ခဲ့ရပြီး သူတို့၏ အမူအရာများတွင် စိတ်ပျက်အားငယ်မှုနှင့် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေခဲ့သည်။

ထိုနေရာတွင် တိုက်ပွဲအရိပ်အယောင် မတွေ့ရပေ။ ထိုအရာက တစ်ဖက်သတ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုပင်ဖြစ်သည်။

သစ်ပင်တစ်ပင်မှာ ချိတ်ဆွဲခံထားရသော လေးငါးနှစ်သားအရွယ် ကလေးတစ်ယောက်တောင် ရှိသေးသည်။ သူ၏ပျော့ညံ့သောခန္ဓာကိုယ်က အေးခဲတောင့်တင်းနေပြီး သူ၏နာကျင်သောအမူအရာက ပြင်းထန်သောနာကျင်မှုကို မည်ကဲ့သို့ခံစားခဲ့ရကြောင်းကို ညွှန်ပြ‌နေလေသည်။

တဲအပြင်ဘက်တွင် ရပ်နေသော လူငါးယောက်ရှိသည်။ သူတို့အားလုံးက အနက်ရောင် ၀တ်စုံများ ဝတ်ဆင်ကြပြီး ၎င်းတို့၏၀တ်ရုံများသည် ကြယ်တာရာများဖြင့် ပြည့်နှက်နေသည်။ သူတို့ပတ်ဝန်းကျင်မှာ ရာနဲ့ချီသော လူသေအလောင်းများကို ဂရုမစိုက်သလိုပင်ဖြစ်သည်။

တဲအတွင်းမှ အမျိုးသမီးများမှာ ကူပါကယ်ပါ တဆာဆာအော်ဟစ်နေပြီး

ထိုကဲ့သို့သောအသံမျိုးက တစ်ညလုံး ဆူညံစွာ ထွက်ပေါ်ခဲ့သည်။

နေမင်းကြီးကပင် မြေပြင်ပေါ်ရှိ ဤအနိဌာရုံမြင်ကွင်းကို မမြင်ချင်သလိုပင် တိမ်ညိုတိမ်မည်းများဖုံးလွှမ်းကာ တဖြည်းဖြည်းမိုးရွာချလာသည်။ မိုးစက်များ အဆက်အပြတ်ကျလာပြီး တဲ၏ခေါင်းမိုးကို တဖျပ်ဖျပ်ရိုက်ခတ်နေသောအသံများ ထွက်ပေါ်လာသည်။

လူငယ်တစ်ယောက်က သူ့အဝတ်အစားများကို ချွတ်ကာ ထွက်လာခဲ့သည်။ သူ၏အဝတ်အစားပေါ်တွင် ဖြည်းဖြည်းချင်း ရွေ့လျားနေကြယ်တာရာများရှိလေသည်။

ထိုလူမှာ အင်မော်တယ်များက “သခင်လေး”ဟုခေါ်ဆိုသူဖြစ်ပြီး မနက်ခင်းတာအိုလောက၏မြင့်မြားသောအဆင့်အတန်းရှိသူ တာအိုပညာရှင်ယွမ် ဖြစ်သည်။

သူ့လက်ထဲမှာ ယပ်တောင်တစ်ချောင်းကို ကိုင်ထားပြီး သူ့မျက်နှာမှာ မောက်မာထောင်လွှားနေလေသည်။ သူရွေ့လျား‌သွားသောအခါ တဲ၏ဘေးအဖီက ပြိုကျသွားသည်။ အပြင်ဘက်တွင်ရှိသူများက အတွင်းမှာဖြစ်ပျက်နေသောအရာများကို မမြင်နိုင်ပေ။သို့သော် လေပြင်းတစ်ချက်ဝှေ့သွားသောကြောင့်

အတွင်းပိုင်းရှိ ဆိုးရွားသောမြင်ကွင်းမှာ ပေါ်လွင်လာသည်။

ထိုနေရာတွင် အမျိုးသမီးအလောင်း ဆယ်လောင်းကျော်ရှိပြီး ၎င်းတို့အားလုံးမှာ အဝတ်မပါပေ။ သူတို့အားလုံး မျက်လုံးပြူး မျက်ဆံပြူးဖြစ်နေပြီး မျက်လုံးထဲတွင် စိတ်ပျက်အားငယ်မှုနှင့် မရဏရောင်ဝါကို တွေ့မြင်ရသည်။ ထိုမြင်ကွင်းကို မြင်သူတိုင်းမှာ ဓါးဆွဲထုတ်ချင်လောက်အောင် ဒေါသမီးများ တောက်လောက်လာလိမ့်မည်။

“မာန်ကျင့်ကြံသူတွေက တကယ်ကို ငြီးငွေ့စရာကောင်းတယ်.. သူတို့ထဲမှာ အစွမ်းထက်တဲ့သူတောင်မပါဘူး.. သူတို့ရဲ့မိန်းမတွေက ရိုင်းပျပြီး မျက်စိသနစရာကောင်းတယ်..ဒီက ဘယ်သူမှ သဘောကျစရာ‌မကောင်းဘူး..ပြီးခဲ့တဲ့ရက်တွေမှာ ပျင်းစရာကောင်းလွန်းလို့ တော်တော်သည်းခံနေရတယ်..”

ယပ်တောင်ကိုကိုင်ထားသည့် လူငယ်က ခေါင်းခါလိုက်ပြီး မျိုးနွယ်စုအပြင်ဘက်သို့ လမ်းလျှောက်လာရင်း စိတ်ပျက်လက်ပျက်ဖြစ်နေလေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက သူက မာန်ပြည်ထောင်တွင်ရှိနေပြီး အနောက်နှင့်မြောက်ဘက်မဟာမိတ်နယ်မြေများထံ သွားရောက်ခဲ့သည်။သူ့၏နောက်လိုက်များက မျိုးနွယ်စုပေါင်း တစ်ရာကျော်ကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး အများအပြားကို ကာမရယူပြီး ရက်စက်စွာသတ်ဖြတ်ခဲ့သည်။ သို့သော်လည်း ထိုလူငယ်၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်သော အရာများကိုပင် မတွေ့ခဲ့ရပေ။

“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူတို့တွေကယင်မရဏနယ်မြေကလူတွေပဲ..ငါက ယင်မရဏနယ်မြေကမိန်းမတွေအများကြီးနဲ့ ကစားဖူးတယ်.. ငါဂိုဏ်းပြန်ရောက်ရင် ဒါကို မြိန်ရေရှက်ရေပြန်ပြောမယ်..”

လူငယ်က သွေးများစွန်းထင်းနေသော အလောင်းများကို ချနင်းကာ ရှေ့သို့ လျှောက်သွားသည်။ အနက်ရောင်ဝတ်ထားသော လူငါးဦးက ခံစားချက်မဲ့သောအမူအရာရှိနေပြီး ကောင်းကင်ကြီးပြိုကျလာလျှင်တောင် သူတို့၏အတွေးများကို ထုတ်ဖော်ပြမည်မဟုတ်ပေ။ ထို့ပြင် မမြင်နိုင်သော သတ်ဖြတ်လိုစိတ်ရောင်ဝါများ သူတို့နားတွင် ထူထဲစွာ ဝန်းရံနေလေသည်။ သူတို့နားမှာ သွေးထွက်သံယိုမြင်ကွင်းများတွေ့နေရသော်လည်း ညှာတာမှုကင်းမဲ့သူများ ဖြစ်သည်။

၎င်းတို့၏ ခန္ဓာကိုယ်ထဲရှိထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းလုံးများကို ချိပ်ပိတ်ထားသဖြင့် သူတို့ကျင့်ကြံဆင့်များကို မည်သူမျှ မမြင်နိုင်တော့ပေ။သို့သော် တာအိုပညာရှင်ယွမ်တောင် လိုက်ပါလာသောလူများက အားနည်းပျော့ညံသူများမဟုတ်ကြောင်း ထင်ရှားသည်။

လူငယ်က သေဆုံးနေသောမျိုးနွယ်စုမှ ထွက်လာပြီး ပြတ်ပြတ်သားသား မေးလိုက်သည်။

“အချိန်ကျပြီ.. တောင်ပိုင်းအရုဏ်ဦးနယ်မြေကို သွားကြည့်ရအောင်.. တာအိုကျေးကျွန် ၁၉.. စိတ်ဝိညာဉ်မျိုး စေ့တွေ ဘယ်လိုဖြစ်သွားပြီလဲ...”

“သခင်လေး..ဒီ‌နေရာက ကျုပ်ရဲ့နတ်ဘုရားအာရုံကို ကန့်သတ်ထားလို့မာန်ပြည်ထောင်ရဲ့မာန်နတ်ဘုရားကို ရှာမတွေ့ခဲ့ဘူး... ‌ဒါပေမဲ့ ကျုပ်တို့က တစ်ခြားတိုက်ကြီးတွေကို ဖြတ်သန်းပြီးသွားပြီ..ဒါ့ကြောင့် မာန်နတ်ဘုရားသခင်က တောင်ပိုင်းအရုဏ်ဦးနယ်မြေမှာ ရှိလိမ့်မယ်...”

ဝတ်ရုံနက်ငါးယောက်အနက်မှ အမျိုးသားတစ်ဦးက အသံတိုးတိုးဖြင့် ပြောသည်။

“ဒါဆို တောင်ပိုင်းမနက်ကို သွားကြရအောင်၊ ပြီးရင် ထွက်သွားတော့ ဒီနေရာက ငြီးငွေ့စရာပဲ၊ ဘာပဲဖြစ်ဖြစ်”

လူငယ်က သူ့ယပ်‌တောင်ကိုသိမ်းလိုက်ပြီး လေထဲကို လျှောက်သွားသည်။တာအိုကျေးကျွန်ငါးယောက်က သူ့နောက်ကနေ လိုက်လာပြီး တောင်ပိုင်းအရုဏ်ဦးနယ်မြေသို့ ဦးတည်လိုက်ကြသည်။

သူတို့ကပျံသန်းရင်း လူငယ်က မကြာခဏ သမ်းဝေနေ‌သည်။ သူက မြေပြင်ကို ရံဖန်ရံခါ ကြည့်တတ်ပြီး သူ့အမူအရာမှာ ကဲ့ရဲ့ခြင်းများဖြင့် ပြည့်နှက်နေလိမ့်မည်။ သူ့မျက်လုံးထဲမှာတော့ ဒီကလူအားလုံးက မယဉ်ကျေးဘဲ တော်ရိလျော်ရိနေတတ်ကြသည်။ သူတို့က သားရဲအရေခွံနှင့် အဝတ်ကြမ်းများကို ၀တ်ဆင်ထားကြသည်။ အနည်းငယ်သားသားနားနားဝတ်သူများပင် မနက်ခင်းတာအိုလောကရှိလူများနှင့် လုံးဝကွဲပြားခြားနာနေလေသည်။

“ရှေးကျလိုက်တာ.. ဒါပေမဲ့ လူရိုင်းတွေ တော့မဟုတ်ဘူး.. စိတ်ဝင်စားစရာမကောင်းလိုက်တာ...”

ထို့နောက် လူငယ်က အကြည့်လွှဲလိုက်သည်။

သူ့နောက်က လူငါးယောက်က ဘာမှ မပြောဘဲ တိတ်ဆိတ်စွာ လိုက်လာခဲ့သည်။ သူတို့အတွက် ဤနေရာက ရှေးကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ အရေးမကြီးပေ။ သူတို့၏တာဝန်မှာ သခင်လေးကို အလစ်တိုက်ချင်သူများကို သတ်ဖြတ်ပြီး သခင်လေးကို ကာကွယ်ခြင်းဖြစ်သည်။

ထို့အပြင် ဤလူငါးဦးအတွက် မာန်ပြည်ထောင်က အမှန်တကယ်ပင် အားနည်းလွန်းသသည်။ မာန်ကျင့်ကြံသူတစ်ဦးက သူတို့၏ထိုးနှက်ခြင်းကို တစ်ချက်မျှ ခံနိုင်ရည်မရှိပေ။ မာန်ကျင့်ကြံသူများအနည်းငယ်သာ ၎င်းတို့၏စံနှုန်းများကို ကျော်ဖြတ်ခဲ့ပြီး ပထမအဆင့်နှင့် ဒုတိယအဆင့်ကြားဖြစ်သည်။သူတို့က မာန်ကျင့်ကြံသူများကို ပုရွက်ဆိတ်ကိုချေပစ်လိုက်သလိုမျိုး နှိပ်စက်ခဲ့ကြသည်။

သူတို့က အင်မော်တယ်များဆင်းသက်ရာအရပ်တွင်တည်ရှိသော အရှေ့မြေရိုင်းမျှော်စင်နှင့် မဟာယွီအင်ပါယာနန်းတော်တို့ကဲ့သို့နေရာများကို အာရုံစိုက်ရန်လိုအပ်လေသည်။ သို့သော် သူတို့က ထိုနေရာများကို အလိုအလျောက် ရှောင်ရှားခဲ့ကြပြီး ထိုအကြောင်းကို လူငယ်အားလည်း မပြောခဲ့ကြပေ။

များမကြာမီတွင် လူငယ်က အလွန်

ပျင်းရိလာပြီး မြေပြင်ကို မကြည့်တော့ပေ။ သူတို့က အရှေ့မြေရိုင်းနယ်မြေကိုစွန့်ခွာကာ မရဏပင်လယ်အထက်တွင်ပေါ်လာသည်။

“သခင်လေး..တောင်ပိုင်းအရုဏ်ဦးနယ်မြေက ကွဲအက်ပြီး မရေမတွက်နိုင်တဲ့ကျွန်းတွေအဖြစ်ပြောင်းလဲသွားတယ်..အဲဒီကျွန်းတွေထဲမှာ မာန်ကျင့်ကြံသူတွေနေထိုင်ကြတယ်...ကျန်ကျွန်းတွေထက်ပိုကြီးတဲ့ ကျွန်းသုံးကျွန်းရှိပြီး လူအများဆုံးနေထိုင်ကြတယ်...”

ဝတ်ရုံနက်ငါးဦးထဲမှတစ်ဦးက ဖုန်ရွှေသံလိုက်အိမ်မြှောင်ကို ကိုင်ဆောင်ထားပြီး မြေမျက်နှာသွင်ပြင်မြေပုံတစ်ခုလုံးကို ကြည့်ရှုနေလေသည်။

“ဒါဆို အကြီးဆုံး ကျွန်းသုံးကျွန်းကို တည့်တည့်သွားရအောင်”

လူငယ်က သမ်းဝေပြီး ညာလက်ကို လွှဲယမ်းလိုက်သည်။ ပေတစ်ရာရှည်သော အနက်ရောင် မှော်စီးယာဉ်ကြီးက သူ့ရှေ့တွင် ချက်ချင်းပေါ်လာသည်။ သူက ထိုယာဥ်ပေါ်သို့ တက်သွားကာ သူ့နောက်မှ လူငါးဦးလည်း လိုက်လာကြသည်။ ထို့နောက် ကျယ်လောင်သောအသံနှင့်အတူ အဝေးသို့ ထွက်သွားလေသည်။

မှော်စီးယာဥ်က အလွန်လျင်မြန်သောအရှိန်အဟုန်ဖြင့် ရွေ့လျားသွားကာ မျက်စိတစ်မှိတ်အတွင်း သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။

များမကြာမီပင် မှော်စီးယာဥ်ပေါ်ရှိ ငြီးငွေ့နေသောအမူအရာနှင့် လူငယ်လေးက မြေပြင်အနှံ့ ကြည့်ရင်း ယပ်တောင်ကို ထုတ်လိုက်သည်။ထို့နောက် သူ ရုတ်တရက် မျက်လုံးပြူးကျယ်သွားသည်။

“ရပ်လိုက်စမ်း...”

အမိန့်ပေးသံတစ်ခု ထွက်ပေါ်လာပြီးနောက် ရှည်လျားသောမှော်စီးယာဉ်က တုံ့ခနဲရပ်တန့်သွားသည်။ လူငယ်လေး၏အကြည့်က မရဏပင်လယ်ရှိ ‌တောင်ပိုင်းစိမ့်မြေကျွန်းတွင် ကျင့်ကြံနေသောဖန်းချန်းလန်ဆီသို့ ကျရောက်သွားသည်။

All Chapters