တိုက်ခိုက်ကြ...
Vol. 53 Ch. 736
ယွီရွှမ်၏မျက်နှာက ဖြူဖျော့သွားသည် ။ သူမက အောက်နှုတ်ခမ်းကို ကိုက်ပြီး သူမမျက်နှာပေါ်တွင် တွေဝေမှုများ ပေါ်လာသည်။
စုမင်၏မျက်နှာက တည်ငြိမ်နေလေသည်။ သူ့မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ခိုင်မာမှုနှင့်သေရန်အဆင်သင့်ဖြစ်နေသည်။ သူ့အတွက်ကတော့ ဤတိုက်ပွဲက သူအနိုင်ရရန် အခွင့်အလမ်း လုံးဝမရှိခဲ့ပေ။ အင်မော်တယ်ငါးယောက်က ကန့်သတ်ချက်များစွာကို မခံစားခဲ့ရဘဲ တတိယအဆင့်ရှိလောကမှော်ယာဉ်ပျံအရှင်သခင်များ ပိုင်ဆိုင်သည့် စွမ်းအားကို ပြသနိုင်ခဲ့သည်။
သူတို့ထဲက တစ်ယောက်က ပုရွက်ဆိတ်များကို ဖိချေသလိုမျိုး အားလုံးကို သတ်ပစ်နိုင်သည်။ ယခင်က စုမင်မှာ တတိယအဆင့်ရှိကျင့်ကြံသူများကို မတိုက်ခိုက်ခဲ့ဖူးသော်လည်း လူသတ်ဓါး၏မှတ်ဉာဏ်များကို သူ့စိတ်ထဲတွင် မြင်ယောင်နေဆဲဖြစ်သည်။ထိုအရာက သူလုံးဝမခံနိုင်သောစွမ်းအားတစ်ခုပင်ဖြစ်သည်။
သို့ပေမဲ့ သူ ဘာလုပ်နိုင်မည်နည်း။ နဝမ
မြောက်တောင်ထွဋ်ကို စွန့်လွှတ်ပြီး သူ့အစ်ကိုများကိုလည်း မထားခဲ့နိုင်ပေ။ ထိုလုပ်ရပ်ကို သူမလုပ်နိုင်ခဲ့သည့်အတွက် သူ့ရှေ့မှာ ရွေးချယ်စရာတစ်ခုသာ ကျန်တော့သည်။
စုမင်က သူ့အစ်ကိုများနှင့်အတူ တစ်သက်လုံးမနေနိုင်ခဲ့သော်လည်း သူတို့နှင့်အတူတူ သေနိုင်သေးသည်။
စုမင်က ခေါင်းကိုလှည့်၍ ဆရာကြီး၏ ဂူကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်နှာတွင် ခွဲခွာရန် တွန့်ဆုတ်နေ သောအရိပ်အယောင်သော်လည်း သူ့ဆုံးဖြတ်ချက်က ပို၍ကြီးမားသည်။
ကျယ်လောင်သောပေါက်ကွဲသံများက တစ်ဟုန်ထိုးပျံ့လွင့်လာပြီး ကာကွယ်ရေးမှော်အစီအရင်က အဆက်မပြတ်ပြိုကျလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အပျက်အစီးက လီတစ်ထောင်နယ်မြေကို ဖုံးလွှမ်းသွားသည်။ တတိယအဆင့်ရှိ တာအိုကျေးကျွန်တို့က တို့ဖူးကိုဓားဖြင့်ခုတ်သကဲ့သို့ ပြင်းထန်သောစွမ်းအားဖြင့် မှော်အစီအရင်ကို အဆင့်ဆင့် ဖြိုခွဲလိုက်ကြသည်။
စုမင်က သူ့ညာဖက်လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ကောင်းကင်ကို လွှဲယမ်းလိုက်သည်။ ခရမ်းရောင်မြူခိုးများက သူ့ခန္ဓာကိုယ်ကို ဝိုင်းရံထားပြီး စုမင်က နတ်ဆိုးချပ်ဝတ်တန်ဆာ ဝတ်ဆင်ပြီးသားဖြစ်သွားသည်။ သူ့ညာလက်ဖြင့် လေထုကို ဆုပ်ကိုင်လိုက်သောအခါ ခရမ်းရောင် မြူခိုးများက သူ့လက်ဆီသို့ ချက်ချင်း တက်လာပြီး မကောင်းဆိုးဝါးလှံအဖြစ်သို့ ပြောင်းလဲသွားသည်။
သူက အေးခဲနေသောလှံကို ဆုပ်ကိုင်နေစဉ် သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ တဖွားဖွားထွက်ပေါ်လာသည်။ သူက နဝမမြောက်တောင်ထွဋ်တွင် မားမားမတ်မတ်ရပ်နေလေသည်။ အကယ်၍ မုန်တိုင်းနှင့်တိုင်ဖွန်းမုန်တိုင်းများ ရှိလျှင်တောင် စုမင်ကိုအရင်ဖြတ်ကျော်ပြီးမှ တောင်ထိပ်ကို တိုက်ခတ်နိုင်မည်ဖြစ်သည်။
“ငါ့ကို နှစ်ပေါင်းများစွာ ငြိမ်းချမ်းတဲ့ဘဝတွေ ပေးခဲ့တဲ့ နဝမမြောက်တောင်ထွဋ်ကို အကြွေးတင်နေခဲ့တယ်..မင်းကလည်း
ငါ့အသက်ကို ကယ်ခဲ့တဲ့သူပဲ..ဒီနေ့ နဝမမြောက်တောင်ထွဋ်နဲ့အတူ အဆုံးထိတိုက်ခိုက်ပြီး သေပွဲဝင်မယ်..”
အဘိုးအိုတစ်ယောက်က ရာနှင့်ချီသော လူအုပ်ထဲမှ ထွက်လာခဲ့သည်။ သူက စုမင်ကို ကြည့်ရင်း သူ့မျက်နှာမှာ ဆုံးဖြတ်ချက် ပြတ်သားမှု ရှိနေလေသည်။
“မှန်တယ်...နဝမမြောက်တောင်ထွဋ်က ကျုပ်တို့ကို နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေး ပေးခဲ့တယ်.. အခုချိန် အကျပ်အတည်းကြုံနေရပေမဲ့ ဘာလို့ကြောက်နေရမလဲ...”
လူများစွာ ဖြည်းဖြည်းချင်း ထွက်လာကြသည်။ သူတို့၏မျက်လုံးများတွင် သွေးဆာမှုများနှင့် ပြည့်နက်နေလေသည်။ သူတို့က ရန်သူများ၏ကျင့်ကြံဆင့်ကို ကြောက်ရွံ့နေသော်လည်း သူတို့လုပ်ဆောင်ရမည့်အရာအချို့ရှိသည်။
“နဝမမြောက်တောင်ထွဋ်က ငါတို့အိမ်လိုပဲ.. အေးခဲကောင်းကင်ကလန်ရဲ့တပည့် အနေနဲ့..ငါတို့လုပ်ပေးနိုင်တာက အသေခံတိုက်ပွဲဝင်တာပဲ...”
“ငါတို့ရဲ့ကျင့်ကြံဆင့်က နိမ့်ပေမဲ့ ငါတို့မှာစိတ်အားထက်သန်မှုရှိတယ်.. ငါတို့သေရင်တောင် ငါတို့ရဲ့သွေးတွေကို နဝမမြောက်တောင်ထွဋ်မှာပဲ အစွန်းအထင်းခံမယ်..ငါတို့အလောင်းတွေကို ဒီမှာပဲမြုပ်နှံမယ်...”
စကားသံများက လူအုပ်ထဲမှ အဆက်မပြတ် ထွက်ပေါ်လာသည်။ နောက်ပြန်ဆုတ်ရန်ရွေးချယ်သောလူတစ်ယောက်မှ မရှိပေ။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း နဝမမြောက်တောင်ထွဋ်တွင် နေထိုင်ခဲ့သောလူရာပေါင်းများစွာ၏မျက်နှာတွင် ရူးသွပ်မှုများနှင့် ရောပြွမ်းနေသော ဆုံးဖြတ်ချက်ခိုင်မာမှုတို့ ရှိနေလေသည်။ဤသည်မှာ သေခြင်းတရားအပေါ် မကြောက်မရွံ့သော သဘောထားဖြစ်သည်။သူတို့သေလျှင်တောင် နဝမမြောက်တောင်ထွဋ်မှာ သေမည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။
ပိုင်စုက စကားမပြောသော်လည်း သူမ၏ အမူအရာနှင့်နောက်မဆုတ်သော အပြုအမူများက သူမ၏အတွေးကို ဖော်ပြနေလေသည်။ စုမင်ကိုကြည့်နေသောအကြည့်များတွင် နူးညံ့သိမ်မွေ့မှုအပြည့်ရှိသည်။ သူမ၏ဘဝမှာ နောင်တရစရာအများကြီး မရှိကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ဤတိုက်ပွဲ၌ သူမက စုမင်နှင့်အတူသေဆုံးနိုင်ခဲ့လျှင် သူမအတွက် ပျော်ရွှင်ဖွယ်ဇာတ်သိမ်းဖြစ်လိမ့်မည်။
ချမ့်ချန်က ထိတ်လန့်တုန်လှုပ်သွားသည်။ သူ့ဘေးနားရှိ ထိပ်ပြောင် ကြိုးကြာငှက်က
စိတ်ပူပန်မှုအပြည့်ဖြင့် သောကရောက်နေလေသည်။ ၎င်းက ထွက်ပြေးချင်ခဲ့သည်။ ယခင်ကလည်း ထို့သို့ထွက်ပြေးတာ အကြိမ်ပေါင်းမနည်းပေ။ သို့သော်လည်း ယခုအချိန်တွင် ၎င်းက ခြေတစ်လှမ်းမှ မထွက်ခွာခဲ့ပေ။ ၎င်းက ချမ့်ချန်ကိုကြည့်သည်၊ စုမင်ကိုကြည့်သည်၊ နောက်ဆုံး တောင်ထိပ်ရှိဂူကို ကြည့်လိုက်သည်။ ၎င်း၏မျက်နှာတွင် ပထမဆုံး ရူးသွပ်မှု ပေါ်လာသည်။
‘အဲဒါဆို ငါက လူပီသစွာ သူတို့နဲ့အတူ တိုက်ပွဲဝင်မယ်.. ငါ ဒီလူတွေကို တိုက်ခိုက်မယ်..”
“သခင်မလေး.. ငါတို့ အခုမထွက်သွားရင် အဲဒီလူငါးယောက်က ငါတို့ကို ဝိုင်းတိုက်ခိုက်တဲ့အခါ မင်းဘေးကင်းဖို့ ခက်ခဲလိမ့်မယ်”
ခွေးကြီး၏မျက်နှာပေါ်တွင် လေးနက်သောအမူအရာတစ်ခု ပေါ်လာပြီး အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
“ငါလည်း မသွားဘူး”
ယွီရွှမ်က အံတင်းတင်းကြိတ်ထားလေသည်။ စုမင်က သူမအရမ်းတန်ဖိုးထားရသောပစ္စည်းဖြစ်ပြီး ဈေးကောင်းကောင်းရနိုင်ကြောင်း ကိုယ့်ကိုယ်ကို နှစ်သိမ့်နေလေသည်။ အကယ်၍ သူမ ထွက်သွားပြီး စုမင်သေဆုံးသွားခဲ့လျှင် ယခုအချိန်ထိ သူမလုပ်ခဲ့သမျှအားလုံးက သဲထဲရေသွန်ဖြစ်သွားလိမ့်မည်။ ထိုအရာက သူမဘဝတွင် အမြတ်အစွန်းအများဆုံး ဆုံးရှုံးသွားတဲ့ ကိစ္စတစ်ခုဖြစ်လာလိမ့်မည်။
ယွီရွှမ် ထိုကဲ့သို့ ဖြစ်ရပ်ကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ပေ။
ယွီရွှမ်က ဆုံးဖြတ်ချက်ချပြီး ခွေးကြီးကို မေးလိုက်သည်။
“ ရှောင်ဟွမ်..နင်ငါးယောက်ထဲက ဘယ်နှစ်ယောက်ကို ထိန်းနိုင်လဲ”
ခွေးကြီးက ခဏမျှ တိတ်ဆိတ်သွားပြီး
ပြန်ဖြေလိုက်သည်။
“ငါ့မှာ သူတို့လို ကြယ်တာရာဝတ်စုံတွေ မရှိဘူး.. ဒါကြောင့် မာန်ပြည်ထောင်က ငါ့ရဲ့ စွမ်းအားကို ကန့်သတ်ထားတယ်.. ငါ သူတို့သုံးယောက်ကို တစ်နာရီလောက် ထိန်းထားနိုင်တယ်...
“ငါလည်း လျှို့ဝှက်ကျင့်စဥ်တစ်ခုကို အသက်သွင်းလိုက်ရင်.. သူတို့ထဲကတစ်ယောက်ကို ထိန်းနိုင်လောက်တယ်...”
ယွီရွှမ်က အံ့ကြိတ်ရင်း စုမင်ကိုဝယ်လိုသောလူနှစ်ယောက်အကြောင်းကို စိတ်ပူစွာ တွေးတောနေလေသည်။ ထိုအချိန်မှစပြီး ယွီရွှမ် ထိုလူနှစ်ယောက်နှင့်အဆက်သွယ်ပြတ်ခဲ့သည်။ သူတို့ မတော်တဆတစ်ခုနှင့် ကြုံတွေ့နေပုံရသည်။
စုမင်က တိတ်ဆိတ်နေခဲ့သည်။ ထိုအချိန်တွင် ကျယ်လောင်သောပေါက်ကွဲသံများက ပို၍နီးကပ်လာသည် ။ မှော်အစီအရင်သည် ဖိနှိပ်မှုကြောင့် ကာကွယ််နိုင်စွမ်းလီရာနှင့်ချီမျှသာ ကျုံသွားခဲ့သည်။ တာအိုယွမ်၏ကောက်ကျစ်ယုတ်မာသောအသံများသည် ကျယ်လောင်သော အသံများကြားထဲမှ ထွက်ပေါ်လာသည်။
“တစ်နာရီလောက်လား…”
စုမင်က မျက်လုံးများကိုပြန်ဖွင့်ကာ
ယွီရွှမ် နှင့်ခွေးကြီးတို့အား လက်သီးကိုလက်ဝါးဖြင့်ပတ်ဟန်လုပ်၍ ဦးညွတ်လိုက်သည်။
“ငါ..စုမင်... မင်းတို့ရဲ့ကြင်နာမှုကို သတိရနေမှာပါ...”
ခွေးကြီးက ရှေ့သို့လျင်မြန်စွာ ခုန်ဆင်းသွားစဉ် ၎င်း၏ခန္ဓာကိုယ်မှ အဝါရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းက ပေတစ်သိန်းအကွာအဝေးသို့ ချက်ချင်းရောက်ရှိသွားပြီး တုန်လှုပ်ချောက်ချားဖွယ်ဟောက်သံတစ်ခုက လေထုကို ဆုတ်ဖြဲမတတ် စူးရှစွာထွက်ပေါ်လာသည်။ ၎င်း၏ကိုယ်ခန္ဓာက ပေပေါင်းထောင်ပေါင်းများစွာရှည်လျားသော အဝါရောင်နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
အဝါရောင်နဂါးကြီး၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအရာရှိသည် ။ ထို့နောက် ၎င်းက ကျုံ့လာသောမှော်အစီအရင်ဆီသို့ ဦးတည်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ယွီရွှမ်က ဖြူဖျော့သောမျက်နှာဖြင့် ကြက်သွေးရောင်ဆေးဖက်ဝင်အမြုတေ များကို ပါးစပ်ထဲထည့်လိုက်သည်။ သူမက အဝါရောင်နဂါးကြီးနှင့်အတူ မှော်အစီအရင်ကိုဖျက်စီးနေသောတာအိုကျေးကျွန်လေးယောက်ဆီသို့ အရှိန်တင်လိုက်သည်။
စုမင်က ယွီရွှမ်နှင့် အဝါရောင်နဂါးကြီး ထွက်ခွာသွားသည်ကို မြင်သောအခါ သေရန်အဆင်သင့်ဖြစ်နေသောအမူအရာက သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ သူ၏အသက်လမ်းကျင့်စဉ်စွမ်းအားက ပေါက်ကွဲသံနှင့်အတူ ထွက်ပေါ်လာသည်။
အဆုံးမဲ့ဆီးနှင်းများနှင့်လေက သူ့ခန္ဓာကိုယ်ကို ဝိုင်းရံထားသည်။ သူက အလင်းတန်းရှည်အဖြစ်သို့ပြောင်းသွားပြီး
မှော်အစီအရင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။
နဝမမြောက်တောင်ထွဋ်ရှိလူများတွင် လေးနက်သောအမူအရာရှိလေသည်။ သူတို့က တုန်လှုပ်ချောက်ချားဖွယ်တိုက်ပွဲကြီးဖြစ်တော့မည့် နေရာ၌ ရပ်နေကြသည်။ ဤတိုက်ပွဲက နဝမမြောက်တောင်ထွဋ် ဆက်လက်ရှိ မရှိကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။
ခွေးကြီးက အဝါရောင်နဂါးကြီးအဖြစ်ပြောင်းကာ ပထမဆုံးအကြိမ် ထွက်သွားခဲ့သည်။ ၎င်းက မှော်အစီအရင်ဆီသို့ ပျံသန်းစဉ် တာအိုကျေးကျွန်လေးယောက်၏ မျက်လုံးများကို ချက်ချင်း လင်းလက်သွားစေသည်။
“လောကကူးပြောင်းအသူရာနဂါး..”
“မဟာဖန်ဆင်းရှင်အသူရာလောက..”
အဝါရောင်နဂါးကြီးက ကောင်းကင်ဆီသို့ ဟိန်းဟောက်လိုက်ချိန် ၎င်း၏ခန္ဓာကိုယ်တစ်ဝိုက်ရှိ အဝါရောင်အလင်းတန်းများက လူလေးယောက်အနက်မှ သုံးဦးဆီသို့ ချက်ချင်းပျံ့နှံ့သွားသည်။ အဝါရောင် နဂါးကြီးမှပျံ့လွင့်လာသော အဝါရောင်အလင်းတန်းများက ကျေးကျွန်သုံးယောက်ကို သူ့နောက်သို့ ဆွဲခေါ်သွားကာ ကောင်းကင်ဆီသို့ ပျံသန်းသွားခဲ့သည်။
“သေစမ်း.. ဒီနေရာက တကယ်ကိုနတ်ဆိုးနယ်မြေပဲ.. ပြီးတော့ မနက်ခင်းတာအိုဂိုဏ်းကို ဆန့်ကျင်နေတာပဲ..မဟုတ်ရင် ဒီနေရာမှာ ဘာလို့ မဟာဖန်ဆင်းရှင်အသူရာလောကထဲက အသူရာနဂါးကြီးပေါ်လာတာလဲ...”
“အဲဒီနဂါးကြီးကို သတ်လိုက်...အရေခွံခွာပစ်လိုက်.. သတ်ကြစမ်းကွာ.. ငါက ဂိုဏ်းပြန်ရောက်ရင်.. တံခါးမှာ ဆွဲထားချင်လို့”
တာအိုယွမ်က ချက်ချင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့ရင်ထဲမှာ ထိတ်လန့်ခြင်း တစ်စုံတစ်ရာမရှိပေ။ ယင်းအစား သူ အတော်လေး စိတ်လှုပ်ရှားနေလေသည်။
သူ့အသံက ကျယ်လောင်စွာ ပဲ့တင်ထပ်လာသော် တာအိုကျေးကျွန်းလေးယောက်ဧ။်မျက်လုံးများတွင် အေးစက်နေသော အလင်းတန်းတစ်ခု ပေါ်လာသည်။ သူက ကောင်းကင်သို့ လျင်မြန်စွာ ပျံတက်သွားပြီး နဂါးကြီးကိုတိုက်ခိုက်တော့မည့်အချိန်တွင် ဒေါသထွက်နေသောမိန်းမပျို၏ အော်သံက မှော်အစီအရင်မှ ထွက်ပေါ်လာသည်။ ယွီရွှမ်က နတ်ဘုရားမကဲ့သို့ အလင်းတန်းရှည်ပုံစံဖြင့် ပျံတက်လာသည်။
သူမ မျိုချလိုက်သော ဆေးအမြုတေက
အမျိုးအမည်မသိသော အာနိသင်မျိုးရှိ၏၊ ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်မှ မရဏအသူရာအရှိန်အဝါများ ချက်ချင်းပျံ့နှံ့သွားသည်။ ထိုအရှိန်အဝါများက သူမကို ဝိုင်းရံထားသောကြောင့် သူမ၏မျက်နှာသည် ဖြူဖျော့သွားကာ လူသေကောင်ကဲ့သို့ဖြစ်နေသည်။
သူမ ပျံသန်းလာစဉ် မရဏအသူရာအရှိန်အဝါများက ချက်ချင်းပျံ့နှံ့သွားပြီး တာအိုကျေးကျွန်လေးယောက်၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
ယွီရွှမ်က ချက်ချင်း ရုပ်လုံးပြလိုက်သောအခါ တာအိုယွမ်၏မျက်လုံးများ ပြူးကျယ်သွားကာ အံ့ဩတုန်လှုပ်သွားသည်။ သူ့ပါးစပ်မှ အံ့အားသင့်ပြီး အက်ကွဲနေသောအသံတစ်ခုထွက်ပေါ်လာသည်။
“ဒီနေရာမှာ ဒီလောက်လှတဲ့ အမျိုးသမီးတစ်ယောက်ရှိတာ ဘယ်လိုဖြစ်နိုင်မှာလဲ..
တာအိုကျေးကျွန် ၅၁ .. မင်း သူ့ကို အရှင်လတ်လတ် ဖမ်းရမယ်.. သူ့ခေါင်းပေါ်က ဆံချည်လေးတစ်မျှင်တောင် မထိခိုက်စေနဲ့..သူ့ကို အရှင်လတ်လတ် ဖမ်းပြီး ငါ့ဆီ ခေါ်လာ..ငါမင်းကို လက်ထောက်စစ်သေနာပတိအဖြစ် ရာထူးတိုးပေးမယ်...”
“တာအိုကျေးကျွန် ၁၉... ၅၁ ကို သွားကူညီလိုက်...အဲဒီအမျိုးသမီးကို အရှင်လတ်လတ် ဖမ်းရမှာနော်..”
တာအိုယွမ်က မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေပြီး သူ့မျက်လုံးများတွင် တပ်မက်မှုများဖြင့် တောက်ပနေသည်။ သူက ယွီရွှမ်ဧ။်အဝတ်အစားများကို ဖောက်ထွင်းမြင်ချင်နေလေသည်။ ထိုအချိန်တွင် သူ့ခရီးစဉ်က လုံးဝထိုက်တန်သည်ဟု ယူဆခဲ့သည်။
သူ့ဘေးတွင် တစ်ဦးတည်းကျန်သောဝတ်ရုံနက်က အလင်းတန်းရှည်အဖြစ် ပြောင်းလဲသွားပြီး ယွီရွှမ်ရှိရာ အရပ်ဆီသို့ ဦးတည်သွားခဲ့သည်။
သူ ရှေ့သို့ ပေတစ်ထောင်ပင် မရွေ့မီတွင် ရေခဲနှင့် ဆီးနှင်းများဖြင့်ဖွဲ့စည်းထားသော လေပွေတစ်ခုက ပုံပျက်နေသည့်မှော်အစီအရင်မှ ထွက်ပေါ်လာသည်။ ထိုလေပွေထဲတွင် စုမင် ရှိလေသည်။
စုမင်က မှော်အစီအရင်မှ ရှေ့သို့ ခြေတစ်လှမ်းထွက်လာပြီး တာအိုကျေးကျွန် ၁၉ ဆီသို့ မသွားခဲ့ပေ။ ယင်းအစား သူက တာအိုယွမ်ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားခဲ့သည်။
သူ့အရှိန်က အရမ်းမြန်လွန်းသဖြင့် နောက်မှာ အရိပ်များ ချန်ရစ်ခဲ့လေသည်။ သူက မကောင်းဆိုးဝါးလှံကိုကိုင်ကာ သူ့ပတ်ဝန်းကျင်ရှိ နှင်းများနှင့်အတူ ရှေ့တိုးလာသည်။ သူ၏အရှိန်က ကန့်သတ်ချက်သို့ ရောက်ရှိသွားလေသည်။
တာအိုကျေးကျွန် ၁၉ ၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး ယွီရွှမ်ဆီသို့ သွားရန်အတွေးကို စွန့်လွှတ်လိုက်သည်။ ယင်းအစား သူက စုမင်ဘက်ကို မျက်နှာလှည့်ပြီး ညာလက်ဖြင့် ချိန်ရွယ်လိုက်သည်။
တာအိုယွမ်က ရှောင်တိမ်းရန်ပင် မလုပ်ခဲ့ပေ။သူ့နှုတ်ခမ်းတွင် အေးစက်ပြီး လှောင်ပြောင်သရော်သောအပြုံးတစ်ခု ပေါ်လာသည်။သူက စုမင်ကို မောက်မာစွာဖြင့် လှမ်းကြည့်လိုက်သည်။ စုမင်က သူနား မရောက်ခင် တာအိုကျေးကျွန်များက စုမင်ကို ချက်ချင်းသတ်ပစ်လိမ့်မည်ဟု သူယုံကြည်ထားလေသည်။
တာအိုကျေးကျွန် ၁၉ က စုမင်ဘက်သို့ ချိန်ရွယ်နေစဉ် စုမင်က သူ့ဘယ်ဘက်လက်ဖမိုးကို အထက်သို့ ထားလိုက်ပြီး ညာလက်ဖဝါးကို အောက်ဘက်သို့ လှည့်လိုက်သည်။ ထို့နောက် ကံကြမ္မာကျင့်စဥ်ကို ချက်ချင်း အသက်သွင်းလိုက်သည်။
ဤတိုက်ပွဲက မယုံနိုင်လောက်အောင် အရေးကြီးပြီး စုမင် အမှားတစ်ခုမှ မလုပ်မိအောင် သတိထားနေရသည်။ ထိုအရာက သူ့၏ အပြင်းထန်ဆုံး လှုပ်ရှားမှုဖြစ်သည်။
“အတိတ်နဲ့ အနာဂတ်ကြားက တည်ရှိတဲ့အရာက ကံကြမ္မာပဲ...”
စုမင်က သူ့ဘယ်လက်ကို တာအိုကျေးကျွန် ၁၉ ၏လက်ချောင်းများဆီသို့
လွှဲယမ်းလိုက်သည်။ သူ့လက်လွှဲယမ်းချိန်တွင် တစ်လောကလုံး၏အချိန်များက ပြောင်းပြန်ဖြစ်သွားပြီး တာအိုကျေးကျွန် ၁၉ ၏လက်ချောင်းများက လေထဲတွင် ခဏမျှ အေးခဲရပ်တန့်သွားသည်။
ထိုလူ၏အမူအရာ ပြောင်းလဲသွားပြီး လောကမှော်ယာဉ်ပျံအရှင်သခင်၏တည်ရှိမှုသည် သူ့ခန္ဓာကိုယ်မှ ချက်ချင်း ပျံ့နှံ့လာခဲ့သည်။ သူ့အတွင်းမှ အဖျက်စွမ်းအားတစ်ခု ပေါက်ကွဲသံတစ်ခုနှင့်အတူ ထွက်ပေါ်လာပြီး စုမင်၏ အချိန်ပြောင်းပြန်စီးဆင်းမှုကို ဖြတ်ကျော်သွားနိုင်သည်။ သို့သော်လည်း သူ့လက်ချောင်းက လေထဲတွင် ခဏမျှ အေးခဲရပ်တန့်နေဆဲဖြစ်သည်။
ထိုခဏတာက စုမင်အတွက် အခွင့်အရေးတစ်ခုပင် ဖြစ်သည်။
တာအိုကျေးကျွန် ၁၉ က ကံကြမ္မာစွမ်းရည်ကြောင့် ရပ်တန့်နေစဉ် စုမင်က လျှပ်စီးထက် သာလွန်သောအရှိန်ဖြင့် တာအိုယွမ်ရှေ့သို့ ရောက်ရှိလာသည်။
တာအိုယွမ်က အံ့အားသင့်စွာ မတ်တပ်ရပ်နေသည်။ သူက ဖြစ်ပျက်နေသည့်အရာကို မတုံ့ပြန်နိုင်မီ စုမင်၏ မကောင်းဆိုးဝါးလှံက အသက်လမ်းကံကြမ္မာစွမ်းအားပါသောဆီးနှင်းများကို ဖြတ်ကျော်သွားလေသည်။ ထို့နောက် စုမင်က လှံကို တာအိုယွမ်၏နဖူးဆီသို့ တည့်တည့်ပစ်လွှတ်လိုက်သည်။