← Chapters

ညှင်းပန်းနှိပ်စက်ခြင်း...

Vol. 53 Ch. 737

ညှင်းပန်းနှိပ်စက်ခြင်း...

Vol. 53 Ch. 737

ထိုအရာက စုမင်၏ဆုံးဖြတ်ချက်ခိုင်မာမှုနှင့်ပြည့်နှက်နေသော တွန်းအားတစ်ခုပင်ဖြစ်သည်။ ထိုအချိန်တွင် သူထုတ်နိုင်သည့်အပြင်းထန်ဆုံးသော ထိုးနှက်မှုလည်းဖြစ်သည်။ ထိုထိုးနှက်မှုက လှံထိပ်ဖျားရှိဆောင်းဦးနှင့်အသက်ကံကြမ္မာစွမ်းအားနှင့်နှောသွားသောကြောင့် လှံဖျားက ရေခဲအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

မကောင်းဆိုးဝါးလှံက လေထုကို ထိုးခွင်းသွားပြီး မနှစ်မြို့ဖွယ်ကောင်းသည့် စူးစူးရှရှ အသံတစ်ခု ထွက်ပေါ်လာသည်။ စုမင်က လှံကို ရှေ့သို့ လှမ်းထိုးလိုက်သည်နှင့် တပြိုင်နက် လူသတ်ဓားက သူ့ရှေ့တွင်‌ ‌ထွက်ပေါ်လာသည်။ သွေးဆာနေသောဓါးက တာအိုယွမ်ဆီသို့ ‌မကောင်းဆိုးဝါးလှံနောက်နှင့်အတူ လိုက်ပါသွားလေသည်။

တာအိုကျေးကျွန် ၁၉ က ဤတိုက်ခိုက်မှုကို တားဆီးရန် သို့မဟုတ် တာအိုယွမ်ကို

ကယ်တင်ရန် အချိန်မရှိပေ။ သူ့မျက်လုံးများ ချက်ချင်းနီရဲလာပြီး ရှေ့ကို မြန်မြန် ခြေလှမ်းလှမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်က တွန့်လိမ်ပုံပျက်သွားပြီး စုမင်နောက်မှာ ချက်ချင်းပေါ်လာခဲ့သည်။ သို့ပေမဲ့ သူ အရမ်းနောက်ကျသွားခဲ့သည်။

ထိုအချိန်တွင် စုမင်၏လှံရှည်က တာအိုယွမ်၏ မျက်ခုံးအလယ်ဗဟိုကို ထိမှန်သွားသည် ။

တာအိုယွမ်၏ ခန္ဓာကိုယ်ပေါ်ရှိ ရွေ့လျားနေသော ကြယ်တာရာဝတ်ရုံမှ အကန့်အသတ်မဲ့ ဆန့်ထွက်နေသော နဂါးငွေ့တန်းတစ်ခု ထွက်ပေါ်လာသည်။ ကြယ်ရောင်က မျက်လုံးများဆီသို့ စူးရှစွာဝင်ရောက်လာသည်။ ကြယ်ရောင်နှင့်ထိတွေ့မိသူများက သူတို့၏ခန္ဓာကိုယ်ကိုဓါးပေါင်းများစွာဖြင့် ထိုးခံရသကဲ့သို့ ပြင်းထန်စွာ နာကျင်ခံစားရမည် ဖြစ်သည်။

ထိတ်လန့်တုန်လှုပ်ဖွယ်ရာပေါက်ကွဲသံကြီးက တစ်လောကလုံးကို ပဲ့တင်ထပ်သွားလေသည်။ စုမင်၏မကောင်းဆိုးဝါးလှံမှ ကြီးမားသောတွန်းကန်အား ပြန်ထွက်လာသည်။ ထိုအားက စုမင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး သွေးအန်စေလေသည်။

တာအိုယွမ်အတွက်တော့ သူ့မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်သွားလေသည်။ ကြယ်ရောင်များက သူ့ခန္ဓာကိုယ်ကို ဝိုင်းရံထားစဉ် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်... သို့သော် သူ လုံးဝ ဒဏ်ရာမရခဲ့ပေ။

သူ့ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာမရှိပေမဲ့ ကြောက်ရွံ့မှုက သူ့နှလုံးသားထဲမှာ အမြစ်တွယ်နေခဲ့သည်။ ထိုအခိုက်အတန့်လေးအတွင်းမှာပင် သေခြင်းတရားက သူ့ထံရောက်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ အထူးသဖြင့် စုမင် ၏ မျက်လုံးများကို မြင်လိုက်ရသည့် အချိန်တွင် ခံစားရသည်။ အာဏာကို အမြဲအလွဲသုံးစားလုပ်ခဲ့သောတာအိုယွမ်၏ရူးသွပ်မှုက နှလုံးသားကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ သူမျိုးနွယ်စု၏နာမည်ကိုအသုံးချပြီး အခြားသူများကို ဗိုလ်ကျအနိုင်ကျင့်ပြီး မကောင်းမှုမျိုးစုံကို ကျူးလွန်ခဲ့သည်။

“မင်းငါ့ရဲ့ ကြယ်တာရာဝတ်ရုံကို ဖျက်စီးဖို့ နည်းလမ်းမရှိဘူးကွ ...”

တာအိုယွမ်က ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သော်လည်း သူစကားမဆုံးခင်မှာ ကျယ်လောင်သော ဝီစီသံက သူ့နားထဲကို ရောက်လာသည်။ ထိုအရာက လှံနောက်တွင်လိုက်ပါလာသော စုမင်၏လူသတ်ဓါးပင်ဖြစ်သည်။

ဤဓားသည် အင်မော်တယ်များ၏ အမြင့်မြတ်ဆုံးရတနာဖြစ်သည်။ စုမင်က ဓါးကို သန့်စင်လိုက်သောအခါ အတွင်းရှိဓါးဝိညာဉ်က ဒါဏ်ရာရသွားပြီး တတိယအဆင့်အောက်က အရာအားလုံးကို သတ်နိုင်ဖို့ရာ ခက်ခဲသွားသည်။ သို့ရာတွင် လူသတ်ဓါးတစ်လက်ဖြစ်တာကြောင့် သူ့အင်အားကို လျော့တွက်၍မရသေးပေ။

ထိုအချိန်တွင် တာအိုယွမ်၏ စူးစူးဝါးဝါးအော်သံများကြားမှ နီးကပ်လာသောဓါးက သူ့မျက်ခုံးအလယ်ကို ထိမှန်သွားသည်။

နောက်ထပ်ထိတ်လန့်ဖွယ်ရာ အော်ဟစ်သံကြီးက လေထဲတွင် တဟုန်ထိုး ထွက်ပေါ်လာသည်။ တာအိုယွမ်၏ကြယ်တာရာဝတ်ရုံမှ ဓါးကိုတွန်းကန်လိုက်ပြန်သည်။ လူသတ်ဓါးက အမုန်းအာဃာတပါသော ဝီစီသံကြီးကို ထုတ်လွှင့်ပြီး နောက်ပြန်လှည့်လာသည်။

တာအိုယွမ်က နောက်တစ်ကြိမ် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်ပြီး သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သူ့မျက်ခုံးကြားက အစက်အပြောက်က ဒါဏ်ရာဒါဏ်ချက်မဖြစ်သွားပေ။သို့ပေမဲ့ စုမင်၏ လှံနှင့် ဓားကြောင့် ဖြစ်လာသောတုန်လှုပ်မှုက တာအိုယွမ် ၏အတွင်းပိုင်းကို ဒဏ်ရာရစေခဲ့သည်။အဘယ်ကြောင့်ဆိုသော် သူ့ကျင့်ကြံဆင့်က တာအိုကျေးကျွန်များနှင့်ယှဉ်လျှင် ကွာခြားလွန်းတာကြောင့်ဖြစ်သည်။

ထိုအချိန်တွင် စုမင်နောက်ရှိ တာအိုကျေး

ကျွန် ၁၉ က စုမင်ကို သတ်ဖြတ်လိုစိတ်နှင့် သူ့လက်ကိုလွှဲယမ်းလိုက်သည်။ တတိယအဆင့်ရှိစွမ်းအားပါသောလက်ဝါးက စုမင်ပေါ်ရှိသို့ကျရောက်သွားသည်။

စုမင်က လှည့်ကြည့်ဖို့တောင် အချိန်မရလိုက်ပေ။ သို့သော် သူ၏ပထမတိုက်ခိုက်မှုက တာအိုယွမ်ကို ထိခိုက်ဒဏ်ရာရစေရန် မအောင်မြင်သောအခါ စုမင်ကကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည်။လက်ဖဝါးက သူ့အပေါ်ကို နီးကပ်လာချိန်တွင် သူ့ခန္ဓာကိုယ်ထဲက ကိုးရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းရောင်ဟာ... တည်နေရာငါးခုမှော်ရတနာဆီက ထွက်လာသည်။

တာအိုကျေးကျွန် ၁၉ ၏လက်ဖဝါးကချိပ်တံဆိပ်နှင့် ထိပ်တိုက်တွေ့သွားလေသည်။ ထိတ်လန့်တုန်လှုပ်ဖွယ်

ကောင်းသော ပေါက်ကွဲသံတစ်ခုသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါသွားစေသည်။ ထို့အပြင် စုမင်ကို သွေးအန်စေပြီး ကြိုးပျက်နေသောစွန်ကဲ့သို့ နောက်ကိုလွင့်စင်သွားလေသည်။

“တည်နေရာငါးခုမှော်ရတနာ.. သနားစရာပဲ..ဒါကိုသုံးရတဲ့နည်းလမ်းအမှန်ကိုတောင် မသိဘူး.. .”

တာအိုကျေးကျွန် ၁၉ ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များဖြင့်တောက်ပလာသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မြန်သောအရှိန်ဖြင့် စုမင်ဆီသို့ ပြေးသွားသည်။ စုမင်မှာ တည်နေရာငါးခု မှော်ရတနာရှိနေသော်လည်း သူ စုမင်ကို ထပ်ရိုက်နိုင်လျှင် စုမင်‌သေသွားမည်ဟု ယုံကြည်ချက်ရှိနေလေသည်။

“သတ်ပစ်.. သတ်ပစ်လိုက်စမ်း.. ဒင်း..ငါ့ကို ဒီလောက်ထိ နှိပ်စက်ရဲတယ်.. မင်း သူ့ကို သတ်ပစ်ရမယ်..သူ့မျိုးနွယ်စုကို ဖျက်ဆီးလိုက်...သူ့မျိုးနွယ်စုတစ်ခုလုံးကို သုတ်သင်လိုက်.. သူ့လူတွေကိုလည်း သတ်ပစ်လိုက်...”

မဝေးလွန်းသောနေရာရှိတာအိုယွမ်က ကျယ်လောင်သော အသံဖြင့် ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

ထို့နောက် သူ့နှုတ်ခမ်းထောင့်ကို ထိလိုက်သည်။ သူက နှုတ်ခမ်းရှိသွေးများက မြင်သော် ကြောက်ရွံ့သွားလေသည်။သူ့မှာ ဒဏ်ရာ ဆိုးဆိုးရွားရွားမရခဲ့သော်လည်း သွေးများက သူ့နှလုံးသားကို ကြောက်ရွံ့မှုများ ပိုတိုးလာစေသည် ။ သူ့တစ်ကိုယ်လုံးက ထိတ်လန့်တုန်လှုပ်နေပြီး

ကြက်သီးဖုများ ထလာလေသည်။

မနက်ခင်းတာအိုလောကဂိုဏ်း၏မျိုးနွယ်စုနာမည်ကြောင့် သူ့တွင် ငယ်စဉ်ကတည်းက မျိုးနွယ်စုမှလေ့ကျင့်သင်ကြားပေးထားသော အစောင့်အကြပ်များစွာရှိသည်။ထို့ကြောင့် ငယ်ငယ်ကတည်းက သူ ဒဏ်ရာတစ်ခါမှ

မရဖူးပေ။ သူ့ပါးစပ်ကသွေးထွက်ရလောက်အောင်ထိ ဒါဏ်ရာရမှုမျိုး မရှိသလောက်နည်းပါးသည်။

မာန်ပြည်ထောင်ရှိစုမင်၏လုပ်ရပ်ကြောင့် သွေးအန်မှုက တာအိုယွမ်အတွက် ပထမဆုံးဖြစ်သည်။ သူ၏ကြောက်ရွံ့မှုကြောင့် မာန်ပြည်ထောင်သို့လာသောဝင်ပေါက်တွင် စောင့်ဆိုင်းနေသည့်ဂိုဏ်း၏တပ်ဖွဲ့ကို ခေါ်လိုစိတ်များ ပြင်းပြလာသည်။

သူ၏ကျယ်လောင်သော အော်သံများက လေထဲတွင် တဟုန်ထိုး ပျံ့လွင့်လာသောအခါ တာအိုကျေးကျွန် ၁၉ က စုမင်ဆီကို အရှိန်တင်လိုက်သည်။ သူ့အနားကပ်လာစဉ် စုမင်က ကြေကွဲစွာရယ်မောလိုက်ပြီး သူ့မျက်နှာမှာ ပြတ်သားသော

အကြည့်တစ်ခု ပေါ်လာသည်။ သူက အံတင်းတင်းကြိတ်ရင်း မကောင်းဆိုးဝါး၏ လှံကို ပစ်ချလိုက်သည်။

သို့ပေမဲ့ သူ့နောက်ကိုလိုက်နေသောတာအိုကျေးကျွန် ၁၉ ဆီကို မပစ်ခဲ့ပေ။ ယင်းအစား... ကြောက်လန့်တကြားဖြစ်ပြီး ပါးစပ်ထောင့်မှ သွေးများကို သုတ်နေသော တာအိုယွမ်ဆီသို့ လှံကို ပစ်ချလိုက်သည်။

တာအိုယွမ်အပေါ် စုမင်၏မုန်းတီးမှုက သူ့အရိုးများထဲတွင် စွဲနေပြီဖြစ်သည်။ စုမင်က သူမသေခင် ထိုလူကိုသတ်ရမှ ကျေနပ်နိုင်မည်ဖြစ်သည်။

ထို့အပြင် သူ့နောက်ကိုလိုက်နေသော တာအိုကျေးကျွန်၁၉ က ပြန်လည် မတုံ့ပြန်နိုင်တော့ပေ။ သူက ဒဏ်ရာ ပြင်းထန်စွာ ရခဲ့သည်။ တာအိုကျေးကျွန် ၁၉ ၏ရိုက်ချက်ကြောင့် တည်နေရာငါးခုမှော်ရတနာက ပျက်စီးတော့မည့်လက္ခဏာများ ပြသလာသည်။

ထိုရတနာမှာ ယခင်ကတာအိုချန်၏ ပိုင်ဆိုင်မှုဖြစ်ပြီး ဤလူများက မနက်ခင်းတာအိုဂိုဏ်းမှလည်းဖြစ်သည်။ သူတို့ကြားမှာ ဆက်နွှယ်မှုရှိကြောင်း သေချာလေသည်။

ထို့ကြောင့် စုမင်က သူ့ကိုယ်သူ ကယ်တင်ရန် အကောင်းဆုံးနည်းလမ်းမှာ တာအိုကျေးကျွန်ကို တိုက်ခိုက်ရန်မဟုတ်ဘဲ တာအိုယွမ်ကို ညှဉ်းဆဲရန်ဖြစ်သည်။

စုမင်က လှံကိုမြှောက်ပစ်လိုက်သောအခါ လှံက စူးရှသောဝီစီသံနှင့်အတူ ခရမ်းရောင်မြူခိုးများကို နှိုးဆွရင်း တာအိုယွမ်ဆီသို့ နီးကပ်လာသည်။

“သေစမ်းး ကယ်ကြပါအုံးး..”

တာအိုယွမ်၏မျက်နှာတွင် ကြောက်လန့်မှု ချက်ချင်းပေါ်လာသည်။ ကြယ်တာရာဝတ်စုံကြောင့် သူ မသေနိုင်ဟု ယုံကြည်ထားသာ်လည်း မယုံနိုင်စရာကောင်းသောအခြေအနေတစ်ခုပေါ်လာပြန်သည်။ အကြောက်တရားက သူ့နှလုံးသားထဲမှာ အမြစ်တွယ်နေပြီး နီးကပ်လာသောလှံကိုမြင်သော် ငယ်သံပါအောင်အော်ဟစ်လိုက်သည်။

တာအိုယွမ်အော်ဟစ်သောအခါ စုမင်က ကံကြမ္မာ၏စွမ်းအားကို ဘယ်လက်တွင်စုဆောင်းပြီး တာအိုကျေးကျွန်ဆီသို့ လွှဲယမ်းလိုက်သည်။ စုမင်က အချိန်ကိုနောက်ပြန်စီးဆင်းစေလိုက်သော် တာအိုကျေးကျွန်၏ခန္ဓာကိုယ်သည် ရုတ်ခြည်း ရပ်တန့်သွားပြန်သည်။ သူ့မျက်လုံးထဲမှာတော့ စုမင်က အားနည်းသော်လည်း သူ့အကြံအစည်တွေက မယုံနိုင်လောက်အောင်ကို စေ့စပ်သေချာသည်။ စုမင်ကထူးဆန်းသောစွမ်းရည်ကို သုံးကာ တာအိုယွမ်ကိုခြိမ်းခြောက်သောနည်းလမ်းက သူ့ကို လွန်စွာအခက်တွေ့စေသည်။

ဤအသိဉာဏ်၊ ဤနည်းလမ်းများနှင့် ဤမြင့်မြတ်သောစွမ်းရည်များက တာအိုကျေးကျွန်၏ ဘဝတစ်လျှောက်လုံးတွင် တစ်ခါမှမကြုံဖူးသည့်အရာများဖြစ်သည်။ သူ၏သတ်ဖြတ်လိုစိတ်များတောက်ပလာပြီး ထိုလူ အမြန်သတ်ပစ်ရမည်။ မဟုတ်လျှင် စုမင်၏လှည့်စားမှုကြောင့် အနာဂတ်မှာ ပြဿနာအကြီးကြီးဖြစ်လာမှာ သေချာလေသည်။

သူရပ်တန့်သွားပြီး အလန့်တကြားအော်ဟစ်လိုက်သည်။ သူ့အသံက လေထဲတွင် ပဲ့တင်ထပ်သွားပြီး စုမင်ကတော့ သွေးအန်လိုက်ရသည်။ သူနားများ အူလာပြီး ဒဏ်ရာများက ပိုဆိုးလာသည်။

ထိုအချိန်တွင် တာအိုကျေးကျွန် ၁၉ ၏ ခန္ဓာကိုယ်က ရပ်တန့်သွားပေလိမ့်မည်။ သို့သော် သူ့အသံက တာအိုယွမ်၏နားထဲသို့တိုးဝင်လာပြီး လေထုထဲတွင်ကြီးမားသော အက်ကွဲကြောင်းများ ချက်ချင်းပင် ပေါ်လာသည်။ ထိုအက်ကွဲကြောင်းများသည် တိုးဝင်လာသောမကောင်းဆိုးဝါးအစောင့်အရှောက်လှံကို ဝါးမြိုချင်နေပုံရသည်။

စုမင်၏ မျက်နှာပေါ်တွင် ပြတ်သားသော အကြည့်တစ်ခု ပေါ်လာသည်။ သူနောက်လုပ်တော့မည့်အရာအတွက် သူ့နှလုံးသားက ပြင်းပြင်းထန်ထန် နာကျင်‌ နေသော်လည်း ချက်ချင်းကြိမ်ဝါးလိုက်သည်။

“မကောင်းဆိုးဝါးအစောင့်အရှောက်လှံ..

ပေါက်ကွဲစမ်း..”

စုမင်က ဝမ်းနည်းပူဆွေးမှုအပြည့်နှင့် အော်ဟစ်လိုက်သည်။ စုမင်က ထိုလှံနှင့်

အချိန်တော်တော်ကြာကြာ အတူရှိခဲ့ပြီး

ခွာခွဲရန် ဝမ်းနည်းနေလေသည်။ ထို့နောက် လှံက အက်ကွဲကြောင်းများနှင့် နီးကပ်လာပြီး ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။

ပထမမာန်နတ်ဘုရားက ထိုလှံကို ဖန်တီးခဲ့သည်။ ပထမမာန်နတ်ဘုရား၏ကျင့်ကြံဆင့်အရ သူဖန်တီးခဲ့သော ထူးဆန်းသော ရတနာများ၏ စွမ်းအားက ထူးခြားလွန်ကဲလေသည်။ သို့‌သော် စုမင်၏ကျင့်ကြံဆင့်က အရမ်းမြင့်မားပါက ထိုလှံစွမ်းအားကို ပိုမိုတိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။

ထိုအချိန်တွင် လှံမှ အဖျက်စွမ်းအားတစ်ခု ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။

တာအိုယွမ်က ပေါက်ကွဲမှု၏အကျိုးဆက်များကို ပထမဆုံး ခံရသူဖြစ်သည်။ သေခြင်းတရားက သူ့နှလုံးသားထဲတွင် ကြောက်လန့်တကြား မြင့်တက်လာပြီး ယခင်ကထက် အဆများစွာ ပြင်းထန်လာသည်။ သူ့မျက်နှာက ပိုဖြူ ဖျော့လာပြီး မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားလေသည်။

တာအိုကျေးကျွန် ၁၉ ၏အမူအရာကလည်း သိသိသာသာပြောင်းလဲသွားသည်။ ထိုအချိန်တွင် သူက စုမင်နှင့်အလွန်နီးကပ်နေပြီဖြစ်ပြီး သူ့လက်ကို မြှောက်လိုက်လျှင် စုမင်ကိုသတ်ပစ်နိုင်သည်။ သို့သော် သူ့တွင် အချိန်မရှိ တော့ပေ။ သူ စုမင်ကို အငမ်းမရ

လိုက်ဖမ်းမနေတော့ပေ။ စုမင်၏အမုန်းတရားနှင့် တာအိုယွမ်ကိုခြိမ်းခြောက်မှုများက တာအိုကျေးကျွန်ကို ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားစေသည်။ သူသာ စုမင်ကို တောက်လျှောက်လိုက်ဖမ်းနေမည်ဆိုလျှင် တာအိုယွမ်က ဘေးအန္တရာယ်ကျရောက်လိမ့်မည်ဖြစ်သည်။ သူက အံကြိတ်ကာ တာအိုယွမ်နောက်ကို ပြန်လှည့်သွားသည်။

ယွီရွှမ်နှင့် အဝါရောင်နဂါးကြီး ကြောက်ခမန်းလိလိအရှိန်အဟုန်ဖြင့် ကောင်းကင်ဘုံကိုးခုသို့ တက်လာခဲ့သည်။

နားကွဲမတက်ဟိန်းဟောက်သံများက လေထုထဲသို့ ပျံ့လွင့်လာလေသည်။ စုမင်က မကောင်းဆိုးဝါးလှံဆီသို့ပို့လိုက်သောအတွေးက ပေါက်ကွဲစွမ်းအားကို ကန့်သတ်ရန်ဖြစ်သည်။ ထို့ကြောင့် လှံမှ

ကျယ်လောင်သော အသံကလွဲ၍ အခြား နယ်မြေများသို့ သက်ရောက်မှုက အလွန်ပြင်းထန်ခြင်းမရှိပေ။

ကျယ်လောင်သောအသံများကြားတွင် စုမင်သည် နောက်သို့ လဲကျသွားသည်။ သူ့လုပ်ရပ်များက အန္တရာယ်ရှိပုံရသော်လည်း သူလှမ်း ယသောခြေလှမ်းတိုင်းက သူ့တွက်ချက်မှုဧ။်တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်။ သူ နောက်ပြန်ဆုတ်လိုက်ရပြီး သွေးတစ်လုတ်ကြီးအန်လိုက်ရသည်။ သူ့မျက်နှာက လူသေကောင်ကဲ့သို့ ဖြူဖျော့သွားလေသည်။

သူ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေမှန်း သူသိသည်..သို့သော် နဝမမြောက်တောင်ထွဋ်နှင့်သူ့အစ်ကိုအားလုံးက သူ့နောက်တွင် ရှိနေသောကြောင့် သူ တိုက်ပွဲ ဝင်ရလေသည်။

သူ့ညာလက်ကိုမြှောက်လိုက်သော် နတ်မင်းကြိုဆိုဆေးလုံးများက သူ့လက်ထဲမှာ ပေါ်လာသည်။ ထို့နောက် သူက ချက်ချင်းမျိုချလိုက်သည်။

သူ ထို့သို့လုပ်လိုက်သောအခါ ဘေးပတ်ဝန်းကျင်ရှိ ခပ်အုပ်အုပ်မြည်သံများက မှိန်ဖျော့သွားလေသည်။ ‌တာအိုကျေးကျွန် ၁၉က တာအိုယွမ်၏ရှေ့ မကောင်းဆိုးဝါးလှံပေါက်ကွဲသော‌နေရာတွင် ရပ်‌နေလေသည်။ တာအိုကျေးကျွန်က တာအိုယွမ်ကိုကာကွယ်ရန် သူ့ခန္ဓာကိုယ်ကို အသုံးချခဲ့သည်။ သူ၏ဖြူဖျော့သောမျက်နှာမှ သွေးများစီးကျလာပြီး သူ့မျက်နှာသည် ချက်ချင်းပင် အသက်ပိုကြီးလာသည်။ သူ၏ ကြယ်တာရာဝတ်ရုံလည်း ပေါက်ကွဲမှုအတွင်း စုတ်ပြဲသွားခဲ့ပြီး နောက်ဆုံးတွင် အပိုင်းပိုင်းကွဲအက်ကာ ပြန့်ကျဲသွားခဲ့သည်။

ထိုလူ၏အသက်ကြီးလာသောမျက်နှာကိုကြည့်ခြင်းအားဖြင့် သူ့ကိုယ်သူကာကွယ်ရန် ကြီးမားသော အဖိုးအခကို သေချာပေါက်ပေးဆပ်ခဲ့ရလိမ့်မည်။ သို့သော်လည်း သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့သေးသည်။

တာအိုယွမ်၏ မျက်နှာက သွေးမရှိသကဲ့သို့ ဖြူဖျော့သွားသည် ။ သူ့ကိုယ်ပေါ်ရှိ ကြယ်တာရာဝတ်ရုံမှ ကြယ်များ လျင်မြန်စွာ လှည့်ပတ်နေချိန်တွင် သူ၏ ပါးစပ်ထောင့်မှ သွေးများ တစ်ဖန် စီးကျလာသည်။ ထို့နောက် တာအိုယွမ် စူးစူးဝါးဝါးအော်သံ ထွက်လာသည်။

“သူငါ့ကိုနာကျင်အောင်လုပ်တယ်..သူ့ကို သတ်ပစ်.. သတ်ပစ်လိုက်စမ်း..”

All Chapters