← Chapters

တာအိုကျေးကျွန် ၁၉ ကိုဖျက်စီးပစ်

Vol. 53 Ch. 738

တာအိုကျေးကျွန် ၁၉ ကိုဖျက်စီးပစ်

Vol. 53 Ch. 738

ကောင်းကင်တွင် အဝါရောင်နဂါးကြီးနှင့်တာအိုကျေးကျွန်သုံးယောက်တို့တိုက်ခိုက်နေကြစဉ် အဆုံးမဲ့ပေါက်ကွဲသံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ သူတို့က အဝါရောင်အလင်းတန်း၏ချုပ်နှောင်မှုမှ လွတ်မြောက်ပြီး စုမင်တို့ တိုက်ခိုက်နေသည့် နေရာကို ဆင်းသက်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့ရာတွင် နဂါးကြီး၏ဟိန်းဟောက်သံများက အဝါရောင်အလင်းတန်းထက် ပိုမိုအားကောင်းလာသည်။ တကယ်တော့ အဝါရောင်နဂါးကြီးက ရှိသမျှစွမ်းအားများကို အစွမ်းကုန်ထုတ်သုံးနေလေသည်။

ယွီရွှမ်က သူမ၏ခန္ဓာကိုယ်မှမရဏအသူရာလှိုင်းလုံးများ ပျံ့နှံ့လာပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်နေလေသည်။ ထို့ကြောင့် အခြားသူများက သူမ၏နေရာတွင် ဖြစ်ပျက်နေသည်များကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။ သို့သော်လည်း ထိုနေရာမှ ဆက်တိုက် ကျယ်လောင်သော ပေါက်ကွဲသံများ တူညံစွာ ထွက်ပေါ်လာသည်။ ၎င်းက တာအိုကျေးကျွန်များနှင့်ယွီရွှမ်အကြား တိုက်ပွဲ မည်မျှ ပြင်းထန်သည်ကို ညွှန်ပြနေသည်။

သို့သော် သူမက တတိယအဆင့်ရှိကျင့်ကြံသူ မဟုတ်သောကြောင့် သူမ စားလိုက်သောဆေးအမြုတေက သူမကို ပြင်းထန်စွာ ဆိုးကျိုးသက်ရောက်စေခဲ့သည်။ ထိုအချိန်တွင် သူမ၏ခွန်အားက

လုံးဝကုန်ဆုံးသွားပြီး အံကြိတ်ကာ ဇွဲရှိရှိနှင့် ရုန်းကန်နေရလေသည်။ သူမ အဘယ်ကြောင့် ထိုသို့လုပ်ပေးနေမှန်း မသိတော့ပေ။ ထိုအရာက စီးပွားရေးသဘောတူညီချက်တစ်ခုဖြစ်လျှင်တောင် သူမက ဇွဲကြီးစွာ မတိုက်ခိုက်သင့်ပေ။ သို့သော် သူမ တိုက်ပွဲကိုလက်လျော့ပြီး အဝါရောင်နဂါးကြီးနှင့်ထွက်သွားချင်သည့်အခါတိုင်း စုမင်၏အပြုံးက သူမခေါင်းထဲမှာ ပေါ်လာသည်။

ယွီရွှမ်ကိုနွေးထွေးမှုကို ခံစားစေသည့် ထိုအပြုံးက နူးညံ့သိမ်မွေ့ပြီး သူမက ခွဲခွာရန် ဝန်လေးနေခဲ့သည်။

“ရွှမ်ရွှမ်...မင်းကို ဘာလို့ ဒီနာမည်ပေးခဲ့တာလဲ သိလား”

ထိုအချိန်တွင် ယွီရွှမ်၏အဖိုးတန်ဆုံးသောမှတ်ဉာဏ်က သူမ၏မျက်လုံးများရှေ့တွင် ပေါ်လာသည်။၎င်းက သူမ၏အေးစက်သောအိမ်ရှိအထီးကျန်ညများ၌ သူမကိုနွေးထွေးစေသောအမှတ်တရတစ်ခုပင်ဖြစ်သည်။

“လိမ္မာတဲ့..သမီးလေး.. အခု အရမ်းစိတ်ညစ်မနေပါနဲ့.. ဒီသားရေအင်္ကျီကို ပြီးသွားရင် အပြင်ထွက်ပြီး တခြားကလေးတွေနဲ့ ထပ်တိုက်လို့ရတယ်..အဲဒီအခါ မင်း နည်းနည်းလေးမှ ရှုံးမှာမဟုတ်ဘူး”

“ငါထွက်သွားရမယ်.. ငါဒီကနေ တော်တော်ဝေးတဲ့နေရာကို သွားရမယ်..

ရွှမ်ရွှမ်..မငိုနဲ့... ငါ မင်းကို အရင်ကပြောခဲ့တဲ့စကားတွေကို သတိရလိုက်ပါ..မင်းရဲ့နာမည်က စိတ်ဓာတ်ကြံ့ခိုင်တယ်ဆိုတဲ့အဓိပ္ပါယ်ပဲ...”

ယွီရွှမ်၏ဘဝတွင် အဖိုးတန်ဆုံးသော မှတ်ဉာဏ်များ အဘယ်ကြောင့် ဤတိုက်ပွဲတွင် ထွက်ပေါ်လာသည်ကို မသိခဲ့ပေ။

‘ဒီလိုနွေးထွေးမှုမျိုးက ဒီနေရာကို ချစ်မိသွားလို့ပဲ... ပြီးတော့ မခွဲခွာချင်ဘူး..”

ယွီရွှမ်၏ မျက်လုံးများမှ မျက်ရည်များ ကျလာသည်။

“မေမေ…” ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမ ခံစားနေရသည့်ဆိုးကျိုးကို လျစ်လျူရှုခဲ့သည်။ ထုံကျင်သော ခံစားချက်သူမ၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း စိမ့်ဝင်လာသည်။ သူမက ယခင်ကန့်သတ်ချက်များကို ကျော်လွန်သောမရဏအသူရာအရှိန်အဝါမှ တာအိုကျေးကျွန်များကို ထွက်သွားခွင့်မပေးခဲ့ပေ။

မကောင်းဆိုးဝါးလှံ၏ပေါက်ကွဲသံများ

မှိန်ဖျော့‌သွားပြီး နဝမမြောက်တောင်ထွဋ်တစ်ဝိုက်တွင် အဝါရောင်နဂါးကြီးနှင့်ယွီရွှမ်တို့က ရန်သူများကို သူတစ်ပြန် ကိုယ်တစ်ပြန်တိုက်ခိုက်နေကြသည်။ ထိုစဉ် တာအိုကျေးကျွန် ၁၉ နှင့်တာအိုယွမ်၏ခန္ဓာကိုယ်များက မရဏပင်လယ်အထက်တွင် ထွက်ပေါ်လာသည်။

“မင်း ဘယ်သူလဲ...”

တာအိုကျေးကျွန် ၁၉ က မာန်ပြည်ထောင်ထဲသို့ ဝင်ရောက်လာပြီး နောက် ပထမဆုံးအကြိမ် တာအိုယွမ်ဧ။်အမိန့်ကို ချက်ချင်း မနာခံခဲ့ပေ။ ယင်းအစား သူက စုမင်ကိုစိုက်ကြည့်ရင်း ဖြည်းညှင်းစွာမေးလိုက်သည်။

သူ့အတွက်ကတော့ သူ့ရှေ့မှာရပ်နေသော လူငယ်လေး၏ ဉာဏ်ရည်ဉာဏ်သွေးက တခြားသူတွေအတွင်းမှာ သူမြင်ရခဲသော အရာတစ်ခုဖြစ်သည်။ ထိုလူငယ်လေးက အလွန်အမင်း ဒါဏ်ရာရနေသော်လည်း တာအိုကျေးကျန် ၁၉ ကို ဒါဏ်ရာရအောင် လှည့်စားနိုင်ခဲ့သည်။

မနက်ခင်းတာအို ဂိုဏ်းအနေဖြင့် ထိုကဲ့သို့လူတော်မျိုးနှင် သေသည့်အထိ တိုက်ခိုက်မည့်အစား ထိုလူကိုဖမ်းရန် ကြိုးစားသင့်သည်။ သို့သော် တာအိုယွမ်၏အမူအကျင့်နှင့်လုပ်ဆောင်ချက်များကြောင့် အချည်းနှီးဖြစ်ခဲ့ရသည်။

‘ဒီလူကို သတ်ပစ်ရမယ်..အင်အားကြီးလာဖို့အခွင့်အရေးမပေးနဲ့..တကယ်လို့ မာန်ပြည်ထောင်မှာ သူက ဒုတိယအဆင့်ကိုတက်လှမ်းနိုင်ခဲ့ရင် နောင်တစ်ချိန် ‌ဒုတိယလေ့ရှန်ရှိုဖြစ်လာလိမ့်မယ်...”

တာအိုကျေးကျွန် ၁၉ ၏ မျက်လုံးများတွင် သိသာထင်ရှားသော အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ထဲရှိ သူ့ရဲ့ကျင့်ကြံစွမ်းအား လှည်ပတ်စေပြီး စုမင်ကို အရိုအသေပြုဟန်လုပ်လိုက်သည်။

“ဒါက နားလည်မှုလွဲနေတာပဲ...”

သူစပြီးပြောနေချိန်မှာပဲ တာအိုယွမ်က သူ့ဘေးနားက ဒေါသတကြီး အော်ငေါက်လိုက်သည် ။

“တာအိုကျေးကျွန် ၁၉..ပါးစပ်ပိတ်ထားစမ်း..ငါမင်းကို အခုချက်ချင်း တိုက်ခိုက်ဖို့ အမိန့်ပေးတယ်..သူ့ကို သတ်ပစ်လိုက်..သတ်ပစ်လိုက်စမ်း...”

တာအိုယွမ်က စုမင်ကို ရူးသွပ်သောအကြည့်ဖြင့် စိုက်ကြည့်နေသည်။ သူ့တစ်သက်မှာ နှစ်ကြိမ်သာ ဒဏ်ရာရဖူးသည်။ ပထမအကြိမ်က စုမင်၏ လှံနှင့် ဓား ကြောင့်ဖြစ်ပြီး ဒုတိယ အကြိမ်ကတော့ စုမင်ကိုယ်တိုင်ကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် သူက စုမင်ကို လုံးဝမုန်းတီးသွားသည့်အဆင့်ရောက်သွားလေသည်။

တာအိုကျေးကျွန် ၁၉ ၏ အမူအရာ ပြောင်းသွားသော်လည်း တာအိုယွမ်ကို စိတ်မ၀င်စားပေ။ သူက စုမင်ကို ပြုံးပြပြီး စကားစပြောနေစဉ် စုမင်၏မျက်လုံးထဲမှာ အလင်းတန်းတစ်ခု ပေါ်လာသည်။ စုမင်က နတ်မင်းကြိုဆိုဆေးလုံးနှင့်ပေါင်းစပ်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ရှေ့သို့ ခြေတစ်လှမ်း လှမ်းခဲ့သည်။

တာအိုကျေးကျွန်က အချိန်ဆွဲနေသောကြောင်း သူပြောနိုင်သည် ။ တာအိုကျေးကျွန်၏ဒါဏ်ရာများအပြင် သူ့ကြယ်တရာဝတ်ရုံ ပျက်စီးသွားတာကြောင့် မာန်ပြည်ထောင်ရှိဥပဒေသများက သူ့စွမ်းအားအပေါ် ကြီးမားသော ဖိနှိပ်ချုပ်ချယ်မှုရှိခဲ့သည်။ ထို့ကြောင့် သူက သူ့ကိုယ်သူကုစားရန် အချိန်ခဏလိုချင်ပြီး အခြားတာအိုကျေးကျွန်လေးယောက်၏အကူညီကို စောင့်မျှော်နေလေသည်။ သို့ရာတွင် စုမင်က သူ့အကြံအစည်အားလုံးကို ကြိုတင်ရိပ်စားမိလေသည်။

စုမင်က တာအိုကျေးကျွန်၏အချိန်ဆွဲမှုကို ချက်ချင်းအဖြေရှာနိုင်သည် ။ သူလည်း နတ်မင်းကြိုဆိုဆေးလုံးနှင့်ပေါင်းစပ်နေသောကြောင့် ပြန်လည်သက်သာရန် တာအိုကျေးကျွန်ကိုလည်း ခဏတာကင်းလွတ်ခွင့်ပေးလိုက်သည်။

စုမင်က စကားတစ်ခွန်းမှ မပြောဘဲ ရှေ့သို့ တိုးထွက်လာသည့်အခိုက်တွင် တာအို‌ ကျေးကျွန်၏ အမူအရာ ပြောင်းသွားသည်။ ထိူလူငယ်လေးက သူ့အစီအစဥ်များကို ကြိုထင်ရိပ်စားမိကြောင်း သိသွားလေသည်။ တာအိုကျေးကျွန်၏မျက်လုံးများ တောက်ပလာပြီး ညာလက်ကို ဆန့်ထုတ်ကာ လေထုကို ဆုပ်ကိုင်လိုက်သည်။ အဆုံးမဲ့လေပြင်းက ရှေ့ကို တစ်ဟုန်ထိုးတိုက်ခတ်သွားပြီး သူ့လက်ဖဝါးပေါ်တွင် အစိမ်းရောင် ကြာပွတ် ရောက်ရှိလာသည်။

သူ တစ်ချက်လှုပ်ရုံဖြင့် သူ့လက်ထဲရှိ ကြာပွတ်ရှည်က စုမင်ဆီသို့ ဦးတည်သွားလေသည်။ တစ်ချိန်တည်းမှာပင် တာအိုကျေးကျွန်က ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုဖန်တီးကာ ရှေ့သို့ချိန်ရွယ်လိုက်သည်။ သူ့ရှေ့တွင် ပုံရိပ်ယောင်ဖြစ်သော ကြယ်တာရာကောင်းကင်ကြီးတစ်ခု ချက်ချင်းပေါ်လာသည်။ ထိုကောင်းကင်ကြီးက ပေသုံးထောင်ကျယ်သော ဧရိယာကို ဖုံးလွှမ်းသွားပြီး အတွင်းမှ လင်းလက်နေသော ကြယ်ရောင်က စူးရှပြင်းထန်ကာ မျက်စိမခံနိုင်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

သို့သော်တာအိုကျေးကျွန် ၁၉ သည် တတိယအဆင့်ရှိစွမ်းအားကို မပိုင်ဆိုင်တော့သည်မှာ သေချာသည်။ ကြီးမား၍ မမြင်နိုင်သော စွမ်းအားကြီးတစ်ခုကသူ့ခန္ဓာကိုယ်ပေါ်သို့ ဖိနှိပ်ထားသည်။ ဤစွမ်းအားကို ကြယ်တာရာဝတ်လုံမှ ပိတ်ဆို့ထားခြင်းမရှိဘဲ သူ၏ ဒုတိယအလယ်လတ်အဆင့်နှင့် ညီမျှသော စွမ်းအားကိုသာ ဆင့်ခေါ်နိုင်ခဲ့သည်။

တာအိုယွမ်က ထိုအရာကို လုံးဝသတိမထားမိဘဲ စုမင်ကြောင့် သွေးရူးသွေးတန်းဖြစ်နေလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့၏အသက်ရှုသံတိတ်ဆိတ်သွားပြီး ငယ်သံပါအောင်အော်သံ‌ထွက်ပေါ်လာခဲ့သည်။

ထိုခဏအတွင်း တာအိုကျေးကျွန် ၏အမူအရာမှာ လုံးဝပြောင်းလဲသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် စုမင်က သူ၏ တတိယခြေလှမ်းကို လှမ်းလိုက်စဉ် သူ့ခန္ဓာကိုယ်က ဖောင်းကားလာသောကြောင့်ဖြစ်သည်။ သူ့ပတ်ဝန်းကျင်က တွန့်လိမ်ပုံပျက်မှုများနှင့်အတူ စတုတ္ထခြေလှမ်းကို လှမ်းပြီး ခဏအတွင်း ပေတစ်သောင်းမြင့်မားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ဖယောင်းနဂါးကြီး ဖြစ်သွားလေသည်။

၎င်းတွင် ဧရာမခန္ဓာကိုယ်၊ ကြက်သွေးရောင်အကြေးခွံများ၊ အားကြီးသောဖိအားများဖြင့် ပြည့်နှက်နေသော တည်ရှိမှုနှင့်ဝိညာဉ်များကို ဖမ်းစားခြင်းစွမ်းရည်များ ပါဝင်သည်။ ၎င်းက စုမင် နတ်မင်းကြိုဆိုဆေးလုံးနှင့်ပေါင်းစပ်ပြီးနောက် စုမင် ၏ အသွင်ပြောင်းခြင်းပင်ဖြစ်သည်။

ဖယောင်းနဂါး..

ဖယောင်းနဂါး၏ ပါးစပ်မှ ကောင်းကင်ကို တုန်လှုပ်စေသော ဟိန်းဟောက်သံက ပြင်းထန်လွန်သောကြောင့် စွမ်းအားအဆင့်ကိုခွဲ၍ မရတော့ပေ။ ထိုအချိန်တွင် သူ၏ စွမ်းအားက ညီမျှခြင်းမရှိတော့ဘဲ ဖယောင်းနဂါး၏ မွေးရာပါစွမ်းအားအပြည့်ကိုလည်း ပိုင်ဆိုင်ထားသည်။ လေထုကို ဆုတ်ဖြဲသွားသည့် ဝုန်းဝုန်းဒိုင်းဒိုင်းအသံများ ထွက်ပေါ်လာပြီး စုမင်တစ်ဖြစ်လဲ ဖယောင်းနဂါးကြီးက ၎င်း၏ ဧရာမအမြီးကို တာအိုကျေးကျွန် ၁၉ ဆီသို့ လျင်မြန်သောအရှိန်အဟုန်ဖြင့် လွှဲယမ်းပစ်လိုက်သည်။

ဖယောင်းနဂါး၏အမြီး လွှဲယမ်းလိုက်စဉ် ကြာပွတ်နှင့်ထိပ်တိုက်ထိတွေ့မိခဲ့သည်။ လေထုထဲတွင် ဟိန်းဟောက်သံများ ပဲ့တင်ထပ်သွားပြီး ကြာပွတ်က ချက်ချင်း အက်ကွဲသွားသည်။ တစ်ချိန်တည်းမှာပင် ဖယောင်းနဂါးကြီး၏အမြီးက ပေသုံးထောင်ရှိသော ကြယ်တာရာအစုအဝေးနှင့် ထိခတ်မိပြန်သည်။

ပိုမိုကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ပေသုံးထောင်ရှိ ကြယ်တာရာကြီးက လုံးဝပြိုကွဲသွားသည်။ ဖယောင်းနဂါး၏အမြီးမှာလည်း သွေးထွက်သံယိုဒါဏ်ရာများ ရရှိလာခဲ့သည်။ သို့သော်လည်း ၎င်းက တာအိုကျေးကျွန်နှင့်တာအိုယွမ်ဆီသို့ အရှိန်တင်နေဆဲ ဖြစ်သည်။

“ဖယောင်းနဂါး”

တာအိုကျေးကျွန်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး တာအိုယွမ်ကို ဆုပ်ကိုင်ကာ အမြန်ပြန်ဆုတ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့ပါးစပ်မှ စူးရှသော လေချွန်သံတစ်ခု ထွက်ပေါ်လာသည်။

ထိုလေချွန်သံက ရေမျက်နှာပြင်ပေါ်ရှိ လှိုင်းဂယက်များကဲ့သို့ စက်ဝန်းပုံစံမပျံ့သွားမီ သူ့ရှေ့ရှိလေထုကို ကမောက်ကမဖြစ်စေသည့် မြင့်မြတ်သောစွမ်းရည်တစ်ခု ပါဝင်နေလေသည်။ သူတို့ရှေ့နားနီးကပ်လာသော ဖယောင်းနဂါး၏အမြီးကို ပိတ်ဆို့ရန် ကြိုးစားခဲ့ကြသည်။

ဖယောင်းနဂါး၏အမြီးက ဘေးတိုက်လွှဲယမ်းသွားသဖြင့် ကျယ်လောင်သောအသံများက ကောင်းကင်ကို တုန်ခါသွားလေသည်။ ထို့ကြောင့် ထိုစွမ်းရည်က လှိုင်းလုံးကြီးများကို ချိုးဖျက်ပစ်လိုက်ပြီး တာအိုကျေးကျွန် ၁၉ ၏ဆုတ်ခွာသွားသော ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားသည်။

တာအိုကျေးကျွန် ၁၉ ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူက သွေးတစ်လုတ်ကြီးအန်လိုက်ရပြီး တာအိုယွမ်နှင့်အတူ နောက်သို့တရွတ်တိုက်ပါသွားလေသည်။ ထိုအချိန်တွင် တာအိုကျေးကျွန် ၏ နှလုံးသားက ထိတ်လန့်တုန်လှုပ်သွားသည်။ မာန်ပြည်ထောင်မှ ဤရန်သူက သူ့စိတ်ကို သတိကြီးစွာ ပေးနေလေသည်။ ထိုလူငယ်တွင် မြင့်မြတ်သော စွမ်းရည်မျိုးစုံနှင့် ထူးဆန်းသော ရတနာများ ရှိပြီး မယုံနိုင်လောက်အောင် ထက်မြက်သည်။ သူ၏အကြံအစည်များက အကွက်‌စေ့ပြီး လောကများကို ဖျက်ဆီးနိုင်သည့် ပြင်းထန်သောဖယောင်းနဂါးအဖြစ်သို့ အသွင်ပြောင်းနိုင်သည်။

တာအိုကျေးကျွန် ၁၉ က ထိုသို့တွေးနေပုံထောက်လျှင် တာအိုယွမ်ကတော့ ပို၍ အဆိုးမြင်လေသည်။ သူက အကြောက်တရားကြောင့် လိပ်ပြာလွင့်မတတ်ခံစားခဲ့ရသည်။ စုမင်က ဧရာမသတ္တဝါကြီးအဖြစ်ပြောင်းလဲသွားသည်ကို မြင်လိုက်ရချိန်တွင် သူ ဤခရီးကို သွားခဲ့သည့်အတွက် နောင်တရလာသည်။

ထို့ပြင် စုမင် ဖယောင်းနဂါးပုံစံဖြင့် အကြာကြီးမနေနိုင်တော့ဘဲ ဒဏ်ရာပြင်းထန်စွာရနေမှန်းသိသည်။ သူ့အမြီးကို တစ်ဖက်သို့ ဆွဲယမ်းလိုက်ပြီး ခေါင်းကိုမော့ကာ အသက်ပြင်းပြင်းရှူရန် ပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်သည်။ စုမင်က ဖယောင်းနဂါး၏မွေးရာပါစွမ်းရည်ကို အသုံးပြုပြီး တာအိုကျေးကျွန် ၁၉ နှင့်တာအိုယွမ်ကို ဝါးမျိုတော့မည့်အချိန်တွင် သူ့နောက်မှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံမှာ ယွီရွှမ်ကို တိုက်ခိုက်နေသော တာအိုကျေးကျွတ် ၂၁ ထံမှဖြစ်သည်။

တာအိုကျေးကျွန်က စဉ်းစားမနေတော့ဘဲ စုမင်ဆီသို့အရှိန်တင်လိုက်သည်။ ယွီရွှမ်က သွေးတစ်လုတ်အန်လိုက်ရပြီး ဖြူဖက်ဖြူရော် မျက်နှာဖြင့် နောက်သို့ ဆုတ်ခွာလာသည်။ သူမ တတ်နိုင်သမျှ အကုန်လုပ်ခဲ့ပြီး တာအိုကျေးကျွန် ၂၁ ၏အချိန်တော်တော်များများကို ယူခဲ့သည်။ ထိုလုပ်ရပ်က သူမ လုပ်နိုင်သည့်အရာပင်ဖြစ်သည်။

တကယ်တော့ သူမက သူမအသက်ကိုတောင် အသုံးချခဲ့သည်...သို့ပေမဲ့ သူမ တာအိုကျေးကျွန်ကို ထိန်းမထားနိုင်‌ခဲ့ပေ။

သူမ ထပ်မံသွေးအန်လိုက်ရပြီး သူမ၏ မျက်လုံးမှ မျက်ရည်များ စီးကျလာသည်။ သူမ၏မျက်နှာပေါ်တွင် အနည်းငယ်စိတ်ပျက်နေသည့်အကြည့်တစ်ခုရှိနေပြီး သူမ၏အမှတ်တရများထဲမှ တိုးညှင်းသောအသံကို ကြားနိုင်သူ မှာလည်း သူမတစ်ယောက်တည်းသာဖြစ်သည်။

“ရွှမ်ရွှမ် မင်း သန်မာနေရမယ်နော်... မေမေ အဝေးကြီးကို သွားတော့မယ်.. မင်းကို ပျော်ရွှင်စေချင်တယ်... သမီးလေး ဘဝတစ်လျှောက်လုံး ပျော်ရွှင်ပါစေလို့ မေမေ ဆုတောင်းတယ်...”

“ မေမေ…”

ယွီရွှမ်က လွမ်းဆွတ်စွာဖြင့် တိုးတိုးလေး ခေါ်လိုက်သည်။

အကယ်၍ တာအိုကျေးကျွန် ၁၉ နှင့်တာအိုယွမ်သာ အသက်အန္တရာယ်မရှိပါက တာအိုကျေးကျွန် ၂၁ က ယွီရွှမ်ကို အရင်ဆုံးဖမ်းမိမည်ဖြစ်သည်။ လက်ရှိတွင် သူက တာအိုယွမ်ကိုစိတ်ပူနေသောကြောင့် ယွီရွှမ်ကို စိတ်မ၀င်စားတော့ပေ။ သူ၏ရှိသမျှစွမ်းအားကို စုစည်းပြီး ‌ဖယောင်းနဂါးဖြစ်သောစုမင်ရှေ့တွင် ထွက်ပေါ်လာသည်။ သူ့ညာလက်ကို မြှောက်လိုက်သောအခါ လက်တစ်ဖက်လုံးက ပျောက်ကွယ်သွားကာ ကြယ်များ အစားထိုးဝင်ရောက်လာခဲ့သည်။ ထို့နောက် သူ၏ဝတ်လုံပေါ်ရှိ ကြယ်တာရာများနှင့် ပေါင်းစပ်ကာ ဖယောင်းနဂါးဆီသို့ တွန်းပို့လိုက်သည်။

စုမင်၏မျက်လုံးထဲတွင် ရူးသွပ်မှု ပေါ်လာသည်။ ယခင်က သူ စီစဉ်ခဲ့သောအကြံအစည်များကြောင့် အခွင့်အရေးတစ်ခုရလာခဲ့သည်။ သို့သော် သူ စီစဉ်ထားသော အရာနှင့် အောင်မြင်နိုင်မှုကြားမှာ လက်မတင်လေးသာ လိုတော့သည်။ တခါတရံမှာ အစီအစဥ်အားလုံးကို ပြောင်းလဲပစ်သည့် တစ်စုံတစ်ခုပေါ်လာတတ်သည်။

ထိုအချိန်တွင် စုမင်က သူ့နောက်မှ လက်ဖဝါးရိုက်ခတ်မှုကြောင့် ဖယောင်းတိုင်နဂါး၏ စွမ်းအားအားလုံးကို ချက်ချင်း အသက်သွင်းခဲ့သည်။ သူ့ပါးစပ်ကို ကျယ်ကျယ်ဟပြီး အသက်ပြင်းစွာရှုရှိုက်လိုက်သည်။ တာအိုကျေးကျွန် ၁၉ နှင့် တာအိုယွမ်တို့က သူတို့ဆန္ဒမပါဘဲ ဆန့်ကျင်ဘက်သို့ တွန်းပို့ခံလိုက်ရသည်။

သို့ပေမဲ့ ထိုအချိန်မှာ တာအိုကျေးကျွန် ၂၁ ၏လက်ဝါးက ဖယောင်းနဂါး၏ခေါင်းကို ရိုက်မိသွားလေသည်။

လေထဲတွင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲသံများ တဟုန်ထိုး ထွက်ပေါ်လာပြီး တာအိုကျေးကျွန် ၁၉ ၏ခန္ဓာကိုယ်က အလင်းတန်းရှည်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဖယောင်းနဂါးအသွင်ပြောင်းထားသောစုမင်က တာအိုကျေးကျွန် ၁၉ ကိုဝါးမျိုးနိုင်ခဲ့သော်လည်း တာအိုယွမ်ကို ဝါးမျိုရန် အချိန်မလုံလောက်ခဲ့ပေ။ နဂါး၏ကိုယ်ထည်က လက်ဝါးချက်ကြောင့် တစ်စစီသွားလေသည်။

ထို့ကြောင့် နတ်မင်းကြိုဆိုဆေးလုံးမှာ ပြိုကွဲပြီး လုံးဝပျက်စီးသွားခဲ့သည်။ ထို့နောက် စုမင်၏ခန္ဓာကိုယ်က ပျက်စီး‌သွားသောနဂါးကြီး၏နေရာတွင် သူ့အလိုလို ပြန်ပေါ်လာသည်။ သူ သွေးအန်လိုက်ရပြီး လျင်မြန်စွာ နောက်ဆုတ်သွားသည်။

တာအိုယွမ်၏ ခန္ဓာကိုယ်က ကြောက်ရွံ့မှုကြောင့် ပြင်းထန်စွာ တုန်လှုပ်နေသော်လည်း တဆာဆာ အော်ဟစ်နေလေသည်။

“အဲ့ကောင်စုတ်ကို သတ်ပစ်စမ်း..သူ့ကို အရေခွံခွာ.. အရိုးတွေချိုးပစ်.. ဝိညာဉ်ကို ချိပ်ပိတ်ပစ်..သတ်ပစ်လိုက်...”

တာအိုကျေးကျွန် ၂၁ ၏ မျက်လုံးများက

သွေးဆာမှုအပြည့်ဖြစ်နေလေသည်။ တာအိုကျေးကျွန် ၁၉ ၏တည်ရှိမှုက ပျောက်ကွယ်သွားကြောင်း သူခံစားနိုင်သည်။ ဒေါသနှင့် ဝမ်းနည်းမှုလှိုင်းလုံးများက သူ့နှလုံးသားနှင့် ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး စုမင်ဆီကို ဒေါသတကြီး အရှိန်တင်လိုက်သည်။

All Chapters