← Chapters

နဂါးအဖြစ်ဝင်ခြင်း

Vol. 81 Ch. 1601

နဂါးအဖြစ်ဝင်ခြင်း

Vol. 81 Ch. 1601

“ဒါက... မင်းကိုဖမ်းတဲ့လူက ဒီသခင်လေးနဲ့ တိုက်ခိုက်ရင်ရှုံးမယ်ဆိုတာ သိနေတာပဲ၊ ကြည့်ရတာ မင်းက တော်တော်အားကောင်းတဲ့ပုံပဲ”

ပေထင်းဟွမ်၏ပါးစပ်မှ ထိုစကားများထွက်လာသည်နှင့် ထျဲဖုန်းရှန်မှလူ များသည် မျက်နှာကိုထိန်းမထားနိုင်တော့ဘဲ ခေါင်းလွှဲသွားကြလေသည်။

သံလက်သီးသည် ဒေါသထွက်လွန်းသဖြင့် ဖုန်းရှီကို ကိုင်ထားရသည်မှာ အာလူးပူကိုကိုင်ထားရသလိုခံစားရလေသည်။ သူ အခုလွှတ်လိုက်လျှင် ပေထင်းဟွမ်အား ကြောက်သည်ဟု အထင်ခံရနိုင်သည်။ ထို့ကြောင့် တင်းကြပ် စွာဆုပ်ကိုင်ထားလျှင် ဖုန်းရှီသည် ပြုတ်ကျပြီးမသေနိုင်တော့ပေ “သခင်လေးကျန်း၊ မင်းက ငါတို့သခင်လေးနဲ့အတူ မီးတောက်ပန်းယူဖို့ ဒီကိုလာ ခဲ့ကြတာ၊ အခုမင်းကအသက်ရှင်နေတယ် ငါတို့သခင်လေးက ဘယ်မှာလဲ”

သံလက်သီးနှင့်တခြားသူများ၏ သရုပ်မှန်ပေါ်လာသည်နှင့် ပေထင်းဟွမ် သည် ဤလူ၏ဇစ်မြစ်ကိုသိလိုက်သည်။ သူမသည် ကျန်းရှီအားကြည့်ပြီး အရင် ကသင်ကြားပေးခဲ့သည့်အတိုင်း လိုက်နာရန်သတိပေးလိုက်သည်။

“ဟင်း” ကျန်းရှီသည် နှာမှုတ်ပြီး သံလက်သီးအားပြောလေသည် “ဒီကိစ္စ ကို မင်းတို့သခင်လေးကိုမေးရဦးမယ်၊ ငါ့ညီလေးက သူ့လက်ထဲမှာဒဏ်ရာရခဲ့ တာ၊ ငါ့ ညီလေး ၂ သာ ရုတ်တရက်ပေါ်လာပြီး သူ့ကိုမကယ်ခဲ့ရင် ငါ့ညီက သေသွားတာကြာလှပြီ၊ ဒီကိစ္စကို မင်းတို့သခင်လေးနဲ့ရှင်းရဦးမယ်၊ အဲဒါကို ငါ့ ကိုလာရှာတာလား”

ထိုလူသည် သူ၏ညီလေး ၂ ပါဟု ပြောနေသည်။ ဟာသတစ်ခုသာပင်။ ပေထင်းဟွမ်သည် ခေါင်းကိုက်လာသည်။ သို့သော် အရေးကြုံသည့်အချိန်တွင် ပေထင်းဟွမ်သည် သူ၏လမ်းစဉ်ကို ဖြိုချမည်မဟုတ်ပေ။

သံလက်သီး ထိုစကားကိုကြားလိုက်ရသောအခါ တစ်ခုကိုတော့ သေချာ သည်။ အိုးရန်မိုသည် ကျန်းရှန်အား တိုက်ခိုက်ခဲ့ပြီး ကျန်းရှန်သည် သေလုနီးပါး ဖြစ်ခဲ့သည်။ ထိုအဖြစ်အပျက်ပြီးသည့်နောက်တွင် တစ်ခါမှမတွေ့ဖြစ်ကြသေး ပေ။ ၎င်းသည် အိုးရန်မို၏ နည်းလမ်းပင်ဖြစ်သည်။ အခွင့်အရေးရလျှင် တခြား ဂိုဏ်းလေးဂိုဏ်းမှလူများကို အသက်ရှင်ခွင့်ပေးမည်မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် ဓားငှက်မွေးသည် သူရှိရာဘက်သို့ သံလက်သီး၏ လက်မောင်းဆီသို့ တိုက်ရိုက်တိုးဝင်လေသည်။ သူသည် လက်သီးကို အားကိုး နေသူဖြစ်ရာ လက်မောင်းထိခိုက်သွားသဖြင့် ဘာကြောင့် တိုက်ခိုက်နိုင်တော့ မည်နည်း။ သံလက်သီးသည် အလျင်အမြန်ပင်လွှတ်လိုက်ရာ ဖုန်းရှီသည် ချောက်ကမ်းပါးဆီသို့ ကျသွားလေသည်။

ဖုန်းရှီသည် ကောင်းကင်အဆင့်အထက်ဖြစ်ရာ မသေနိုင်ပေ။

သို့သော် သံလက်သီးသည် သူ့ကို လွတ်မြောက်ခွင့်မပေးပေ။ သူသည် ခပ်ကြမ်းကြမ်းထိုးချလိုက်သည်နှင့် ကျားပုံရိပ်တစ်ခုသည် ဖုန်းရှီဆီသို့ တဟုန်ထိုးပြေးလိုက်လေသည်။

အားလုံးသည် ပါးစပ်ဟပြီး ပင့်သက်ရှိုက်မိကြသည်။ အရှိန်ဖြင့် လျင်မြန် စွာပြုတ်ကျသွားသော ဖုန်းရှီအား ထိတ်လန့်သောမျက်လုံးများဖြင့် အပြူးသား ကြည့်ပြီး မြန်မြန်ပြေးနိုင်ရန်ကိုသာ မျှော်လင့်နေကြသည်။ သူ့အနောက်မှ ကျားဟိန်းသံသည် တောင်နှင့်တောကို လှုပ်ခါသွားစေကာ အားလုံး၏ရင်ကို ခွဲလုနီးပါးပင်။

ပေထင်းဟွမ်သည် လက်ဖြင့်ခါးကို အားပါပါရိုက်လိုက်သည်နှင့် နှင်းဖြူ ရောင်ဓားပျော့သည် လက်ထဲရောက်လာသည်။ သူမလက်ထဲမှဓားပျော့ဖြင့် ကျားဆီသို့ ခုတ်လိုက်ရာ ကြီးမားသောမုန်တိုင်းနဂါးထွက်လာသည်။ နဂါးအော် သံထွက်လာပြီး ကျားအားလိုက်သေလည်။

“ဟင်”

ပုံပန်းသဏ္ဍာန်နှင့် ဝိညာဉ်ရှိသည့် ထိုကြီးမားသောမုန်တိုင်းနဂါး၏ မျက်လုံးများမှာ တောက်ပပြီး ခမ်းနားသည်ကိုကြည့်ပြီး ဤလူငယ်သည် ငယ်ရွယ်သောအသက်၌ မဟာရဏအဆင့်ရှိ အရှင်ကြီး အဆင့်ရောက်နေလိမ့် မည်ဟု သံလက်သီး မယုံနိုင်ဖြစ်နေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

မုန်တိုင်းနဂါးသည် ကျား၏ဝမ်းဗိုက်ကို ခပ်ကြမ်းကြမ်း ရိုက်ချလေသည်။ မုန်တိုင်းနဂါး၏ဦးချိုသည် ကျားဗိုက်ကို ထိုးဖောက်သွားသည်ကို အားလုံး ရှင်းလင်းစွာမြင်လိုက်ရသလိုပင်။ ခေါင်းကိုခပ်ကြမ်းကြမ်းခါယမ်းလိုက်သည်နှင့် ကျားသည် ဗိုက်ပေါက်သွားလေသည်။ ကျားသည် စွမ်းအင်အဖြစ်ပြောင်းကာ နောက်ဆုံးတွင် ကောင်းကင်နှင့်မြေကြီးအကြားတွင် ပျောက်ကွယ်သွားလေ သည်။

ဟူး...

ဝူလင်းဂိုဏ်းမှလူများသည် သက်ပြင်းချမိကြသည်။

ထိုအခိုက်တန့်တွင် ထျဲဖုန်းရှန်မှလူများသည် ကြောက်လန့်လွန်းသဖြင့် မျက်လုံးအပြူးသားနှင့်ပင်။ မမှားလျှင် အကြီးအကဲသံလက်သီးသည် အဆင့် ၁ အထွတ်အထိပ်ဖြစ်သည်။ ဒီလူငယ်ရဲ့ လှုပ်ရှားမှုကို မခုခံနိုင်ဘူးလား။ သေချာပေါက်ပင် အကြီးအကဲသံလက်သီး ရန်သူကိုအထင်သေးမိခဲ့သည်။ သို့သော် တစ်ချက်တည်းနှင့် မရှုံးသင့်ပေ။

နဂါးနှင့် ကျားတို့တိုက်ခိုက်ကြရာ အနည်းဆုံးတော့ ကျားသည် ပျောက်ကွယ်မသွားသင့်ပေ။

All Chapters