လက်စားချေချင်လား၊ ဝူလင်းဂိုဏ်းကိုလာခဲ့လိုက်
Vol. 81 Ch. 1603
သံလက်သီးသည် နှာမှုတ်လိုက်သော်လည်း ဘာမှမပြောပေ။ သန်မာ သောလူအချင်းချင်းတိုက်ပွဲတွင် လူတစ်ယောက်၏အသက်ကိုပေးရမည်ပင်။ ဤကဲ့သို့ရဲစွမ်းသတ္တိကို ပြနေစရာမလိုပေ။
ဤကလေး မည်မျှပင်အားကောင်းစေကာမူ အရှင်ကြီးအဆင့်နှင့် အထွတ်အထိပ်ကြားမှ ကွာဟချက်ကို မသိပေ။
အထွတ်အထိပ်အဆင့်သို့ ဝင်သည်နှင့် ၃၃ ကောင်းကင်ဘုံတွင်ပင် သန်မာသူသည် အဆင့်ကိုပိုင်ဆိုင်သည်။ ၃၃ ကောင်းကင်ဘုံတွင် အထွတ်အထိပ်အဆင့်သည် လက်နှစ်ဖက်စာမပြည့်သည်ကို သိထားရမည်။ အထွတ်အထိပ်အဆင့်အားလုံးသည် ကမ္ဘာကြီးကိုထိန်းချုပ်သူများဖြစ်ရာ အယောက် ၁၀၀ ကျော်ပင်မရှိပေ။
၃၃ ကောင်းကင်ဘုံဧရိယာသည် မန္တလာမြေ၏ အဆပေါင်းထောင်ချီ နီးပါးရှိသည်။
ကောင်းကင်အဆင့်ကျွမ်းကျင်သူပင်လျှင် တောင်မှမြောက်သို့ ပျံသွားရန် ၁၀ နှစ်ကြာသည်ဟု ဆိုကြသည်။
သံလက်သီးသည် သူ၏ဒုတိယစိတ်ဝိညာဉ်သည် ပေထင်းဧွမ်အား သတ်နိုင်မည်ဟုအတွေးနှင့် အေးအေးလူလူပင် ရပ်နေသည်။
ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်၏တစ်ကိုယ်လုံးမှ ရောင်ဝါသည် ရုတ်တရက်ပြောင်းသွားလေသည်။ အရင်က သူမသည် စံနှုန်းရှိသည့်စစ်သည် တစ်ဦး၏ပုံရိပ်ရှိသည်ဆိုပါက ယခုအခါတွင် သူမတစ်ကိုယ်လုံးမှရောင်ဝါသည် ခက်ထန်ပြီး လူသတ်စိတ်များတက်လာကာ တပ်စုထောင်ချီကို သတ်ဖြတ်နေ သည့် စစ်နတ်ဘုရားအသွင်ဖြစ်နေသည်။
သို့သော် သူမ၏ခန္ဓာကိုယ်တွင် ချပ်ဝတ်တန်ဆာမရှိဘဲ ကိုးရောင် မီးတောက်အလွှာဖြင့် ဖုံးအုပ်ထားကာ တောက်လောင်နေသည်။ ကိုးရောင် မီးတောက်များကိုကြည့်ပြီး သံလက်သီးသည် စိတ်ထဲတွင် မကောင်းသည့် ခံစားချက်များဝင်လာကာ အလျင်အမြန်ပင် ဒုတိယစိတ်ဝိညာဉ်ကို ပြန်ခေါ်လေ သည်။ သို့သော် နောက်ကျသွားလေပြီ။
ပေထင်းဟွမ်၏လက်ထဲတွင် ကိုးရောင်မီးတောက်များမှ အသွင်ပြောင်း ထားသည့် ကိုးရောင်ဖန်ထျန်းလှံတံရှိသည်။ ပေထင်းဟွမ်သည် ဖန်ထျန်းလှံတံ ကို မြှောက်လိုက်သည်နှင့် မီးတောက်များစွာမြောက်တက်သွားပြီး လေဟာနယ် တစ်ခုလုံးကို လောင်ကျွမ်းလေသည်။
သံလက်သီးသည် ဒုတိယစိတ်ဝိညာဉ်ဆီမှ တုန်ယင်မှုကို ခံစားလိုက်ရ လိုက်သည်။
ဤကဲ့သို့မီးတောက်ကိုကြည့်ပြီး ဒုတိယစိတ်ဝိညာဉ်သည် ကြောက်လန့် သွားလေသည်။
ဤအရာသည် စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေနိုင်သည့် မီးတောက်မျိုး ဖြစ်သည်။
“ဟေ့ကောင် ရပ်လိုက်တော့”
တစ်ဖက်တွင် ပေထင်းဟွမ်သည် သံလက်သီးကို သဲ့သဲ့ပြုံးပြပြီး ပြတ်သားသောလက်များဖြင့် ဒုတိယစိတ်ဝိညာဉ်ကို ရက်စက်စွာ ခေါင်းမှခြေထိ ခွဲကာခုတ်ချလေသည်။
ဒုတိယစိတ်ဝိညာဉ်အား မီးတောက် လောင်ကျွမ်းသွားလေသည်။ ထို အချိန်တွင်တော့ သံလက်သီးသည် ဒုတိယစိတ်ဝိညာဉ်အား လျစ်လျူမရှုနိုင် တော့ပေ။ ကိုးရောင်နိဗ္ဗာန်မီးသည် သူ၏ခန္ဓာကိုယ်တွင် စွဲနေလေပြီ။ မည်မျှ နာကျင်သည်ကိုတော့ တွေးမရပေ။ ကိုးရောင်မီးတောက်များသည် သွေးကြော များမှတစ်ဆင့် တစ်ကိုယ်လုံးကို ပျံ့နှံ့သွားလေသည်။ ထျဲဖုန်းရှန့်မှလူများသည် သူလေထဲတွင် လူးလှိမ့်နေရာမှ တဖြည်းဖြည်းမြေကြီးပေါ်သို့ကျလာသည်ကို မြင်နေရသည်။ နောက်ဆုံးတွင် သူသည် လေထဲ၌ပင် ပြာအဖြစ်လွင့်ပါသွားလေ သည်။
ထျဲဖုန်းရှန်မှလူများသည် တညီတညာတည်းနောက်ဆုတ်ကာ ပေထင်းဟွမ်အား ကြောက်လန့်သောမျက်လုံးများဖြင့် ကြည့်လေသည်။ ဤလူငယ်သည် တစ်ကွက်တည်းနှင့် အထွတ်အထိပ်အဆင့်ကို စက္ကန့်ပိုင်း အတွင်း သတ်ဖြတ်ခဲ့သည်။ အဆင့် ၁ အထွတ်အထိပ်သည်လည်း အထွတ်အထိပ်ဖြစ်တုန်းပင်။ အဆင့် ၉ အထွတ်အထိပ်ပင်လျှင် အဆင့် ၁ အထွတ်အထိပ်ကို စက္ကန့်ပိုင်းအတွင်း သတ်မည်ဆိုပါက ခက်ခဲဦးမည်။
သံလက်သီးသည်လည်း မန္တလာမြေတွင် ကျော်ကြားသူဖြစ်သည်။
ခြိမ်းခြောက်သောသက်ရောက်မှု ရောက်ရှိသွားလေပြီ။ ပေထင်းဟွမ် သည် မျက်နှာချင်းဆိုင်မှလူများကို ပေါ့ပါးစွာကြည့်လိုက်သည်။ အားလုံးပေါင်း အယောက် ၂၀ ရှိသည်။ သူတို့ဤနေရာတွင်နေချင်ပါက နည်းလမ်းမရှိသည် မဟုတ်ပေ။ သို့သော် မလိုအပ်ပေ။ သူမ၏ကြည်လင်သောအသံသည် ခြိမ်းခြောက်မှုအပြည့်နှင့်ပင် “မင်းတို့ ငါတို့ကိုဘာလို့လာ ပြဿနာရှာတာလဲဆို တာကို ငါ ဂရုမစိုက်ဘူး၊ မင်းတို့ သံလက်သီးအတွက် လက်စားချေချင်တယ်ဆို ရင်လာခဲ့လိုက်တော့”
မည်သူမှ မလှုပ်ရဲကြပေ။
ထိုလူများအကြားတွင် အရှင်ကြီးအဆင့် ၅ ဦးပါဝင်ပြီး တခြားသူများ သည် အရှင်အဆင့်ကျွမ်းကျင်သူများဖြစ်ကြသည်။ သူတို့သည် သံလက်သီး အစား လက်စားချေချင်လျှင်တောင် တောင်အရှင်ပေါ်တွင်မူတည်သေးသည်။ ဘာကြောင့်များ ဤလူငယ်ကို ပြဿနာသွားရှာမည်နည်း။
ဤနေရာတွင် အသက်ဆုံးရှုံးလိုက်ရလျှင် မတန်ပေ။
“ဘယ်သူမှ ရှေ့ထွက်မလာရင်လည်း ထွက်သွားလိုက်ကြတော့” ပေထင်းဟွမ်သည် ပေါ့ပါးစွာပြောပြီးနောက် လှည့်ကာ ဂူထဲသို့လျှောက်သွား လေသည်။ သူမ၏အသံသည် လေနှင့်အတူပါသွားလေသည် “ငါ ဝူလင်းဂိုဏ်း မှာ နေမယ်၊ ထျဲဖန်းရှန်က လက်စားချေချင်ရင် ဝူလင်းဂိုဏ်းကိုလာခဲ့လိုက်”