← Chapters

ငါ့မှာ မှော်အရင်းအမြစ်ကျောက်တုံးတွေပဲရှိတယ်

Vol. 81 Ch. 1605

ငါ့မှာ မှော်အရင်းအမြစ်ကျောက်တုံးတွေပဲရှိတယ်

Vol. 81 Ch. 1605

ဤကမ္ဘာတွင် ငွေကြေးသည် အရင်းအမြစ်အရည်ဖြင့် တွက်ချက်သည်။ ရွှေ့ပြောင်းအစီအရင်အသုံးပြုရန် လူတစ်ယောက်လျှင် အရင်းအမြစ်အရည် ၁ သောင်းပေးရသည်မှာ ပင်မတိုက်ကြီးဆိုလျှင် မတွေးနိုင်လောက်စရာပင်။ ပေထင်းဟွမ်နှင့် သူမ၏လူ အယောက် ၅၀ သည် အရင်းအမြစ်အရည် ယွမ် ၁ သန်းတစ်ဝက်မျှသုံးလိုက်ရာ ကျန်းရှီတွင် ပိုက်ဆံမကျန်သလောက်ပင်။

ထိုအရာကိုကြည့်ပြီး ပေထင်းဟွမ်သည် ပြောရတော့သည် “မန္တလာမြို့ အကြောင်းပြောရအောင်”

ကျန်းရှီသည် ဘာလုပ်ရမည်ကိုမသိတော့ပေ။ သို့သော် ဤအခိုက်အတန့် ၌ သူ့တွင် နည်းလမ်းကောင်းမရှိပေ။ အရင်ဆုံး အားလုံး မန္တလာမြို့သို့ရောက်ရ မည်ဖြစ်သည်။ မန္တလာမြို့တွင် အသိအကျွမ်းတစ်ယောက်နှစ်ယောက်တွေ့ လျှင် ဟွာယန်းမြို့ကဲ့သို့ မြို့သေးထက်စာလျှင်တော်သေးသည်။

ရွှေ့ပြောင်းအစီအရင်မှထွက်လာသည်နှင့် လူစည်ကားသော မန္တလာမြို့ ကိုတွေ့လေသည်။ ဓားများကိုင်ကာ သွားလာနေသောလူများစွာရှိသည်။

သူတို့တွင် ပိုက်ဆံရှိလျှင် ဝူလင်းဂိုဏ်းသို့သွားသည့် ရွှေ့ပြောင်းအစီအရင် သို့ တိုက်ရိုက်သွားရုံပင်ဖြစ်သည်။ အဓိကအချက်မှာ လက်ရှိတွင် ကျန်းရှီ၌ ပိုက်ဆံမရှိတော့ပေ။ အရင်းအမြစ်အရည်ဆိုသည်မှာ ပေထင်းဟွမ် နောက်တစ် ဆင့်တက်ရန် မလိုအပ်တော့သဖြင့် ဆောင်မထားမိပေ။

ပင်မတိုက်ကြီးရှိ မီးတောက်မြို့တွင် အရင်းအမြစ်အရည် ပေါများလှ၏။ သို့သော် ယခုအချိန် သုံးမည်ဆိုပါက ဘာမှမရှိပေ။

ပေထင်းဟွမ်အား စက်ဝန်းချောက်တွင် သစ္စာခံခဲ့သူများသည် သူတို့၏ သစ္စာရှိမှုကိုပြသရန် တစ်ယောက်ပြီးတစ်ယောက် လက်ထဲမှအရင်းအမြစ် အရည်များကိုထုတ်ပေးပြီး အကြံပြုကြလေသည် “အရင်ဆုံး သခင်နဲ့ သခင်လေးနှစ်ယောက်တို့ တည်းခိုဖို့ တည်းခိုဆောင်ရှာလိုက်တာကောင်းမယ်၊ အလုပ်တချို့ရှာပြီး ပိုက်ဆံရှာနိုင်မလားကြည့်ကြတာပေါ့”

လက်တွေ့မဆန်လှပေ။

ပေထင်းဧွမ်သည် ခေါင်းခါလိုက်သည်။ အမှောင်နတ်မိစ္ဆာဘုံတွင်ရှိစဉ်က ပတ္တမြားကမ္ဘာတစ်ခုလုံးတွင်မဟုတ်ဘဲ အမှောင်နတ်မိစ္ဆာဘုံတွင်သာ မှော်အရင်းအမြစ်ကျောက်တုံးရှိသည်ဟု တစ်စုံတစ်ယောက်ပြောဖူးသည်။

“အရင်းအမြစ်အရည်မရှိရင် မှော်အရင်းအမြစ်ကျောက်တုံးက အလုပ်ဖြစ် လား” သူမအား မျက်လုံးအပြူးသားဖြင့်ကြည့်နေသော လူတစ်စုကိုကြည့်ပြီး ပေထင်းဟွမ် ထပ်ပြောလေသည် “ငါ့မှာ မှော်အရင်းအမြစ်ကျောက်တုံးပဲရှိ တယ်”

“နတ်ဆိုး.. အရင်းအမြစ်ကျောက်တုံးလား” ကျန်းရှီအော်လေသည်။ ဘေးပတ်လည်မှလူများ သူ့ကိုမျက်လုံးပြူးပြီး စိုက်ကြည့်နေသည်ကို မြင်ပြီး ကျန်းရှီသည် ချက်ချင်းပင် အသံနှိမ့်ကာ မယုံနိုင်စွာဖြင့်ပြောလေသည် “နတ်ဆိုး အရင်းအမြစ်ကျောက်တုံးကိုပြောတာလား၊ ဘာနောက်နေတာလား၊ မှော် အရင်းအမြစ်ကျောက်တုံးရဲ့ အဓိပ္ပာယ်ကိုသိရဲ့လား၊ မင်းဆီကနေ သူများ ခိုးတောင်သွားဦးမယ်”

ပေထင်းဟွမ်သည် သူ့အား ငတုံးတစ်ယောက်လိုကြည့်လေသည်။ ဘေးမှ ကျန်းရှီသည် ပြုံးပြီးပြောလိုက်သည် “အစ်ကို... အစ်ကို ၂ က အလုခံရမှာကို ကြောက်နေရဦးမှာလား”

ကျန်းရှီသည်လည်း အဓိပ္ပာယ်မဟုတ်သည့်စကားများကို ပြောနေရသလို ခံစားရလေသည်။ သူသည် ထိတ်လန့်သွားသဖြင့် အသက်ကိုပြင်းပြင်းရှူကာ ခေါင်းညိတ်ပြီးပြောလိုက်သည် “ဟုတ်တယ် မှော်အရင်းအမြစ်ကျောက်တုံးဆို ရင်၊ လက်ချောင်းအရွယ်အစားပဲသုံးဖို့လိုမယ်”

ပေထင်းဟွမ်သည် လက်ချောင်းနှစ်ချောင်းအရွယ်အစားရှိ မှော်အရင်း အမြစ်ကျောက်တုံးကို ကျန်းရှီအားပေးလိုက်သည်။ ကျန်းရှီသည် ဖြုန်းတီးသည် ဟု အတွေးနှင့် ခွဲလိုက်ချင်သော်လည်း မခွဲနိုင်ပေ။

တဒင်္ဂအတွင်းမှာပင် တစ်ဖက်မှ ကျယ်လောင်သောအသံထွက်ပေါ်လာ သည်။ မည်သူပြောလိုက်သည်တော့မသိပေ ထိုလူအော်လေသည် “မှော်အရင်း အမြစ်ကျောက်တုံး၊ ကြီးလိုက်တဲ့မှော်အရင်းအမြစ်ကျောက်တုံးပဲ”

ထိုအော်သံသည် အနားမှလူများကို ဆွဲဆောင်သလိုဖြစ်ရာ တစ်ယောက် သည် ကျယ်လောင်စွာပြောလေသည် “… မဟုတ်ဘူး ဒီကလေးက ငါ့မှော် အရင်းအမြစ်ကျောက်တုံးကိုခိုးသွားတာ ငါ့ကိုပြန်ပေးရမယ်”

ပေထင်းဟွမ်သည် တိုးညင်းစွာကျိန်ဆဲမိသည် “ဆင်းရဲတဲ့အရူးတွေပဲ” ထို့နောက် သူမ ထွက်သွားသည့်နောက်သို့ သူမ၏လူများလိုက်သွားလေသည်။

“လမ်းဖယ်ကြ လမ်းဖယ်ကြ”

ဝူလင်းဂိုဏ်းမှလူများသည် ရှေ့မှလမ်းရှင်းရာ ပေထင်းဟွမ်နှင့်တခြားသူ များ လျှောက်လာသည်ကိုကြည့်ပြီး ပြဿနာဖြစ်မည်ကိုစိုးသဖြင့် ဘေးသို့ ဖယ် ပေးကြလေသည်။ မန္တလာမြို့မှ အစောင့်အကြပ်များသည် ရွှေ့ပြောင်းအစီအရင်ကို တာဝန်ယူထားကြသည်။ ခေါင်းဆောင်နှင့်တူသော လူသည် လက်ထဲတွင်မှော်အရင်းအမြစ်ကျောက်တုံးကို ကိုင်ထားသည်။ ထို အခိုက်အတန့်တွင် သူသည် မည်သူမှန်သည် မည်သူမှားသည်ကိုမသိသဖြင့် လမ်းပျောက်နေသည်။

All Chapters