← Chapters

မှော်အရင်းအမြစ်ကျောက်တုံးအခိုးခံရတာလား

Vol. 81 Ch. 1606

မှော်အရင်းအမြစ်ကျောက်တုံးအခိုးခံရတာလား

Vol. 81 Ch. 1606

ကျန်းရှီသည် မျက်နှာထူထူရှိပြီး ဓားပြပုံစံနှင့်လူကိုကြည့်ပြီးနောက် အနောက်မှ ညီဖြစ်သူတို့ကိုကြည့်လိုက်သည် “ငါ့ ညီ ၂ က ဒီမှော်အရင်းအမြစ် ကျောက်တုံးကို ငါ့ကိုပေးတာ ဘာလို့ မင်းဟာပါလို့ပြောတာလဲ”

ကျန်းရှီသည် ဝူလင်းဂိုဏ်း၏သခင်လေးဖြစ်သလို 'ပိုက်ဆံတစ်ပြားသည် သူရဲကောင်းကို အနိုင်မယူနိုင်' ဆိုသည့်စကားနှင့်အညီ နေထိုင်သူဖြစ်သည်။ ဤအခိုက်အတန့်တွင် ပိုက်ဆံပြတ်လပ်ခြင်းကြောင့်သာမဟုတ်လျှင် ဤကိစ္စ များကို ဘာကြောင့်လုပ်ရမည်နည်း။ သူသည် လူများနှင့် တစ်ခါမှစကားမများ ဖူးပေ။

ဝူလင်းဂိုဏ်းမှလူများသည် ထိုအခြေအနေကိုမြင်သည်နှင့် ရှေ့တိုးလာကြ သည် “မင်းက ဘယ်သူလဲ၊ သွေးလာမအန်နဲ့၊ ငါတို့သခင်လေးက မင်းပစ္စည်းကို ခိုးတယ်ပေါ့ဟုတ်လား၊ အရှက်မဲ့လိုက်တာ”

“ဟင်း ငါ့ရှေ့ကိုတကယ်ရောက်လာတာလဲ” ဓားပြပုံစံနှင့်လူသည် မန္တလာ မြေတွင် သောင်းကျန်းနေသည့် ဟွမ်ပါ့ထျန်းဆိုသည့်လူဖြစ်သည်။ သူသည် အားကောင်းသည်။ မျက်နှာသာအပေးခံရသဖြင့် မန္တလာမြို့မှတပ်သားများ သည် သူ့ကိုအလွယ်တကူ ရန်မစရဲပေ “ကြည့်ရတာ နောက်ဆိုရင် မင်းတော့ မန္တလာမြို့ကို ဖြတ်သွားနိုင်တော့မှာမဟုတ်ဘူး၊ ငါ့ယောက်ဖက် ငါ့ကို ဒီမှော်အရင်းအမြစ်ကျောက်တုံးပေးခဲ့တာ၊ မင်းတို့က ငါ့ဆီကခိုးရဲတယ်ပေါ့”

ဟူး

ဘေးနားမှလူများသည် သက်ပြင်းကြီးချလိုက်ကြသည်။ သူတို့သည် သူခိုး တစ်ကောင်ကိုတွေ့ပြီဟုထင်ထားသည်မှာ ဤကဲ့သို့အခြေအနေဖြစ်နေသည်။ ဤအခိုက်အတန့်တွင် ကျန်းရှီသည် သူခိုးဟု အားလုံးယုံအောင်လုပ်နေသည်။ ကျန်းရှီသာ အမှန်တကယ်ပင် မှော်အရင်းအမြစ်ကျောက်တုံးကိုခိုးယူပါက မန္တလာမြို့တပ်သားဆီသို့ ပို့မည်မဟုတ်ပေ။

ဟွမ်ပါ့ထျန်းသည် ထပ်မံအနိုင်ကျင့်ပုံပင်။

အစောင့်တပ်ခေါင်းဆောင်သည် မျက်မှောင်ကြုတ်လေသည်။ အရင်က ဟွမ်ပါ့ထျန်းသည် မကောင်းသည့်အရာများကို ပြုလုပ်ခဲ့သည်။ သို့သော် ခိုးကြောင်ခိုးဝှက်သာဖြစ်သည်။ ယခုအခါ သူသည် ပြောင်ပြောင်တင်းတင်းပင်။ ထို့ကြောင့်ပင် ဤကဲ့သို့ကြီးမားသောမှော်အရင်းအမြစ်ကျောက်တုံးကိုမြင်သည် နှင့် လောဘတက်လာခြင်းပင်။ ဟွမ်ပါ့ထျန်းသည် မြို့သခင်ကိုပင် မျက်နှာ မပေးချင်သည့်ပုံပင်။

ဤမျှများပြားသောလူရှေ့တွင် အနာဂတ်တွင် မန္တလာမြို့တွင် မည်သို့ မျက်နှာရှိတော့မည်နည်း။

သို့သော် အစောင့်တပ်ခေါင်းဆောင်သည် မရှုပ်ထွေးစေချင်သဖြင့် ဟွမ်ပါ့ထျန်း၏မျက်နှာကို ထုတ်ဖော်မည်တွေးသည်။ မြို့သခင်၏ ကိုယ်လုပ်တော်သည် တစ်ခါတည်း သားသုံးယောက်မွေးဖွားပေးသော်လည်း မြို့သခင်၏ဇနီးသည် သမီးတစ်ယောက်ကိုသာ မွေးပေးလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။

ဤအခိုက်အတန့်တွင် ကြည်လင်သောအသံတစ်သံထွက်လာသည် “ဘာဖြစ်ကြတာလဲ”

အဝါရောင်ဇာစကတ်ဝတ်ဆင်ထားပြီး ဓားတိုတစ်ချောင်းကိုင်ထားသည့် မိန်းကလေးတစ်ဦးရောက်လာသည်ကို မြင်လိုက်ရသည်။ သူမ၏မျက်လုံးများ သည် ပေထင်းဟွမ်၏မျက်နှာပေါ်တွင် အတန်ကြာအောင်ရှိပြီးနောက် မျက်မှောင်ကြုတ်ကာ ဟွမ်ပါ့ထျန်းအား စိုက်ကြည့်လေသည် “အကုန်လုံးကို ထွက်သွားခိုင်းပြီး မင်းက ဒီမှာဘာလုပ်နေတာလဲ”

ဟွမ်ပါ့ထျန်းသည် မိန်းကလေးအား ရမက်ပြင်းသောမျက်လုံးများဖြင့် အထက်အောက်ကြည့်ကာ ပြုံးပြီးပြောလေသည် “မိန်းကလေး မင်းမသိလို့ လွန်ခဲ့တဲ့နှစ်ရက်က မင်းအဖေ မြို့သခင်က ငါ့ကို မှော်အရင်းအမြစ်ကျောက်တုံး ဆုချခဲ့တာ၊ ငါ ပြန်လာတဲ့အချိန်မှာ ဒီကလေးက ခိုးသွားခဲ့တာ၊ ဒီကလေးက အတင့်ရဲတာ၊ သူက ဒီမှော်အရင်းအမြစ်ကျောက်တုံးကိုယူပြီး ခေါင်းဆောင်စွန်း ကိုသွားရှာပြီး ရွှေ့ပြောင်းအစီအရင်သုံးချင်နေတာ”

ထိုမိန်းကလေးသည် မြို့သခင်မ၏သမီး၊ မန္တလာမြို့၏ အကြီးဆုံး သခင်မလေးပင်။

အစောင့်တပ်ခေါင်းဆောင်စွန်းသည် ထိုအချိန်တွင် မှော်အရင်းအမြစ် ကျောက်တုံးကို ကိုင်ထားသည်။ သူသည် မိန်းကလေးအား တလေးတစား အရိုအသေပြုလိုက်သော်လည်း ဘာမှမပြောပေ။ နှစ်ဖက်လုံးသည် သူ ပြစ်မှား နိုင်သည့်လူများမဟုတ်ပေ။ သူသည် ရွှေ့ပြောင်းအစီအရင်၏တာဝန်ရှိသူသာ ဖြစ်ကာ သူခိုးကိစ္စကို ညှိနှိုင်းပေးသူမဟုတ်ပေ။

ကျန်းရှီသည် ဒေါသထွက်လေသည် “မဟုတ်တာမပြောနဲ့ ဒီမှော် အရင်းအမြစ်ကျောက်တုံးက ငါ့ညီ ၂ ရဲ့ဟာပဲ၊ မင်းက ပိုက်ဆံမြင်တာနဲ့ လောဘ တက်ပြီး လာစွပ်စွဲနေတာပဲ”

“မင်းညီ ၂ ရဲ့ဟာလို့ပြောလိုက်တယ်နော်၊ မင်းရဲ့ ညီ ၂ က ဘယ်သူလဲ၊ သူက ဘယ်လိုလုပ် ဒီလောက်ကြီးတဲ့မှော်အရင်းအမြစ်ကျောက်တုံးရခဲ့တာလဲ” ဟွမ်ပါ့ထျန်းသည် လှောင်ပြောင်စွာဖြင့်ပြောကာ ခေါင်းဆောင်စွန်းဆီမှ မှော်အရင်းအမြစ်ကျောက်တုံးကို ယူရန်လက်ဆန့်ထုတ်လိုက်သည်။

သို့သော် ဘာမှပါမလာပေ။ ကျောက်စိမ်းကဲ့သို့ဖြူစွတ်သောနောက်လက် တစ်ဖက်သည် သူ့ထက်ဦးကာ မှော်အရင်းအမြစ်ကျောက်တုံးကိုယူသွားလေ သည်။

All Chapters