သူ့မှာမှော်အရင်းအမြစ်ကျောက်တုံးတွေ အများကြီးပဲ
Vol. 81 Ch. 1607
ဟွမ်ပါ့ထျန်းကြည့်လိုက်ရာ ချောမွတ်သောမျက်နှာနှင့် ဓားသွားကဲ့သို့ အေးစက်သည့်မျက်လုံးရှိသည့်လူငယ်တစ်ယောက်သည် သူ့အား လူသေတစ် ယောက်လိုကြည့်နေသည်ကို မြင်လိုက်ရသည်။ ရုတ်တရက်ပင် ဟွမ်ပါ့ထျန်း သည် ဒေါသထွက်သွားလေသည် “ငါက ဘယ်သူလဲဆိုတာသိရဲ့လား၊ မင်းရဲ့ အပြုအမူက သေလမ်းဖွင့်နေတာပဲ”
“မင်းဘယ်သူလဲဆိုတာ ငါ သိဖို့မလိုဘူး၊ ဘယ်သူက သေလမ်းဖွင့်တာလဲ၊ မကြာခင်သိရမှာပါ” လူငယ်သည် လက်ထဲတွင် မှော်အရင်းအမြစ်ကျောက်တုံး ကိုကိုင်ပြီး နှာမှုတ်လေသည် “မှော်အရင်းအမြစ်ကျောက်တုံးလိုချင်တာလား၊ ဒူးထောက်ပြီး ငါ့ကို အဘိုးလို့ခေါ်လေ မင်းကိုကြီးတာတစ်ခုတော့ ပေးမှာပါ”
သူမတွင် မှော်အရင်းအမြစ်ကျောက်တုံးများစွာရှသိည်။
အားလုံးသည် မသိကြသည်။ သူတို့သည် ဟွမ်ပါ့ထျန်းအား ပျော်အောင် လုပ်သည်ဟုအထင်နှင့် ရယ်မောကြလေသည်။ မြို့သခင်အိမ်တော်၏ အကြီး ဆုံးသခင်မလေးပင် နှုတ်ခမ်းတွန့်ပြီးပြုံးလိုက်သည်။ သူမ၏မျက်လုံးများသည် ပေထင်းဟွမ်ပေါ်သို့ရောက်နေပြီး သူမ၏နားရွက်များမှာ နီရဲသွားပြီး ရင်ခုန်မြန် သွားသည်ကိုတော့ မည်သူမှ မသိလိုက်ပေ။
ကောင်လေး၏ခန္ဓာကိုယ်သည် ကျောက်စိမ်းကဲ့သို့ဖြစ်ပြီး အဟုန်သည် သက်တန့်တစ်စင်းလို၊ မနက်ခင်းကြယ်တစ်စင်းကဲ့သို့ တောက်ပလျက်ရှိသည်။
“မင်းက သေချင်နေတာပဲ” ဟွမ်ပါ့ထျန်းသည် လက်ထဲမှ တစ္ဆေဓားကို မြှောက်ပြီး ပေထင်းဟွမ်အား အားပါပါခုတ်ချလိုက်သည်။
ထိုအချိန်တွင် အားလုံးသည် ဘေးသို့တစ်ယောက်ပြီး တစ်ယောက် ရှောင် ကြလေသည်။ ဟွမ်ပါ့ထျန်းသည် အဆင့် ၁ အထွတ်အထိပ်ဖြစ်သည်။ မဟုတ်လျှင် မန္တလာမြေတစ်ခုလုံးရှိ အကြွယ်ဝဆုံးမြို့တွင် သောင်းကျန်းနိုင် မည့် အရည်အချင်းရှိမည်နည်း။
မန္တလာမြို့သည် မန္တလာမြေတစ်ခုလုံး၏ အလယ်တွင်ရှိသည်။ မြို့သခင် သည် လွန်ခဲ့သည့်နှစ်တစ်သောင်းက ရောက်လာခဲ့သည်။ ကမ္ဘာကြီး မည်မျှ ပြောင်းလဲပါစေ မြို့သခင်၏ရာထူးသည် မပြောင်းလဲခဲ့ပေ။ အရင်လို ပေါများ ကြွယ်ဝပြီး ဤနေရာတွင် ရှားပါးရတနာများစွာရှိသည်။ တိုက်ကြီးတစ်ခုလုံး တွင် အကြီးဆုံးကုန်သွယ်ရေးဈေးရှိပြီး ရတနာဝယ်ယူရန် သန်မာသောလူများ နှင့် ကျွမ်းကျင်သူများစွာ လာရောက်သည့်နေရာဖြစ်သည်။
အားလုံးသည် ပေထင်းဟွမ်အတွက် ချွေးပြန်မိကြသည်။ ဤလူငယ်သည် ငယ်ရွယ်လွန်းသဖြင့် ကြီးလေးမှုကိုမသိပေ။
မြို့သခင်အိမ်တော်၏အကြီးဆုံးသခင်မလေးသည် ထိုအချိန်တွင် ပင့်သက်ရှိုက်လေသည် “ဟွမ်ပါ့ထျန်း အတင့်ရဲလိုက်တာ”
သူမသည် ပြောရင်းနှင့် ပေထင်းဟွမ်ရှေ့တွင်ရပ်ကာ ဟွမ်ပါ့ထျန်းအား တားလေသည် “မင်းက သူများကို စွပ်စွဲတဲ့လူပဲ၊ အဲဒါကို မင်းရဲ့မှော်အရင်းအမြစ် ကျောက်တုံးကို လုယူတယ်လို့ပြောလိုက်သေးတယ်”
ဟွမ်ပါ့ထျန်းသည် အံတင်းတင်းကြိတ်လေသည် “မိန်းကလေး မင်းက ဒီမျက်နှာလှလှလေးကိုပဲမကြည့်နဲ့လေ အဲဒါကြောင့် အဓိကအချက်တွေ လွတ် ကုန်တာ၊ မင်းက မြို့သခင်အိမ်တော်ရဲ့ကိုယ်စားပြုပဲ”
မိန်းကလေး၏မျက်နှာသည် ချက်ချင်းပင် နီရဲသွားလေသည်။ ဘေးနား တွင်ရယ်နေသူများရှိသဖြင့် မိန်းကလေးတစ်ယောက်အနေနှင့် မခံနိုင်ပေ “ဟွမ်ပါ့ထျန်း ငါ့အဖေကို သွားပြောလိုက်တော့မှာ” သူမ ပြောပြီးသည်နှင့် ခြေထောက်ဆောင့်ကာ ထွက်သွားလေသည်။
ဟွမ်ပါ့ထျန်းသည် အကြီးဆုံးသခင်မလေးဖြစ်စေ ဂရုမစိုက်ပေ။ သူသည် တစ္ဆေဓားကိုလွှဲကာ ပေထင်းဟွမ်အား အားပြင်းပြင်းခုတ်ချလေသည် “ဟား ဟား ကောင်လေး မင်း ဒီနေ့မှော်အရင်းအမြစ်ကျောက်တုံးသာ ထုတ်မပေးရင် မင်းအသက်ကို ဒီမှာထားခဲ့လိုက်တော့”
“အဟုတ်ကြီးလား” ပေထင်းဟွမ်၏လက်ထဲမှဓားပျော့သည် ငွေရောင် မြွေတစ်ကောင်အလား ဟွမ်ပါ့ထျန်း၏ တစ္ဆေဓားထိပ်ပိုင်းကို ရစ်ပတ်လေ၏။ သူမသည် ကောင်းကင်ဆီသို့ ပျံသွားလေ၏။
ဘုန်း
အားလုံးမှင်တက်ကုန်ကြသည်။ ဤလူငယ်သည် ဤမျှမြန်ဆန်လိမ့်မည် ဟု မည်သူမှတွေးမထားပေ။ ထိုလူများသည် မျက်လုံးအပြူးသားဖြင့် ပေထင်းဟွမ်နှင့် ဟွမ်ပါ့ထျန်းတို့ ကောင်းကင်ပေါ်သို့ပျံသွားသည်ကို ကြည့်နေ ကြသည်။
ဟွမ်ပါ့ထျန်းသည် သူ၏တစ္ဆေဓားကိုကိုင်ထားချိန်တွင် ပေထင်းဟွမ်သည် သူ့နောက်လိုက်ကာ သတ်လေသည်။
ခဏကြာသောအခါ မြို့သခင်သည် အကြီးဆုံးသခင်မလေး၏ ခေါ်ယူမှု နှင့်အတူရောက်လာသည်။ ထိုအချိန်တွင် ပေထင်းဟွမ်နှင့် ဟွမ်ပါ့ထျန်းတို့ သည် ကောင်းကင်ပေါ်တွင် ရှေ့နောက်နှစ်ကြိမ်မျှ တိုက်ခိုက်ပြီးလေသည်။ ပေထင်းဟွမ်၏လက်ထဲမှ ဓားပျော့သည် ကြာပွတ်ရှည်ကဲ့သို့ ဟွမ်ပါ့ထျန်းအား ရစ်ပတ်လေသည်။ ဟွမ်ပါ့ထျန်း၏ခန္ဓာကိုယ်သည် ဖြတ်ခနဲ ဒုတိယစိတ်ဝိညာဉ် မှာကျန်နေခဲ့ပြီး ပေထင်းဟွမ်၏ ကြာပွတ်ကိုဆွဲယူလေသည်။ သို့သော် သူ၏ ခန္ဓာကိုယ်အစစ်အမှန်သည် ရှောင်သွားပြီဖြစ်သည်။
ငွေရောင်လျှပ်စီးပါဝင်သော ကိုးရောင်မီးတောက်သည် မြွေတစ်ကောင် ကဲ့သို့ ရုတ်တရက် ဓားပျော့ဆီသို့ ကူးလူးလာသည်။