ငါ့ကိုသတ်မှာလား၊ မင်းမှာအစွမ်းအစရှိလား
Vol. 81 Ch. 1608
ဟွမ်ပါ့ထျန်း၏ ဒုတိယစိတ်ဝိညာဉ် လှုပ်ရှားသည်နှင့် ကောင်းကင်ကို ဖြတ်လာသည့် အော်သံတစ်ခုကိုကြားလိုက်ရသည်။ ဒုတိယစိတ်ဝိညာဉ်ကို ကိုးရောင်မီးတောက်များဖြင့် လွှမ်းထားသည်ကို အားလုံးမြင်လိုက်ရသည်။ ကိုးရောင်မီးတောက်များ မည်သို့ရောက်လာသည်ကို သူတို့ မသိကြပေ။ အကြောင်းအရင်းမှာ မည်သို့ရှိသနည်း။ ဒုတိယစိတ်ဝိညာဉ်၏ခန္ဓာကိုယ်သည် ဆီလောင်းခံလိုက်ရသလိုပင်။ ကိုးရောင်မီးတောက်စွဲသွားသည်နှင့် ထိန်းချုပ်၍ မရတော့ပေ။
“အား မြို့သခင် ကယ်ပါဦး”
ကောင်းကင်ပေါ်တွင်ဟွမ်ပါ့ထျန်းသည် သူ၏စိတ်ဝိညာဉ်ကိုပြန် မခေါ်ရဲ ဘဲ စိတ်ဝိညာဉ်ကို ကိုးရောင်မီးတောက်များမှ ဝါးမျိုသွားသည်ကို ကြေကွဲစွာ စောင့်ကြည့်ရုံသာတတ်နိုင်လေသည်။ စိတ်ဝိညာဉ်ပျက်စီးသွားသည်နှင့် ဟွမ်ပါ့ထျန်းသည် အသုံးမကျသည့်လူတစ်ယောက်သာ ဖြစ်သွားမည်။ မန္တလာ မြေတွင်မနေနိုင်သည့် အမှိုက်တစ်စသာဖြစ်သွားမည်။
အားလုံး၏မျက်လုံးများသည် ကောင်းကင်ပေါ်တွင်သာ စိုက်ကြည့်နေကြ သည်။ သူတို့သည် ပေထင်းဟွမ်အား ကြောက်လန့်သောမျက်လုံးများဖြင့် ကြည့် နေကြသည်။ ဒီလူငယ်ရဲ့နောက်ခံကဘာလဲ။ ခွန်အားကရော။ အဆင့် ၁ အထွတ်အထိပ်ကို ခဏလေးနဲ့ ဖျက်ဆီးလိုက်တာပဲ။
မြို့သခင်ယင်းယင်းသည် ရူးသွားသည့်အတိုင်းပင်။ ဟွမ်ပါ့ထျန်း၏ ခက်ထန်သောအသံသည် သူ့အား နှိုးဆော်နိုင်စွမ်းမရှိပေ။
ဟွမ်ပါ့ထျန်း၏ ညီမဟွမ်လျန်းရောက်လာချိန်တွင် ထူးဆန်းသော အခြေအနေကိုမြင်တွေ့လိုက်ရသည်။ သူမသည် မြို့သခင်ယင်းယင်းနှင့် စကား များချိန်မရှိလောက်အောင် ဒေါသထွက်ပြီး လက်ထဲမှလှံရှည်ကို ပေထင်းဟွမ် ဆီသို့ လွှဲယမ်းလေသည် “ကောင်စုတ်လေး မီးတောက်ငြှိမ်းလိုက်”
“ရပ်လိုက်”
ကျယ်လောင်သောအော်သံထွက်လာပြီး ပုံရိပ်တစ်ခုသည် နောက်မှ ရောက်လာကာ မိန်းကလေး၏လှံတံကို တားလေသည်။ ဟွမ်လျန်းကြည့်လိုက် ရာ သူမအား တားဆီးသူမှာ ယင်းယင်းဖြစ်သည်ကို မယုံနိုင်စွာဖြစ်နေသည်။ ဤအခိုက်အတန့်တွင် သူမသည် ဂရုမစိုက်နိုင်တော့ဘဲ ဒေါသတကြီးအော် လိုက်သည် “ဘာလို့လဲ ဘာလို့လဲ၊ ငါ့အစ်ကိုကြီးသေတာ့မှာလေ ဘာလို့သူ့ကို မတားတာလဲ”
ပေထင်းဟွမ်အား တားရန် သူ့တွင်မည်သည့်အရည်အချင်းရှိသနည်း။ ယင်းယင်း၏မျက်နှာသည် မှောင်မိုက်သွားသည်။ ဤအခိုက်တွင် အကြီးဆုံး သခင်မလေး ယင်းရှဲသည်ရောက်လာပြီး မျက်မှောင်ကြုတ်ကာ ပြောလေသည် “အဒေါ် ဘယ်လိုလုပ် အဲလိုပြောနိုင်ရတာလဲ၊ တိုက်ခိုက်မှုက ဒီလောက် ပြင်းထန်နေတာ၊ ရှုံးသွားရင် အကူအညီတောင်းနိုင်မှာလား”
မန္တလာမြေသည် တစ်ယောက်တည်းတိုက်ခိုက်သည်ကိုပင် အာရုံစိုက် သည်။
ဟွမ်လျန်းသည် ရုတ်တရက် စိတ်လွတ်သွားသည်။ ဟွမ်ပါ့ထျန်း၏ ကြေကွဲဖွယ်ရာ ညည်းညူသံသည် သူမ၏နားထဲဝင်လာသဖြင့် ယင်းယင်းအား ဒူးထောက်လေသည် “သခင် ကျွန်မမှာ ဒီဆွေမျိုးပဲရှိတာပါ၊ ကျေးဇူးပြုပြီး သူ့ အသက်ကိုကယ်ပေးပါ”
“အဒေါ့်စကားက တော်တော်ထူးဆန်းတာပဲ၊ ဘာလို့ ဒီအမျိုးပဲရှိတာလဲ၊ အဒေါ့်မှာ သားသုံးယောက်ရှိတာမလား၊ အဖေကရော အဒေါ့်အမျိုးမဟုတ်ဘူး လား” ယင်းရှဲသည် နှုတ်ခမ်းတွန့်ကာ လက်ပိုက်ပြီးဘေးတွင်ရပ်နေသည်မှာ သူမသည် စိတ်လှုပ်ရှားစွာကြည့်နေသည်နှင့်တူသည်။
ယင်းယင်းသည် အခက်တွေ့နေသည်။ သူ့တွင် ပေထင်းဟွမ် ကိုးရောင် မီးပြန်ရုတ်သိမ်းအောင် လုပ်နိုင်သည့်အရည်အချင်းမရှိပေ။ တခြားသူများသည် ထိုမီးတောက်ကိုမသိသော်လည်း သူ သိသည်။
လွန်ခဲ့သည့်နှစ်တစ်သောင်းက သူ့ကို မန္တလာမြေကို ကြီးကြပ်ရန် တစ်စုံ တစ်ယောက်စေခိုင်းခဲ့စဉ်က တစ်နေ့ပြန်လာမည်ဟု သူ့ကိုပြောခဲ့သည်။ သူမကို မသိလျှင်တောင် ကိုးရောင်နိဗ္ဗာန်မီးကိုမြင်လျှင် သူမကို မြင်နေရသလိုပင်။
နှစ်တစ်သောင်းကြာသွားလေပြီ။ သူသည် စိတ်မရှည်တော့ပေ။
ယင်းရှဲသည် ဖခင်ဖြစ်သူ တွေဝေနေသည်ကိုမြင်သောအခါ စိုးရိမ်လာ သည်။ သူ၏ဖခင်သည် ဟွမ်လျန်း၏စကားများကိုနားထောင်ပြီးနောက် ပေထင်းဟွမ်အား တစ်စုံတစ်ခုလုပ်မည်ကို သူမ ကြောက်မိသည်။ သို့သော် ဤ အခိုက်အတန့်တွင် ပေထင်းဟွမ် ထိန်းချုပ်သည့် ကိုးရောင်မီးတောက်သည် ပိုပို၍ပြင်းထန်လာပြိး ဟွမ်ပါ့ထျန်း၏ ဒုတိယစိတ်ဝိညာဉ်သည် ပြာအဖြစ် လောင်ကျွမ်းကာ ဟွမ်ပါ့ထျန်း၏ ခန္ဓာကိုယ်အစစ်သည် မြေပေါ်သို့ စတင်လဲကျ လေသည်။ သို့သော် ကိုးရောင်မီးတောက်မှ စုစည်းထားသည့် မြားတစ်စင်း သည် လနောက်သို့လိုက်သည့် ကြယ်တစ်စင်းအလား ဟွမ်ပါ့ထျန်း၏ခန္ဓာကိုယ် ကိုဖြတ်ပြီး ဟွမ်လျန်းဆီသို့ ထိုးဝင်လေသည်။
“အား...”
မတူညီသောအသံသည် ရောယှက်စွာဖြင့် ဒေါသတကြီးအော်ဟစ်လေ သည်။ ဟွမ်ပါ့ထျန်းအော်ဟစ်ပြီးနောက် ပြာအဖြစ်ပျောက်ကွယ်သွားပြီး ဟွမ်လျန်းသည် လက်ထဲမှလှံကိုမြှောက်ကာ ပေထင်းဟွမ်ဆီသို့လွှဲယမ်းလေ သည် “ငါ မင်းကိုသတ်မယ်”
“ငါ့ကိုသတ်မယ်ဟုတ်လား အရည်အချင်းရှိလို့လား” ပေထင်းဟွမ် နှာမှုတ်လေသည်။ သူမသည် နတ်ဘုရားအဆင့်ဖြစ်ကာ လက်ချောင်းများကို လှုပ်ရှားရန် စိတ်ထဲမရှိပေ။