နတ်မိစ္ဆာဧကရာဇ်အရှင် သူ့ကိုတွေ့ဖို့အရည်အချင်းရှိပြီလား
Vol. 81 Ch. 1609
“ဟား” ယင်းရှဲသည် ရယ်မောလေသည်။ သူမ၏ပန်းရောင်သန်းသော မျက်နှာသည် စမ်းချောင်းလေးလိုပင်။ သူမ၏ နွေဦးနှင့်တူသောမျက်လုံးများ သည် ပေထင်းဟွမ်ဆီသို့ မေတ္တာအပြည့်ဖြင့်ကြည့်နေသည်။ ဤလူငယ်သည် ရူးသွပ်နေသည်ဟု သူမ မထင်ပေ။ သူမသည် နတ်ဘုရားအဆင့်နှင့်ပင် အဆင့် ၁ အထွတ်အထိပ်ကို အလွယ်တကူသတ်နိုင်ခဲ့သည်မှာ အမှန်တကယ်ပင် တင်စီးလွန်းသည်။
ယင်းယင်းသည် ဟွမ်လျန်းအတွက် ခံစားချက်တချို့ရှိနေတုန်းပင်။ ထို့ပြင် သူမသည် သူ၏သားသုံးယောက်၏ မိခင်ဖြစ်တုန်းပင်။ ထို့ကြောင့် ဟွမ်လျန်းအားလျင်မြန်စွာ ကိုင်ပြီး ဒေါသတကြီးအော်လိုက်သည် “မရိုင်းနဲ့”
ထိုစကားများကို မမျှော်လင့်ထားမိပေ။
ဟွမ်လျန်းသည်လည်း လှန့်သွားသည်။ သို့သော် သူမသည် ဒေါသကြောင့် ဆင်ခြင်တုံတရားပျောက်ကွယ်သွားပြီဖြစ်သည် “မြို့သခင်၊ ကျွန်မက ရှင့်အတွက် သားသုံးယောက်မွေးပေးထားတာ အလကားပြ၊ အခုတော့ ကျွန်မ အစ်ကိုကြီးက အဲကောင်လက်ထဲမှာ သေတော့မလိုဖြစ်နေတာကို ရှင်က လက်စားချေမပေးဘဲ အဲကောင်ကို ကူညီပေးနေသေးတယ်”
ယင်းယင်းသည် အခက်တွေ့နေသည်။ သူသည် ပေထင်းဟွမ်ဆီသို့ လျှောက်သွားပြီး လက်အုပ်ချီလေသည် “သခင် နတ်မိစ္ဆာဧကရာဇ်အရှင်က အခု ဘယ်မှာလဲမသိဘူး”
ယန်ချန်းကိုဥပမာယူကာ ယင်းယင်းသည် သူမအား ယခုလိုဆက်ဆံသည် ကိုကြည့်ပြီး သူသည် ယန်ယဲ့ဘက်မှဖြစ်မည်ဟု ပေထင်းဟွမ် ခန့်မှန်းမိသည်။ သူ၏ ယောက်ဖဖြစ်သူကို သူမ သတ်လိုက်သဖြင့် ဤလူသည် သူမအား မယုံ တော့သည့်ပုံပင်။
ပေထင်းဟွမ်သည် နှာမှုတ်လေသည် “နတ်မိစ္ဆာဧကရာဇ်အရှင်ကို မင်း တွေ့ဖို့ အရည်အချင်းရှိလား”
လုံလောက်စွာပင် အသိစိတ်ပင်လယ်ထဲတွင် ယန်ယဲ့၏အသံသည် ဒေါသကို မျိုသိပ်ထားပြီး အေးစက်နေသည် “ဖုန်းလော့ကိုခေါ်ဖို့ သူ့ကို ပြောလိုက်”
ယန်ယဲ့ဒေါသထွက်နေသည်ကို ပေထင်းဟွမ် သိလိုက်သည်။ ယင်းယင်း သည် ဟွမ်လျန်းကဲ့သို့လူမျိုး၏ ထိန်းချုပ်ခြင်းကိုခံနေရသည်မှာ သူ အသုံးပြုချင် သည့်ပုံစံမဟုတ်ပေ “ဖုန်းလော့ဘယ်မှာလဲ”
ယင်းယင်းသည် ထိုစကားကိုကြားသောအခါ တစ်ကိုယ်လုံး တုန်ယင်သွား လေသည်။ သူ စကားမပြောနိုင်ခင်မှာပင် ငွေရောင်တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာနှင့် အနီရောင်ဝတ်ရုံကိုဝတ်ထားသည့် လူတစ်ယောက်သည် မြေပေါ်မှ ပြေးလာသည်။ သူ၏အဟုန်သည် ဓားတစ်ချောင်းလိုပင်။ သူသည် အထူးတလည် စိတ်လှုပ်ရှားနေပုံပင်။ သူသည် ပေထင်းဟွမ်ရှေ့တွင် ဒူးထောက် လေသည် “လက်အောကပ်ငယ်သား ဖုန်းလော့က ဧကရီ... သခင်ဟွမ်ကျို့ကို အရိုအသေပြုပါတယ်”
သူမအား ဘာကြောင့်ဧကရီဟုခေါ်သည်ကို ပေထင်းဟွမ်သိသည်။ သို့သော် သူမ၏နာမည်ကို ယာယီ သခင်ဟွမ်ကျို့ဟုပြောင်းထားသည်။ ဤလူ သည် သစ္စာရှိသည်၊ ဉာဏ်ကောင်းသည်။ ယင်းယင်းထက် မည်မျှသန်မာသည် ကိုတော့မသိပေ။
“အခု မင်းက ဘာတာဝန်ယူထားတာလဲ” ပေထင်းဟွမ်သည် မျက်နှာပျက် နေသည့် ယင်းယင်းကိုကြည့်ပြီး ဖုန်းလော့အားမေးလိုက်သည်။
ဟွမ်လျန်းနှင့်တခြားသူများသည် ဘာဖြစ်သွားမှန်းကိုမသိဘဲ ပေထင်းဟွမ်အား ကြောက်လန့်သောမျက်လုံးများဖြင့် ကြည့်နေကြသည်။ မြေပြင်ပေါ်တွင် မန္တလာမြို့တစ်ခုလုံးသည် အဖြစ်အပျက်ကိုမသိသေးပေ။ သို့သော် အားလုံးသည် ပေထင်းဟွမ်အတွက် ချွေးပြန်ပေးကြသူများသည် စိတ်အေးစွာဖြင့် သက်ပြင်းချကြသည်။ အထူးသဖြင့် ဟွမ်ပါ့ထျန်းသေပြီးနောက် သာမန်လူများသည် လက်ခုပ်တီးကြသည်။
ဖုန်းလော့သည် စိတ်ထဲတွင်ပျော်ရွှင်သွားလေသည်။ နတ်မိစ္ဆာဧကရီသည် အမှန်တကယ် ပြန်လာချေပြီ။ စင်မြင့်တွင်ပေါ်ထွက်လာရန် အကောင်းဆုံးဖြစ် သည်မှာ သံသယဝင်ဖွယ်ရာမရှိပေ။ သူသည် တလေးတစား ခေါင်းငုံ့ထားဆဲ ဖြစ်သည် “လက်အောက်ငယ်သားက မန္တလာမြို့ရဲ့ကာကွယ်ရေးကို တာဝန်ယူ ထားပါတယ်”
ပြောရလျှင် မန္တလာမြို့၏တပ်ဖွဲ့ကို သူ ထိန်းချုပ်ထားသည်။
ပေထင်းဧွမ် ခေါင်းညိတ်ပြီး ယင်းယင်းအား တစ်ချက်ကြည့်လိုက်သည်။ သူမ စကားပြောတော့မည်အပြုတွင် ဘေးမှယင်းရှဲသည် သူမဆီသို့ ဒူးထောက် လေသည် “အရှင် ကျွန်မအဖေက သေချာပေါက်မှားခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်မ အဖေက ဒီအတွက်နှစ်ပေါင်းများစွာ စောင့်ဆိုင်းလာခဲ့တာပါ၊ သူက ဒီအတိုင်း.. ဒီအတိုင်း..”
ယင်းရှဲသည် အနည်းငယ်ဆွံ့အမိသည်။ သခင်ဟွမ်ကျို့သည် ဤမျှ ထက်မြက်သည်။ လူတစ်ဦးအား တစ်ချက်ကြည့်ပြီးတွေးလိုက်သည်နှင့် စိတ်ကို ထိုးဖောက်မြင်နိုင်သည်။ သခင်ဟွမ်ကျို့သည် ရင့်ကျက်လိမ့်မည်ဟု သူမ မျှော်လင့်မိသည် “တစ်ခုခုမှားတာရှိရင် အဖေက အဒေါ့်ရဲ့လှည့်စားခြင်းကိုခံရ တာပါ၊ ကျွန်မအဖေကို အခွင့်အရေးပေးဖို့ သခင်ဟွမ်ကျို့ကို တောင်းဆိုပါတယ်”
“ရှဲအာ အဲဒါတွေမပြောနဲ့” ယင်းယင်းသည် ရှက်ရွံ့နေပြီဖြစ်ကာ ပေထင်းဟွမ်ဆီသို့ ဒူးထောက်လေသည် “လက်အောက်ငယ်သားက သခင့်ဆီက ယုံကြည်မှုရထားတာပါ”
ပေထင်းဟွမ်၏မျက်လုံးများသည် ဖုန်းလော့ဆီရောက်သွားသည်။ ဖုန်းလော့သည် ခေတ္တမျှတုံ့ဆိုင်းပြီးနောက် ပြောလေသည် “အရှင် သခင်ယင်းယင်းက ဒီကိစ္စမှာ ဘက်လိုက်တာကလွဲပြီး တခြားဟာတွေက အဆင်ပြေပါတယ်”