ဝူလင်းဂိုဏ်း
Vol. 81 Ch. 1611
သန့်စင်သောအရိပ်ကောင်းချီးလား။
ထိုစကားလုံးများထွက်လာသည်နှင့် မန္တလာမြို့တစ်မြို့လုံးသည် ရေဆူ သည့်ကရားတစ်လုံးလိုပင်။ ထိုသတင်းကို လူအများသိကြသည်။ သို့သော် လူသိ များသွားမည်စိုးသဖြင့် တစ်ယောက်နှင့်တစ်ယောက် မပြောပြခြင်းသာဖြစ်၏။ သခင်ဖုန်းလော့က ဒီအချိန်ကြီးမှာ ဒါပြောလိုက်တာ ဘာအဓိပ္ပာယ်လဲ။
“အရှေ့မြောက်လား” ပေထင်းဟွမ်သည် ခေတ္တမျှမှင်တက်သွားသည်။ အရှေ့မြောက်တွင် ဝူလင်းဂိုဏ်းရှိနေသည်မဟုတ်ပါလား။
ကျန်းရှီနှင့်တခြားသူများ ထိုစကားကိုကြားသောအခါ ပျော်သွားသလို ဝမ်းနည်းမိလေသည်။ သခင်ဟွမ်ကျို့သာ မြို့သခင်အိမ်တော်တွင် တည်းခိုပါက သူတို့ ဝူလင်းဂိုဏ်းသို့ မည်သို့ပြန်မည်နည်း။ ထို့အပြင် အစောက ရုတ်တရက် ပေါ်လာသည့် ထိုလူကို နတ်မိစ္ဆာဧကရာဇ်အရှင်ဟု ခေါ်ကြသည်။ သူသည် ဟွမ်ကျို့၏ ဝမ်းတွင်းပါသားရဲလား။
အားလုံးသည် အတွေးများစွာဖြင့်ရှိနေကြသည်။ ပေထင်းဟွမ်သည် ထိုမေးခွန်းများကို တစ်ခုချင်းစီ လိုက်မဖြေပေးနိုင်ပေ။
သူမသည် ဖုန်းလော့၏ကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်သည် “ငါ့မှာ လုပ်စရာကိစ္စတွေရှိသေးတယ်၊ နောက်နှစ်တစ်ဝက်နေရင် အရှေ့မြောက်က ဝူလင်းဂိုဏ်းမှာတွေ့ကြမယ်”
“ဟုတ်ကဲ့ပါ” ဖုန်းလော့သည် မငြင်းဆန်ရဲပေ။
ပေထင်းဟွမ်သည် အငြိုးမရှိဘဲနှင့် ဖုန်းလော့ဆီသို့ တစ်စုံတစ်ခုပစ်ပေး လိုက်သည်။ ဖုန်းလော့ယူကြည့်လိုက်ရာ လက်သီးဆုပ်အရွယ်အစား မှော်အရင်းအမြစ်ကျောက်တုံးဖြစ်နေသည် “မန္တလာမြေကနေ ထွက်ဖို့ မင်းပဲ ရွှေ့ပြောင်းအစီအရင်ကိုစီစဉ်ပေးပါ၊ မင်းငါ့အတွက် စစ်ဆေးပေးရမယ့် သတင်း တချို့ရှိတယ်”
ပေထင်းဟွမ်ပြောပြီးနောက်တွင် စိတ်ဝိညာဉ်ကူးပြောင်းဖြင့် သူမ၏မိဘ များအမည်ကို ပြောပြလိုက်သည်။ ထိုလူသည် ယန်ယဲ့၏လူဖြစ်သဖြင့် ယုံကြည် ရလောက်သည်။
“ဟုတ်ကဲ့ပါ” ဖုန်းလော့သည် ပျော်ရွှင်မိလေသည်။ သူသည် အဆင့်တက် ရန် မှော်အရင်းအမြစ်ကျောက်တုံးကိုမလိုအပ်သော်လည်း လက်အောက်ငယ် သားများကို အောင်နိုင်ရန် လိုအပ်သည်။ အရေးအကြီးဆုံးမှာ နတ်မိစ္ဆာဧကရီ သည် သူ့ကိုအလွန်ယုံကြည်ထားသည်။
မန္တလာမြေတွင် နှစ်တိုင်းမှော်အရင်းအမြစ်ကျောက်တုံးတချို့ ဝင်လေ့ရှိ သော်လည်း မည်သူကမှ ဤမျှကြီးမားသောမှော်အရင်းအမြစ်ကျောက်တုံးကို ထုတ်မပေးနိုင်ကြပေ။ ဧကရီသည် အရင်လိုပင် ရက်ရောတုန်းပင်။
ထွက်သွားတော့မည်အပြုတွင် ပေထင်းဟွမ်သည် သူမအား ဝမ်းနည်းကြီး စွာ ဒူးထောက်နေသော ယင်းရှဲကိုကြည့်ပြီး ဟွမ်ပါ့ထျန်း လုယူခဲ့သည့် မှော်အရင်းအမြစ်ကျောက်တုံးကို သူမ လက်ထဲထည့်လိုက်သည် “ကျေးဇူးတင် ပါတယ်”
ယင်းရှဲသည် သတိလက်လွတ်ဖြစ်သွားသည်။ ထိုသူမှာ ပေထင်းဟွမ်ဖြစ် သည်ကိုမြင်ပြီးနောက် ပို၍ပင်ဝမ်းမြောက်အံ့ဩမိသည်။ သူမ ပေထင်းဟွမ်၏ ချောမွတ်နူးညံ့သောလက်ကို ထိမိချိန်တွင် ဓာတ်လိုက်သလို ခံစားရလေသည်။ ယင်းရှဲသည် ဆောင်းဦးရေနှင့်တူသည့် မျက်လုံးများဖြင့် ပေထင်းဟွမ်အား ကြည့်လေသည် “သခင်ဟွမ်ကျို့”
ပေထင်းဟွမ်သည် ပေါ့ပါးစွာပြုံးလိုက်သည်။ ထို့နောက် ယင်းရှဲအား ချန် ကာ ထွက်သွားလေသည်။
သူမ၏နောက်ကျောပြင်သည် ယင်းရှဲ၏နှလုံးသားထဲ၌ ဓားဖြင့်ထိုးထွင်း ထားသကဲ့သို့ အမှတ်အသားကြီးချန်ထားခဲ့လေသည်။ အနာဂတ်တွင် သူမ၏ သရုပ်မှန်သည် မိန်းကလေးဖြစ်သည်ကိုသိပါက ယင်းရှဲသည် ယုံနိုင်မည်မဟုတ် ပေ။
မန္တလာမြို့၏ကာကွယ်မှုဖြင့် ပေထင်းဟွမ်တို့သည် ဝူလင်းဂိုဏ်းသို့ အလွယ်တကူရောက်လာကြသည်။
ဝူလင်းဂိုဏ်းကို ဟွာယန်းတောင်၏အခွဲ ဝူလင်းတောင်တွင် တည်ထား သည်။ ဝူလင်းနယ်တွင် အဆုံးမရှိသော မြေပြင်ရှိကာ ထိုမြေပြင်တွင် ဝူလင်းမြို့ ကိုတည်ဆောက်ထားသည်။ ခြေလှမ်းတစ်ထောင်လောက်တက်လိုက်သည်နှင့် တောင်ပေါ်တွင် တည်ဆောက်ထားသည့် ဝူလင်းဂိုဏ်းကိုမြင်ရလေသည်။
ဝူလင်းဂိုဏ်း၏ ဒုတိယသားတွေ့ပြီဆိုသည့်သတင်းသည် ဝူလင်းဂိုဏ်းဆီ သို့ပျံ့သွားပြီဖြစ်သည်။ ပေထင်းဟွမ်နှင့်တခြားသူများ ရောက်လာချိန်တွင် ကျန်းချန်နှင့် ဇနီးဖြစ်သူ ရှောင်ယန်တို့သည် တစ်ယောက်နှင့်တစ်ယောက်တွဲ ကာ တံခါးတွင်ရပ်ပြီး မျှော်ကြည့်နေသည်။ ပေထင်းဟွမ်နှင့်အဖွဲ့ကို တွေ့ ပြီးနောက် သူတို့၏မျက်လုံးများသည် ပေထင်းဟွမ်ဆီသို့သာရောက်နေကာ မျက်လုံးများသည် အံ့ဩမှုအဖြစ်ပြောင်းလေသည်။
“ကျောက်အာ” ရှောင်ယန်သည် ခင်ပွန်းဖြစ်သူကို တွန်းပစ်ကာ ပေထင်းဟွမ်ဆီသို့သွားပြီး ချက်ချင်းပင် ပွေ့ဖက်လိုက်သည် “သားလေး ဘာလို့ အခုမှပြန်လာတာလဲ၊ အမေက ဘယ်လောက်တောင် လွမ်းနေရလဲသိရဲ့လား၊ အမေက မင်းကို နှစ်တွေအများကြီးရှာနေခဲ့တာ၊ မင်းပြန်မလာရင် အမေကတော့ မင်းစိတ်နဲ့သေတော့မှာ”
ပေထင်းဟွမ်သည် မသက်မသာခံစားရလေသည်။ သူမ၏ အတိတ်နှင့် လက်ရှိဘဝတွင် မိခင်နှင့် အထိအတွေ့ အတွေ့အကြုံမရှိဖူးပေ။