← Chapters

ကမ္ဘာပေါ်မှာ မေတ္တာအမျိုးအစားထောင်ချီရှိတယ်

Vol. 81 Ch. 1612

ကမ္ဘာပေါ်မှာ မေတ္တာအမျိုးအစားထောင်ချီရှိတယ်

Vol. 81 Ch. 1612

တွန်းထုတ်တော့မည့်အပြုတွင် ရှောင်ယန်၏ နားသန်စပ်မှဆံပင်ဖြူများ ကို မြင်လိုက်ရလေသည်။ ကျင့်ကြံသူအနေနှင့် အိုမင်းပုံပေါက်နေသည်မှာ သူမ ၏ စိတ်သည် မည်မျှနာကျင်ခံစားနေရသည်ကို မြင်တွေ့နိုင်သည်။

ကျန်းချန်း၏မျက်လုံးများသည် ပေထင်းဟွမ်ပေါ်သို့ရောက်နေသည်။ ပေထင်းဟွမ်သည် အနည်းငယ်မသက်မသာဖြင့် ကျန်းချန်အားပြန်ကြည့်လိုက် သည်။ ကျန်းကျောက်ကို ကျန်းချန်ကိုယ်တိုင်ပင် သတ်ခဲ့ခြင်းပင်။ သားဖြစ်သူ ယခုလို နာကျင်ခံစားနေရသည်ကို မကြည့်ရက်ပေ။ နှစ်ပေါင်းများစွာကြာပြီး နောက် သားဖြစ်သူသည် ဤနေရာသို့မည်သို့ရောက်လာသနည်း။

“သား ရှာတွေ့ခဲ့တာလား” ပေထင်းဟွမ်သည် ကျန်းကျောက်အစစ် အလား ကျန်းချန်သည် ပေထင်းဟွမ်အား အလွန်ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လေသည်။ သူသည် ကျန်းကျောက်ကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ခြင်းပင်။

ထိုအကြည့်သည် ပေထင်းဟွမ်အား အလွန်ပင်မသက်မသာဖြစ်စေသည်။

သူသည် ရှောင်ယန်အား အစ်ကိုကျန်းရှီဆီသို့ပေးပြီး ကျန်းချန်ဆီသို့ လျှောက်သွားလေသည်။ ကျန်းချန်သည် ခန္ဓာကိုယ်ပေါ်မှဓားကို ပေထင်းဟွမ် အားပေးပြီး စိတ်အေးသောအကြည့်ဖြင့် သက်ပြင်းချလိုက်လေသည် “သား အဖေက မင်းကိုစောင့်နေတာကြာပြီ”

ပေထင်းဟွမ်သည် သူမ၏မိဘများကို တွေးမိတော့သည်။ ဤဘဝရှိ သူမ၏ မိဘများသည် ထောင့်တစ်ထောင့်တွင် ပုန်းအောင်းကာ ခက်ခဲသော ဘဝဖြင့် သူမ လာကယ်တင်မည်ကို စောင့်ဆိုင်းနေလိမ့်မည်။

ပေထင်းဟွမ်၏မျက်လုံးများတွင် မျက်ရည်များဝဲလာပြီး ကျန်းချန်၏ လက်ထဲမှဓားကိုယူလိုက်သည်။

ထိုအရာကိုကြည့်ပြီး ကျန်းရှီ မှင်တက်မိသည်။ ဤလူငယ်သည် သူ၏ ညီငယ်မဟုတ်ပေ။ သူမသည် ရည်ရွယ်ချက်ရှိရှိနှင့် ဝူလင်းဂိုဏ်းသို့လိုက်လာ သည်လား။ သို့သော် သူမသည် မန္တလာမြို့တွင်ပင် အရိုအသေပြုခံရသောလူမျိုး ဖြစ်ရာ ဝူလင်းဂိုဏ်းတွင် မည်သို့လုပ်နိုင်မည်နည်း။

“ညီလေး ၂” ကျန်းရှီသည် သတိပေးသည့်အသံနှင့်ခေါ်လိုက်သည်။ သူ၏ မှားယွင်းသောဆုံးဖြတ်ချက်ကြောင့် မိဘကိုမသေစေချင်ပေ။

ကျန်းရှီသည် မိခင်ကို ညီငယ် ၃ ဆီသို့ပေးပြီး အမြန်ပြေးလာသည်။ ထိုအချိန်တွင် ရှောင်ယန်သည် စိတ်လှုပ်ရှားနေသော်လည်း ခင်ပွန်းဖြစ်သူနှင့် ပြန်လာသောသားဖြစ်သူတို့သည် ထူးဆန်းစွာ ပြုမူနေကြသည်ကိုမြင်လိုက်ရ သည်။ သူသည် ရှိုက်ပြီးနောက် ခင်ပွန်းဖြစ်သူကို ကြည့်လိုက်သည်။

ပေထင်းဟွမ်သည် လက်ထဲတွင်ဓားရှည်ကို ကိုင်ထားသည်။ ဤလူသည် သူ၏သားမဟုတ်သည်ကိုပင် မသိဘဲ ဓားပေးသည်ကို သူမ မယုံနိုင်သေးပေ။ သူသည် သေရန်ဆုံးဖြတ်ထားခြင်းလည်း ဖြစ်နိုင်သည်။ ပေထင်းဟွမ် ပြုံးလိုက် သည် “ကျွန်တော့်နာမည်က ဟွမ်ကျို့ပါ၊ ဘဝမှာ ဖျက်မရတဲ့အရာက ဝိညာဉ်လို့ ပြောကြတယ်၊ ဘယ်လောက်ပဲ ပြန်ဝင်စားပါစေ ဝိညာဉ်က ဘယ်တော့မှ မပြောင်းလဲဘူး၊ ဒီကမ္ဘာမှာ သားသမီးကို သူတို့မိဘကပဲပိုင်တယ်၊ ဘယ်မိဘ ကမှ သားသမီးကို အားနာနေဖို့မလိုဘူး၊ ခင်ဗျားလို အဖေမျိုးရှိတာ သူ့ရဲ့ ကောင်းချီးဖြစ်သလို ကျွန်တော့် ကောင်းချီးဆိုလည်းဟုတ်တယ်”

ဒီစကားတွေက ဘာအဓိပ္ပာယ်လဲ။ ပေထင်းဟွမ်က သူ့သားဖြစ်ချင်နေ တာလား။

သူသည် သားဖြစ်သူကို ဆုံးရှုံးခဲ့ကာ တော်လွန်းသည့်သားနောက်တစ် ယောက်ရခဲ့သည်။ နတ်ဘုရားသည် သူအား ကရုဏာသက်သည်လား။ သူသည် သားဖြစ်သူကို ကိုယ်တိုင်လက်ဖြင့်သတ်ခဲ့သည်။ သို့သော် နတ်ဘုရားသည် သူ့ကို အပြစ်မပေးဘဲ သားတစ်ယောက်ပေးခဲ့သည်လား။

“ကမ္ဘာပေါ်မှာ မိုးကြိုးလို၊ မိုးစက်တွေလို မေတ္တာအမျိုးအစား ထောင်ချီရှိ ပါတယ်၊ ရင်ထဲကနေ ချစ်မြတ်နိုးသရွေ့ အပြစ်မကင်းခံစားရတာမျိုး လက်မလွှတ်နိုင်တာမျိုး ခံစားနေဖို့မလိုပါဘူး” ပေထင်းဟွမ်သည် ပြောပြီးသည် နှင့် ဓားကို သူ့ဆီသို့ပြန်ပေးကာ ပြုံးပြီးပြောလိုက်သည် “အဖေ ဒီဓားက သာမန် ပါပဲ၊ ကျွန်တော် လက်နက်သန့်စင်သူဖြစ်နေမှတော့ ဒီဓားကို ကျွန်တော်ပြန် မွမ်းမံပေးရင်ရော”

“ဒါ ဒါက...”

အလှည့်အပြောင်းအောက်တွင် ကျန်းချန်သည် စိတ်လှုပ်ရှားလွန်းသဖြင့် ဘာပြောရမည်ကိုမသိတော့ပေ။ ရှောင်ယန်သည် ထပ်မံအသက်ဝင်လာသည့်ပုံ ပင်။ သူမသည် လျှောက်လာပြီး ခင်ပွန်းဖြစ်သူအား လက်တစ်ဖက်ဖြင့် ဆုပ်ကိုင် ကာ နောက်တစ်ဖက်ဖြင့် ပေထင်းဟွမ်အား ဆွဲလိုက်သည် “ကလေးက ကျေပွန် ချင်နေတာ၊ ရှင်က ငြင်းဦးမလို့လား၊ ရှင် ငြင်းရဲရင် ကျွန်မရိုင်းလို့ အပြစ်မဖို့နဲ့နော်”

ရှောင်ယန် ပြုံးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ကျန်းကျောက် ပျောက်သွားပြီးနောက် ပထမဆုံးအကြိမ်ပြုံးခြင်းပင်။ သူမ၏မျက်လုံးများသည် ပေထင်းဟွမ်၏မျက်နှာပေါ်သို့ ရောက်နေပြီး အကြည့်မလွှဲပေ။

ဒါသည် သားသမီးအပေါ်ထားသည့် မိဘများ၏မေတ္တာသည်လား။ ပေထင်းဟွမ်သည် မိဘများကို ပိုပိုပြီးရှာချင်လာသည်။

All Chapters