ယန်ယဲ့ရဲ့ ဝမ်းတွင်းပါစာချုပ်သားရဲဖြစ်ချင်တယ်
Vol. 81 Ch. 1614
ကျန်းရှီသည် ပေထင်းဟွမ်အား ကြည့်ပြီးပြောလေသည် “ငါသိတယ် မင်းက ကောင်းတဲ့ကိစ္စလုပ်တာပဲ၊ ငါ့အမေက အဲလောက်တုံးအတဲ့လူမဟုတ် ဘူး၊ ငါတို့ သူမကို ဖုံးကွယ်ထားတာကို ဝမ်းမနည်းပါနဲ့၊ အဖေနဲ့အမေတို့က မတုံးအပါဘူး၊ သူတို့က အနယ်ထိုင်ဖို့အတွက် အကြောင်းအရင်းတစ်ခုလိုနေရုံ ပါ”
“ကောင်းတယ်” ပေထင်းဟွမ်သည် ခေါင်းညိတ်ပြီးပြောလိုက်သည် “နားလည်ပါတယ်”
ပေထင်းဟွမ်သည် ကျန်းရှီဆီသို့ ဆေးတစ်လုံးပေးလိုက်သည် “ဒါက ငါ မင်းကိုကတိပေးထားတဲ့ မီးတောက်ဆေးပဲ၊ မင်းအဖေက အခုတော့လိုဦးမှာ မဟုတ်ဘူး၊ နောက်ဆိုရင်တော့ လိုလာလိမ့်မယ်”
သူတို့ မီးတောက်ပန်းကို အတူယူခဲ့စဉ်က ဝူလင်းဂိုဏ်းသာ ကူညီပြီး မီးတောက်ပန်းခူးပေးမည်ဆိုပါက ပေထင်းဟွမ်သည် သူတို့အား မီးတောက် ဆေး ဆုပေးမည်ဟု ပြောခဲ့ဖူးသည်။ မထင်မှတ်စွာပင် ပေထင်းဟွမ်သည် လျင်မြန်စွာ ထုတ်လာသည်။ သူမသည် အမှန်တကယ်ပင် အဂ္ဂိရတ်ပညာရှင် ပင်။
ကျန်းရှီသည် ငွေထုတ်ပိုက်မိသလိုခံစားရလေသည်။ “ဒါ ဒါက... ငါ ယူလို့ ရရဲ့လား၊ ဝူလင်းဂိုဏ်းမှာ မီးတောက်ဆေးရှိတာ အပြင်ကလူတွေသိရင် ဝူလင်း ဂိုဏ်းကို နင်းခြေသွားကြမှာပေါ့”
ပေထင်းဟွမ်သည် ထိုအကြောင်းကို ဂရုမစိုက်ပေ “အခုကစပြီး နောက် ၆ လအထိ ငါ တံခါးပိတ်ကျင့်ကြံမယ်၊ အရေးကြီးတာမဟုတ်ရင် လာမခေါ်ပါနဲ့”
သူမသည် သားတစ်ယောက်ဖြစ်ပေးရန် ဝူလင်းဂိုဏ်းသို့လာခြင်းမဟုတ် ဘဲ ကျင့်ကြံရန်တိတ်ဆိတ်သောနေရာရှာချင်၍ဖြစ်သည်။ ထိုအရာကပင် သူမ၏ မူလရည်ရွယ်ချက်ဖြစ်သည်။
ကျန်းရှီသည် ထိုစကားကိုကြားရသည်နှင့် အလျင်စလိုထွက်သွားလေ သည်။
အသိစိတ်ပင်လယ်ထဲတွင် ယန်ယဲ့သည် ကျားဖြူတိုင်ကိုမှီထားသည်။ သူ့ရှေ့မှ မင်ယန်ဒယ်စောက်မှာရှိနေသေးသည်။ သူသည် နစ်နာသလိုခံစားရ သဖြင့် ဝမ်းနည်းသောအသံဖြင့်ပြောလေသည် “ဟွမ်အာ ကိုယ် မီးတောက်ဆေး သုံးလုံးသန့်စင်ထားတာ၊ မင်းက တစ်လုံးမှလည်းမရသေးဘူး ကိုယ့်ကို ကျေးဇူး မတင်ချင်ဘူးလား”
ပေထင်းဟွမ်သည် လက်မြှောက်ကာ နဖူးပေါ်သို့တင်လိုက်သည် “အစကနေ အဆုံးထိ ရှင့်စကားပဲနားထောင်တာမဟုတ်ဘူးလား၊ ရှို့ဟွမ်ကို သန့်စင်ပြီးတော့ စောစောအဆင့်တက်တယ်လေ၊ ရှင်ကရော၊ အဲဒီငှက်စုတ်ကို ဘာလုပ်လိုက်လဲ”
ငှက်ကျိုးသည် စီဖုန်းနတ်ဘုရားအကျဉ်းထောင်နှင့် ယန်ယဲ့အကြောင်းသိ လိုက်ချိန်မှစပြီး ယန်ယဲ့၏သားရဲဖြစ်ချင်သည်ဟု အော်ဟစ်ငိုယိုနေသည်။ ထိုငှက်ကျိုးမဟုတ်လျှင် ယန်ယဲ့တွင် ဝမ်းတွင်းပါသားရဲရှိတော့ပါ့မလားမသိ ပေ။
ထိုငှက်ကျိုးသည် ထိုရာထူးကိုအလွန် နှစ်သက်ပုံရသည်။
သူသည် ယန်ယဲ့၏ဝမ်းတွင်းပါ စာချုပ်သားရဲဖြစ်ချင်နေသည်။ သူမသည် ထိုငှက်ကျိုးကို အလွန်မုန်းတီးသည်။ သူသာ ယန်ယဲ့၏ဝမ်းတွင်းပါစာချုပ် သားရဲဖြစ်လာမည်ဆိုပါက အနာဂတ်တွင် သူတို့အတူရှိသွားရမည်ဟု ဆိုလို သည်မဟုတ်ပါလား။
“ငှက်ကျိုး မင်းက အကြံကြီးတာပဲ” ပေထင်းဟွမ်သည် ဒေါသတကြီး ပြောလေသည်။
ချင်းညောင်သည် ဒေါသထွက်နေသည်။ သို့သော် ဤအခိုက်အတန့်တွင် သူသည် တခြားသူကို အကူအညီတောင်းရသည်ဖြစ်၍ ခေါင်းငုံ့ကာ ပေထင်းဟွမ်အား ဆက်တိုက်တောင်းပန်နေသည် “ငါက ဝိညာဉ်နတ်ဘုရားကို မုန်းရုံတင်ပါ၊ မင်းထဲမှာ ဝိညာဉ်နတ်ဘုရားအငွေ့အသက်ရှိနေတာလေ၊ အဲဒီ အငွေ့အသက်ကြောင့်ပဲ မင်းကို အထင်လွဲသွားတာပါ၊ ပြီးတော့ မင်းက ဘာမှ ဆုံးရှုံးလိုက်တာလည်းမဟုတ်ဘူးလေ၊ ပြီးတော့ ငါ့ကိုတောင် မင်း အနိုင်ကျင့် သေးတယ်၊ ငါ့မှာ အခုထိ ငှက်မွေးတစ်ချောင်းမှ ပြန်မပေါက်သေးဘူး”
ငှက်မွေးကျိုးသွားတယ်ဟုတ်လား။ ပေထင်းဟွမ်သည် အထွတ်အထိပ် လက်နက်တစ်ခု သန့်စင်နေသည်ကို ရုတ်တရက် သတိရသွားသည်။
“မင်း သူ့ရဲ့စာချုပ်သားရဲဖြစ်ချင်တယ်ဆိုရင် ငါ့ကို နောက်ထပ် ငှက်မွေး တစ်ချောင်းထပ်ပေးရမယ်” ပေထင်းဟွမ် နှာမှုတ်လိုက်သည် “မဟုတ်ရင် လုံးဝ မစဉ်းစားနဲ့”
ငှက်ပြာသည် ရူးသွပ်မတတ်ပင် “ငါ ဘယ်သူလဲဆိုတာ မင်းသိရဲ့လား၊ ငါ ဘယ်ကလာတာလဲဆိုတာ သိလား၊ ကမ္ဘာပေါ်မှာ ဘယ်လိုလုပ် မင်းလို မိန်းကလေးမျိုးရှိနေရတာလဲ၊ တခြားယောက်ျားတွေဆိုရင် သူများကို ကူညီစိတ်ရှိတယ်၊ ဒါပေမဲ့ မင်းက မင်းကိုယ်မင်းပဲ ကူညီနေတာပဲ”
“ငါကြိုက်တယ် ငါလိုချင်တယ် မင်း ငါ့ကိုဘာလုပ်နိုင်မှာလဲ” ပေထင်းဟွမ် သည် အေးစက်စွာနှာမှုတ်လိုက်သည် “ဒါက မင်းရဲ့လွတ်မြောက်ရေးအစီအစဉ် ဆိုတာ ငါမသိဘူးထင်နေလား၊ မင်းက ဘိုးဘေးကျောင်းတုံးထဲမှာ မနေချင်ဘူး၊ အဲတော့ စာချုပ်သားရဲဖြစ်ချင်တယ်လို့ပြောနေတယ်၊ ငါက အရူးလို့ထင်နေတာ လား၊ ငှက်မွေးမနှုတ်ပေးချင်ဘူးလား၊ ဟုတ်ပြီ ဒါဆိုလည်း သခင်အစေခံစာချုပ် လုပ်လိုက်တော့”