Chapters

နွေးထွေးမှု

Vol. 81 Ch. 1613

နွေးထွေးမှု

Vol. 81 Ch. 1613

ညနေခင်းတွင် ရှောင်ယန်သည် စားသောက်ပွဲကျင်းပရန် မီးဖိုဆောင်သို့ အလျင်စလိုသွားလေသည်။ မိသားစုတွေ့ဆုံပွဲကို ပန်းခန်းမတွင် ကျင်းပလိမ့် မည်။ ပေထင်းဟွမ်သည် သန့်စင်ပြီးသားဓားကိုကိုင်ပြီး အစေခံမိန်းမပျိုနောက် မှ ရောက်လာသည်။ ဝူလင်းဂိုဏ်းသည် နှစ်သစ်ကိုဂုဏ်ပြုနေသလားဟုပင် သူမ ခံစားရသည်။

ဓားသည် အရှင်ကြီးအဆင့်ဓားဖြစ်သည်။ သားဖြစ်သူသည် အရှင်ကြီးအဆင့် လက်နက်သန့်စင်သူဖြစ်နေလိမ့်မည်ဟု ကျန်းချန် ထင်မထား ပေ။ ပေထင်းဟွမ်ဆီမှ အရှင်ကြီးအဆင့်ရတနာကို လက်ခံပြီးနောက် ခွန်အား နည်းသော ကျန်းရှန်ပင်လျှင် မှင်တက်နေလေသည် “အစ်ကို ၂ တော်တော် စွမ်းတာပဲ ငါ့အတွက်လည်း တစ်ခုလောက်သန့်စင်ပေးပါဦး”

“ကလေး မင်းရဲ့အစ်ကို ၂ ကအခုမှပြန်ရောက်တာ၊ ဘာလို့ သွားတောင်းဆိုနေတာလဲ၊ သူ့ကို အေးဆေးနေပါစေဦးလား”

ပေထင်းဟွမ် မပြောနိုင်ခင်မှာပင် ရှောင်ယန်သည် ကျန်းရှန်အား စတင် ငေါက်ငမ်းတော့သည်။ ကျန်းရှန်သည် မိခင်ဟုတ်ပါ့မလားဟုပင် မယုံနိုင်ပေ။ ချက်ချင်းပင် သူသည် ခုံပုလေးကို ရွှေ့သွားလေသည် “အမေ သားက အမေ့သား ရောဟုတ်ရဲ့လား”

ပေထင်းဟွမ်သည် ဤကဲ့သို့လေထုတွင် အနည်းငယ် မသက်မသာဖြစ်မိ သည်။ မိသားစုနွေးထွေးမှုသည် သူမအတွက် မဟုတ်ခဲ့ပုံပင်။ ရှောင်ယန်သည် ကျန်းရှန်အား ဆူငေါက်ချင်သော်လည်း သူမကို တားလိုက်သည် “ငါ အခန်းကို ပြန်ပြီးရင် လုပ်လာပေးမယ်၊ ဘယ်လိုလက်နက်လိုချင်တာလဲ သန့်စင်ပေးမယ် လေ”

ကျန်းချန်သည် သူ၏ဓားကိုကိုင်ထားသည်။ သွေးအနည်းငယ်ချပြီး ပိုင်ရှင် အဖြစ် အသိအမှတ်ပြုပြီးနောက် ဓားတွင် မှော်အရည်အချင်းများ၊ သွေးဆာမှု၊ ရှုပ်ထွေးမှု၊ အဆိပ်၊ အရှိန်အဟုန်နှင့် ခိုင်ခံ့မှု အားလုံးပေါင်း ဂီယာသွား ၁၁ ခု၊ အရည်အချင်းတစ်ခုချင်းစီတွင် ဂီယာ နှစ်ခု၊ သွေးဆာသည့်ဂီယာသုံးခုရှိသည်ကို တွေ့လိုက်ရသည်။ သူသည် ပျော်ရွှင်မိသည်။ ဤနှစ်ပိုင်းများတွင် ယခုကဲ့သို့ မပျော်ရွှင်ဖူးပေ။

ရုတ်တရက်ပင် ကျော်ဖြတ်ရန်မဖြစ်နိုင်သည့် အတားအဆီးသည် ယခုအခါ အနည်းငယ်လျော့သွားသည်ဟု ခံစားရသည်။ သူ စိတ်ဖွင့်ရန်လိုအပ် နေသည့်အရာပင်။

သူသည် ရုတ်ခြည်းထရပ်လိုက်ကာ ရှောင်ယန်အား အားနာနာဖြင့် ပြော လေသည် “သခင်မ ကျုပ်အဆင့်တက်တော့မယ်၊ တောင်းပန်ပါတယ် ကလေး တွေကိုခေါ်ပြီး အရင်စားသောက်နှင့်ကြ၊ နောက်နေ့မှ မင်းတို့နဲ့ စကားပြောမယ်”

ပေထင်းဟွမ် စိတ်မကောင်းဖြစ်မည်ကို ရှောင်ယန် စိုးရိမ်သဖြင့် အလျင်အမြန်ပင် ရှင်းပြလေသည် “မင်းအဖေက မင်းအိမ်ကထွက်သွားက တည်းက အဆင့်မတက်တာ နှစ်တွေကြာနေပြီ၊ စိတ်မဆိုးပါနဲ့...”

ပေထင်းဟွမ်သည် ပြုံးလိုက်သည်။ ကျန်းချန်သည် နတ်ဆိုးကို ဖြေဖျောက်နိုင်ပြီး ခွန်အားအဆင့်တက်နိုင်ပြီဖြစ်သည်။ သူမသည် သူ့အတွက် ပျော်ရွှင်မိသည်။ ယခုအခါ သူမသည် သူတို့အား မိဘများအဖြစ် အသိအမှတ်ပြု ပြီး တာဝန်ကျေပွန်အောင် နှလုံးသားနှင့်ရင်း၍လုပ်ဆောင်မည်ဖြစ်သည်။ သူမ သည် ပြုံးပြီးပြောလိုက်သည် “အဖေ့မှာ ဒီလောက်ကောင်းတဲ့ကိစ္စရှိတာကို၊ ကျွန်တော်ပျော်ပါတယ်၊ အရင်စားကြတာပေါ့၊ စားပြီးရင် ညီလေးအတွက် လက်နက်သန့်စင်ပေးမယ်လေ”

“သူပြောတာ နားထောင်မနေနဲ့၊ သူက ဒီအတိုင်းဂျီကျတာ၊ ကောင်းကောင်းလည်း မလေ့ကျင့်ဘူး...”

စားသောက်ရင်းနှင့် ရှောင်ယန်သည် ပေထင်းဟွမ် မစားမည်ကို စိုးရိမ်သဖြင့် ပေထင်းဟွမ်အား ဟင်းသီးဟင်းရွက် များဆက်တိုက်ထည့်ပေး သည်။ ပေထင်းဟွမ်သည် သူမ၏မေတ္တာကိုခံစားမိကာ ရင်ထဲတွင် အပြစ်မကင်းသလိုခံစားရလေသည်။ ထို့အပြင် သူမသည် ရှောင်ယန်၏သား မဟုတ်ပေ။

စားပြီးသည့်နောက်တွင် ပေထင်းဟွမ်သည် ထွက်သွားရန်ပြင်လေသည်။ ရှောင်ယန် သူမအတွက် ပြင်ဆင်ပေးထားသည့် အနောက်ဘက်ခြံသို့ သွားရာ ကျန်းရှီနှင့် ကျန်းရှန်တို့လိုက်လာလေသည်။

ပေထင်းဟွမ်သည် သူတို့အတွက် အလွယ်တကူပင် လက်နက်သန့်စင် ပေးလေသည်။ သူတို့နှစ်ယောက်အတွက် အရှင်ကြီးအဆင့်လက်နက်နှင့် နတ်ဘုရားအဆင့် လက်နက်တို့ သန့်စင်ပေးရာ ရတနာတစ်ပါးရလိုက်သလို ခံစားရလေသည်။ ပေထင်းဟွမ်အား နတ်ဘုရားတစ်ပါးလိုကြည့်ကြလေသည်။

ကျန်းရှန်သည် ဓားကိုကိုင်ပြီး ရှောင်ယန်အားပြရန်ထွက်သွားလေသည်။ သို့သော် ပေထင်းဟွမ်သည် ကျန်းရှီအား ပြောလေသည် “ငါ နောက်နှစ်ဝက်ဆို ထွက်သွားတော့မှာ မင်းအမေကို ဘာပြောမှာလဲ”

ကျန်းရှီသည် ပေထင်းဟွမ် သူ၏မိခင်ကို လိမ်လည်ရသည့်အတွက် အပြစ်ခံစားနေရသည်ကို သိသည်။ ထိုအချိန်တွင် သူ သက်ပြင်းချလေသည်။ ပေထင်းဟွမ်သည် ပြတ်သားသော်လည်း သူသည် ကြည့်ရမည့်အရာရှိသေး သည်။ ဤကဲ့သို့လူသည် စိတ်အေးအောင်လုပ်ရမည် “မင်းက အမြဲတမ်း ငါ့ညီ ၂ ပါပဲ၊ အခုပဲဖြစ်ဖြစ် အနာဂတ်မှာပဲဖြစ်ဖြစ် ဝူလင်းဂိုဏ်းရဲ့ ဒုသခင်လေးပဲ”