နှုတ်ခြင်း
Vol. 81 Ch. 1615
ငှက်ပြာသည် နောက်ဆုံးတွင် ပေထင်းဟွမ်အတွက် ငှက်မွေးနှုတ်ပေးရ တော့မည်။
သူသည် နတ်မိစ္ဆာနတ်ဘုရား၏ စာချုပ်သားရဲဖြစ်သည်။ သူသည် ဤ အဘိုးဘေးကျောက်တုံးတွင် ခြေချုပ်မမိပါက ကမ္ဘာပေါ်သို့အော်လိုက်မည်ဆိုပါ က သူနှင့်စာချုပ်တည်ထောင်ချင်သူများသည် ငိုယိုလူးလှိမ့်နေကြလိမ့်မည်။ သို့သော် ယန်ယဲ့မပါဝင်ပေ။
“သူမ သဘောမတူရင် ငါလည်းမတတ်နိုင်ဘူး”
“ငါက လူပျိုမဟုတ်တော့ဘူး၊ ထိန်းချုပ်မှုအောက်ရောက်နေပြီ၊ မင်း ငါ့ရဲ့ စာချုပ်သားရဲဖြစ်ချင်ရင် သူမ သဘောတူအောင် ပြောလိုက်”
ချင်းညောင်သည် မတတ်သာတော့ပေ။ သူသည် ပေထင်းဟွမ်၏ စာချုပ် သားရဲမဖြစ်ချင်ပေ။ သူနှင့်မင်သည် အရင်ကပင် မတည့်ခဲ့ပေ။ အထူးသဖြင့် သူသည် မင်၏အသွင်အပြင်ကို သဘောမတွေ့ပေ။ သူသည် ယောက်ျားတစ် ယောက်အနေနှင့် လှပလွန်းသည်မှာ အကြီးအကဲများကို မနှစ်မြို့စရာဖြစ်စေ သည်။
ချင်းညောင်သည် တွန့်ဆုတ်စွာဖြင့် ငှက်မွေးတစ်ချောင်းနှုတ်ကာ ပေထင်းဟွမ်အားပေးလိုက်သည်။ သူသည် ယန်ယဲ့၏ ဝမ်းတွင်းပါစာချုပ်သားရဲ ဖြစ်ရန် ခွင့်ပြုချက်ရသွားလေပြီ။
တစ်လကြာပြီးနောက် ကျန်းချန်သည် အထွတ်အထိပ်အဆင့်ကို ကျော်ဖြတ်နိုင်ကာ အရှင်ကြီးအဆင့်သို့တက်သွားပြီး လှုပ်ရှားမှုများဖြစ်စေလေ သည်။ ထို့အပြင် လွန်ခဲ့သည့်သုံးရက်က ချင်းချန်းတောင်မှလူများသည် စက်ဝန်းချောက်အစွန်တွင် အရည်မပျော်သေးသည့် ခါးပါတ်တစ်ခုကို တူးဖော် ရရှိလေသည်။ ထိုခါးပတ်သည် ချင်းချန်းတောင်တပ်သား၏ သင်္ကေတဖြစ်သည်။
ဆိုလိုသည်မှာ စက်ဝန်းချောက်အထက်၊ ချော်ရည်များအောက်တွင် ဂိုဏ်း ကြီးလေးခုမှလူများ နစ်မြုပ်ခဲ့သည်။
သို့သော် အတွင်းပိုင်းနတ်ဆိုးကြောင့် နှစ်ပေါင်းများစွာအဆင့်မတက်ခဲ့ သည့် ကျန်းချန်သည် ရုတ်တရက် အထွတ်အထိပ်အဆင့်ဖြစ်လာသည်။ ဝူလင်းဂိုဏ်းတစ်ခုလုံးသည် ညကြီးမင်းကြီးမှာပင် ဝိုင်းလာကြသည်။ တံခါးရှေ့ ရှိလွင်ပြင်တွင် ဂိုဏ်းအမျိုးမျိုးမှလူများ စုဝေးလာကြသည်။
မန္တလာမြို့ပင်လျှင် သတင်းကြားပြီးနောက် အပြေးရောက်လာကြသည်။
“သခင်ဟွမ်ကျို့က ဝူလင်းဂိုဏ်းမှာရှိနေတာ၊ ပြီးတော့ ဒီတစ်ခေါက် သန့်စင်သောအရိပ် ကောင်းချီးကလည်း ဝူလင်းတောင်မှာပေါ်မှာ၊ အရင်ဆုံး ဝူလင်းတောင်မှာ အခြေချပြီး အခြေအနေကြည့်ကြတာပေါ့”
မန္တလာဂိုဏ်းမှ တိုက်ပွဲများကို တစ်ခါမှ ဝင်စွက်ဖက်လေ့မရှိသည့် မန္တလာမြို့မှလူများအားလုံးကိုကြည့်ပြီး ထျဲဖုန်းရှန်နှင့်တခြားအင်အားစုများ သည် ထူးဆန်းသည်ဟုထင်ကြသည်။ သန့်စင်သောအရိပ်ကောင်းချီးကို တွေး လိုက်ပြန်လျှင်လည်း အကျိုးအကြောင်းသင့်သည်ဟုထင်ကြသည်။
သန့်စင်သောအရိပ်ကောင်းချီးသည် မန္တလာမြေတွင် အဓိကကျသည်။ လွန်ခဲ့သည့်နှစ်တစ်သောင်းက ပတ္တမြားကမ္ဘာမှ သုံးဘုံအဖြစ်ကွဲသွားစဉ်က နှစ် ၁၀၀ တိုင်းတွင် ကမ္ဘာမြေကြီးပေါ်တွင် အလင်းတစ်ခုပေါ်ခဲ့သည်။ ရောင်စုံ အလင်းတန်းသည် သက်တန့်တံတားကဲ့သို့ ကမ္ဘာမြေကြီးနှင့် ကောင်းကင်ကို ဆက်သွယ်ပေးသည်။
ဟုန်ချောင်ပေါ်လာပြီးနောက် နှစ်ဝက်အကြာတွင် မှော်နှင့်ဝိညာဉ် စွမ်းအားပေါ်လာခဲ့သည်။ လူ ၁၀ ယောက်သည် အလင်းထွက်ပေါ်သည့်နေရာ တွင်ရပ်နေကြသည်။ ထိုလူများသည် သည်တစ်ခေါက် အနည်းဆုံးတစ်ဆင့် တက်ကြသူများဖြစ်ကြသည်။
သန့်စင်သောအရိပ်ကောင်းချီးမရသည့် စွမ်းအသည် တခြားစွမ်းအင်များ နှင့် ကွာခြားသည်။ သန့်စင်သောအရိပ်ကောင်းချီး လက်ခံရရှိသူများသည် အနာဂတ်တွင် မှော်အရင်းအမြစ်ကျောက်တုံးကို အသုံးပြုရန်မလိုပေ။
ပင်မတိုက်တွင် အဓိအင်အားစုများသည် သူတို့ဂိုဏ်း၏နောက်မျိုးဆက် များကို အနိုင်ရထားသည့်နေရာများကို ပေးကြသည်။ ခွန်အားနည်းလျှင် အဆင့်တက်အောင်လုပ်ကြသည်။ ဆန့်ကျင်ဘက်အနေနှင့် အထွတ်အထိပ် အဆင့်ရောက်သူများသည် ထိုမျှအကျိုးအမြတ်ကြီးကြီးမားမားမရပေ။
အထွတ်အထိပ်အဆင့်သို့ဝင်ပြီးနောက် စွမ်းအင်စုဆောင်းခြင်းသည် အရေးမကြီးတော့ဘဲ စိတ်ကိုနားလည်ခြင်းသည် အဓိကသော့ချက်ဖြစ်သည်။
ဝူလင်းတောင်ပတ်ပတ်လည်တွင် တဲပေါင်းများစွာ ရောက်နေပြီဖြစ်၏။ သန့်စင်သောအရိပ်ကောင်းချီး မတိုင်ခင်တွင် ပွဲကြီးပွဲကောင်းကြည့်စရာရှိနေ သည်။ ထိုအင်အားစုများသည် စင်မြင့်ကိုမကြောက်ကြပေ။ အရေးအကြီးဆုံးမှာ ပြီးခဲ့သည့်လက အဓိကဂိုဏ်းလေးခုသည် သက်ဆိုင်ရာဆက်ခံသူများ အပါအဝင် အားကောင်းသောစစ်သူကြီးများစွာကို ဆုံးရှုံးခဲ့ရသည်။ ဂိုဏ်းလေးခု သည် စည်းစည်းလုံးလုံးနှင့် မန္တလာမြေတစ်ခုလုံးကို မြေလှန်ရှာသော်လည်း ဘာမှမတွေ့ပေ။ ထို့ကြောင့်ပင် တခြားသူများ အလွန်သိချင်လာသည်။ အဲလူက ကမ္ဘာကြီးခန့်မှန်းသလို တကယ် သေသွားပြီလား။