← Chapters

ဝူလင်းဂိုဏ်းအဝိုင်းခံနေရပြီ

Vol. 81 Ch. 1616

ဝူလင်းဂိုဏ်းအဝိုင်းခံနေရပြီ

Vol. 81 Ch. 1616

သူသေသွားလျှင် ဂိုဏ်းကြီးလေးခုအတွက် ကြီးမားသောဆုံးရှုံးမှုကြီးဖြစ် လိမ့်မည်။

မိသားစုတစ်စုဖြစ်စေ ဂိုဏ်းတစ်ခုဖြစ်စေ ဆက်ခံသူအဖြစ် ကျင့်ကြံရန်မှာ မလွယ်ကူလှပေ။ ထို့အပြင် သူသည် မိမိဘာသာရပ်တည်နိုင်သည့် ဆက်ခံသူ ဖြစ်သည်။

ထို့အပြင် အားလုံးသိချင်သည့်အရာမှာ ဂိုဏ်းလေးဂိုဏ်းကို သတ်သွား သည့် ဆက်ခံသူသည် မည်သူနည်း။ ဤအချိန်တွင် ဝူလင်းဂိုဏ်းကို အားလုံးဝိုင်း လိုက်လျှင်တောင် ဝူလင်းဂိုဏ်းလုပ်သည်ဟု ဂိုဏ်းပိုင်ရှင်အပါအဝင် မည်သူမှ မယုံကြည်ပေ။

လွန်ခဲ့သည့်တစ်လက ဝူလင်းဂိုဏ်းခေါင်းဆောင်သည် အရှင်ထိပ်ဆုံး အဆင့်သာဖြစ်ခဲ့ကာ ဂိုဏ်းလေးခုမှ ဆက်ခံသူများနှင့် သူတို့ခေါ်လာသော တပ်သားများသည် အားလုံးပေါင်း အယောက် ၁၀၀ ကျော်ရှိသည်။ အရှင်ထိပ်ဆုံးအဆင့်လောက်သည် လက်ကို တတ်နိုင်သမျှမြန်မြန်လှုပ်ရှားလျှင် တောင် မဖြစ်နိုင်သလောက်ပင်။

ပေထင်းဟွမ်ထွက်သွားပြီးနောက်တွင် ကျန်းချန်သည် မန္တလာမြို့သို့သွား ရင်း ဇနီးဖြစ်သူနှင့် ပျော်ရွှင်စွာစကားပြောနေသည် “ဒီကလေးက ငါ ခွန်အား ဖိနှိပ်ခံထားရတာကို ကြိုးစားပေးရှာတယ်၊ ရှန်အာသာ သူ့လောက် တစ်ဝက် လောက်ကြိုးစားရင် ငါ စိုးရိမ်စရာမရှိတော့ဘူး”

ထိုအချိန်တွင် ကျန်းရှန်သည် ပေထင်းဟွန် သန့်စင်ပေးထားသော ဓားရှည်ကိုကိုင်ထားပြီး တပ်သားတစ်ယောက်နှင့် တိုက်ခိုက်နေသည်။ လက်ထဲ မှ မှော်လက်နက်ကိုအားကိုးပြီး ပြိုင်ဘက်၏ဓားကို ဂုဏ်ယူစွာဖြင့် အကြိမ်ပေါင်းများစွာ ခုတ်နေသည်။

ကျန်းရှန်သည် ထိုသို့မတွေးပေ “အစ်ကိုကြီးနှစ်ယောက်က ကျွန်တော့်ကို ကာကွယ်ပေးရင် နတ်ဘုရားအဆင့်ကိုတက်ပြီး ထာဝရအသက်ရှင်လို့ရမှာပါ၊ အဲလောက်ဆိုလုံလောက်ပြီ၊ ခွန်အားသန်မာလေလေ မတော်တဆဖြစ်ဖို့ ပိုလွယ်လေပဲ”

တံခါးတွင် တပ်သားတစ်ယောက်ပြေးဝင်လာပြီး အသက်ကိုမနည်းရှူကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလေသည် “သခင် မကောင်းတော့ဘူး ဝူလင်းဂိုဏ်း အဝိုင်းခံနေရပြီ”

“ဘာပြောတယ်” ကျန်းချန်သည် မတ်တပ်ထရပ်သည်။ ဇနီးဖြစ်သူ၏ မျက်လုံးများသည် ငေးငိုင်နေသည်။ ကျန်းချန်း၏ အလောတကြီးမေးခွန်းကို ကြားသောအခါ သတိပြန်ဝင်မိအောင် ကြိုးစားလေသည် “မြန်မြန်ရှင်းပြစမ်း၊ ဘာလို့ အဝိုင်းခံရတာလဲ”

တပ်သားသည် တံတွေးမျိုချပြီးနောက် ပြောလိုက်သည် “ဝူလင်းဂိုဏ်းကို ဂိုဏ်းလေးဂိုဏ်းက ဂိုဏ်းလေးတွေကို ဦးဆောင်ပြီး လာဝိုင်းထားတယ်၊ သူတို့ ပြောတာတော့ သခင်လေးက သူတို့မိသားစုရဲ့သခင်လေးကို သတ်ခဲ့တယ်တဲ့”

ကျန်းချန်သည် ထိုစကားကိုကြားသောအခါ ရင်တုန်မိလေသည်။ သူသည် ချက်ချင်းပင်တွေးမိသွားသည်။ သူသည် လက်ရှိတွင် အထွတ်အထိပ်အဆင့်ဖြစ် ကာ လက်ထဲတွင်အရှင်ကြီးအဆင့်ရတနာကိုင်ထားသည်။ သူတို့ကို ကြောက်ရ မည်လား။

စဉ်းစားကြည့်ပြီးနောက် ကျန်းချန်သည် စိတ်အေးသွားကာ အေးစက်စွာ နှာမှုတ်လေသည် “လာခဲ့ အပြင်ထွက်ပြီးကြည့်မယ်”

ရှောင်ယန်သည် ကြောက်လန့်စွာဖြင့် နောက်သို့နှစ်လှမ်းဆုတ်လိုက်၏။ ကျန်းချန်သည် သူမကို နှစ်သိမ့်ပေးလေသည် “မကြောက်နဲ့ ဘာမှမဖြစ်ဘူး၊ ငါက အခုအထွတ်အထိပ်အဆင့်ဖြစ်နေပြီ၊ ဒီတိုက်ကြီးမှာ ငါ့ကိုအနိုင်တိုက်နိုင် တဲ့လူအများကြီးမရှိဘူး”

ရှောင်ယန် ကြားသောအခါ အဓိပ္ပာယ်ရှိသဖြင့် ခေါင်းညိတ်လိုက်သည်။

သဘာဝကျကျပင် ပေထင်းဟွမ်သည်လည်း လှုပ်ရှားမှုကို ကြားရသည်။ ရှောင်ယန်စီစဉ်ပေးထားသည့်လူများသည် ဤခြံဝင်းသို့ ဝင်မလာကြပေ။ ခြံဝင်း တွင် အားဝေနှင့်တခြားသူများ စောင့်ရှောက်ပေးလျက်ရှိသည်။ ထိုအချိန်တွင် လှုပ်ရှားမှုကိုကြားသောအခါ အားဝေနှင့်ယောင်ယောင်တို့သည် အိမ်ထဲတွင် ရှိနေသည်။ သူမ၊ ဖုန်းချန်းနှင့်တခြားသူများသည် ခြံအပြင်သို့ထွက်ကာ ဝူလင်းဂိုဏ်းတံခါးဆီသို့ ပျံသါားကြသည်။

တဲများကို အစီအရင်ဆောက်ထားပြီး ဝူလင်းဂိုဏ်းတစ်ခုလုံးသည် အဝိုင်း ခံနေရသည်။ ကျန်းချန်သည် တံခါးတွင် သူ၏လူနှင့်အတူရပ်နေပြီး သူ့အနောက်တွင် သားနှစ်ယောက်၊ ဝူလင်းဂိုဏ်းမှလူတစ်စု ရပ်နေသည်။

တစ်ဖက်လူသည် ဂိုဏ်းလေးဂိုဏ်းဖြစ်ရာ စခန်းလေးခုရှိသည်။ ခေါင်းဆောင်သည် အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်နှင့် လူဖြစ်သည်။ မျက်နှာတွင် အကျည်းတန်သောမျက်နှာထားဖြင့် ပြောလေသည် “ကျန်းချန် မင်းရဲ့သားကို ထွက်လာပြီး အဖြေပေးခိုင်းလိုက်၊ မီးတောက်ပန်း အတွက်တိုက်ခိုက်ကြတုန်းက လူတွေဒီလောက်အများကြီးကို တခြားလူတွေ သေပြီး ဘာလို့မင်းရဲ့သားတွေက အသက်ရှင်လျက်ပြန်လာနိုင်ရတာလဲ”

“ငါ့သားကို ထွက်လာခိုင်းတိုင်း ငါ့သားက ထွက်လာရမှာလား” ကျန်းချန် သည် ဒေါသထွက်လျက်ရှိသည် “မင်းရဲ့သား သေတာ ငါတို့နဲ့ဘာဆိုင်လို့လဲ”

ကျန်းရှီသည် သည်းမခံနိုင်တော့သဖြင့် ထရပ်လေသည် “အဘိုးကြီး၊ ခင်ဗျားသားက ကျုပ်ညီကို အရင်က သေအောင်ထိရိုက်ခဲ့တာ၊ ကျုပ်ရဲ့ညီ ၂ ကြောင့်သာမဟုတ်ရင် ကျုပ်ညီလေးက သေသွားလောက်ပြီ၊ အဲဒီအကြွေးကို သူနဲ့မရှင်းရသေးဘူး”

All Chapters