Chapters

အရှင်ကြီးအဆင့်ရတနာလား

Vol. 81 Ch. 1617

အရှင်ကြီးအဆင့်ရတနာလား

Vol. 81 Ch. 1617

အဘိုးကြီး မှင်တက်သွားလေသည်။ အကြီးအကဲသံလက်သီးသည် လူတစ်စုကိုဦးဆောင်ကာ ကျန်းရှီနှင့်တခြားသူများကို ပြဿနာသွားရှာသည်ကို သူ ကြားဖူးသည်။ အရေးအကြီးဆုံးမှာ အကြီးအကဲသံလက်သီးသည် ဝူလင်းဂိုဏ်း၏ဒုသခင်လေးသခင်ဟွမ်ကျို့ လက်ထဲတွင် သေဆုံးခဲ့သည်။

ထိုအချိန်က ဒုသခင်လေးကို တစ်ယောက်ယောက်ခေါ်သွားပေမဲ့ တကယ်မသေခဲ့ဘူးလား။ နောက်ဆုံးတော့ တခြားဘုံကိုခေါ်သွားခဲ့ရပေမဲ့ အခု ပြန်ရောက်လာတာပေါ့။

အဘိုးကြီဂသည် မယုံကြည်နိုင်ပေ။ သူသည် 'ဒုသခင်လေး' ဟုခေါ်သည့် လူကိုပင် မမြင်ရသေးပေ။

“သခင်ကျန်း ဒုသခင်လေးပြန်လာပြီလို့ကြားတယ်၊ ကျုပ်တို့မြင်ရအောင် ခေါ်ပေးနိုင်မလား”

စက်ဝိုင်းချောက်တွင် မည်သို့ဖြစ်ပျက်ခဲ့သည်ကို ကျန်းချန်မသိပေ။ ပေထင်းဟွမ် ပြန်လာချိန်တွင် သူအပျော်ကြီးပျော်ခဲ့ကာ အရှင်ကြီးအဆင့် ရတနာသည် ပို၍ပျော်သွားစေသည်။ အဆင့်တက်ခြင်း၏နောက်ဆက်တွဲသည် ကျန်းမိသားစု၏ ဘိုးဘေးများစိုးရိမ်ဖွယ်ကိစ္စကို ပျောက်ကွယ်သွားစေသည်။

ထိုအချိန်က အိုးရန်မိုသည် ကျန်းရှန်အား သေအောင်ရိုက်ခဲ့ကာ ဟွမ်ကျို့မှ ကယ်တင်ခဲ့သည်ဟု ကျန်းရှီဆီမှကြားခဲ့ရသည်။ ကျန်းချန်သည် ဒေါသထွက်ခဲ့သည်။ ကျန်းရှန်သာ အမှန်တကယ်သေဆုံးခဲ့ပါက သူ၏ဇနီးဖြစ် သူမည်သို့ အသက်ရှင်တော့မည်နည်း။ သူမတွေးရဲပေ။

“အဘိုးကြီး မင်းရဲ့သားက ငါ့သားကိုသေအောင်ရိုက်ခဲ့တယ်၊ အခု ငါ့သား ရဲ့အသက်ကို ပြန်ပေးဆပ်ဖို့ မင်းရဲ့သားကိုလိုချင်တယ်” ကျန်းချန်သည် ဒေါသ ဖြင့် လက်ထဲမှဓားကိုမြှောက်ကာ မပြောမဆိုခုတ်ချလေသည်။

အဘိုးကြီးသည် သတိလက်လွတ်ဖြစ်သွားသည်။ သို့သော် ကံကောင်းစွာ ပင် သူသည် အားမနည်းပေ။ ထို့ကြောင့် ရှောင်လိုက်နိုင်သည်။ သို့သော် သူ ထိတ်လန့်သွားခဲ့သည်။ သူသည် ဓားရှည်ကိုထုတ်လိုက်ကာ ချွင်းဆိုသည့်အသံ နှင့်အတူ ပြန်ခုတ်လေသည်။

ချွင်း

သူ၏လက်ထဲမှဓားရှည်သည် ကျိုးသွားလေသည်။

နှစ်ဦးနှစ်ဖက်လုံး ခုတ်ကြသော်လည်း မည်သူမှ အားမထုတ်ကြပေ။ ကိစ္စများသည် မရှင်းလင်းသေးပေ။ အစကတည်းကပင် သေသည်အထိ တိုက်ခိုက်ရန်မဖြစ်နိုင်ပေ။ ဓားကို ဝိညာဉ်စွမ်းအားဖြင့် မရောယှက်ထားဘဲ ဓားဖြင့်အလွယ်တကူခုတ်လိုက်သည်။ ထိုအဘိုးကြီးသည် ၃ နှစ်အရွယ်ကလေး မဟုတ်သဖြင့် ချက်ချင်းပင် မှင်တက်သွားလေသည်။

“အရှင်ကြီးအဆင့် ရတနာလား” သူ၏လက်ထဲမှ ကျိုးနေသော ဓားရှည် ကိုကြည့်ပြီး နောက်ပြန်ဆုတ်မိလေသည်။ ကျန်းချန်၏လက်ထဲမှ ပုံစံမဲ့ဓားသည် ယုံရခက်လောက်အောင် စစ်မှန်နေသည်။

တံခါးအရှေ့၊ တောင်ထိပ်တွင် အားလုံးနီးပါးသည် စတင်ပြောဆိုကြ၏။ အသံများသည် မြစ်တစ်စင်းအလား စီးဆင်းလာပြီး ကျန်းချန်၏နားထဲသို့ ရောက်လေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဝူလင်းဂိုဏ်းမှာ အရှင်ကြီးအဆင့်ရတနာရှိ နေတာကို ဘယ်သူယုံမှာလဲ”

“ဘယ်လိုကံလဲ၊ သူတို့မိသားစုက ဒုသခင်လေးကို ထျဲဖုန်းရှန်ဘိုးဘေး တွေ ခေါ်သွားကတည်းက တစ်ခြမ်းသေသွားပြီမလား”

“ဟား ဟား ဟား သူတို့ကိုမနိုင်ဘူးပဲ အခုတော်တော်ကံတက်လာတာ၊ သူတို့မှာ အရှင်ကြီးအဆင့်ရတနာလည်းရှိနေတယ်၊ အထွတ်အထိပ်အဆင့် လည်းရောက်သွားပြီ၊ ဒီအချိန်အတွင်းမှာ ပင်မတိုက်ကြီးက ရှုခင်းတွေကိုအကုန် ယူသွားတော့မယ်”

သေချာပေါက်ပင် ထိုအဘိုးကြီးလည်း ထိုစကားများကိုကြားသည်။ အရှင် ကြီးအဆင့်ရတနာသာ မှန်ပါက ကျန်းချန်ကို အနိုင်ယူရန်မဖြစ်နိုင်ပေ။ သူသည် အဆင့် ၁ အထွတ်အထိပ်ဖြစ်သည်။ သူသည် အထွတ်အထိပ်အဆင့်တွင် အချိန်ကြာမြင့်စွာ ရပ်နေခဲ့သော်လည်း ကျန်းချန်သည် အရှင်ကြီးအဆင့်ရတနာ ကို ကိုင်ဆောင်ထားသော အထွတ်အထိပ်ဖြစ်သည်။

တူညီသောခွန်အားအောက်တွင် ကျန်းချန်သည် ဓားဖြင့်ခုတ်လိုက်ရာ သူ၏လက်နက်ပင် ကျိုးပဲ့သွားခဲ့သည်။

ကျန်းချန်သာ သူ့ကိုသတ်ချင်လျှင် အစောက တိုက်ခိုက်မှုကို တင်းခံနေ မည်ဆိုပါက ကျန်းချန်၏တိုက်ခိုက်မှုကို တောင့်ခံနိုင်မည်ဟု ပြောရခက်လိမ့် မည်။

တခြားဂိုဏ်းသုံးခုသည် ထိုမြင်ကွင်းကိုမြင်သောအခါ မှင်တက်မိကြလေ သည်။ အရှင်ကြီးအဆင့်ရတနာကို ပေးရလောက်အောင် ဝူလင်းဂိုဏ်းတွင် မည်ကဲ့သို့ကံမျိုးရှိသည်ကို မည်သူမှမသိကြပေ။ ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်သည် ကျန်းရှီ၏လက်ထဲမှ လက်နက်ကိုမြင်ပြီးအော်မိလေ သည် “ကြည့်လိုက် အရှင်ကြီးအဆင့်ရတနာ နှစ်ခုပဲ”

ထိုအခါမှသာ ကျန်းရှီ၏လက်ထဲမှ ဓားရှည်သည် ကျန်းချန်၏လက်နက် နှင့်တူသည်ကို အားလုံးသိလိုက်ရသည်။ အဲဒါက အရှင်ကြီးအဆင့်ရတနာ မဟုတ်ရင်ဘာဖြစ်မလဲ။