← Chapters

သူတို့ကို နှင်ထုတ်ဖို့ဘာအရည်အချင်းရှိလဲ

Vol. 81 Ch. 1618

သူတို့ကို နှင်ထုတ်ဖို့ဘာအရည်အချင်းရှိလဲ

Vol. 81 Ch. 1618

“အရှင်ကြီးအဆင့်ရတနာနှစ်ခုပဲ”

“မိုးနတ်မင်းရေ ငါ့မှာ လက်နက်တောင်မရှိဘူး”

“ဝူလင်းဂိုဏ်းကတော့ ပွပြီ၊ သူတို့တွေ ဖန်ဆင်းရေးနတ်ဘုရား ဂူသင်္ချိုင်း ကိုများ တူးမိထားသလားပဲ”

ဂိုဏ်းလေးဂိုဏ်းခေါင်းဆောင်များ၏ မျက်လုံးများသည် ထိုအချိန်တွင် လောဘကတက်လာကြသည်။ ကျန်းချန်၏လက်ထဲမှ အရှင်ကြီးအဆင့်ရတနာ ကိုရလိုလျှင် သူတို့အတွက် ခက်ခဲလိမ့်မည်။ သို့သော် ကျန်းရှီ၏လက်ထဲမှ လက်နက်ကိုရရန် မခက်လှပေ။

ဂိုဏ်းလေးဂိုဏ်း၏မျက်လုံးထဲမှ လောဘကိုမြင်ပြီး ကျန်းရှီသည် အလိုလို ပင်နောက်ဆုတ်မိလေသည်။

ထိုအခိုက်အတန့်တွင် ဝူလင်းဂိုဏ်း၏ကောင်းကင်အထက်တွင် လူတစ် ယောက်သည် သက်တန့်ကဲ့သို့ရောင်ဝါဖြင့် ဆင်းလာလေသည်။ ဂိုဏ်းလေး ဂိုဏ်းမှခေါင်းဆောင်များသည် ဝူလင်းဂိုဏ်းဝင်ပေါက်တွင် ရပ်နေသဖြင့် ထိုရောင်ဝါ၏ ထိရိုက်ခြင်းကို ပထမဆုံးခံရကာ အားလုံးသည် ဝိညာဉ်စွမ်းအင် ကိုသုံးပြီး ခုခံလေသည်။ သို့သော် ၎င်းသည် တားရန်ခက်ခဲသည်ကို တွေ့လိုက် ရသည်။

“အားကောင်းလိုက်တဲ့ ကောင်းကင်နဲ့မြေကြီးအားပဲ၊ အရှင်ကြီးထိပ်ဆုံး အဆင့်လား”

အားလုံးနီးပါးသည် ထိုလူငယ်ကိုမြင်ကြသည်။ သူသည် အနက်ရောင် ဝတ်ရုံကိုဝတ်ဆင်ထားပြီး လေထဲတွင်လွင့်ပါနေသည်။ ရှည်လျားသော ဆံပင် သည် လေနှင့်အတူလွင့်နေကာ မျက်ခုံးများသည် ထူးခြားသည်။ မျက်လုံးများ မှာ ရေခဲကဲ့သို့အေးစက်နေသည်။ သူမသည် အားလုံးအားမြင်သောအခါ မိုးကြိုး ကဲ့သို့ကြည်လင်သောအသံဖြင့် ပြောလိုက်ရာ အားလုံး၏ဦးခေါင်းအထက်တွင် ပဲ့တင်ထပ်သွားလေသည် “မန္တလာမြို့ကလွဲပြီး အင်အားစုအားလုံး မိုင် ၃၀ အထိ နောက်ဆုတ်ကြပါ၊ မဟုတ်ရင် အကုန်လုံး သေမယ်”

သောင်းကျန်းလိုက်တာ။

အားလုံးနီးပါးရယ်မောကြလေသည်။ ဒီလူကယ်သူလဲ။ သူတို့ကို နှင်ထုတ် ဖို့ဘာအရည်အချင်းရှိလဲ။ “မန္တလာမြို့ကလွဲပြီးဟုတ်လား၊ သူက မန္တလာမြို့ကို ကြောက်တာလား”

ခေါင်းဆောင်လေးယောက်သည် အရှက်မဲ့စွာဖြင့် ကျယ်လောင်စွာ ရယ်မောလေသည် “မင်းက ဘယ်သူလဲ၊ ဆံပင်ဝါကောင်လေး၊ မင်းက စကား ကြီးစကားကျယ်ပြောနေတာ၊ လျှာကိုက်မိမှာမကြောက်ဘူးလား”

မကြာမီတွင် လူငယ်နှုတ်ခမ်းတွန့်သွားသည်ကိုမြင်သောအခါ သူတို့သည် ရပ်တန့်သွားလေသည်။ လူငယ်သည် လက်ထဲတွင် နှင်းဖြူရောင်ဓားပျော့ကို ကိုင်ဆောင်ထားပြီး သူတို့ဆီသို့ ငှက်တစ်ကောင်ကဲ့သို့ပျံသန်းလာလေသည်။ ၎င်းသည် မရေတွက်နိုင်သော ငှက်ကြီးများအဖြစ်ပြောင်းကာ တောင်နှင့် ပင်လယ်များကိုလွှမ်းမိုးစွာဖြင့် သူတို့အား ဖျက်ဆီးမည့်ရောင်ဝါနှင့်အတူ ရက်စက်စွာသတ်ဖြတ်လေသည်။

ဂိုဏ်းလေးဂိုဏ်းမှခေါင်းဆောင်များသည် ချက်ချင်းပင် ဒေါကန်လေ သည်။ ဤပိန်ညှောင်ညှောင်ကောင်လေးသည် သဘောတူညီချက်မတောင်းဘဲ နှင့် တိုက်ခိုက်ခဲ့သည်။ သူသည် အရှင်ကြီးထိပ်ဆုံးအဆင့်သာရှိသည်။ သူတို့ သည် အလွယ်တကူအနိုင်ကျင့်နိုင်သည့် အသီးအရွက်စားသတ္တဝါများဟု ထင် နေသည်လားမသိပေ။

ပေထင်းဟွမ်၏တိုက်ခိုက်မှုသည် ဤမျှအားကောင်းသည်ကိုကြည့်ပြီး အစကအနည်းငယ်စိုးရိမ်နေသော ဖုန်းလော့သည် ပျော်ရွှင်မိလေသည်။ ပေထင်းဟွမ်၏သရုပ်မှန်ကိုစဉ်းစားပြီးနောက် သူသည် စိတ်ချသွားသည်။ ထို့အပြင် သူမသည် နတ်မိစ္ဆာဧကရီအရှင်မဖြစ်သည်။ ဒါတွေက အနိုင်ကျင့် လို့ရတဲ့ တွားသွားသတ္တဝါနဲ့ ပုရွက်ဆိတ်တွေလား။

ဂိုဏ်းခေါင်းဆောင်လေးယောက်သည် လက်ထဲတွင် လက်နက်များကို ကိုင်ဆောင်ထားကာ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများကို လှုံ့ဆော်ပြီး အသီးသီး လှုပ်ရှားမှုကြီးများ စတေးကြလေသည်။ သူတို့တစ်ယောက်စီ၏ အနောက်တွင် အားကောင်းသောသားရဲစိတ်ဝိညာဉ်များ စုစည်းပြီး အော်ဟစ် ကြကာ ပေထင်းဟွမ်ဆီသို့ အဟုန်ဖြင့်ပြေးဝင်လေသည်။

ဘုန်း..

အတန်ကြာသည်အထိ တောင်ကြီးလှုပ်ခါသွားကာ အားကောင်းသော စွမ်းအားလှိုင်းသည် အဘက်ဘက်သို့ ယမ်းလေသည်။ အဝေးရှိတောင်သည် ချက်ချင်းပင် ပြားသွားလေသည်။ ထိုအချိန်တွင် သန်မာသောလူများသည် လာရောက်ကြည့်ရှုကြသည်။ ထိုအချိန်တွင် တံခါးကိုဝိုင်းထားကြသူများသည် နောက်သို့ဆုတ်ကြသည်မှာ မိုင် ၃၀ မဆိုထားနှင့် မိုင် ၃၀၀ ခန့်ပင်ရှိလေသည်။

ဤလူငယ်သည် ဤမျှအားကောင်းလိမ့်မည်ဟု မည်သူမှ ထင်မထားကြ ပေ။ သူသည် အားလုံးကို မိုင် ၃၀ ထိနောက်ဆုတ်ရန်ပြောခဲ့သည်။ မန္တလာမြို့မှ လူများသည်လည်း နောက်ဆုတ်ကြသည်။ မဟုတ်လျှင် ဤမျှအားကောင်း သော စွမ်းအင်လှိုင်းကိုခံနိုင်ရည်ရှိသူမှာ အနည်းအကျဉ်းသာရှိသည်။

ဓားပိုက်ကွန်ပျက်သွားကာ ဓားပျော့တစ်ခုချင်းစီသည် ပေထင်းဟွမ်၏ လက်ထဲသို့ ပြန်ရောက်လာသည်။ သို့သော် ဂိုဏ်းခေါင်းဆောင်လေးယောက်၏ သားရဲဝိညာဉ်များသည် အကျိုးအမြတ်မရဘဲ စွမ်းအင်အဖြစ်ပြောင်းကာ ကမ္ဘာ ထဲတွင် ပျောက်ကွယ်သွားလေသည်။

ထိုအရာကိုကြည့်ပြီး အသက်လုပြေးရန်အလုပ်များနေသည့် သခင်များ သည် ခေတ္တမျှ တုန်ယင်သွားလေသည်။ လူတစ်ယောက်၏ခွန်အားနှင့် အထွတ်အထိပ်လေးဦးကို တိုက်ခိုက်နေသည်။ ဤခွန်အားနှင့်ဆိုလျှင် မန္တလာ မြေတွင် ထိုလူသာလုပ်နိုင်မည်ကို စိုးရသည်။

All Chapters