ဘဲငန်းရိုင်းပြန်လာခြင်း၊ နဂါးခုတ်ချက်
Vol. 81 Ch. 1620
လူအုပ်အသံဆဲသွားသည်နှင့် ထိုသားရဲများသည် သူတို့၏မူလခန္ဓာကိုယ် အဖြစ် ပြန်ပြောင်းသွားကြလေသည်။ အားလုံးသည် ကောင်းကင်အထက်ကို ကြည့်လိုက်သောအခါ ကြီးမားသောအမှောင်ထုကြီးလွှမ်းနေသည်။ ရှေ့တန်းမှ သားရဲများအားလုံးသည် အားကောင်းသည့် သွေးသား သားရဲများဖြစ်ကာ အနောက်မှ သားရဲများသည် သားရဲအုပ်ဖြစ်သည့် နှင်းဝံပုလွေသားရဲဖြစ်သည်။ ထိုအချိန်တွင် အားလုံး၏မျက်လုံးများသည် ပြူးထွက်ကျမတတ် ပါးစပ်များပင် မပိတ်မရပေ။
“ဖွဲ့စည်းပုံတည်ဆောက်မယ်” ပေထင်းဟွမ်၏ အော်သံနောက်တွင် ထိုသားရဲများသည် သူတို့၏အစမ်းပြကွက်ပြီးစီးသွားသည့်ပုံပင်။ သွေးအဆိပ် ခေါင်းသုံးလုံးစပါးအုံးမြွေသည် ရှေ့တွင်ရှိကာ ရွှေနဂါးနှင့်ရွှေဇာမဏီတို့သည် ဘယ်နှင့်ညာတွင် အသီးသီးရပ်နေကြသည်။ ချက်ချင်းပင် သူတို့နောက်တွင် ရှေးဟောင်းမှော်တိမ်ကျားသစ်နှင့် သန္ဓေပြောင်းငွေဝံပုလွေတို့ရှိကာ ထိုအနောက်တွင် အမြီးကိုးချောင်းမီးမြေခွေးနှင့် ငွေရောင်မြေခွေးပျံတို့ရှိကြ သည်။
အလွန်ရှားပါးသောကြောင်နှင့် ခေါင်းသုံးလုံးငရဲခွေး၊ အလွန်အားကောင်း သော ရှေးဟောင်းမျောက်ဝံနှင့် တောင်ပံပါခြင်္သေ့ဘုရင်တို့လည်းပါဝင်သည်။ သားရဲအဖွဲ့တစ်ခုလုံးသည် ဘဲငန်းရိုင်းပုံစံနေရာယူလိုက်ကာ အလွန်အားကောင်းသောသားရဲများသည် ရှေ့တွင်ရပ်ပြီး နှင်းဝံပုလွေကဲ့သို့ နတ်ဘုရားအဆင့်သားရဲများသည် အနောက်တွင်ရပ်ကာ အသင့်ပြင်ကြသည်။
ဤလူငယ်သည် ဤသားရဲများကို မည်သည့်နေရာမှရထားသည်ကို မသိပေ။ သူသည် များပြားလှသောသားရဲများကို တစ်ခါတည်း စာချုပ် တည်ထောင်နိုင်လေသည်။
“သူက ရှေးဟောင်းသားရဲထိန်းလား”
ထိုအတွေးစိတ်ထဲရောက်လာသည်နှင့် အားလုံးသည် ထိတ်လန့်သွားကြ သည်။ ထိုသို့ဆိုလျှင် သူတို့သည် ဝူလင်းဂိုဏ်းအား ဆန့်ကျင်မည့်အစား ဘာကြောင့် ဆက်ဆံရေးကောင်းတစ်ခု မတည်ဆောက်နိုင်ရမည်နည်း။ ထိုသို့ တွေးပြီး ထိုလူများသည် ဝူလင်းဂိုဏ်းနှင့် အလွန်နီးကပ်သွားမည်ကို စိုးသဖြင့် နောက်သို့ဆုတ်ကြလေသည်။
ဤကဲ့သို့အတွေးများသည် ဂိုဏ်းလေးဂိုဏ်းရှိလူများဆီမှ လာခြင်းမဟုတ် ပေ။
ပေထင်းဟွမ် တစ်ခါတည်း သားရဲ အကောင် ၇၀ ကျော်ဆင့်ခေါ်လိုက် ကာ အားလုံးမှာ အလွန်အားကောင်းသောသားရဲများဖြစ်နေသည်ကိုကြည့်ပြီး တခြားဂိုဏ်းလေးခု၏အဖွဲ့ဝင်များသည် ဓားဆွဲထုတ်ပြီး ခေါင်းဆောင်နောက်မှ အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်လေသည်။
ထိုအချိန်တွင် ဂိုဏ်းလေးခုမှ ခေါင်းဆောင်များသည် ကြောင်သူတော်များ မဖြစ်နိုင်တော့ပေ။ သူတို့၏ခွန်အားသည် သန်မာသော်လည်း ဤမျှများပြား သော သားရဲများနှင့်ယှဉ်ပြိုင်ရန် မဖြစ်နိုင်ပေ။ ထိုသားရဲများထဲတွင် အထွတ်အထိပ်အဆင့်သားရဲများလည်း ပါဝင်သည်။
“ဘဲငန်းရိုင်းပြန်လာခြင်း၊ နဂါးခုတ်ချက်”
ပေထင်းဟွမ်သည် သားရဲအဖွဲ့တစ်ခုလုံးရှေ့တွင် ထောင်ချီသော မြင်း များကို ဦးဆောင်သည့် စစ်သူကြီးတစ်ယောက်ကဲ့သို့ရပ်ပြီး လက်ထဲမှဓားပျော့ ဖြင့် ကောင်းကင်သို့ တည့်တည့်ချိန်ရွယ်လိုက်သည်။ ထိုအချိန်တွင် သားရဲများ အားလုံးဆီမှ မြူခိုးမည်းသည် တဖြည်းဖြည်းမြင့်တက်လာသည်။ ထိုမြူခိုးမည်း သည် ဖျက်ဆီးနိုင်သောစွမ်းအားရှိသည့် မှော်စွမ်းအားဖြစ်သည်။ ပေထင်းဟွမ် ၏ လက်ထဲမှဓားပျော့နှင့် တေးသွားသကဲ့သို့ လေထဲတွင် လမ်းကြောင်းဆွဲ လိုက်သည်။ စကားလုံးများ... ထိုမြူခိုးမည်းများကို လမ်းညွှန်ပြလေသည်။ ထို့နောက် ကြီးမားသောမုန်တိုင်းနဂါးအဖြစ် စုစည်းလေသည်။
မုန်တိုင်းနဂါးသည် အသွင်ယူချိန်မှာပင် ၎င်းတွင်ပါဝင်သော စွမ်းအား သည် အလွန်ပင်ကြောက်စရာကောင်းလေသည်။ ဝင်သက်ထွက်သက်တိုင်း တွင် ကောင်းကင်သည် ပြိုကွဲသွားတော့မည့်အတိုင်း လေဟာနယ်သည် မတည်ငြိမ်တော့ပေ။
မုန်တိုင်းနဂါးကို အမည်မသိသောနည်းလမ်းဖြင့် ဖန်တီးလိုက်သည်ကို ကြည့်ပြီး အားလုံး၏ခြေထောက်များသည် တုန်ယင်လာကြသည်။
ဤကောင်လေးသည် တကယ်ပင် ကြောက်စရာကောင်းလှသည်။
“သွားတော့”
ပေထင်းဟွမ်၏ဓားသည် ရှေ့သို့အနည်းငယ်ချိန်ရွယ်ထားကာ ကြီးမား သော မုန်တိုင်းနဂါးသည် ပေထင်းဟွန်ချိန်ရွယ်သည့်နေရာနောက်သို့လိုက်ကာ မျက်နှာချင်းဆိုင်တွင်ရှိသော ဂိုဏ်းလေးခုခေါင်းဆောင်ဆီသို့ အကြောက်အလန့်ကင်းစွာဖြင့် ပြေးဝင်လေသည်။
“ဘုန်း”
ကောင်းကင်နှင့်မြေကြီး ပြိုလဲကျသွားသလိုပင်။ ဝူလင်းဂိုဏ်း၏ရှေ့ ခြေလှမ်းတစ်ထောင်ကျော်တွင် လဲပြိုကျလေသည်။ အဓိကဂိုဏ်းလေးခု ခေါင်းဆောင်နှင့် သူတို့အနောက်မှလိုက်လာသော သန်မာသောလူများသည် ထိုအားကောင်းသောစွမ်းအား၏ သက်ရောက်မှုအောက်တွင် တောင်ပေါ်မှ အတူတကွပြုတ်ကျကြလေသည်။
ဝူလင်းဂိုဏ်းတံခါးဂိတ်တစ်ခုလုံးမှာ တိတ်ဆိတ်သွားကာ ကျန်းချန်ပင် လျှင် စကားပြောရန် ကြောက်နေမိသည်။ တစ်နည်းဆိုရလျှင် ဤကဲ့သို့ အားကောင်းသောသားတစ်ယောက်ကို သူ၏အရိပ်အောက်တွင် မွေးစားရန် အဆင်ပြေမည်လား။ သူသည် လက်ထဲမှ အရှင်ကြီးအဆင့်ဓားကို လှုပ်ခါလိုက် သည်။ မူလက သူ၏သိက္ခာကို ကြွားလုံးထုတ်ရန် ဤဓားကိုမှီခိုချင်သော်လည်း ယခုအခါ အသုံးမပြုနိုင်တော့ပေ။